#Daily_News
Published_ 11 May 2023
၁။ မြန်မာတွင် ကိုဗစ်လူနာသစ်၂၅၄ ဦးထပ်တိုးတွေ့ရှိ တစ်ဦးထပ်မံသေဆုံး
၂။ အာဆီယံ-ကိုရီးယားစီမံချက်ဖြင့် မြန်မာကလေးငယ်များစာဖတ်ခြင်း ပိုမိုတိုးတက်အောင်ဆောင်ရွက်နေ
၃။ မွန်-တနင်္သာရီကမ်းရိုးတန်းဒေသ သံဖြူဇရပ်၊ ကျိုက်က္ခမီ၊ စက်စဲနှင့်ရေးမြို့တွင် ကမ်းနီးကမ်းဝေးသွားခြင်း ပိတ်ပင်လိုက်ပြီး ကယ်ဆယ်ရေးများပြင်ဆင်ထား
၄။ နာဇီခေတ်နှင့်ဆက်စပ်နေသည့် ကျောက်မျက်ရတနာများအား လေလံပွဲ၌ဒေါ်လာသန်း(၁၅၀)ဖြင့် ရောင်းချနိုင်ရန်မျှော်မှန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Politics
Published 11 May 2023
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း 'အင်မ်ရန်ခန်း'ကို မေလ ၉ ရက်နေ့က အစ္စလာမာဘတ်တရားရုံးမှာ ဖမ်းဆီးခဲ့ပြီးနာရီပိုင်းအကြာမှာပဲ ဆန္ဒပြလူစုလူဝေးကြီးက ရာဝယ်ပင်ဒီရှိ အမျိုးသားစစ်ဌာနချုပ်ဂိတ်ပေါက်တွေကနေ တွန်းဝင်လာကြပါတယ်။
၁၉၄၇ ခုနှစ်က ပါကစ္စတန်ပေါ်ပေါက်လာချိန်ကစပြီး မြို့တော်အစ္စလာမာဘတ်ရဲ့ အာဏာစင်္ကြံများအပေါ် အုပ်စိုးမှုအပိုင်းကျဆင်းနေခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံပိုင်အသံလွှင့်ဌာနက လူကြိုက်များတဲ့ တူရကီဒရာမာကားမထုတ်လွှင့်မီ အကျပ်အတည်းများကို ထပ်ခါထပ်ခါဖော်ပြခဲ့ပါတယ်။
အင်မ်ရန်ခန်းရဲ့ PTI ထောက်ခံသူအများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ လူသန်း ၂၃၀ ကျော်ရှိတဲ့ ယင်းတို့နိုင်ငံအပေါ် ပါကစ္စတန်စစ်တပ်ရဲ့ ရပ်တည်ခိုင်မာမှုများကို တိုက်ခိုက်ရန် ဖော်ထုတ်ခဲ့ကြပါတယ်။
စစ်တပ်က ပါကစ္စတန်ကို ပြီးခဲ့တဲ့ ၇၅ နှစ်အတွင်း တိုက်ရိုက်အုပ်ချုပ်ခဲ့တာ နှစ် ၃၀ ကျော်ရှိပါပြီ။
အရပ်သားအစိုးရလက်အောက်မှာပင် စစ်ခေါင်းဆောင်များက အာဏာကို လုံးဝချုပ်ကိုင်ထားကြပါတယ်။
ပါကစ္စတန်မှ ခရစ်ကတ်ကမ္ဘာ့ဖလားဆုရအသင်းခေါင်းဆောင် အင်မ်ရန်ခန်းဟာ နိုင်ငံရေးလောကထဲဝင်ရောက်လာကာ ဧပြီ ၂၀၂၂ မှာ ပါလီမန်မှာ အယုံအကြည်မရှိမဲဖြင့် ဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခံရပြီး မကြာမီမှာ အာခံမှုတွေမြင့်တက်လာပါတယ်။
