#Local_News
Published_ 13 March 2024


သဘင်လောကသားများကို မတ်လ(၁၃)ရက်မှ (၂၁)ရက်အထိ မျက်စိအခမဲ့ခွဲစိတ်ကုသပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) မှ သိရသည်။

 

ကျေးဇူးတော်ရှင် တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရနှင့် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်ဘဒ္ဒန္တပညာသီရိလင်္ကာရတို့နှစ်ပါး ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) နှင့် ပူးပေါင်း၍ ပြည်တွင်းပြည်ပမျက်စိအထူးကု ဆရာဝန်ကြီးများမှ အခမဲ့ခွဲစိတ်ကုသပေးနေခြင်း ဖြစ်သည်။

 

မျက်စိခွဲစိတ် ကုသသည့် နေ့ရက်များတွင်ကျွေးမွေးဧည့်ခံခြင်းများကို မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) မှတာဝန်ယူ စီစဉ်ပေးမည် ဖြစ်ပါသည်။

 

နယ်မှ လာရောက်မည့်သူများအားလည်း တည်းခိုနေထိုင်ရန် စီစဉ်ပေးမည် ဖြစ်သည်။

 

သို့ဖြစ်ပါ၍မျက်စိခွဲစိတ်ကုသမှုခံယူလိုသူများအား  ဆက်လက် လက်ခံပေးနေပါသဖြင့်

 

(၁) အမည် (၂) အသက် (၃) မှတ်ပုံတင်

 

(၄) သက်ဆိုင်ရာ မြို့နယ်/ပြည်နယ်/တိုင်းဒေသကြီး သဘင်အစည်းအရုံးထောက်ခံစာတို့နှင့်အတူ

 

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ရုံး

 

အမှတ် (၁၃၅)၊ ၂၁ လမ်း (ထက်)၊ လသာ မြို့နယ် 095189490 သို့ ကြိုတင်စာရင်းပေးပို့ကြပါရန် နှိုးဆော်အပ်ထားကြောင်း သိရသည်။

 

#Local_News #မျက်စိအခမဲ့ခွဲစိတ်ကုသခြင်း #သဘင်လောကသားများ #tthl #Yangon_Times