#Local_News
Published_ 10 April 2023
သင်္ကြန်တွင်း အချို့ရက်တွေမှာ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို လာရောက်တည်းခိုဖို့ ဘိုကင်တင်ထားတဲ့သူတွေနဲ့ ပြည့်နေတယ်လို့ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှ သိရပါတယ်၊၊
#Local_News #ရွှေစက်တော်ဆင်စခန်း #လာရောက်တည်းခိုမည့်သူများ
#YMG #Yangon_Media_Group
#Daily_News
Published_ 10 April 2023
၁။သင်္ကြန်အကြိုနေ့နှင့် အကျနေ့များတွင် ရွှေစက်တော်ဆင်စခန်း၌ လာရောက်တည်းခိုမည့်သူများဖြင့် ပြည့်နေ
၂။ပြင်ရွှေစျေး ၂၉သိန်း ၆သောင်းကျော် ပေါက်စျေးရှိနေပြီးစျေးငြိမ်နေ
၃။သင်္ကြန်ကာလ ယာဉ်မောင်းများ သတိပြုရန်အချက်များ ထုတ်ပြန်၊ စည်းကမ်းမဲ့သူများကို CCTVဖြင့် စောင့်ကြည့်ပြီး အရေးယူမည်ဟုဆို
၄။နျူကလီးယားရေဆိုးများကို ပင်လယ်ထဲသို့ စွန့်ပစ်နေသည့် ဂျပန်၏လုပ်ရပ်ကြောင့် ပြည်သူများနှင့်နိုင်ငံတကာအသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 10 April 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီး MOEE ဝန်းအရှေ့မှာ ဧပြီလ ၉ရက်နေ့ ည၉နာရီခွဲခန့်က လမ်းဖြတ်ကူးတဲ့ အသက်(၆၀)ဝန်းကျင်ခန့် အမျိုးသားတစ်ဦး ကားတိုက်မူ ဖြစ်ပွားခဲ့တယ်လို့ သာကေတမြို့နယ် လူမူကူညီရေးအသင်းမှ သိရသည်။
#Local_News #အသက်၆၀အမျိုးသားတစ်ဦး #လမ်းဖြတ်ကူးစဉ်ကားတိုက်ခံရ
#YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေသည့် နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးကို ထိုင်းနိုင်ငံမှ သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်က လာရောက်၍ ကျန်းမာရေးအခြအနေမေးမြန်း ဂါရဝပြု ကန်တော့ခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံ သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဝပ်ဖိုလ်ကျောင်း ဆရာတော်နှင့် မဟာချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံခြားရေးရာဌာနဥက္ကဋ္ဌဟောင်း ဝပ်အရုဏ်း ကျောင်းဆရာတော်တို့က ဗန်းမော်ဆရာတော်ကြီးထံ ဧပြီ ၉ ရက်တွင် လာရောက်၍ ကျန်းမာရေးအခြေအနေမေးမြန်းကာ ဂါရဝပြုကန်တော့ခဲ့တာ ဖြစ်ပါတယ်။
ထို့နောက် ဗန်းမော်ဆရာတော်ကြီးထံ WAKI မိသားစုကလှူဒါန်းသော ရွှေသားထီးတော်ဖြင့် ပြုလုပ်ထားသည့် ဓာတုစေတီတော်ကို ဆရာတော်ကြီးက ထိုင်းနိုင်ငံမှ ဆရာတော်ထံ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ဗန်းမော်ဆရာတော်ကြီးမှာ ဘန်ကောက်ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူ နေခြင်းဖြစ်ကာ ဆရာဝန်များ၏ ညွန်ကြားချက်အရ အစာပျော့ပျော့ကိုသာ ဘုဉ်းပေးတော်မူနေရကာ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ အသည်း၊ လည်ချောင်း နှင့် ပန်ကရိယတို့၌ တွေ့ရသောအဖြေကို အတိအကျသိနိုင်ရန် အဖြေရှာနေသော အခြေအနေဖြစ်ကြောင်း သိရပါတယ်။