ခန်းဟာ ၂၀၂၂ ခုနှစ်နိုဝင်ဘာလမှာ သူ့ကိုဒဏ်ရာရစေအောင် ပါကစ္စတန်စစ်ထောက်လှမ်းရေးအရာရှိဗိုလ်မှူးချုပ် 'ဖေဆယ်နာဆီယာ'က လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲနေခဲ့ပါတယ်။
မေလ ၉ ရက်နေ့က ခန်းဟာ အကျင့်ပျက်ခြစားမှုကြားနာပွဲသို့ တက်ရောက်နေစဉ် အစ္စလာမာဘတ်တရားရုံးအတွင်း မှန်အတားအဆီးများကို ချိုးဖျက်ဝင်ရောက်လာပါတယ်။
ပါကစ္စတန်လက်နက်ကိုင်ထိန်းသိမ်းရေးသမားများက တွန်းလိုက်ဆွဲလိုက်ဖြင့် အင်မ်ရန်ခန်းဟာ အကျဉ်းထောင်သို့ရောက်ရှိသွားပါတယ်။
ခန်းကတော့ သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်ကြောင်းပြောကြားကာ အဂတိလိုက်စားမှုစွဲချက်များကို ငြင်းဆိုလိုက်ပါတယ်။
မေ ၉ ရက်နေ့ကတည်းက ဆန္ဒပြမှုအတွင်း အနည်းဆုံးလူ ၅ ဦးသေဆုံးကာ ပန်ဂျပ်ပြည်နယ်တစ်ခုတည်းမှာပင် လူ ၁ ထောင်ကျော်ဖမ်းဆီးခံရပါတယ်။
စစ်တပ်က အပြင်းအထန်ဖြိုခွဲခဲ့ပေမယ့် ဆန္ဒပြမှုများဆက်လက်ဖြစ်ပေါ်နေပြီး တိုင်းပြည်အာဏာက ယဲ့ယဲ့သာကျန်ပါတော့တယ်။
ခန်းကိုထောက်ခံသူတွေက ပါကစ္စတန်လမ်းမတွေမှာ ဆက်လက်ဆန္ဒပြနေကာ သူတို့ရဲ့ခေါင်းဆောင်ကို မလွှတ်မချင်း ဆက်လက်ဆန္ဒပြသွားမယ်လို့ အခိုင်အမာဆိုနေကြပါတယ်။




Source: WION #World_Politics #ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းအင်မ်ရန်ခန်း #ဆန္ဒပြမှုများအပြင်းအထန်ဖြစ်ပွား
#YMG #Yangon_Media_Group
#World_Health
Published 11 May 2023
ခံတွင်းကျန်းမာရေးက ခန္ဓာကိုယ်တစ်ခုလုံးနဲ့ သက်ဆိုင်နေပြီး နှလုံးရောဂါ၊ အဆုတ်ရောင်ရောဂါနဲ့ အခြားအခြေအနေများ ဖြစ်နိုင်ချေများပါတယ်။
သွားတိုက်အာလုတ်ကျင်းခြင်းတို့က လူအများသိကြပေမယ့် လူတွေမလုပ်သင့်တာတွေလည်း ရှိနေပါသေးတယ်။
- ခံတွင်းသန့်ရှင်းရေးကိုလျစ်လျူရှုခြင်း
ပုံမှန်သွားတိုက်ခြင်း မလုပ်ဆောင်ဘူးဆိုရင် သွားပိုးစားခြင်း၊ သွားဖုံးရောဂါ၊ အခြားခံတွင်းရောဂါများ ဖြစ်စေနိုင်ပါတယ်။
- ဆေးလိပ်သောက်ခြင်း
ဆေးလိပ်နဲ့ထုတ်ကုန်ပစ္စည်းတွေ သုံးစွဲခြင်းဖြင့် သွားအစွန်းထင်စေခြင်း၊ ခံတွင်းအနံ့ဆိုးခြင်း၊ သွားဖုံးရောဂါနဲ့ ပါးစပ်ကင်ဆာတို့ ဖြစ်စေနိုင်ပါတယ်။
