Published 8 April 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရှေ့ပိုင်းတပ်ပေါင်းစုဌာနချုပ်ဟာ ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ တိုက်ပွဲအသင့် ကင်းလှည့်နှင့်စစ်ရေးလေ့ကျင့်ခန်းတွေကို ဧပြီလ(၈)ရက် စနေနေ့က စတင်လိုက်ကြတယ်လို့ အဆိုပါ စစ်ဌာနချုပ်ရဲ့ပြောရေးဆိုခွင့်ရသူ အကြီးတန်းဗိုလ်မှူးကြီး ရှီယီကပြောကြားပါတယ်။
ယခုစစ်ဆင်ရေးဟာ ထိုင်ဝမ်ခွဲထွက်သမားတွေနှင့် ပြင်ပအင်အားစုတွေရဲ့ ရန်စမှုအပေါ် အလေးအနက်သတိပေးမှု တစ်ရပ် ဖြစ်တယ်၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနှင့်ပိုင်နက်တည်တံခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့လုပ်ဆောင်မှု တစ်ခုဖြစ်တယ်လို့လည်း ရှီယီက ဆက်ပြောပါတယ်။
ယခုကင်းလှည့်နှင့် စစ်ရေးလေ့ကျင့်မှုတွေကို စနေမှ တနင်္လာနေ့အထိဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ထိုင်ဝမ်လွတ်လပ်ရေးခွဲထွက်သမားတွေရဲ့ မည်သို့သော လှုပ်ရှးဆောင်ရွက်မှုမျိုးကိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံရဲ့ထိုင်ဝမ်ရေးရာရုံးက အလေးပေးပြောဆိုအပြီး ယခုစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
ဒီမှတ်ချက်စကားဟာ ယခုအပတ်စောစောပိုင်းက ဆိုင်အင်ဝန်ရဲ့ အမေရိကန်ခရီးတစ်ထောက်ခရီးစဉ်ကို ရည်ညွှန်း တုန့်ပြန်ခဲ့တာပါ။
Source CCTV Plus
#တရုတ်စစ်ရေးလေ့ကျင့်ခန်းထိုင်ဝမ်ပတ်လည်တွင်ပြုလုပ်
#တရုတ်_ထိုင်ဝမ်_အကျပ်အတည်း
#YangonMediaGroup
#World_Health
Published_ 8 April 2023
ဆန်းစစ်လေ့လာမှု ၁၆ မျိုးအရ မက်ဒီတာရေးနီးယန်း အစားအစာက အမျိုးသမီးတွေမှာ နှလုံးရောဂါဖြစ်နိုင်ချေနဲ့ စောစီးစွာသေဆုံးနိုင်ချေတို့ကို ၂၅ ရာခိုင်နှုန်းခန့်လျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
မက်ဒီတာရေးနီးယန်းအစားအစာတွေက နှလုံးသွေးကြောဆိုင်ရာ အကျိုးကျေးဇူးများရနိုင်တယ်လို့ သိထားပြီးသားဖြစ်သလို အခုလေ့လာချက်အရ အထူးသဖြင့်အမျိုးသမီးတွေမှာ အကျိုးရှိစေပုံကိုဖော်ပြထားကြောင်း ဆစ်ဒနီတက္ကသိုလ် သုတေသနစင်တာမှ ပရော်ဖက်ဆာ'ဆာရာဇာမန်'က CNN ကို ပြောကြားလိုက်ပါတယ်။
၂၀၂၀ ခုနှစ်က အမေရိကန်ရှိ သေဆုံးသူအမျိုးသမီး ၅ ဦးမှာ ၁ ဦးက နှလုံးရောဂါကြောင့်ဖြစ်ပေမယ့် အမျိုးသမီးတွေနဲ့ပတ်သက်ပြီး နှလုံးလေ့လာမှုနည်းပါးခဲ့ကြောင်း ဇာမန်ကပြောပြပါတယ်။
