ဖရဲသယ်ယူပို့ဆောင်တဲ့လမ်းကြောင်းတွေကြန့်ကြာတာ၊ နောက်တရုတ်ပြည်မှာလည်းအအေးလှိုင်းဖြတ်နေတော့ အသီးဈေးတွေကျတယ်၊ လမ်းတွေမှာအရမ်းကြာတယ်လေ၊ စိုက်ကွင်းရယ်၊စိုက်တဲ့မြေအမျိုးအစားရယ်၊ထားတဲ့အချိန်ရယ်၊ လမ်းကြောင်းအနေအထားရယ်ပေါ်မူတည်ပြီးတော့အသီးတွေက မလတ်ဆတ်တော့ပယ်တာတွေများတယ်၊
#Local_News
Published 20 December 2023
#တရုတ်အအေးလှိုင်း #မြန်မာ့ဖရဲအရည်အသွေး
#YMG/NN #Yangon_Times
ခရစ္စမတ်နှင့်နှစ်သစ်ကူးပိတ်ရက်အတွက်ခရီးသွားလာရောက်ဖို့ ကျွန်တော်တို့ဘက်မှာ လောင်စာဆီရှားတဲ့ပြသနာကြောင့်ကိုယ်ပိုင် ကားနဲ့လာမယ်လူတွေကလည်းနည်းနည်းတန့်သွားတာပေါ့၊ တန်ဆောင်တိုင်ထက် ပါးပါတယ်၊ နောက်တန်ဆောင်တိုင်က ဘိုကင်ပျက်တာတွေလည်းရှိခဲ့တော့ ဘိုကင်ကွန်ဖမ်း ကြိုမလုပ်ကြဘူး၊
မေးတာစုံစမ်းတာတွေတော့နေ့တိုင်းရှိပါတယ်၊
#Local_News
Published 20 December 2023
#ခရစ္စမတ်နှင့်နှစ်သစ်ကူးပိတ်ရက် #ဂေါ်ရန်ဂျီကျွန်း
#YMG/NN #Yangon_Times
ယခုနှစ် နွေစပါး စိုက်ပျိုးမယ့် ရာသီမှာတောင်သူတွေထွန်ယက်စိုက်ပျိုးနိုင်ဖို့အတွက်
စက်သုံးဆီကို စိုက်ဧကတစ်ဧကကို စက်သုံးဆီ ၄ဂါလံ နှုန်းနဲ့ ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံ
ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ အသင်းထံက သိရပါတယ်။
#Local_News
Published 20 December 2023
#စက်သုံးဆီ #နွေစပါးတစ်ဧက
#YMG/LW #Yangon_Times
"တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်းရဲ့(၂၈)ကြိမ်မြောက် ဂုဏ်ထူးဆောင်နာယကကြီးများ ပူဇော်ကန်တော့ပွဲမှာနာယကကြီး(၂၅)ဦးကို ပူဇော်ကန်တော့မယ်။ သွားရေးလာရေးအခက်အခဲတွေရှိနေသေးတဲ့အတွက် နယ်ဝေးတောင်တက်ခရီးစဉ် မသွားဖြစ်သေးဘဲ နောက်ပိုင်းသွားရေးလာရေး အဆင်ပြေပါက အနီးအနားမှတောင်တက်ခရီးစဉ် တွေပြန်လည်သွားရောက်ဖို့ရှိတယ်" တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်းဥက္ကဌဆရာဦးမျိုးသန့်
#Local_News
Published 20 December 2023
#တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း #သဘာဝခေါ်သံဖောင်ဒေးရှင်း
#tthl #Yangon_Times
#Local_News
Published 20 December 2023
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလကုန်အထိရှစ်လတာအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ပျားရည် မက်ထရစ်တန် ၁၄၀၀ ကျော် တင်ပို့ထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
အဆိုပါ ရှစ်လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပနိုင်ငံများသို့ ပျားရည်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၁၄၄၁ ဒသမ ၁၂ တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆၂ သန်း ရရှိထားကြောင်းသိရသည်။
