Published 19 March 2024

အလုပ်ရှင်မှ အမှန်တစ်ကယ်ခေါ်ယူမည်မဟုတ်သည့် Demend Letter များကို ဦးစီးဌာနသို့တင်ပြီး ပြည်ပသို့အလုပ်သွားရောက် အလုပ်လုပ်လိုသူ များ စီက ငွေကြေးလိမ်လည်ကောက်ခံနေသည့်အေဂျင်စီများကိုစိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု အလုပ်သမားဝန်ကြီးဌာနက မတ်လ ၁၉ရက် တွင် ဝန်ကြီးဌာန၏ တရားဝင် လူမှုကွန်ယက်စာမျက်နှာ က တဆင့် သတိပေး လိုက်သည်။

အချို့အေဂျင်စီများသည် ဦးစီးဌာနကို Demand letter တင်ပြီးဦးစီးဌာနမှ သက်ဆိုင်ရာ သံရုံးကိုစိစစ်ရန်ပေးပို့ချိန်တွင် စိစစ်ခံမှုမရှိခြင်း၊ ထောက်ခံချက်သွားမယူခြင်း တို့ရှိပြီး ဦးစီးဌာနမှ သက်ဆိုင်ရာသံရုံးသို့အကြောင်းကြားသည့်စာအား အေဂျင်စီသို့ မိတ္တူပေးပို့သည်ကို အခွင့်ကောင်းယူကာ အလုပ်သမားများထံမှ ဝန်ဆောင်ခများ ကောက်ခံခြင်း၊ အလုပ်သမားများမှ ‌အချိန်မီပြည်ပမထွက်ခွာရ၍ အေဂျင်စီထံဆက်သွယ် ရာတွင် ဦးစီဌာနမှ ခွင့်မပြုသေး၍ မစေလွှတ်နိုင်သည့်ပုံစံဖြင့်လွှဲချခြင်း စသည့်အပြုအမူများလုပ်ဆောင်နေသည်ကို စိစစ်တွေ့ရှိရပြီး အထူးသဖြင့် မလေးရှား Demend Letter များ ဖြစ်ကြောင်းသတိပေးထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ထို့ကြောင့် အလုပ်ရှင်မှ အမှန်တစ်ကယ်ခေါ်ယူမည်မဟုတ်သည့် Demend Letter များကို ဦးစီးဌာနတို့တင်ပြီး ငွေကြေးလိမ်လည်ကောက်ခံနေသည့်အေဂျင်စီများကို စိစစ်တွေ့ရှိရပါက ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်းသတိပေးထားသည်။

အလုပ်သမားဝန်ကြီးဌာန အနေဖြင့်အေဂျင်စီလိုင်စင်ခွင့်ပြုထုတ်ပေးထားခြင်းသည် ပြည်သူများအပေါ်၊ ပြည်ပသို့သွားရောက်မည့်သူများအပေါ် လိမ်လည်လှည့်ဖြားရန်အတွက်မဟုတ်ဘဲ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများရှာဖွေပေးပြီး အလုပ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ဝန်ဆောင်ခများရယူကာ ကုသိုလ်လည်းရ ဝမ်းလည်းဝစေရန်ဖြစ်ကြောင်း ၊ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအားလုံး ကျင့်ဝတ်နှင့်ညီသော အေဂျင်စီကောင်းများ ဖြစ်စေလိုကာ မိမိ၏ပြုလုပ်မှု ပျက်ကွက်မှုကြောင့် ဝန်ကြီးဌာန၏ ပုံရိပ်၊ အေဂျင်စီများ၏ ပုံရိပ်တို့ကို မထိခိုက်စေလိုကြောင်းသတိပေးချက်တွင်ရေးသားထားသည်။
Yangon Times/LW
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group