မက်ဒီတာရေးနီးယန်းအစားအစာနဲ့ ပတ်သက်ပြီးသုတေသနလုပ်ရာမှာ အမျိုးသမီးတွေအနေနဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်၊ ပဲအမျိုးမျိုး၊ ပင်လယ်စာများ စားသုံးကြပြီး သားကြီးငါးကြီးနဲ့ ထုပ်ပိုးထားတဲ့အသားများကိုတော့ လျှော့စားခဲ့ကြပါတယ်။
မက်ဒီတာရေးနီးယန်း အစားအစာစားတဲ့ အမျိုးသမီးတွေက နှလုံးရောဂါဖြစ်နိုင်ချေ ၂၄ ရာခိုင်နှုန်းလျော့နည်းပြီး စောစီးစွာအသက်ဆုံးရှုံးနိုင်ချေ ၂၃ ရာခိုင်နှုန်းလျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီစမ်းသပ်မှုက အမျိုးသမီးတွေကို စမ်းသပ်တာဖြစ်ပေမယ့် အမျိုးသားတွေအတွက်လည်း မှန်ကန်ကြောင်း အလေးပေးဖော်ပြနေပါတယ်။
အမျိုးသားတွေမှာတော့ နှလုံးရောဂါဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်းနဲ့ အသက်သေဆုံးနိုင်ချေ ၂၃ ရာခိုင်နှုန်းလျှော့ချနိုင်ပါတယ်။
လေ့လာချက်အားလုံးက စောင့်ကြည့်ချက်တွေသာဖြစ်ပြီး စားသောက်တဲ့အစားအစာတွေအကြောင်း ကိုယ်တိုင်တင်ပြထားတာတွေကိုသာ လေ့လာရတာဖြစ်ပါတယ်။
တွေ့ရှိထားတဲ့အချက်အလက်တွေကို သတိထားသိရှိပေးဖို့ စာတမ်းပြုစုသူများက အသိပေးထားပါတယ်။
မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် မက်ဒီတာရေးနီးယန်းအစားအစာက နှလုံးရောဂါဖြစ်နိုင်ချေအပြင် ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ သွေးတိုး၊ ကိုလက်စ်ထရောလ်မြင့်မားခြင်းတို့ကိုလည်း လျှော့ချပေးနိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
Source: The Jerusalem Post
#World_Health #နှလုံးဖောက်ခြင်းအန္တရာယ် #မက်ဒီတာရေးနီးယန်းအစားသောက်ပုံစံ #YMG #Yangon_Media_Group
#World_Science
Published 8 April 2023
ကျားသတ္တဝါတွေက သူတို့ကိုယ်ပိုင်စရိုက်အတိုင်း နေထိုင်နိုင်ဖို့ အချိန်လိုအပ်ပါတယ်။
ကျားတွေဟာ လူသားတွေထင်နေသလိုမျိုး အမြဲတမ်းအသားစား သတ်ဖြတ်နေကြတာမဟုတ်ပါဘူး။
ကျားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးသဘာဝတွေဟာ တစ်ကောင်နဲ့တစ်ကောင် ကွဲလွဲမှုတွေရှိနိုင်တယ်လို့ မှန်းဆလို့ရပါတယ်။
ဆိုက်ဘေးရီးယားကျား ၂၄၈ ကောင်ရဲ့ တစ်ကိုယ်ရည်စမ်းသပ်မှုတွေကို လေ့လာခဲ့ကြောင်း AFP တင်ပြထားပါတယ်။
ဒီအတိုင်းထိုင်နေတဲ့ ကျားတွေရဲ့စိတ်နေသဘောထားကို စူးစမ်းလေ့လာခြင်းက တကယ်တမ်းဖြစ်ပျက်နေတာနဲ့ များစွာကွာခြားပါတယ်။
ကျားတွေဟာ အလွန်သီးခြားဆန်ပြီး သူတို့နဲ့အတူတူအလုပ်လုပ်တဲ့လူတွေက သူတို့ရဲ့တစ်ကိုယ်ရည်စရိုက်တွေကို ကောင်းစွာသိမြင်ကြတယ်လို့ လန်ဒန်စီးပွားရေးတက္ကသိုလ်မှ စာတမ်းပြုစုသူ'ရိုဆာလင်းအာဒင်'က AFP ကို ပြောကြားခဲ့ပါတယ်။
