#Local_News
Published_16 March 2024


AA က စစ်တွေမြို့ပေါ်ရှိ လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှု ၁၃ ကြိမ် ရှိနေပြီဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ယနေ့မတ်လ ၁၆ ရက် နံနက် ၁ နာရီခန့်အချိန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်းသို့ AA အဖွဲ့က ပုဏ္ဏားကျွန်းဘက်မှ လက်နက် ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ စက်ရုံစု(၂)၊ ကုန်းဘောင်ရပ်ကွက်အတွင်းရှိ လူ နေအိမ်တစ်ခုအနီး ကျရောက်ပေါက်ကွဲခဲ့သ ည့်အတွက် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ယင်းကြောင့် ဒဏ်ရာရသူများအား ပြည်နယ်အစိုးရ တာဝန်ရှိသူများကစစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင် သိသည်။

 

AA အဖွဲ့အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် စစ်တွေတပ်နယ်အတွင်းရှိ ကျေးရွာများသို့လည်း ကောင်း၊ ဖေဖော်ဝါရီ လ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့လည်းကောင်း၊ မတ်လ ၉ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့လည်းကောင်း၊ မတ်လ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တွေမြို့နယ်၊ ပါဒလိပ် ကျေးရွာရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းအနီးသို့လည်းကောင်း၊ မတ်လ ၁၃ ရက် နံနက် ၉ နာ ရီခွဲခန့်တွင် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာအတွင်းရှိ စာသင်ကျောင်းကိုလည်းကောင်း လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

AA ကမြို့၊ ရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၈ ဦး သေဆုံးပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးအပါအဝင် ၄၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။

 

#Local_News #လက်နက်ကြီးဖြင့်ပစ်ခတ်မှု၁၃ကြိမ် #နစကထုတ်ပြန် #Yangon_Times/PP