မြန်မာနိုင်ငံမှ မွေးမြူထုတ်လုပ်သည့် ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ပျားရည်တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ၉၄၈ ဒသမ ၉၂ တန် ဖြင့် အများဆုံးတင်ပို့ပြီး ထိုင်းနိုင်ငံသို့ ၃၂၂ ဒသမ ၂ တန်၊ တရုတ်နိုင်ငံသို့ တန် (၁၅ဝ) နှင့် တောင်ကိုရီးယားနိုင်ငံသို့ တန် (၂ဝ) တင်ပို့ထားကြောင်း သိရသည်။
ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်း ပျားရည်၊ နေကြာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိကြောင်း၊ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများသကဲ့သို့ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှလည်း နိုင်ငံခြားဝင်ငွေရရှိကြောင်း သိရသည်။
#Local_News #ပျားရည်တန်ချိန်၁၄၀၀ကျော် #ဂျပန်အများဆုံးဝယ်ယူ #YMG/ NN #Yangon_Times
#Local_News
Published 20 December 2023
မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန် ရာသီချိန် လုပ်သားစေလွှတ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန မှ သိရသည်။
ကိုရီးယားနိုင်ငံ၏ ရာသီချိန်လုပ်သား အလုပ်အကိုင်သည် ၈ လလုပ် ၄ လ နားစနစ်ဖြင့် ကာလတို လုပ်ကိုင်ရခြင်းဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သကဲ့သို့ ကိုရီးယားနိုင်ငံမှ စိုက်ပျိုးရေးနည်းပညာများကို သင်ယူလေ့လာရန် အခွင့်အလမ်းများလည်းရရှိနိုင်ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
ထို့ပြင် လုပ်အားခအနေဖြင့် ကြည့်မည်ဆိုပါကလည်း ဒေသတွင်းနိုင်ငံများထက် လစာပိုမိုရရှိခြင်းဖြစ်သည့်အပြင် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လူမှုအဆင့်အတန်းပိုမိုမြင့်တက်လာစေမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံလုပ်သားများ၏ အကျိုးစီးပွားကို ရှေးရှု၍ စေလွှတ်လိုခြင်းဖြစ်ကြောင်း သိရသည်။
ရာသီချိန်လုပ်သား စေလွှတ်ခြင်းလုပ်ငန်းစဉ်အရ ကိုရီးယားသမ္မတနိုင်ငံ၊ တရားရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပထမဉီးစွာ ကိုရီးယားနိုင်ငံ ဒေ သန္တရအစိုးရနှင့် မြန်မာနိုင်ငံဒေသအစိုးရတို့ (Region to Region) နားလည်မှုစာချွန်လွှာ ( MoU ) လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဒေသန္တရ အစိုးရအချင်းချင်း MOU လက်မှတ် ရေးထိုးရတာ ဖြစ်သည့်အတွက် MOU ကို ကိုရီးယားသမ္မတနိုင်ငံရှိ သက်ဆိုင်ရာ ပြည်နယ်များမြို့တော်များမှ မြို့တော်ဝန် အုပ်ချုပ်ရေးမှူုးများနှင့် မြန်မာနိုင်ငံ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များမှ အလုပ်သမားရေးရာဝန်ကြီးများနှင့် လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ထားသလို အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှုးများ နှင့် လက်မှတ်ရေးထိုးရန်လည်းဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံ တရားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပြီးနောက် ဒေသန္တရ အစိုးရအချင်းချင်း MoU ရေးထိုးပြီးပါက လုပ်သားစုဆောင်းခြင်း ၊ ရွေးချယ်ခြင်း ၊ စေလွှတ်ခြင်းစသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရာသီချိန်စိုက်ပျိုးရေးလုပ်သားများစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ရာသီချိန်လုပ်သားများစေလွှတ်ရာတွင် နိုင်ငံ့ပုံရိပ်ထိခိုက်မှုရှိစေမည့် လုပ်သားများ ထွက်ပြေးခြင်း၊ တရားမဝင်နေထိုင်ခြင်း၊ ပြန်ပို့ခံရခြင်းများ မရှိစေရေးကြီးကြပ်ဆောင်ရွက်ရန်လည်း သက်ဆိုင်ရာအေဂျင်စီများအား လမ်းညွှန်ထားရှိကြောင်းအလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
#Local_News #ကိုရီးယားနိုင်ငံ #ရာသီချိန်စိုက်ပျိုးရေးလုပ်သား #YMG/LW #Yangon_Times
#Local_News
Published-20 December 2023
မြန်မာ့အထည်ချုပ်လုပ်ငန်း၏ ရာနှုန်းပြည့်နီးပါးဖြစ်သော၉၆ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းလည်ပတ်ရာတွင် လက်ခစားစနစ်ကို (CMP) ကို အသုံးပြုလုပ်ကိုင်နေကြပြီး ငါး ရာခိုင်နှုန်းခန့်သာ ကိုယ်တိုင်ထုတ်လုပ်တင်ပို့သည့်စနစ် (FOB) အသုံးပြုနေကြောင်း ကမ္ဘာ့ဘဏ်၏ “မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းအစီရင်ခံစာ ၂၀၂၃” ၌ ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ်၏ လေ့လာမှုအရ အထည်ချုပ်လုပ်ငန်းများ၏ စုစုပေါင်းထုတ်လုပ်မှုမှာ အသေးစားနှင့် အလတ်စားစက်ရုံများ လုပ်ငန်းကျဆင်းမှုကြောင့် ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၂ ခုနှစ်မှာ (၇.၉) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရသည်။
ကမ္ဘာ့ဘဏ်၏ အစီအစဉ်ဦးဆောင်သူနှင့် အကြီးတန်းစီးပွားရေးပညာရှင် ကင်မ်အယ်လန်အဒ်ဝပ်ကမကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် တိုးတက်ပြောင်းလဲမှုများကြောင့် အထည်ချုပ်လုပ်ငန်းများသာမက မြန်မာ့စီးပွားရေးတစ်ခုလုံး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ် ကြီးကြီးမားမား အဟန့်အတားဖြစ်စေနိုင်ကြောင်း ပြောကြားထားသည်။
အထည်ချုပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသူများ၏ (၈၅) ရာခိုင်နှုန်းနှင့် စီမံခန့်ခွဲရေးအဆင့်ရာထူးအားလုံး၏ (၅၆) ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း၊ နိုင်ငံအတွင်းက အထည်ချုပ်စက်ရုံတွေအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းတိုးချဲ့နိုင်ရေးထက် လက်ရှိအခြေအနေအတိုင်း ရှင်သန်ရပ်တည်နိုင်ရေးကို ပိုပြီး အာရုံစိုက်နေရကြောင်းလည်း ဖော်ပြထားသည်။
