#World_Health
Published_ 7 April 2023
ဗိုက်တာမင်တွေနဲ့ ဖြည့်စွက်အားဆေးတွေကို သင့်တင့်လိုအပ်တဲ့အတိုင်း ရွေးချယ်သောက်သင့်သုံးတာကြောင့် အကြံဉာဏ်ပေးလိုက်ပါတယ်။
ပထမဆုံးအကြံပေးချင်တာကတော့ ဗိုက်တာမင်နဲ့သတ္တုဓာတ်တွေကို အစားအစာကနေ အဓိကရယူသင့်ပါတယ်။
အကြောင်းကတော့ ခန္ဓာကိုယ်ဟာ အစားအစာတွေကနေရတဲ့ ဗိုက်တာမင်တွေနဲ့ သတ္တုဓာတ်တွေကိုလက်ခံရယူနေကျဖြစ်ပါတယ်။
ဗိုက်တာမင်နဲ့သတ္တုဓာတ်အများစုဟာ ပုံမုန်စုပ်ယူလှုံ့ဆော်နိုင်ရန်အတွက် အစားအစာမှ အခြားပစ္စည်းတွေလိုအပ်ပါတယ်။
အစားအစာမှာပါတဲ့ ပစ္စည်းတွေကိုပူးပေါင်းဆောင်ရွက်ရတာကြောင့် ဖြည့်စွက်စာတစ်မျိုးတည်းနဲ့ မလုံလောက်နိုင်တာဖြစ်ပါတယ်။
စက်ရုံတွေကနေထုတ်လုပ်တဲ့ ဗိုက်တာမင်တွေက သဘာဝဗိုက်တာမင်တွေနဲ့ အတော်လေးကွဲပြားပါတယ်။
နောက်တစ်ချက်ကတော့ မိမိသုံးစွဲမယ့်အားဆေးကို သေချာရွေးချယ်ပါ။
ဗိုက်တာမင်အားဆေးတွေက ဘေးကင်းပြီး အထောက်အကူဖြစ်မယ်လို့ လူအများစုက ထင်ထားကြပါတယ်။
ဒါပေမဲ့ ၂၀၀၇ ခုနှစ်က လူပေါင်း ၂၃၀,၀၀၀ ကို လေ့လာရာမှာ ဘီတာကယ်ရိုတင်း၊ ဗိုက်တာမင်အေ၊ ဗိုက်တာမင်အီးဖြည့်စွက်စာများက သေဆုံးမှုနှုန်းမြင့်စေကြောင်း တွေ့ရှိခဲ့ပါတယ်။
အကျိုးပြုဓာတ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ ဗိုက်တာမင်ဒီ၊ ဗိုက်တာမင်ကေတူးတို့ နည်းပါးစွာပါဝင်ပြီး ဘေးဖြစ်စေတဲ့ ဖောလစ်အက်ဆစ်၊ ကယ်ဆီယမ်၊ သံဓာတ်၊ ဗိုက်တာမင်အီးတို့ မြင့်မားစွာပါဝင်နေပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားရင်တောင် ဗိုက်တာမင်နဲ့သတ္တုဓာတ်တွေ လုံလောက်စွာရရှိဖို့ခက်ခဲပါတယ်။
ရောဂါပိုးဝင်ရောက်တဲ့အခြေအနေမျိုးမှာဆိုရင် ခန္ဓာကိုယ်မှာ ဗိုက်တာမင်နဲ့သတ္တုဓာတ်တွေ ပိုပြီးလိုအပ်လာနိုင်ပါသေးတယ်။
အဆိုပါဓာတ်တွေထဲမှာ ပါဝင်တာတွေကတော့ ဗိုက်တာမင်ဒီက ထိပ်ဆုံးကဖြစ်ပါတယ်။
လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်က ဗိုက်တာမင်ဒီချို့တဲ့တဲ့ဝေဒနာ ခံစားနေကြရပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်အတွက် အလွန်အရေးကြီးတဲ့ဗိုက်တာမင်ဖြစ်ပါတယ်။
သွေးထဲကဗိုက်တာမင်ဒီပမာဏကို စစ်ဆေးဖို့ကလည်း အလွန်အရေးကြီးပါတယ်။
နောက်ထပ်အရေးကြီးဆုံးတစ်မျိုးက ဗိုက်တာမင်ကေတူးဖြစ်ပြီး အရိုးနဲ့သွားထဲ ကယ်လ်စီယမ်ဝင်ရောက်ရာမှာ သူကအလွန်အရေးပါပါတယ်။