ygm_mnn
#Local_News #ထိုင်းနိုင်ငံ #ဗန်းမော်ဆရာတော်ကြီး #ထိုင်းနိုင်ငံသံဃမဟာနာယကဒုဥက္ကဋ္ဌဆရာတော် #ဂါရဝပြု #YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
သင်္ကြန်ပိတ်ရက်အပြီး ဧပြီလ ၂၄ ရက် တွင် တောင်ကိုရီးယားနိုင်ငံသို့် မြန်မာလုပ်သား ၁၅၀ နီးပါး စေလွှတ်သွားမည်ဟု အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ (POEA)က ကြေညာထားသည်။
ယင်းကဲ့သို့ စေလွှတ်မည့်အလုပ်သမားများတွင် လုပ်သားအသစ် ၁၀၅ဦးနှင့် လုပ်သားဟောင်း(Re-entry) ၄၃ဦးဖြစ်ကြောင်း ပါရှိသည်။
သွားရောက်လုပ်ကိုင်ခွင့် ရမည့်အလုပ်သမားများ၏ အမည်စာရင်းကိုလည်း ထုတ်ပြန်ထားပြီးအဆိုပါအလုပ်သမားများအနေဖြင့် လိုအပ်သည့် ပြင်ဆင်မှုများဆောင်ရွက်ရန် ဧပြီလ ၁၈ ရက်နှင့် ၂၀ ရက်တို့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ပင်လုံခန်းမဆီလာရောက်ကြရန်လည်း အသိပေးထားသည်။
ယင်းကဲ့သို့လာရောက်သည့်နေ့တွင် အာမခံကြေး ၊ဝန်ဆောင်ခနဲ့ လေယာဉ်စရိတ်ပေးသွင်းကြရမှာဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Local_News #သင်္ကြန်ပိတ်ရက် # မြန်မာလုပ်သား
#YMG #Yangon_Media_Group
Published 10 April 2023
အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး) ဒူဘိုင်းမှာပြုလုပ်တဲ့ လေလံပွဲတစ်ခုမှာ ရှားပါးမော်တော်ယာဉ် လိုင်စင် နံပါတ်ပြားတစ်ခုဟာ ယူအေအီးရဲ့ ဒိုင်ယာဟမ်၅၅သန်း( အမေရိကန်ဒေါ်လာ ၁၅သန်းခန့်)အထိ အမြင့်ဆုံးနှင့် လေလံ အောင်သွားခဲ့ပါတယ်။ အဆိုပါနံပါတ်ပြားဟာ P7 ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး နံပါတ်ပြားအဖြစ် စံချိန်တင် သွားခဲ့ တာဖြစ်ပါတယ်။
အဲဒီ P7 နံပါတ်ပြားဟာ P ကို ဘေးဖယ်လိုက်ရင် (၇)ဂဏန်းတစ်လုံးတည်းလို့ လျှပ်တစ်ပြက်မြင်ရပါတယ်။ စနေနေ့က ပြုလုပ်တဲ့ ပရဟိတလေလံပွဲတစ်ခုမှာ လေလံတင်ခဲ့တာဖြစ်ပြီး အဆိုပါလေလံရရှိငွေတွေကို ဒူဘိုင်းအုပ်စိုးသူ ရှိတ်မိုဟာမက် ဘင်ရာရှစ်တည်ထောင်ထားတဲ့ အစားအသေက် တစ်ဘီလျံ ပံ့ပိုးမှုဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဦးစီးဦးရွက်အစီအစဉ်ထဲ ရောက်ရှိသွား မှာ ဖြစ်ပါတယ်။