၄င်းအပြင် အထည်ချုပ်လုပ်ငန်းများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများတွင် တစ်ခုဖြစ်သည့် လျှပ်စစ်မီးရရှိရေးမှာ ၄င်းတို့၏ လုပ်ငန်းလည်ပတ်မှုအတွင်း အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် ရှိနေပြီး အထည်ချုပ်လုပ်ငန်းတွေရဲ့ (၆၈) ရာခိုင်နှုန်းက တုံ့ပြန်ကြကြောင်း၊ပျမ်းမျှအားဖြင့် တစ်ရက်ကို နှစ်ကြိမ် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး တစ်ကြိမ်ကို (၃)နာရီခွဲခန့် ပြတ်တောက်တဲ့အတွက် ၂၀၂၂ ခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်းတွေရဲ့ စုစုပေါင်း လျှပ်စစ်သုံးစွဲမှု (၆၂) ရာခိုင်နှုန်းက ကိုယ်ပိုင်မီးစက်များမှ ရရှိကြကြောင်း သိရသည်။
#Local_News #မြန်မာ့အထည်ချုပ်လုပ်ငန်း #CMP လက်ခစားစနစ် #YMG/ NN #Yangon_Times
#Local_News
Published 20 December 2023
၂၀၂၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင်ရွှေကြိုမောင်မယ်အဖြစ်ပါဝင်လျှောက်ထား ကြသူများထဲမှ ရွှေကြိုပဏာမရွေးချယ်ခံရသူ (၉၇)ဦးစာရင်း ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်။
ဒုတိယအဆင့် ရွှေကြိုရွေးချယ်မှုကို ဒီဇင်ဘာလ ၂၄ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယခုရွေးချယ်ခံထားရသည့် ရွှေကြိုပဏာမရွေးချယ်ခံခဲ့ရသူ(၉၇)ဦးစာရင်းဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ရွေးချယ်ခံရသူများထဲတွင် မေ့ချစ်သက်နှင့် ၊မျိုးမမ(ကျော်ကျော်အိန္ဒြာ)တို့ ပါဝင်ကြောင်းနှင့် ရွှေကြိုရွေးချယ်မှုပဏာမအဆင့်တွင် အမျိုးသားရွှေကြို(၃၀)ကျော်နှင့် အမျိုးသမီးရွှေကြို (၆၀)ကျော်စုစုပေါင်း(၉၇)ဦးရွေးချယ်ခဲ့ကြောင်းသိရသည်။
#Local_News #ရွှေကြိုပဏာမရွေးချယ်ခံရသူ(၉၇)ဦး #tthl #Yangon_Times
#World_News
Published 20 December 2023
ဒေါ်နယ်ထရမ့်သာ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပါက ယူကရိန်း-ရုရှားစစ်ပွဲ သိသိသာသာ ပြောင်းလဲသွားလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက ဒီဇင်ဘာ ၁၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။
စစ်ပွဲဒဏ်ခံနေရတဲ့ ယူကရိန်းအပေါ် အမေရိကန်ထောက်ပံ့ကူညီမှုတွေ လျော့နည်းလာမှာကို စိုးရိမ်နေရတဲ့အတွက် ဇယ်လန်စကီက အခုလို ပြောကြားလာတာ ဖြစ်ပါတယ်။
နောက်တက်မယ့်သမ္မတ ဘယ်သူပဲဖြစ်ဖြစ် ယူကရိန်းအပေါ်ထားမယ့် မူဝါဒက ပြောင်းလဲသွားနိုင်ကာ ပိုပြီးဆက်ဆံရေး အေးသွားတာမျိုး ပိုပြီးအကျိုးရှိလာတာမျိုး ဖြစ်နိုင်ပြီး ထိုကိစ္စတွေက စစ်ပွဲရဲ့လားရာအပေါ် များစွာ သက်ရောက်လိမ့်မယ်လို့ ဇယ်လန်စကီက မီဒီယာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