ယခုစမ်းသပ်မှုအတွက် လူတွေမှာအသုံးပြုတဲ့စမ်းသပ်နည်းအတိုင်း ပြုလုပ်ခဲ့ကြပါတယ်။
ကျားတွေမှာစမ်းသပ်ခဲ့တဲ့ စရိုက်လက္ခဏာများကတော့ ယုံကြည်မှု၊ ရိုးသားမှု၊ အနိုင်ကျင့်မှု၊ ရက်စက်ကြမ်းကြုတ်မှုတို့ ဖြစ်ပါတယ်။
အရည်အသွေးပေါင်း ၇၀ လောက်ကို ကျားတွေကိုထိန်းကျောင်းကျွေးမွေးသူများက ဖြေကြားပေးခဲ့ပါတယ်။
လေ့လာသုံးသပ်ပြီးနောက် ခန့်ညားပီသခြင်းနဲ့ တည်ငြိမ်ခြင်းဆိုပြီး အဓိကအမျိုးအစား ၂ မျိုးခွဲခြားလိုက်လို့ရပါတယ်။
ခန့်ညားပီသခြင်းအတွက် အမှတ်များများရတဲ့ကျားတွေမှာ ပိုမိုကျန်းမာခြင်း၊ သားကောင်ကို ပိုမိုလိုက်ဖမ်းခြင်း၊ စားသောက်ခြင်း၊ မိတ်လိုက်ခြင်းတို့ တွေ့ရှိရပါတယ်။
တည်ကြည်ငြိမ်သက်တဲ့ကျားတွေကတော့ ပိုမိုနူးညံ့သိမ်မွေ့ခြင်း၊ ပိုမိုရိုးသားကာ မေတ္တာဖွဲ့ခြင်းတို့ တွေ့ရှိရပါတယ်။
ဒီလိုစရိုက်လက္ခဏာတွေဟာ ကျားပေါက်အရွယ်မှာ မိခင်ကျားမနဲ့အတူရှိနေစဉ်အချိန်အတွင်းကာလက အဓိကကျနေပါတယ်။
ကျားအထီးနဲ့အမကြား စရိုက်ကွာခြားမှုအလွန်နည်းပါးပေမယ့် ကလေးတွေကိုစောင့်ရှောက်တဲ့နေရာမှာ ဖခင်ကျားတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။
ကျားတစ်ကောင်အဖြစ်ပီသနေဖို့က ရန်လိုကြမ်းရမ်းနေစရာမလိုတာကို တွေ့မြင်ရမှာဖြစ်ကြောင်း အာဒင်ကဆိုပါတယ်။
ဒီလေ့လာမှုအကြောင်း ဖတ်ရှုရင်း ကြည်နူးစရာကောင်းနိုင်ပေမယ့် တောထဲမှာရုတ်တရက်ကြီး ကျားတစ်ကောင်နဲ့တွေ့ပြီဆိုရင် သိမ်မွေ့တဲ့ကောင်လား ကြမ်းရမ်းတဲ့ကောင်လားဆိုတာတော့ ခွဲခြားဖို့မဖြစ်နိုင်ပါဘူး။
Source: WION
#World_Science #ကျား #ကိုယ်ပိုင်စရိုက်လက္ခဏာ #လေ့လာတွေ့ရှိ
#YMG #Yangon_Media_Group
#World_Beauty
Published_ 7 April 2023
မွမ်ဘိုင်းအထပ်မြင့်အခန်းတစ်ခန်းမှာ အိန္ဒိယမိတ်ကပ်ပညာရှင် 'ဒီဘတ်စ်ရီဘနာဂျီ' က အညိုရောင်က လှပတယ်ဆိုတဲ့ အယူအဆတစ်ခုကို တစ်ကမ္ဘာလုံးကပရိသတ်တွေထံ ချပြခဲ့ပါတယ်။
#World_Beauty #အိန္ဒိယ #မိတ်ကပ်ပညာရှင်များ #YMG #Yangon_Media_Group
#Daily_News
Published_ 7 April 2023
၁။မြဝတီ-ကော့ကရိတ်လမ်းကို မဖြတ်သန်းရန် သတိပေးစာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နေ၍ ဒေသခံများက အခြေခံစားသောက်ကုန်ဈေး မြင့်တက်မည်ကို စိုးရိမ်နေ
၂။သင်္ကြန်တွင်းတွင် ကျိုက်ထီးရိုးစေတီကို လာရောက်နိုင်ရန် အခမဲ့တည်းခိုနေရာများ ၊ တောင်တက်ကားများ စီစဉ်ထားဟုဆို
၃။သင်္ကြန်မတိုင်မှီ စက်သုံးဆီဈေး ဆက်တိုက်မြင့်တက်လာ 92တစ်လီတာလျင် ၂၃၀၀ကျပ် ဝန်းကျင်သို့ရောက်လာ