ယူအေအီးဟာ ကားလိုင်စင်နံပါတ်ပြားတွေကို ဂုဏ်တင်စရာတစ်ခုအဖြစ် ပရဟိတလုပ်ငန်းတွေအတွက် လေလံ ပစ်လေ့ရှိပါတယ်။ အလွန့်ကိုချမ်းသာ ကြွယ်ဝကြသူတွေဟာ သူတို့ရဲ့ ဓနစည်းစိမ်ကိုပြသတဲ့ ပြယုဒ်တစ်ခုအဖြစ် ဝယ်ကြပါတယ်။ ၂၀၀၈ခုနှစ်တုန်းက ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ဆာအက်အက်ဒူဂါဖာခိုရီဆိုသူဟာ အဘူဒါဘီမြို့မှာ နံပါတ်(၁) ဂဏန်း လိုင်စင်နံပါတ်ပြားကို ဒိုင်ယာဟမ်ငွေ ၅၂.၂ သန်းနှင့်ဝယ်ယူခဲ့တာဟာ နောက်ဆုံးဈေးအမြင့်ဆုံးဝယ်ယူ မှုဖြစ်ပါတယ်။
ဒီတစ်ပတ်မှာ P7 နံပါတ်ပြား ဘယ်သူဝယ်ယူခဲ့တယ်ဆိုတာကိုတော့ ထုတ်မပြောပါဘူး။
အရှေ့အလယ်ပိုင်းပြင်ပဘက်မှာလည်း အလားတူ ကားနံပါတ်ပြားတွေကို လေလံမှာ ဈေးကြီးပေးဝယ်တာ တွေရှိခဲ့ဖူးပါ တယ်။ ဒီနှစ်စောစောပိုင်းမှာ Rတစ်လုံးပဲပါတဲ့ နံပါတ်ပြားကို ဟောင်ကောင်မှာ ဟောင်ကောင်ဒေါ်လာ ၂၅.၅သန်း (အမေရိကန်ဒေါ်လာ၃.၂သန်း)နှင့် ဝယ်ယူခဲ့သူရှိခဲ့ပါတယ်။
ဒူဘိုင်းဟာ မဟာ့မဟာချမ်းသာသူတွေအတွက် စိတ်ချလုံခြုံပြီး အခွန်ကင်းတဲ့ အရပ်တစ်ခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိလာခဲ့ပါတယ်။ ကမ္ဘာ့အခြားအစိတ်အပိုင်းတွေဟာ စီးပွာရေးကျဆင်းမှုကြောင့် စိုးရိမ်သောကရောက်နေကြရတဲ့ အချိန်မှာ ယူအေအီးရဲ့ စီးပွားရေးဟာ ကောင်းမွန်နေဆဲဖြစ်ပါတယ်။ ရေနံတွေဈေးကြီးမြင့်တာဟာ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံ တွေနှင့် အရေးကြီးဖောက်သည်တွေအတွက် အကျိုးရှိနေပါတယ်။ ဓနအင်အားတွေစီးဝင်မှုက အိမ်ခြံမြေဈေးကွက်ကို အားကောင်းနေစေပါတယ်။
ကိုယ့်မိခင်နိုင်ငံထက် အရောင်းအခွန်နှုန်းတွေ နိမ့်တာကြောင့် အလယ်အလတ်ဝင်ငွေရှိကြတဲ့ နိုင်ငံခြားသား ပညာရှင်တွေဟာ ကားတွေအပေါ် ငွေကိုဖြုန်းနေနိုင်ကြပါတယ်။
အဘူဆာဘာလို့သိကြတဲ့ စီးပွားရေးလုပ်ငန်းရှင် ဘာဗင်ဒါဆင်းဆာနီဟာ ၂၀၁၆ခုနှစ်တုန်းက ကားလိုင်စင်နံပါတ်ပြား D 5 ကို ဒိုင်ယာဟမ် ၃၃သန်းနှင့် ဝယ်ခဲ့ပါသေးတယ်။ “ ဒူဘိုင်းဟာ ရွှေနိုင်ငံ။ ကြီးမားတဲ့သူတွေ၊ခိုင်မာတောင့်တင့်တဲ့သူတွေနှင့် သဘောကောင်းသူတွေနေတဲ့မြို့ဖြစ်တယ်။ အဲဒါကြောင့် လူတိုင်းက သူတို့ရဲ့ လူနေမှုအဆင့်ကိုပြချင်ကြတယ်” လို့ တနင်္လာနေ့က အင်တာဗျူးမှာပြောခဲ့ပါတယ်။
သူဟာ ၂၀၀၆ခုနှစ်တုန်းက ဇိမ်ခံဟိုတယ်ကြီးတစ်ခုကိုလာတာ သူ့ကိုပေးမဝင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကားက နံပါတ်တွေအများကြီးနှင့်နံပါတ်ပြားတပ်ထားလို့ဖြစ်တယ်လို့ ဆာနီကပြောပါတယ်။ သူအနေနှင့် နံပါတ်နှစ်လုံးပါ နံပါတ် ပြားရှိရင်ရှိ မရှိရင် အရန်စာရင်းသွင်းမယ်လို့ အပြောခံခဲ့ရပါတယ်တဲ့။ အဲဒါကြောင့် သူဟာ နံပါတ်တစ်လုံးတည်းနှင့် ကား လိုင်စင်ပြားကိုသိပ်လိုချင်ခဲ့ပါတယ်။ အဲဒါကြောင့် သူ့မှာ အခွင့်အရေးရလာပြီး သူဝယ်တဲ့ပိုက်ဆံတွေက ပရဟိတအလှု အတွက်ဆိုတာသိလိုက်တာနှင့် သူဟာ D 5 နံပါတ်ပြားကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ သူက D5ဘာဖြစ်လို့ကြိုက်တာလဲ ဆိုတော့ သူ့ရဲ့အကြိုက်နံပါတ်ဟာ ၉ ဂဏန်းဖြစ်ကြောင်း၊ Dဆိုတာ နံပါတ်၄ဖြစ်ပြီး ၄နှင့် ၅ပေါင်းတဲ့အခါ ၉ ရကြောင်း ဘလွမ်းဘတ်သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
Source: Bloomberg
#P7ကားနံပါတ်ပြားဒူဘိုင်းတွင်ဒေါ်လာ၁၅သန်းဖြင့်လေလံအောင်
#အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ
#YangonMediaGroup
#Local_News
Published_ 10 April 2023
ယနေ့မနက်၁၁:၃၀ အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၂၅/၆)နှင့် (၃၂၅/၇)ကြားတွင် Honda Civic အမျိုးအစားယာဉ်(၁)စီးသည် လမ်းဘေးရှိ ဘယ်ရီယာတုံးအား ဝင်ရောက်တိုက်မိပြီး မီးလောင်မှုဖြစ်ပွါးကြောင်းမီးသတ်တပ်ဖွဲ့မှသိရသည်။
“ကားတိုက်မှုဖြစ်ပြီးချင်းမီးထလောင်တယ်လို့သိရတယ်။ ကားပေါ်လိုက်လာသူတွေမီးလောင်တဲ့အထဲပိတ်မိသွားတယ်။ “ဟုမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ပြင်စည်အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁:၄၀ အချိန် မီးငြိမ်းပါသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး မှာသေဆုံးသွားပြီး ရုပ်အလောင်းတို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နွားထိုးကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ymg/ppk
#Local_News #အမြန်လမ်းယာဉ်တိုက်မှု #ကားမီးလောင်လူသုံးဦးသေဆုံ
#YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
၂၀၂၃ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် Fashion Award ဆုကိုပါ ထည့်သွင်း ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း ပြန်ကြားရေး၀န်ကြီးဌာန မှသိရသည်။
ထူးချွှန်ဆုများ ချီးမြှင့်ရာတွင် အကဲဖြတ်ဒိုင်များအနေဖြင့် မှန်မှန်ကန်ကန်စိစစ်ရွေးချယ်ပေးဖို့ လိုအပ်ကြောင်း ပြန်ကြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမောင်မောင်အုန်းက ဧပြီလ ၉ရက်နေ့က ရန်ကုန်မြို့ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရုံးမှာ ကျင်းပခဲ့သည့် ရုပ်ရှင်ထူးချွန်နှင့် ပတ်သက်သည့် အစည်းအဝေးမှ ပြောကြားခဲ့သည်။