စစ်တမ်းများအရ ယခုအချိန်အထိ ထရမ့်က ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားစာရင်းမှာ ဦးဆောင်နေဆဲဖြစ်ပေမယ့် အကျဥ်းချခံရလောက်တဲ့ တရားဥပဒေကိစ္စတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ထရမ့်က သူဟာ စစ်ပွဲကိုရပ်တန့်နိုင်ကြောင်းနဲ့ ယူကရိန်းကို ဂျိုးဘိုင်ဒင် စစ်ရေးထောက်ပံ့ကူညီနေတာကိုလည်း ဆန့်ကျင်ပြောဆိုလိုက်ပါတယ်။
ဇယ်လန်စကီကတော့ အမေရိကန်အနေနဲ့ သစ္စာမဖောက်ဘဲ သဘောတူညီထားတာတွေကို အပြည့်အဝ ဆောင်ရွက်ပေးမယ်လို့ ယုံကြည်ထားကြောင်း သတင်းထောက်တွေကို ပြောပြသွားပါတယ်။
ရုရှားရဲ့ မောက်မှုတွေ သတ်ဖြတ်မှုတွေကိုသာ မြင်နေရကြောင်း၊ စစ်ပွဲဘယ်တော့မှ အဆုံးသတ်မလဲဆိုတာ မသိကြောင်း ဆိုပါတယ်။
ပင်လယ်နက်မှာ ယူကရိန်းက ရုရှားစစ်သင်္ဘောတွေကို တိုက်ခိုက်နိုင်ခဲ့ပြီး ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းတွေကို ဘေးကင်းလုံခြုံအောင် ပြုလုပ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းစစ်တပ်ဟာ ရုရှားတပ်တွေနဲ့ တိုက်ခိုက်ဖို့ တပ်သားသစ်များ စုဆောင်းရာမှာ ခက်ခဲနေတယ်လို့ စစ်တပ်အရာရှိများက AFP ကို ပြောကြားသွားပါတယ်။
၂၀၂၂ ဖေဖော်ဝါရီကတည်းက တိုက်ခိုက်လာတဲ့ ယူကရိန်းတပ်သားတွေဟာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်ပြီး သေဆုံးသူတွေ ဒဏ်ရာရသူတွေနေရာမှာ အစားထိုးမယ့် လုပ်အားပေးတပ်သားတွေကလည်း ရှားပါးလာပါတယ်။
ယူကရိန်းအနေနဲ့ တပ်သားအများအပြား မစုဆောင်းနိုင်မှာကို ဇယ်လန်စကီက သတိပေးသွားပါတယ်။
#World_News #ဒေါ်နယ်ထရမ့် #အမေရိကန်သမ္မတ #ဇယ်လန်စကီ #Source: WION
#World_Health
Published 20 December 2023
တရုတ်ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်လိုက်တဲ့ ဆေးတစ်မျိုးဟာ တွေ့ရခဲတဲ့ အဆုတ်ကင်ဆာတစ်မျိုးကို ထိရောက်စွာ တိုက်ဖျက်နိုင်တယ်လို့ SCMP က ဖော်ပြလိုက်ပါတယ်။
ပလက်တီနမ် အခြေပြုကုသနည်း အသုံးပြုလို့မရတဲ့ ထိုအဆုတ်ကင်ဆာတစ်မျိုးဟာ ထိုဆေးကိုတော့ ထိရောက်စွာ တုန့်ပြန်တာကို တွေ့ရှိခဲ့ကြပါတယ်။
တရုတ်အမျိုးသား ဆေးဝါးထုတ်ကုန် စီမံကွပ်ကဲရေးနဲ့ အမေရိကန် အစားအစာနဲ့ဆေးဝါး ကွပ်ကဲရေးတို့က ထိုဆေးကို အောင်မြင်တဲ့ကုသနည်းအဖြစ် သတ်မှတ်လိုက်ပါတယ်။
Sunvozertinib လို့ခေါ်တဲ့ဆေးဖြင့် ကင်ဆာအဆင့်မြင့်လူနာ ၁၀၄ ဦးကို ဒုတိယအဆင့် လက်တွေ့စမ်းသပ်ရာမှာ ၆၁ ရာခိုင်နှုန်းက ကင်ဆာအကျိတ်ကို ဆန့်ကျင်နိုင်ခဲ့ပါတယ်။
တရုတ်အရှေ့ပိုင်း ကျန်ဆုပြည်နယ်ရှိ Dizal ကုမ္ပဏီကနေ ထိုဆေးကို ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။
အကျိတ်မှာ မျိုးဗီဇပြောင်းလဲတဲ့ အဆုတ်ကင်ဆာတစ်မျိုးကို တိုက်ဖျက်ရန် ရည်ရွယ်ပြီး ထိုဆေးကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာ စင်တာ ၃၇ ခုမှာ sunvozertinib ဒုတိယအဆင့် စမ်းသပ်မှုကို ပြုလုပ်ခဲ့ကြပါတယ်။