၄။အိန္ဒိယမှ အညိုရောင်အသားအရည်ပိုင်ရှင် မိတ်ကပ်ပညာရှင်များ၏ ဗီဒီယိုများရေပန်းစား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Military
Published_ 7 April 2023
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ရေးကို ပံ့ပိုးကူညီတဲ့အနေနဲ့ကနေဒါနိုင်ငံက ဂျပန်သို့ စစ်လေယာဉ်တစ်စင်း စေလွှတ်ထားမယ်လို့ ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
ကနေဒါတော်ဝင်လေတပ်မှ CP-140 Aurora လေယာဉ်အား စေလွှတ်နေရာချလိုက်ပြီဖြစ်ကြောင်း ကနေဒါကာကွယ်ရေးဝန်ကြီး'အန်နီတာအာနန်'က ကြေညာလိုက်ပါတယ်။
CP-140 Aurora လေယာဉ်က မြောက်ကိုရီးယားအနေနဲ့ ရေကြောင်းဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများအတိုင်း လိုက်နာခြင်းရှိ/မရှိ၊ အထူးသဖြင့် လုံခြုံရေးကောင်စီမှ တားမြစ်ထားတဲ့ သင်္ဘောချင်းလောင်စာထည့်သွင်းခြင်း၊ အခြားကုန်ပစ္စည်းများပို့ဆောင်ခြင်းများကို အချိန်ရက်သတ္တပတ် ၆ ပတ်ကြာတဲ့အထိ စောင့်ကြည့်သွားမှာဖြစ်ကြောင်း ကနေဒါအစိုးရအဖွဲ့က ပြောကြားခဲ့ပါတယ်။
ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယားစီမံကိန်းများကြောင့် မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကတည်းက ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့ခြင်းကို ခံခဲ့ရပါတယ်။
မတ်လ နှောင်းပိုင်းမှာလည်း ရေအောက်နျူကလီးယား တိုက်ခိုက်ရေးဒရုန်းအသစ်ကို စမ်းသပ်ခဲ့ကာ ခေါင်းဆောင်'ကင်မ်ဂျုံအန်'က တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ရပ်တန်းကရပ်သင့်ပြီဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေက မြောက်ကိုရီးယားကို ရန်စနေသလိုဖြစ်နေကြောင်း တရုတ်နဲ့ရုရှားတို့ကလည်း ဝေဖန်အပြစ်တင်လိုက်ပါတယ်။
တစ်ဖက်ကလည်း ရုရှားနဲ့တရုတ်တို့ဟာ မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့မှုများမှ ကာကွယ်ပေးပြီး ပိုမိုအားကောင်းအောင်ကူညီပေးနေတယ်လို့ အမေရိကန်က စွပ်စွဲလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း မြောက်ကိုရီးယားကို ဘယ်လိုထိန်းချုပ်ကိုင်တွယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ သဘောထားကွဲပြားနေခဲ့ပါတယ်။
ဗီတိုအာဏာရ တရုတ်၊ ရုရှားတို့နဲ့အတူ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့က နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်လို့ ဘာမှထူးခြားစေမှာမဟုတ်ကြောင်း၊ ဒီလိုအရေးယူမှုများကို ဖြေလျှော့ပေးစေလိုကြောင်း ပြောကြားခဲ့ကြပါတယ်။