ယခုနှစ် ပေးအပ်မည့် ထူးချွန်ဆုများသည် ပြန်ကြားရေး၀န်ကြီးဌာနက စိစစ်ရွေးချယ်တာမဟုတ်ဘဲ ရုပ်ရှင်အတတ်ပညာရှင်၊ အနုပညာရှင်များကိုယ်တိုင် စိစစ်ရွေးချယ်ထားသည့် ဆုများဖြစ်ကြောင်း သိရသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ဆုပေးပွဲကို လာမည့် မေလ ၆ရက်နေ့တွင် ကျင်းပရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တရားဝင် ကြေငြာထားသည်။
၂၀၁၉၊၂၀၂၀၊၂၀၂၂ တို့ပေါင်း ၃ နှစ်စာကို နှစ်အလိုက် ဆုများမြှင့်မှာဖြစ်ပြီး ၂၀၂၁ခုနှစ် တစ်နှစ်ပတ်လုံး ဇာတ်ကားများ မရှိသည့်အတွက် မပါဝင်ပေ။
အဆိုပါ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်တွင်ကျင်းပရန်လျာထားကြောင်းသိရသည်။
ယခုနှစ်ကျင်းပမည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ရုပ်ရှင်နဲ့ပတ်သက်သည့် ထူးချွန်ဆုများအပြင် Soung Design ၊ကလေးသရုပ်ဆောင်၊stylist၊ Animation ၊မိတ်ကပ် စည့် အထူးဆု ၅ ဆုလည်း ပါ၀င်ကြောင်း ပြန်ကြားရေး၀န်ကြီးဌာနမှသိရသည်။
ymg/ynzw
#Local_News #မြန်မာ့ရုပ်ရှင်ဆုပေးပွဲ # Fashion Awardဆုချီးမြှင့်
#YMG #Yangon_Media_Group
#World_Health
Published_ 10 April 2023
4-7-8 အသက်ရှူနည်းစနစ်ဟာ ဒေါက်တာ'အန်ဒရူးဝယ်လ်'ဖန်တီးထားတဲ့ အသက်ရှူနည်းပုံစံဖြစ်ပြီး ပရာနာယာမာလို့ခေါ်တဲ့ ရှေးခေတ်ယောဂကျင့်စဉ်တစ်ခုဖြစ်ပါတယ်။
ပုံမှန်လေ့ကျင့်ပြုလုပ်သွားရင် အချိန်တိုအတွင်း အိပ်ပျော်သွားစေနိုင်ပါတယ်။
အသက်ရှူနည်းစနစ်တွေဟာ ခန္ဓာကိုယ်ကို အလွန်ပြေလျော့သွားစေအောင် ပြုလုပ်ကြတာဖြစ်ပါတယ်။
အချိန်အတိုင်းအတာတစ်ခုအထိ အသက်အောင့်ထားခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ပြန်လည် ပြည့်ဝစေမှာဖြစ်ပါတယ်။
4-7-8 နည်းစနစ်တွေဆိုရင် အင်္ဂါတွေနဲ့ တစ်ရှူးတွေကို လိုအပ်တဲ့အောက်ဆီဂျင်များ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
စိုးရိမ်ပူပန်စိတ်တွေများပြီး အိပ်ရေးပျက်တဲ့အခါမျိုးမှာ ဒီလိုနည်းစနစ်တွေက အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
4-7-8 နည်းစနစ်က အသက်ရှူခြင်းကိုထိန်းညှိရန်အတွက် ခန္ဓာကိုယ်နဲ့စိတ်ကို အာရုံစိုက်စေတာဖြစ်ပါတယ်။
4-7-8 အသက်ရှူနည်းစနစ်ကို ဘယ်လိုပြုလုပ်ရမလဲဆိုရင် အရင်ဆုံး သက်တောင့်သက်သာလှဲလို့ရမယ့်နေရာ ဒါမှမဟုတ် ထိုင်လို့ရမယ့်နေရာကိုရွေးပါ။
ပြင်ဆင်တဲ့အခါမှာ လျှာထိပ်ဖျားကို အာခေါင်အပေါ်သား အပေါ်ဘက်ရှေ့သွားတွေရဲ့ အနောက်နားမှာ ထိထားရမှာဖြစ်ပြီး နည်းစနစ်ကျင့်ချိန်တလျှောက် ထိုအနေအထားအတိုင်း လျှာကိုထိန်းထားရမှာပါ။
အသက်ရှူခြင်း ၁ ခေါက်မှာဆိုရင် ပါဝင်တဲ့အဆင့်တွေက..