မဂ္ဂနီဆီယမ်ကတော့ အလုံးစုံကျန်းမာရေးအတွက် အလွန်အရေးပါတဲ့သတ္တုဓာတ်တွေထဲက တစ်မျိုးဖြစ်ပြီး မဂ္ဂနီဆီယမ်ချို့တဲ့ရင် ကျန်းမာရေးပြဿနာများဖြစ်ပေါ်နိုင်ပါတယ်။
ဗိုက်တာမင်စီကတော့ တစ်ရှူးဖွဲ့စည်းခြင်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းထိန်းသိမ်းခြင်းတို့အတွက် အရေးကြီးတဲ့ဓာတ်ဖြစ်ကာ ချို့တဲ့ပြီဆိုရင် နာတာရှည်ရောဂါများဖြစ်ပေါ်တတ်ပါတယ်။
ဘယ်လိုဖြည့်စွက်အားဆေးပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံအတွက် မဖြည့်ဆည်းပေးနိုင်ပါဘူး။
အားဆေးသုံးစွဲမယ်ဆိုရင်လည်း ဆေးညွှန်းဖြစ်ဖြစ်၊ ဆေးစာဖြစ်ဖြစ်ပါမှ သုံးစွဲသင့်ပါတယ်။
Source: The Jerusalem Post
#World_Health #ခန္ဓာကိုယ် #ဗိုက်တာမင်နှင့်သတ္တုဓာတ် #သုံးသပ်အကြံပေး
#YMG #Yangon_Media_Group
Published 6 April 2023
ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်မမှူုး ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး စီးနင်းလိုက်ပါသွားတဲ့ စစ်ရဟတ်ယာဉ် တစ်စီးဟာ ဒီကနေ့ ဧပြီ ၆ရက်က ပျံသန်းစဉ် ပျောက်ဆုံးသွားတယ်လို့ NHK ကသတင်းထုတ်ပြန်ပါတယ်။
အဆိုပါ စစ်ရဟတ်ယာဉ်ကို ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က ပိုင်ဆိုင်တာဖြစ်ပြီး အိုကီနာဝါး တောင်ပိုင်းမှာ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
ယင်း Black Hawk အမျိုးအစား စစ်ရဟတ်ယာဉ်ဟာ မီယာကိုဂျီမာ ကျွန်းအနီးပျံသန်းနေစဉ် ဧပြီ၆ရက် ကြာသပတေးနေ့ ညနေ(၄)နာရီခန့်မှာ ရေဒါကနေ ပျောက်ကွယ်သွားခဲ့တာလို့ သတင်းမှာဖော်ပြထားပါတယ်။
ကမ်းခြေစောင့်တပ်အရာရှိတွေက သူတို့ဟာ ရဟတ်ယာဉ်ပျောက်ဆုံးသွားတဲ့နေရာအနီးမှာ အပျက်အစီးအချို့နှင့် ရေပြင်မှာ ဆီတွေဝေ့နေတာ ရှာဖွေတွေ့ရှိရတယ်လို့ပြောပါတယ်။
အဆိုပါစစ်ရဟတ်ယာဉ်ဟာ လူ၁၀ဦးကိုတင်ဆောင်ပျံသန်းသွားတာဖြစ်ပြီး အဲဒီအထဲမှာ အသက်၅၅နှစ်အရွယ် မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ အမှတ်(၈)တပ်မမှူး ဒုတိယဗိုလ်ချူပ်ကြီး ဆာကာမိုတို ယူအီချီလည်း လိုက်ပါသွားခဲ့ပါတယ်။
အချက်အလက်အချို့ကိုသာထုတ်ပြန်ရသေးပေမယ့် ရဟတ်ယာဉ်ဟာ မတော်တဆမှုတစ်ခုနှင့် ပျက်ကျခဲ့တာဖြစ်နိုင်တယ် လို့ အရာရှိတွေကပြောပါတယ်။
ကမ်းခြေစောင့်တပ်ရေယာဉ်တွေနှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက် နေကြပါတယ်။
Source NHK
#ဂျပန်စစ်ရဟတ်ယာဉ်ပျက်ကျ
#Lieutenant General Sakamoto Yuichi
#YangonMediaGroup

#World_Environment
Published_ 6 April 2023
ကိုလံဘီယာလက်မှုပညာရှင်'အက်ဒီဆန်ကာမာချို'ဟာ အရွယ်အစားပုံသဏ္ဍာန် အမျိုးမျိုးရှိတဲ့ တာယာများကို ပြန်လည်အသုံးချပြီး ပန်းပုရုပ်ထုများအဖြစ်သို ထုဆစ်ကာ ကိုလံဘီယာ ကွန်ဒီနာမာကာ ဆန်ဖရန်ဆစ္စကိုဒီဆေးလ်စ်ရှိ တာယာပြခန်းမှာ ပြသထားပါတယ်။
#World_Environment #ကိုလံဘီယာလက်မှုပညာရှင် #ပန်းပုရုပ်တု
#YMG #Yangon_Media_Group
Published 6 April 2023
တရုတ်နိုင်ငံက အလယ်ပိုင်းနှင့် မြောက်ပိုင်း ထိုင်ဝမ်ရေလက်ကြားမှာ ပူးတွဲကင်းလှည့်စစ်ဆင်ရေးတစ်ခုကို စတင်နေတယ်လို့ ဖူကျန့် ရေကြောင်းလုံခြုံရေး အာဏာပိုင်က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
ဒီစစ်ဆင်ရေးဟာ အဆိုပါအဖွဲ့ရဲ့ တစ်နှစ်တာ ကင်းလှည့်ဆောင်ရွက်မှုအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး များစွာသော ရေကြောင်းစစ်ရေယာဉ်တွေပါဝင်ကြပါတယ်လို့ သတင်းထုတ်ပြန်ချက်အကျဉ်းမှာဖော်ပြထားပါတယ်။အဲဒီ ဆောင်ရွက်မှုထဲမှာ ထိုင်ဝမ်ရေလက်ကြား သရုပ်ဖော်မြေပုံတစ်ခုလည်းပါဝင်ပါတယ်။
ဟိုင်ရွှန်း၀၆လို့ခေါ်တဲ့ ပင်လယ်ကင်းလှည့်အမှတ်(၆) လိုကြီးမားတဲ့ ရေကြောင်းကင်းလှည့်ရေယာဉ်တွေကို ထိုင်ဝမ် ရေလက်ကြားမှာ ဖြန့်ကျက်ချထားတာဖြစ်တယ်လို့ တရုတ်မီဒီယာအုပ်စုရဲ့ ယူယွမ်တန်ကျန်း အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
Source CCTV+
#တရုတ်နိုင်ငံရေကြောင်းကင်းလှည့်စစ်ဆင်ရေး
#ထိုင်ဝမ်ရေလက်ကြား_တရုတ်ကင်းလှည့်စစ်ဆင်ရေး
#YangonMediaGroup
#Daily_News
Published_ 6 April 2023
၁။မသမာသော ဘာသာစကားသင်တန်းကျောင်းများ နှင့် ပွဲစားများကြောင့် ဂျပန်တွင် ကာလရှည်နေထိုင်ခွင့် ဗီဇာရရှိမည့်အခွင့်အရေးများ ဆုံးရှုးနေ
၂။ကမ္ဘာ့ရွှေစျေး ၂၀၁၁ဒေါ်လာ ပေါက်စျေးရှိနေပြီး ရန်ကုန်ရွှေအသင်း သတ်မှတ်စျေး ၂၃သိန်း ကျော်စျေးရှိနေ
၃။မြဝတီမြို့ စစ်ဘေးရှောင်စခန်းများတွင် အလှူရှင်များနည်းပါးတာကြောင့် အခက်အခဲဖြစ်နေ
၄။ကိုလံဘီယာလက်မှုပညာရှင်မှ စွန့်ပစ်တာယာများဖြင့် ပန်းပုရုပ်တုများ ဖန်တီးကာ ပြတိုက်တွင်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Military
Published 6 April 2023
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကြောင့် နျူကလီးယားစစ်ပွဲ ကျရောက်နိုင်တဲ့ အန္တရာယ်ရှိနေပြီလို့ မြောက်ကိုရီးယားက ကြာသပတေးနေ့က စွပ်စွဲလိုက်ကာ ထိုးစစ်ဆင်တုန့်ပြန်သွားမယ်လို့ မြောက်ကိုရီးယားပိုင် KCNA မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