Source: Reuters
#World_Military #မြောက်ကိုရီးယား #ကနေဒါလေယာဉ်တစ်စီး # ဂျပန်တွင်နေရာချ #YMG #Yangon_Media_Group
#World_Health
Published_ 7 April 2023
ခန္ဓာကိုယ်က လဲလျောင်းအိပ်စက်ချင်နေပေမယ့် ဦးနှောက်ကတော့ အနားမယူသေးဘဲ ဆက်လက်လှုပ်ရှားနေတာမျိုး ကြုံဖူးကြမှာပါ။
အိပ်ရာထဲရောက်ပြီဆိုတာနဲ့ အတွေးတွေအပြိုင်ပေါ်ပေါက်လာပြီး နောက်ထပ်လုပ်ဆောင်ဖို့ လိုအပ်တာတွေ၊ အရင်ကလုပ်ခဲ့တာတွေကို ပြန်စဉ်းစားမိတတ်ကြပါတယ်။
ရောဂါရှာတွေ့တာမျိုးမဟုတ်ပေမယ့် လက္ခဏာတွေအားလုံးက စိုးရိမ်ပူပန်ခြင်းအခြေအနေကို ညွှန်ပြနေပါတယ်။
စိုးရိမ်ပူပန်စိတ်မြင့်မားနေခြင်းအတွက် သတ်မှတ်ချက်အတိအကျမရှိပေမယ့် ဒီလိုအခြေအနေကြောင့် အချို့လူတွေဟာ အလွန်ကောင်းမွန်စွာ လုပ်ကိုင်နိုင်ကြတယ်လို့ ပရော်ဖက်ဆာ'ဂျွန်ဂရိုဂါ'က ပြောကြားခဲ့ပါတယ်။
ဒီလိုပူပန်စိတ်က လျော့ပါးမသွားပေမယ့် ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ဒေါသဖြစ်ခြင်းတို့ကြောင့် နောက်ဆုံးမှာ ဆုံးဖြတ်ချက်ခိုင်မာလွန်းသူတွေတောင် လဲကျသွားတတ်ပါတယ်။
လုံးဝကိုအားအင်ကုန်ခမ်းသွားပါမှ အိပ်ပျော်တတ်ကြတယ်လို့ ဂျွန်ကဆိုပါတယ်။
လူကအန္တရာယ်ရှိနေပြီလို့ ခန္ဓာကိုယ်ကသိတာတောင် မအိပ်ချင်အောင်လုပ်ဆောင်နေမှာဖြစ်ပါတယ်။
ပြဿနာက အိပ်ရေးပျက်ခြင်းကြောင့် စိုးရိမ်ပူပန်မှုပိုဖြစ်စေပြီး အဆုံးမရှိသံသရာလည်နေမှာဖြစ်ပါတယ်။
ဖိစီးမှုတွေရင်ဆိုင်ရတဲ့နေ့၊ အိပ်ရေးပျက် အိပ်ချိန်နည်းတဲ့အချိန်တို့မှာ စွမ်းဆောင်ရည်ပိုဆိုးရွားစေပါတယ်။
အာရုံစူးစိုက်မှုလျော့နည်းလာမယ်၊ ပိုပြီးသည်းမခံနိုင်ဖြစ်လာမယ်၊ ပိုမိုအားထုတ်ဆောင်ရွက်လာရမှာ ဖြစ်ပါတယ်။
ဒီလိုမျိုးစိုးရိမ်ပူပန်စိတ်တွေ စုပြုံလာတဲ့အခါ ညဘက်တွေမှာ အိပ်စက်ဖို့ပိုမိုခက်ခဲလာမှာဖြစ်ပါတယ်။
မအိပ်ခင်မှာ သတင်းဖတ်တာမျိုး ဒါမှမဟုတ် မိမိယုံကြည်ရတဲ့လူတစ်ယောက်ကို စကားပြောဆိုခြင်းဖြင့် အိပ်တဲ့အခါမှာ စိုးရိမ်စိတ်လျော့နည်းစေနိုင်ကြောင်း ဂျွန်ကအကြံပြုပါတယ်။
ပူပန်ခြင်းကို ဖြစ်ပေါ်စေမယ့် အခြေအနေ ထိပ်တိုက်ရင်ဆိုင်ရမယ့် အခြေအနေတွေကို ရှောင်ရှားသင့်ပြီး ညဘက်မှာ အရက်သောက်ခြင်း၊ ကော်ဖီသောက်ခြင်းတို့ကို ရှောင်ရှားသင့်ပါတယ်။
Source: Metro
#World_Health #
#အိပ်ရာဝင်ချိန် #အတွေးတွေဘာကြောင့်များလာရသလဲ
#YMG #Yangon_Media_Group
Page 757 of 1151