#Local_News
Published 16 March 2024


ပြင်ပရွှေဝယ်ရောင်း လုပ်သူများနှင့်ရွှေဆိုင်များ အားလုံးသည်YGEA ရဲ့ သတ်မှတ်စျေးနှုန်းအောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ရန်နှင့် မပြုလုပ်နိုင်ပါက ရွှေအရောင်းဝယ်ရပ်ထားရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက မတ်လ ၁၆ရက်တွင် အထူးသတိပေးကြေညာလိုက်သည်။

 

ကောလဟာလ အခြေအမြစ်မရှိသော သတင်းအမှားအမျိုးမျိုးကို အကြောင်းပြု၍ ပြင်ပဈေးကွက်အတွင်း အရောင်းဝယ်လုပ်သူများကရွှေဈေးနှုန်းကို ဈေးကစား၍ ဆွဲတင်ဆွဲချလျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားသည်။

 

၎င်းဖြစ်စဉ် အကြောင်းအရင်းအမှန်များကို သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်၍ပြင်ပဈေးကွက်တွင် အရောင်းဝယ်ပြုလုပ်သူများ အနေဖြင့်ကောလဟာလများကို အကြောင်းပြုပြီး ဈေးကစားခြင်းမျိုး မပြုလုပ်ရန် အထူးသတိပေးပန်ကြားအပ်ကြောင်း ရေးသားထားသည်။

 

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ယနေ့မတ်လ ၁၆ ရက်နေ့ အကယ်ဒမီမီးလင်းရွှေရွှေဈေးကွက် အဖွင့်ဈေးမှာကျပ် ၃၇၉၄၅၀၀ (ကျပ်သုံးဆယ့်ခုနှစ်သိန်းကိုးသောင်းလေးထောင့်ငါးရာ) ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#Local_News #YGEA #ရွှေအရောင်းအဝယ်ရပ်ထားရန် #ရွှေအသင်းအထူးသတိ​ပေး #YMG/LW #Yangon_Times