(၁) စစချင်းနှုတ်ခမ်းတွေကို ဟထားပြီး ပါးစပ်ကနေ အသက်မြည်တဲ့အထိ လေထုတ်ပစ်လိုက်ပါ။
(၂) အဲဒီနောက် နှုတ်ခမ်းစေ့ကာ နှာခေါင်းကနေ စက္ကန့် ၄ စက္ကန့်ကြာအောင် တိတ်ဆိတ်စွာအသက်ရှူသွင်းပါ။
(၃) ၇ စက္ကန့်ကြာအောင် အသက်အောင့်ထားပါ။
(၄) ၈ စက္ကန့်ကြာတဲ့အထိ ပါးစပ်ကနေ အသက်မြည်အောင်လေထုတ်လွှတ်လိုက်ပါ။
နောက်တစ်ကြိမ်အသက်ရှူတဲ့အခါ နောက်ထပ်အသက်ရှူခြင်း ၁ ခေါက်စမှာဖြစ်ပြီး ထိုကဲ့သို့ ၄ ကြိမ်ပြုလုပ်ရမှာဖြစ်ပါတယ်။
၇ စက္ကန့်ထိန်းရတဲ့အဆင့်က အရေးကြီးဆုံးဖြစ်တာကြောင့် စစချင်းမှာ ၄ ကြိမ်ပဲပြုလုပ်ဖို့အကြံပြုလိုပြီး နောက်ပိုင်းမှ ၈ ကြိမ်အထိ လေ့ကျင့်သွားနိုင်ပါတယ်။
မိမိက လုံးလုံးစိတ်မပြေလျော့သေးတဲ့အချိန်မှာ 4-7-8 အသက်ရှူစနစ်ကို မကျင့်သုံးသင့်ပါဘူး။
Source: Healthline
#World_Health ##4-7-8 အသက်ရှူနည်းစနစ် #ဘာအတွက်အသုံးဝင်တာလဲ
#YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၆/ဝ)တွင် ဧပြီလ ၉ ရက် ည ၁၁ နာရီ မိနစ် ၂၀ ခန့်က DYNA အမျိုးအစားယာဉ်ကို ရွှေရည်ဖူးပွင့်ခရီးသည်တင်ယာဉ်သည် နောက်မှဝင်တိုက်မိမှု ဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယင်းကြောင့် သီးကုန်းအမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြရာ အဆိုပါဖြစ်စဉ်ကြောင့် မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
ရွှေရည်ဖူးပွင့် ခရီးသည်တင်ယာဉ်ပေါ်တွင် အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၈ ဦး၊စုစုပေါင်း ၁၅ ဦး လိုက်ပါလာကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Local_News ##DYNA ယာဉ် #ရွှေရည်ဖူးပွင့်ခရီးသည်တင်ယာဉ် #နောက်မှဝင်တိုက် #YMG #Yangon_Media_Group
#World_News
Published 10 April 2023
အမေရိကန်မှ စစ်ရေးနဲ့ထောက်လှမ်းရေးဆိုင်ရာ ထိပ်တန်းအချက်အလက်များ အွန်လိုင်းပေါ်မှာပေါက်ကြားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းပေါက်ကြားရာအရင်းအမြစ်ကို အမေရိကန်အရာရှိများ အသည်းအသန်ရှာဖွေနေကြပါတယ်။
ယူကရိန်းတို့ရဲ့ လေကြောင်းကာကွယ်ရေးစနစ်များ၊ အစ္စရေးလ်မှ မော့ဆက်စပိုင်အေဂျင်စီစတဲ့ အချက်အလက်တွေပါဝင်နေပြီး ဒါဟာ အမေရိကန်မှ တစ်စုံတစ်ဦးရဲ့လက်ချက်ဖြစ်မယ်လို့ အနောက်နိုင်ငံလုံခြုံရေးပညာရှင်များနဲ့ အမေရိကန်တာဝန်ရှိသူများက သံသယရှိနေကြပါတယ်။