- သွားကိုနာနာဖိတိုက်ခြင်း
သွားတိုက်တဲ့အခါ အားဖြင့်ဖိတိုက်ခြင်းက အညစ်အကြေးတွေ ဘက်တီးရီးယားတွေ ဖယ်ရှားနိုင်တယ်လို့ လူအများကထင်နေကြပေမယ့် ကြွေလွှာတွေပျက်စီးနိုင်ပါတယ်။
- ရေလုံလောက်စွာ မသောက်ခြင်း
ရေက ယေဘုယျကျန်းမာရေးကို ကောင်းမွန်စေရုံမက ခံတွင်းကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်။
စားသောက်ပြီး ရေသောက်လိုက်ခြင်းဖြင့် သွားတွေကိုဆေးကြောသန့်စင်ပေးပါတယ်။
- ကိုယ်တိုင်လုပ်နည်းလမ်းများသုံးစွဲလွန်းခြင်း
ကိုယ်ပိုင်နည်းလမ်းအချို့ဖြင့် သွားဖြူစင်အောင်ပြုလုပ်ခြင်းကို ရှောင်ရှားသင့်ပါတယ်။
သွားဖြူလွန်းခြင်းဟာ သွားအထိမခံဖြစ်စေပြီး ကြွေလွှာတွေကို အားနည်းစေပါတယ်။
- မုန့်ပဲသရေစာနှင့်အချိုဓာတ်အစားများလွန်းခြင်း
အချိုအစားများတဲ့အခါ ပါးစပ်ထဲက ဘက်တီးရီးယားတွေက အချိုတွေကိုစားသုံးပြီး အက်ဆစ်ထွက်စေကာ ကြွေလွှာကိုထိခိုက်စေပါတယ်။
- သွားကိုပုံမှန်မစစ်ဆေးခြင်း
သွားပိုးစားခြင်းကိုဖြစ်စေတဲ့ အရာတွေရှိမရှိသိရှိစေရန် သွားဆေးခန်းသို့ ပုံမှန်သွားပြသင့်ပါတယ်။
Source: NY Post #World_Health #သွားနှင့်ခံတွင်း
#YMG #Yangon_Media_Group
#Asia_Culture
Published 10 May 2023
'မိုကျာယု'က မြေပြင်ထက်ရှိ ဝါးလုံးတိုင်မှာ ခြေထောက်ပတ်ခွပြီး ဟန်ချက်ညီအောင်ထိန်းသိမ်းထားပြီး ဝါးလုံးဆစ်ခိုင်မြဲအောင်ပြုလုပ်နေပါတယ်။
#Asia_Culture #ဟောင်ကောင်ဝါးငြမ်းဆောက်လုပ်ရေး #ရှေးဟောင်းနည်းပညာ
#YMG #Yangon_Media_Group
#Daily_News
Published_ 10 May 2023
၁။ (၅)ဂါလန်ဆံ့ ပလတ်စတစ်ပုံးနှင့် ရေသန့်ဗူးလွတ်များသည် သဘာဝဘေးကြုံချိန်တွင်အသုံးဝင်၍ အသင့်ဆောင်ထားသင့်ဟုဆို
၂။ မြန်မာတွင် မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုဗစ်လူနာသစ် ၂၁၁ ဦးထပ်တိုးတွေ့ရှိ
၃။ ယခုနှစ်ဧပြီလမှာ ဆန်နဲ့ဆန်ကွဲတန်ချိန် ၈၇၀၀၀ ကျော်တင်ပို့နိုင်
၄။ ဟောင်ကောင်ဝါးငြမ်းဆောက်လုပ်ရေးကို ရှေးဟောင်းနည်းပညာဖြင့်ထိန်းသိမ်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Health