အဆိုပါစစ်ရေးလေ့ကျင့်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေ မြင့်တက်လာစေတယ်လို့ နိုင်ငံတကာလုံခြုံရေးသုံးသပ်သူ'ချိုဂျူဟွန်'က ပြောကြားလိုက်ပါတယ်။
"အမေရိကန်နဲ့ နောက်လိုက်တွေ မဆင်မခြင်ပြုလုပ်ခြင်းနဲ့ မြောက်ကိုရီးယားအပေါ် ထိပ်တိုက်ရင်ဆိုင်ခြင်းတို့ကြောင့် ကိုရီးယားကျွန်းဆွယ်ရှိ အခြေအနေတွေဟာ နောက်ပြန်မဆုတ်နိုင်တဲ့ ကပ်ဘေးတစ်ခုဖြစ်လာနိုင်ပြီး နျူကလီးယားစစ်ပွဲအန္တရာယ်ရှိလာနိုင်ပါတယ်" လို့ ဆောင်းပါးမှာဖော်ပြထားပါတယ်။
"အခုအချိန်မှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းက ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်အခြေအနေများ တတ်နိုင်သမျှအစောဆုံးလျော့ကျစေဖို့ တညီတညွတ်တည်း မျှော်လင့်နေကြပါတယ်" လို့လည်း ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တွေက မတ်လကတည်းက နှစ်စဉ်နွေဦးလေ့ကျင့်ရေးများ ပြုလုပ်လျက်ရှိကာ အမေရိကန်လေယာဉ်တင်သင်္ဘော၊ B-1B ၊ B-52 bombers များဖြင့် ဝေဟင်နဲ့ရေပြင်လေ့ကျင့်ရေးများပြုလုပ်နေပါတယ်။
လေယာဉ်တင်သင်္ဘောပါဝင်လာခြင်းက ထိပ်တိုက်ရင်ဆိုင်မှုကိုရည်ရွယ်တဲ့သဘောဖြစ်ပြီး သူတို့ရဲ့စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားက ထိုးစစ်ဆင်တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားတို့က အဆိုပါစစ်ရေးလေ့ကျင့်မှုတွေကို ဒေါသတကြီးတုန့်ပြန်ခဲ့ကာ ဒါဟာ ကျူးကျော်ရန်လေ့ကျင့်နေကြတယ်လို့ သတ်မှတ်နေပါတယ်။
မြောက်ကိုရီးယားကလည်း လတ်တလောရက်သတ္တပတ်များအတွင်း စစ်ရေးလေ့ကျင့်မှုများအကြိမ်ကြိမ်ပြုလုပ်ထားကာ နျူကလီးယားထိပ်ဖူးအသေးများ မိတ်ဆက်ခြင်း၊ အမေရိကန်အပါအဝင် မည်သည့်နေရာမဆိုပစ်ခတ်နိုင်စွမ်းရှိတဲ့ တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်ခြင်း၊ နျူကလီးယားရေငုပ်ဒရုန်းစမ်းသပ်ခြင်းတို့ကို ပြုလုပ်ထားပါတယ်။
ဂျီနီဗာရှိ မြောက်ကိုရီးယားသံတမန်ရေးရာ အမြဲတမ်းကိုယ်စားလှယ်'ဟန်တေဆောင်'က တိုင်းပြည်အခွင့်အရေးနဲ့ပတ်သက်ပြီး ကုလလူ့အခွင့်အရေးဆိုင်ရာကောင်စီမှ ယခုတစ်ပတ်ဆုံးဖြတ်ချက်ကို ပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။
Source: Reuters