ယူကရိန်းစစ်ပွဲ၊ တရုတ်၊ အရှေ့အလယ်ပိုင်း၊ အာဖရိကအကြောင်းအရာများ ပါဝင်နေတာကြောင့် အမေရိကန်မှတစ်ယောက်ယောက်လက်ချက်ဖြစ်မယ်လို့ ယူဆနေတာဖြစ်ပါတယ်။
အချက်အလက်အများစုက အမေရိကန်တွေရဲ့လက်ထဲမှာပဲရှိတာကြောင့် အမေရိကန်ကနေပဲ ပေါက်ကြားတာဖြစ်မယ်လို့ အာရုံစိုက်ထားကြောင်း ပင်တဂွန်အကြီးတန်းအရာရှိဟောင်း 'မိုက်ကယ်မာလ်ရွိုင်း'က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်အရာရှိတွေ ပြောကြားချက်အရ ကနဦးစုံစမ်းမှုများဆောင်ရွက်နေပြီး ဒီပေါက်ကြားမှုနောက်ကွယ်မှာ ရုရှားထောက်ခံရေးအဖွဲ့အစည်းများ ပါဝင်နေနိုင်တာကိုလည်း ထည့်မစဉ်းစားလို့မဖြစ်ကြောင်း ဆိုပါတယ်။
၂၀၁၃ ခုနှစ်က WikiLeaks ဝက်ဘ်ဆိုက်မှာ အချက်အလက်၊ ဗီဒီယိုပေါင်း ၇ သိန်းကျော် ပေါက်ကြားခဲ့ပြီးနောက်ပိုင်း ယခုတစ်ခေါက် လုံခြုံရေးကျိုးပေါက်တာဟာ အဆိုးရွားအပြင်းထန်ဆုံးဖြစ်နေနိုင်ပါတယ်။
ဝါရှင်တန်ရှိ ရုရှားသံရုံးနဲ့ ရုရှားအစိုးရအဖွဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောကြားခြင်းမရှိသေးပါဘူး။
ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက်တွေပေါ်မှာ ပြီးခဲ့တဲ့လက ပထမဆုံးထွက်ပေါ်လာခဲ့တဲ့ 'လျှို့ဝှက်'နဲ့ 'ထိပ်သီးလျှို့ဝှက်'တံဆိပ်ကပ်ထားတဲ့ အချက်အလက်စာတမ်းများကို ရိုက်တာသတင်းဌာနက ပေါက်ကြားပြီးနောက်ပိုင်း ကြည့်ရှုခဲ့ပါတယ်။
ပေါက်ကြားလာတဲ့ အချက်အလက်တွေက ထောက်လှမ်းသူများအနေနဲ့ မူလအကြောင်းအရာကနေ လမ်းလွဲသွားအောင် လှည့်ဖြားတာမျိုးလား ဒါမှမဟုတ် အမေရိကန်လုံခြုံရေးကိုထိခိုက်စေနိုင်မယ့် သတင်းမှားတွေကို ဖြန့်ဝေချင်တာလားဆိုတာကိုလည်း ထည့်မတွက်လို့မရကြောင်း အရာရှိနှစ်ဦးက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
ထိပ်သီးအချက်အလက်တွေနဲ့ ပေါက်ကြားမခံနိုင်တဲ့ စာတမ်းဓာတ်ပုံများရဲ့အရေးပါမှုကို ပင်တဂွန်ကသုံးသပ်နေတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
ဒီကိစ္စကို တရားစီရင်ရေးဌာနသို့ လွှဲပြောင်းပေးထားကာ ရာဇဝတ်မှုစုံစမ်းစစ်ဆေးမှုအဖြစ် သတ်မှတ်ထားပါတယ်။
