Published 11 March 2024

ရန်ကုန်တိုင်း‌ဒေသကြီး သုံးခွမြို့နယ် ၌ယခု မိုးစပါးနှင့်ဆောင်းသီးနှံအတွက် ကျပ်သိန်းပေါင်း ခြောက်သောင်းကျော်စိုက်ပျိုး စရိတ်ချေးငွေချထားပေးကြောင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ သိရသည်။

အဆိုပါ သုံးခွမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲသည်  ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီ၌ မိုးစပါးအတွက် တစ်ဧက လျှင် ကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ၃၀၂၉၁ ဧကအတွက် ကျပ် ၄၅၄၃၆ ဒသမ ၅ သိန်းတွက်ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဆောင်းသီးနှံ သီးထပ်ပဲတီစိမ်းစိုက်ပျိုး  ထုတ်လုပ်ရန် တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် ၂၂၃၂၃ ဧက အတွက် ကျပ် ၂၂၃၂၃ သိန်းထုတ်ချေးပေးထားခဲ့ကြောင်းသိရသည်။

သုံးခွမြို့နယ်သည် မိုးစပါးအပြင် ဆောင်းသီးနှံအဖြစ်ပဲတီစိမ်းများကိုအဓ်က စိုက်ပျိုးလေ့ရှိရာ ယင်းဒေသမှထွက်ရှိသည့် ပဲတီစိမ်းအား ပြည်ပတင်ပို့သည့်ဈေးကွက်၌ လူကြိုက်များလေ့ရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group