#Local_News
Published_ 13 March 2024


ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးရှိ ဆံတော်ရှင် မော်တင်စွန်းစေတီ ကမ်းခြေတွင်လင်းပိုင်ငယ်များ ငါးဖမ်းပိုက်ဖြင့် မိကာပါလာပြီး၊ အသက်ရှင်လျှက်ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။



အဆိုပါလင်းပိုင်ငယ်များသည် မတ်လ (၁၂) ရက် နံနက်ပိုင်းက ပင်လယ်ပျော် လင်းပိုင်ငယ်များ ငါးဖမ်းပိုက်ဖြင့်မိကာ ပါလာခြင်းဖြစ်‌ကြောင်း သိရသည်။

 

'မနေ့က လင်းပိုင်ငယ် ၁၅ကောင်ဝိုင်းပိုက်နဲ့ညှိလာတာပါ၊အကုန်လုံးအသက်ရှင်ပါတယ်၊ ပြန်လွတ်လိုက်ပါပြီ' ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

ထိုသို့ ပိုက်ဖြင့်ပါလာသည့် လင်းပိုင်ငယ်များအား ပင်လယ်အတွင်း ပြန်လွှတ်ပေးနိုင်ရန် ဒေသခံ ရေလုပ်သားများနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များက စီစဉ်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

 

ဆံတော်ရှင်မြတ် မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို မတ်လ (၁၀) ရက်မှ (၂၄) ရက်အထိ (၁၅) ရက်ကြာ စည်ကားစွာကျင်းပလျက် ရှိနေပြီး ဘုရားဖူးပြည်သူများ လာရောက်ဖူးမျှော်လျက်ရှိကြောင်းလည်း သိရသည်။

 

#Local_News #လင်းပိုင်ငယ်၁၅ကောင်မိလာ ##ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရားကမ်းခြေ #YMG/NN #Yangon_Times