Published 11 May 2023
အရွယ်ရောက်ပြီးသူ ၆၃၉ ဦးကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ခြေရာခံလေ့လာခဲ့ရာ အကြားအာရုံတော်သင့်ရုံချို့ယွင်းပင်လျှင် မှတ်ဉာဏ်ချို့ယွင်းမှုဖြစ်နိုင်ချေ ၂ ဆပိုများကြောင်းတွေ့ရှိခဲ့ကြပါတယ်။
သာမန်မျှဆုံးရှုံးခြင်းဖြင့် ဖြစ်နိုင်ချေ ၃ ဆပိုများပြီး အကြားအာရုံဆိုးဆိုးရွားရွားချို့ယွင်းရင်တော့ မှတ်ဉာဏ်ချို့ယွင်းနိုင်ချေ ၅ ဆပိုများပါတယ်။
မှတ်ဉာဏ်ချို့ယွင်းမှုဖြစ်နိုင်စေတဲ့ အကြောင်းအရင်းများကတော့ ပညာရေးနိမ့်ပါးခြင်း၊ သွေးတိုးမထိန်းနိုင်ခြင်း၊ အဝလွန်ခြင်း၊ အကြားအာရုံဆုံးရှုံးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဆီးချိုရောဂါ၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အထီးကျန်ခြင်းတို့ ပါဝင်ပါတယ်။
အကြားအာရုံဆုံးရှုံးမှုကြောင့် အခြားသူများနဲ့ဆက်သွယ်ရာမှာ ပိုမိုခက်ခဲစေပြီး လူမှုရေးအထီးကျန်ခြင်းဖြစ်စေနိုင်ပါတယ်။
အကြားအာရုံထိခိုက်တဲ့အခါ စကားသံတို့က ဦးနှောက်သို့ရောက်ရှိချိန်မှာ ဗလုံးဗထွေးဖြစ်နေပြီး အပြောအဆိုနဲ့အသံကို ပုံဖော်ဖို့ ဦးနှောက်က ပိုမိုအားစိုက်ရပါတယ်။
ဦးနှောက်အစိတ်အပိုင်းအချို့ဟာ အကြားအာရုံချို့ယွင်းပြီးနောက် လှုံ့ဆော်မှုအားနည်းကာ ဦးနှောက်ကျုံ့ခြင်း၊ ဦးနှောက်တည်ဆောက်ပုံလုပ်ဆောင်ချက် ပြောင်းလဲခြင်းတို့ဖြစ်ပေါ်လာပါတယ်။
အကြားအာရုံချို့ယွင်းခြင်းဟာ နားအတွင်းရှိ ဆံပင်ဆဲလ်များဆုံးရှုံးခြင်း၊ အခေါင်းပေါက်များကြောင့် ဖြစ်တတ်ပါတယ်။
အကြားအာရုံမှာ အပြောင်းအလဲဖြစ်နေတာတွေက အချိန်နဲ့အမျှဖြစ်နေပြီး အကြားအာရုံစမ်းသပ်ခြင်းမလုပ်မချင်း သတိမထားမိကြပါဘူး။
သာမန်အကြားအာရုံကောင်းမွန်သူတွေဟာ လူတွေအသက်ရှူသံ၊ ခြင်တဝီဝီအော်သံ၊ သစ်ရွက်လှုပ်သံတို့ကို ကြားနိုင်ပါတယ်။
အကြားအာရုံဆုံးရှုံးမှု ၁၀ ဒက်စီဘယ်တိုးလာတိုင်း မှတ်ဉာဏ်ဆုံးရှုံးနိုင်ချေ ၁၆ ရာခိုင်နှုန်းများလာတာကို သတိပြုရပါမယ်။