အချက်အလက်တစ်ခုထဲမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ရက်စွဲဖြင့် 'လျှို့ဝှက်'တံဆိပ်မှတ်သားထားကာ ယူကရိန်းရဲ့ S-300 လေကြောင်းကာကွယ်ရေးစနစ်များ လက်ရှိအတိုင်းသုံးစွဲနေပါက မေလ ၂ ရက်နေ့မှာ ပြတ်လပ်သွားနိုင်တယ်ဆိုတဲ့ အကြောင်းအရာများ ဖော်ပြထားပါတယ်။
ဂရုတစိုက်စောင့်ကြပ်ထားတဲ့ အချက်အလက်မျိုးပေါက်ကြားတာကြောင့် ရုရှားတပ်တွေအတွက် အခွင့်အလမ်းကြီးကြီးမားမားရရှိစေနိုင်ကာ သတင်းပေါက်ကြားတာမျိုး တားဆီးနိုင်ရန်နည်းလမ်းများအား ယူကရိန်းသမ္မတနဲ့ လုံခြုံရေးထိပ်သီးအရာရှိများက သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ယူကရိန်းက ဆိုပါတယ်။
Source: Reuters
#World_News ##စစ်ရေးနှင့်ထောက်လှမ်းရေး #ထိပ်တန်းအချက်အလက်များပေါက်ကြားခဲ့ #အမေရိကန်စုံစမ်းစစ်ဆေး #YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အိုက်ကော(ခ)လောက်အယ် ၏နေအိမ်ကို ဧပြီလ ၅ ရက်က သတင်းအရရှာဖွေရာ ဂွမ်းမိုင်(ခ)မာဂွမ်း၊ အဆာဖ နှင့် ဇော်လတ် တို့ ၃ ဦးအား M 21 ရိုင်ဖယ်(၁၃)လက်၊ ပါရီအမျိုး အစား 81 ရိုင်ဖယ်ဒင်ခေါက်(၁)လက်၊ .22 Sniper ပါ(၁)လက်၊ ၁၂ ဗို့ ၁ လုံးထိုးပြောင်းချောသေနတ်(၁)လက်၊ လက်လုပ်သေနတ်ဒင်ခေါက်(၁)လက်၊ ၇.၆၂ x ၃၉ကျည်(၈၉)တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး(၁)လုံး၊ ကျည်အိမ် မျိုးစုံ (၁၅)ခု၊ လက်နက်ပြုပြင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းမိသူများကို စစ်ဆေးဖော်ထုတ်ချက် အရ ယင်းနေ့တွင်ပင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အိုက်ကော(ခ)လောက်အယ် ပိုင်ဆိုင်သည့်နေအိမ်ကို ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၅၀ ပြား၊ ကက်တမင်း ၈ ဂရမ်၊ စိတ်ပြောင်းဆေးဝါး Happy Water ၉၉ ဂရမ်၊ ကျည်မျိုးစုံ ၂၉ တောင့်နှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ မူးယစ်ဗဟို အနေဖြင့် ဖမ်းဆီးမိသူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်နေကြောင်း သိရသည်။
ymg/mt
#Local_News #မူဆယ်မြို့ #သေနတ်များ၊လက်ပစ်ဗုံး၊ကျည်မျိုးစုံနှင့်မူးယစ်ဆေးဝါးများ #YMG #Yangon_Media_Group
Page 931 of 1643