Published_ 19 March 2024

မြန်မာ - ရုရှား မီဒီယာပူးပေါင်းဆောင်ရွက်မှုအဖြစ်လာမည့်စက်တင်ဘာလတွင်ကျင်းပမည့်ရုရှားသတင်းဌာနတစ်ခု၏နှစ် (၁၂၀)ပြည့်အခမ်းအနားသို့ မြန်မာမီဒီယာအဖွဲ့ကိုဖိတ်ကြားလိုသည်ဟု ရုရှားသတင်းဌာနကတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ - ရုရှား နှစ်နိုင်ငံပြည်သူများ ချစ်ခင်ရင်းနှီးမှုနှင့် ကူးလူးဖလှယ်ဆက်ဆံမှုများ တိုးမြှင့်လုပ် ဆောင်လာစေရေး မီဒီယာကဏ္ဍပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ၌ ထည့်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲတွင်  နှစ်နိုင်ငံသတင်းဖလှယ်မှု၊ အပြန်အလှန် သွားရောက်လေ့လာမှု၊ သင်တန်းများ ဖွင့်လှစ်လေ့လာမှု၊ ဂီတအနုပညာဖလှယ်မှု၊ နိုင်ငံတော် သံစုံတီးဝိုင်းလေ့ကျင့်ရေးနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာ နှစ်ဖက်ပြုစု၍ လက်မှတ်ရေးထိုးနိုင်ရန်နှင့် လာမည့်စက်တင်ဘာလအတွင်း ITAR – TASS သတင်းဌာန နှစ် ၁၂၀ ပြည့်အခမ်းအနားသို့ မြန်မာမီဒီယာအဖွဲ့အား ဖိတ်ကြားလိုမှုတို့ကို ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ MI Channel ညွှန်ကြားရေးမှူး ဒေါ်လိန်းမောင်းပန်နှင့် အဖွဲ့၊ The Global New Light of Myanmar သတင်းစာမှ အထွေထွေမန်နေဂျာ ဦးဝင်းဇော်ဌေး၊ စာတည်းမှူးချုပ် ဦးအောင်သူရနှင့်အဖွဲ့၊ ရုရှားနိုင်ငံ ITAR-TASS သတင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ မီခေးလ်း ဂက်စ်မန်း ဦးဆောင်သောအဖွဲ့တို့ တက်ရောက်ကြကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group