#World_Military #အမေရိကန် #တောင်ကိုရီးယား #စစ်ရေးလေ့ကျင့်မှု
#နျူကလီးယားစစ်ပွဲအန္တရာယ် #YMG #Yangon_Media_Group


#World_Health
Published_ 6 April 2023
အစ္စရေးလ်နိုင်ငံ တဲလ်အေဗစ်တက္ကသိုလ်မှ လေ့လာချက်အသစ်အရ လူတစ်ယောက်ဟာ အပြင်ဘက်မှာ ဆေးလိပ်ထွက်သောက်ရင်တောင် ဆေးလိပ်ငွေ့ကြောင့် ကလေး ၁၀ ယောက်မှာ ၆ ယောက်နှုန်းက ဘေးအန္တရာယ်ရှိနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
မိဘအများအပြားဟာ ပြတင်းပေါက်လိုနေရာတွေမှာသာ ဆေးလိပ်သောက်တယ်ဆိုရင် ကလေးတွေကို မထိခိုက်နိုင်ဘူးလို့ မှားယွင်းစွာထင်မြင်နေကြကြောင်း ပရော်ဖက်ဆာ'လီယာလော်ရာရိုဆန်'က ပြောကြားခဲ့ပါတယ်။
သုတေသီအဖွဲ့က ဆေးလိပ်သောက်တဲ့မိဘတွေရဲ့ ကလေးတွေရဲ့ဆံပင်တွေမှ နီကိုတင်းပါဝင်မှုကို စမ်းသပ်ကာ ပြီးခဲ့တဲ့လအတွင်း ဆေးလိပ်ငွေ့ထိတွေ့မှုကို ခန့်မှန်းခဲ့ကြပါတယ်။
ဆေးလိပ်ကို အိမ်ထဲမှာမသောက်ဘဲ အပြင်ဘက်မှာသာသောက်တဲ့မိသားစုဝင်တွေမှာ ၆၂ ရာခိုင်နှုန်းသောကလေးတွေက ဆေးလိပ်ငွေ့နဲ့ထိတွေ့ခဲ့ပါတယ်။
အိမ်ကနေ အနည်းဆုံး ၁၀ မီတာအတွင်း ဆေးလိပ်သောက်ခြင်းရှောင်ရှားသင့်ကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။
အိမ်တံခါးနဲ့ပြတင်းပေါက်တွေ လုံးဝပိတ်ထားပြီး အပြင်ဘက်ထွက်သောက်ရင်တောင် ကလေးတွေကို ဆေးလိပ်ငွေ့ကနေ အလုံးစုံမကာကွယ်နိုင်ပါဘူး။
လသာဆောင်က ဧည့်ခန်းနဲ့နီးကပ်တဲ့အခါ အတွင်းသို့ဝင်ရောက်လာနိုင်ပါတယ်။
ကလေးတွေ အပြင်ထွက်လာတာမျိုး ဆေးလိပ်ငွေ့အိမ်ထဲဝင်လာတဲ့အခါမျိုးမှာ ထိတွေ့နိုင်ပါတယ်။
ပတ်ဝန်းကျင်မှအငွေ့တွေက အိမ်ထဲဝင်လာပြီး နံရံ၊ ပရိဘောဂပစ္စည်းတွေမှာ ကပ်ညိနေနိုင်ကာ နောက်ပိုင်းမှာ အိမ်ထဲရှိလေထုထဲသို့ ပျံ့လာနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် ကမ္ဘာတဝှမ်းမှာ အရွယ်မတိုင်ခင်ရောဂါရခြင်း၊ သေဆုံးခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး သောက်သုံးသူစုစုပေါင်းရဲ့တဝက်ခန့်ကို သေဆုံးစေနိုင်ပါတယ်။
ဆေးလိပ်ငွေ့ကတဆင့် ဘေးကနေရှူမိပြီးသေဆုံးသူ ၁.၂ သန်းရှိနေပါတယ်။
ဆေးလိပ်ငွေ့နဲ့ထိတွေ့မိတဲ့ကလေးတွေမှာ အသေမွေးခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း၊ နားရောဂါပိုးကူးစက်ခြင်း၊ အဆုတ်ရောင်၊ ရင်ကြပ်တို့ ဖြစ်နိုင်ပါတယ်။
Source: The Jerusalem Post
#World_Health # ဆေးလိပ် #ဘေးအန္တရာယ်
#YMG #Yangon_Media_Group
Page 758 of 1151