ချမ်းသာတဲ့နိုင်ငံများမှ လူ ၂၀ ရာခိုင်နှုန်းခန့်နဲ့ အခြားနိုင်ငံများမှ ၁၀ ရာခိုင်နှုန်းခန့်သာ နားကြားကိရိယာအသုံးပြုခြင်းမှ အမှန်တကယ်အကျိုးရှိကြတာကို တွေ့ရှိထားပါတယ်။
အဓိကအကြောင်းအရင်းကတော့ ပစ္စည်းရရှိနိုင်စွမ်းနဲ့ ဈေးတတ်နိုင်စွမ်းတို့အပြင် နားကြားကိရိယာအသုံးပြုရလောက်တဲ့အထိ အိုနေပြီလို့ မိမိကိုယ်ကိုမထင်ကြတာကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် နားကြားကိရိယာတပ်ဆင်ခိုင်းထားတဲ့ သက်လတ်ပိုင်းလူအများစုဟာလည်း မတပ်ဆင်ကြပါဘူး။
Source: SCMP #World_Health #အကြားအာရုံချို့ယွင်း #ဒီမန်ရှာရောဂါ
#YMG #Yangon_Media_Group
#World_Politics
Published 10 May 2023
လတ်တလောရက်များအတွင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'ဟာ လူထုထောက်ခံမှု ၄၀ ရာခိုင်နှုန်းသာရှိခဲ့ပြီး သမ္မတရာထူးသက်တမ်းအတွင်း အနိမ့်ဆုံးအခြေအနေနဲ့နီးစပ်နေကာ အမေရိကန်လူမျိုးတွေက သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ငွေကြေးဖောင်းပွမှုကိုင်တွယ်ပုံများကို မကျေမနပ်ဖြစ်နေကြကြောင်း Reuters/Ipsos စစ်တမ်းကောက်ယူချက်အရ သိရှိရပါတယ်။
၃ ရက်ကြာစစ်တမ်းက တနင်္ဂနွေနေ့မှာပြီးဆုံးခဲ့ရာ ပြီးခဲ့တဲ့လကထက် အနည်းငယ်မျှ ထောက်ခံမှုမြင့်တက်ခဲ့ကာ ဖြေဆိုသူ ၃၉ ရာခိုင်နှုန်းက သူ့ရဲ့သမ္မတစွမ်းဆောင်ရည်ကို ထောက်ခံကြောင်း ပြောကြားခဲ့ကြပါတယ်။
စစ်တမ်းထဲမှာ လွဲမှားမှု ၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ စစ်တမ်းဖြေဆိုသူတွေက စီးပွားရေးကို အဓိကစိုးရိမ်နေကြကာ ငွေကြေးဖောင်းပွမှုမြင့်မားခြင်းနဲ့ အတိုးနှုန်းမြှင့်တင်ခြင်းဖြင့် ဈေးနှုန်းများထိန်းညှိရန် ဗဟိုဘဏ်များမှ တွန်းအားပေးခြင်းတို့ ကြုံတွေ့နေရပါတယ်။
အမေရိကန်ကိုဖြတ်ကျော်ပြီး ခိုလှုံခွင့်တောင်းခံမယ့် နိုင်ငံခြားသားအများအပြားကို ပိတ်ပင်ထားတဲ့ ကိုဗစ်-၁၉ စည်းမျဉ်းသက်တမ်းကုန်ဆုံးတော့မယ့် အခြေအနေကလည်း စိုးရိမ်စရာဖြစ်လာပါတယ်။
မက္ကဆီကိုနယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူများတန်းစီလျက် အဆိုပါမူဝါဒသက်တမ်းကုန်ဆုံးမယ့်အချိန်ကို စောင့်ဆိုင်းနေကြပါတယ်။