လူနာတွေထဲက ၆၁ ရာခိုင်နှုန်းက မျှော်မှန်းတဲ့အတိုင်း ဆေးကိုတုန့်ပြန်နိုင်ခဲ့ပြီး ၅၉ ဦးရှိခဲ့ပါတယ်။
#World_Health #အဆုတ်ကင်ဆာ #တိုက်ဖျက်နိုင်ကြောင်း #Source: WION
#World_Health
Published 20 December 2023
ဒီဇင်ဘာလ ပထမရက်သတ္တပတ်အတွင်း စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန (MOH)က နှာခေါင်းစည်းတပ်ဆင်ကြရန် အလေးအနက် တိုက်တွန်းထားပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ကိုဗစ်ရောဂါကူးစက်မှု ၅၆,၀၀၀ ကျော်ရှိခဲ့ပြီး ထိုမတိုင်ခင် ရက်သတ္တပတ်က ၃၂,၀၀၀ ကျော် ရှိခဲ့တာဖြစ်ပါတယ်။
ဆေးရုံတက်ရောက်ကုသခံယူမှုက နေ့စဥ်ပျမ်းမျှ ၂၂၅ ဦးရှိရာကနေ ၃၅၀ ရှိလာပြီး အထူးကြပ်မတ်ကုသမှု ခံယူရသူ နေ့စဥ်ပျမ်းမျှ ၄ ဦးကနေ ၉ ဦးအထိ များပြားလာပါတယ်။
လက်ရှိမှာ အဖြစ်များနေတဲ့ ကိုရိုနာမျိုးဗီဇကွဲက BA.2.86 ရဲ့ မျိုးရိုးကွဲဖြစ်တဲ့ JN.1 ဖြစ်တယ်လို့ စင်္ကာပူအစိုးရက ဆိုပါတယ်။
နိုင်ငံတကာမှ ရရှိထားတဲ့ အချက်အလက်များအရ BA.2.86 နဲ့ JN.1 တို့ဟာ ယခင်မျိုးဗီဇကွဲတွေထက် ပိုမိုကူးစက်မြန်ပြီး ရောဂါပြင်းထန်စေသလားဆိုတာ မသိရသေးပါဘူး။
ရောဂါကူးစက်သူတွေအနေနဲ့ အိမ်မှာသာနေထိုင်ပြီး အခြားသူတွေနဲ့ ထိတွေ့ခြင်းမပြုလုပ်ဖို့၊ လူမှုကာကွယ်ရေး အတိုင်းအတာများ ဆောင်ရွက်ကြဖို့ MOH က တိုက်တွန်းထားပါတယ်။
အမှန်တကယ် ရောဂါပြင်းထန်တဲ့သူတွေသာ အရေးပေါ်ဌာနသို့ လာရောက်ကြဖို့ တိုက်တွန်းလိုက်ပြီး ဒါမှသာ အမှန်တကယ် ပြင်းထန်စွာခံစားရတဲ့ လူနာတွေအတွက် ကုတင်လုံလောက်မှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
လူနာတွေ ပိုမိုထားရှိနိုင်ဖို့အတွက် စင်္ကာပူအိတ်စ်ပိုဟော ၁၀ မှာ ကိုဗစ်၁၉ ကုသရေးစင်တာ ဖွင့်လှစ်သွားဖို့ကိုလည်း ကြေညာထားပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် MOH က အစိုးရဆေးရုံများနဲ့ တိုင်ပင်ဆွေးနွေးနေပါတယ်။
ချက်ချင်းစောင့်ရှောက်ကုသမှု ခံယူရန်လိုအပ်တဲ့ လူနာများကို ထိန်းသိမ်းရန်အတွက်လည်း စီစဥ်နေပါတယ်။
#World_Health #စင်္ကာပူတွင်ကိုဗစ်-၁၉ရောဂါကူးစက်မှု #စံချိန်တင်မြင့်တက်နေ #နှာခေါင်းစည်းတပ်ဆင်ရန်ညွှန်ကြား #Source: WION
ကလေး(၃)ယောက်နှင့် အထက်မွေးဖွားသည့်မိသားစုများအတွက် အခမဲ့တက္ကသိုလ်အဆင့်ပညာရေးခံစားခွင့်ရရှိရေးဂျပန်အစိုးရစီစဥ်
ဂျပန်အစိုးရက တိုင်းပြည်မှာ ကလေးမွေးဖွားမှုနှုန်း ကျဆင်းနေတာကို ဖြေရှင်းတဲ့အနေဖြင့် ၂၀၂၅ ခုနှစ်ကစတင်ကာ ကလေး ၃ ယောက်နဲ့အထက်မွေးတဲ့ မိသားစုတွေအတွက် တက္ကသိုလ်အဆင့် ပညာရေးကို အခမဲ့ဖန်တီးပေးရန် စီစဥ်နေပါတယ်။
#Asia_News
Published 19 December 2023
#ကလေး(၃)ယောက်နှင့်အထက်မွေးဖွား #အခမဲ့တက္ကသိုလ်အဆင့်ပညာရေးခံစားခွင့်ရရှိ
#Yangon_Times #YMG_News #Yangon_Media_Group
Page 931 of 2003