#World_Health
Published 13 March 2024


သင့်လျော်မှန်ကန်တဲ့ အစားအစာတွေစားပြီး မိမိကိုယ်ကို ကြည့်ကောင်းအောင် ပြုလုပ်နိုင်တယ်လို့ ကျွမ်းကျင်သူများ ဆိုပါတယ်။

 

လူကို ကြည့်ကောင်းစေပြီး အသားအရေ ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်အနံ့ကိုပင် ကောင်းစေနိုင်တဲ့ သဘာဝအစားအစာတွေ ရှိပါတယ်။

 

အသီးအနှံနဲ့ ဟင်းရွက်တွေကို အရောင်စိမ်းလန်းစေတဲ့ ကယ်ရိုတင်နွိုက်တွေ ပါဝင်တဲ့ အစားအစာတွေကို အရင်ဆုံး ဦးစားပေးသင့်ပါတယ်။

 

အချိန်ရက်သတ္တပတ် ၆ ပတ်ကျော် စားသုံးပြီးနောက် ပိုမိုစွဲဆောင်မှု ဖြစ်စေကြောင်း ၂၀၁၂ ခုနှစ်က တွေ့ရှိခဲ့ပါတယ်။

 

အချို့လေ့လာချက်များအရ ကယ်ရိုတင်နွိုက်တွေဟာ အသားအရေကို တင်းရင်းစေခြင်း၊ ရေဓာတ်ဖြည့်ပေးခြင်း၊ ချောမွတ်စေခြင်း၊ အရေးကြောင်းနဲ့ အစက်အပျောက် လျော့ကျခြင်းတို့ ပေးစွမ်းနိုင်တယ်လို့ အာဟာရပညာရှင် မက်ကင်ဇီဘားဂတ်စ်က ပြောပြပါတယ်။

 

ထိုအစားအစာတွေထဲမှာ ကန်စွန်းဥ၊ မုန်လာဥ၊ သခွားမွှေး၊ ကိုက်လံ၊ ဟင်းနုနွယ်တို့ ပါဝင်ပါတယ်။

 

ဒါ့အပြင် ငရုတ်ပွသီး၊ ပြောင်းဖူး၊ ကညွတ်၊ အာလူး၊ ခရမ်းချဥ်သီး၊ ဖရဲသီး၊ ကျွဲကောသီး၊ မာလကာသီးတို့လည်း ပါဝင်ပါတယ်။

 

ကယ်ရိုတင်နွိုက်တွေက ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်အနံ့ကိုလည်း ကောင်းမွန်စေပါတယ်။

 

အသီးအရွက်များများစားတဲ့ ယောက်ျားလေးတွေရဲ့ ချွေးနံ့ကို အမျိုးသမီးတွေ ပိုပြီးနှစ်သက်ကြတယ်လို့ စမ်းသပ်တွေ့ရှိထားပါတယ်။

 

အချို့သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အာဟာရဓာတ်တွေဟာ အနံ့ဆိုးဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို ချေဖျက်နိုင်ဖွယ်ရှိတယ်လို့ ဘားဂတ်စ်က ဆိုပါတယ်။

 

အသားတွေမှာ တွေ့ရတဲ့ ပရိုတိန်းကော်လာဂျင်ကလည်း အရေပြားတင်းရင်းစေတဲ့အပြင် ကြွက်သား၊ အရေပြား၊ လက်သည်း၊ ဆံပင်ကြီးထွားမှုကို ထောက်ပံ့ပေးပါတယ်။

 

အိုမီဂါ၃ ဖက်တီးအက်ဆစ်က ရေဓာတ်ကို ထိန်းသိမ်းပေးကာ ရောင်ရမ်းဆန့်ကျင်သတ္တိ ပေးစွမ်းနိုင်ပါတယ်။

 

#World_Health #ရုပ်ဆင်းသွင်ပြင် #မြှင့်တင်ပေးနိုင်မည့်အစားအစာများ #Source: New York Post