Reuters/Ipsos စစ်တမ်းမှာ ဖြေဆိုသူ ၅၄ ရာခိုင်နှုန်းရှိပြီး ရီပတ်ဘလစ်ကန် ၇၇ ရာခိုင်နှုန်းနဲ့ ဒီမိုကရက် ၃၄ ရာခိုင်နှုန်းပါဝင်ကာ နှစ်စဉ်တိုင်းပြည်အတွင်း ရွှေ့ပြောင်းနေထိုင်သူဦးရေတိုးမြှင့်ခြင်းကို ဆန့်ကျင်နေကြပါတယ်။
၂၆ ရာခိုင်နှုန်းကသာ ဘိုင်ဒင်ရဲ့လူဝင်မှုကြီးကြပ်ရေးကိုင်တွယ်မှုကို ထောက်ခံကြပါတယ်။
နယ်ခြားစောင့်တပ်များကို ထောက်ပံ့ရန် တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်စစ်သားများကို နယ်စပ်သို့စေလွှတ်ဖို့ကို ၆၆ ရာခိုင်နှုန်းက ထောက်ခံကြပါတယ်။
ကိုဗစ်-၁၉နယ်စပ်ကန့်သတ်ခြင်းစည်းမျဉ်းရုတ်သိမ်းရာမှာ ပြင်ဆင်တဲ့အနေနဲ့ ဘိုင်ဒင်အစိုးရအဖွဲ့က နောက်ထပ်တပ်ဖွဲ့ဝင် ၁,၅၀၀ ယာယီစေလွှတ်သွားမယ်လို့ ပင်တဂွန်ကယခုလမှာ ကြေညာခဲ့ပါတယ်။
သမ္မတက လာမယ့်နှစ်မှာ ပြန်လည်အရွေးခံရန် ကြိုးပမ်းနေပြီး လူဝင်မှုကြီးကြပ်ရေးက ပြဿနာကြီးတစ်ခုဖြစ်လာပါတယ်။
ရီပတ်ဘလစ်ကန်တွေက ဘိုင်ဒင်ဟာ လူဝင်မှုကြီးကြပ်ရေးကိစ္စမှာ ပျော့ညံ့လွန်းတယ်လို့ စွပ်စွဲနေကြပေမယ့် နယ်စပ်လုံခြုံရေးကိုကူညီဖို့ အစိုးရက နောက်ထပ်တပ်ဖွဲ့ဝင်တွေ စေလွှတ်ရန်စီစဉ်နေပါတယ်။
ရီပတ်ဘလစ်ကန် ရှေ့ပြေးသမ္မတလောင်းဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကတော့ တရားမဝင်လူဝင်မှုကြီးကြပ်ရေးနှိမ်နင်းမှုကို အဓိကထားလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဘိုင်ဒင်အစိုးရအဖွဲ့ဟာ ကိုဗစ်တိုက်ဖျက်ရေးအတွက် အသုံးစရိတ်များအတားအဆီးမရှိ သုံးစွဲနေတဲ့အတွက်ကြောင့်လည်း ရီပတ်ဘလစ်ကန်များက ဝေဖန်ထားပါတယ်။
ချေးငွေကန့်သတ်ချက် ရုတ်သိမ်းရန်ပျက်ကွက်ပါက အမေရိကန်အနေနဲ့ ဇွန်လ ၁ ရက်နေ့မှစပြီး အကြွေးကျန်ရှိနေတော့မှာဖြစ်ကြောင်း ဘဏ္ဍာရေးဌာနက သတိပေးထားပါတယ်။
စစ်တမ်းဖြေဆိုသူ ၅၄ ရာခိုင်နှုန်းက ချေးငွေကန့်သတ်ချက်မြှင့်တင်ခြင်းကို ဆန့်ကျင်နေကြပါတယ်။
Source: Reuters #World_Politics #စစ်တမ်းအရ #လူထုထောက်ခံမှုနှုန်း(၄၀)ရာခိုင်နှုန်းအထိ ကျဆင်း #လူဝင်ကြီးကြပ်ရေးပြဿနာ #အမေရိကန်တို့စိုးရိမ်နေ
#YMG #Yangon_Media_Group
Page 732 of 1151