၂ ဩဂုတ်၊၂၀၂၃

အထွေထွေရွေးကောက်ပွဲတွင် ဒုတိယရရှိခဲ့သည့် ဖွေထိုင်းပါတီသည် ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ Move Forward Party MFP ဟာ ဘုရင်နှင့်တော်ဝင်မိသားစုအပေါ်ဝေဖန်သူတွေကို အပြစ်ပေးအရေးယူသည့် ဥပဒေများကို ပြင်ဆင်ရေးအပေါ် ဆက်လက်ရပ်တည်ထားတာကြောင့်  MFP ကို ထားရစ်ခဲ့ကာ ယင်း၏ကိုယ်ပိုင်ညွန့်ပေါင်းအစိုးရဖွဲ့စည်းပါတော့မယ်။

ဖွေထိုင်းပါတီခေါင်းဆောင် ချိုနန်ဆရီကောက  MFP ညွန့်ပေါင်းကနေ ထွက်ပြီး ကိုယ်ပိုင်ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းမယ်ဆိုတာကို ယနေ့ ဩဂုတ်၂ရက်နေ့မှာကြေညာခဲ့တာဖြစ်ပါတယ်။

ပါတီနှစ်ခုသည် အစိုးရဖွဲ့ရန် ကြိုးပမ်းရာတွင် MFP မှ ဖွဲ့စည်းထားတဲ့  ရှစ်ပါတီ မဟာမိတ်အဖွဲ့တွင် အဓိကပါဝင်သူတွေဖြစ်ကြပါတယ်။ MFP ကအောက်လွှတ်တော် ၁၅၁ နေရာနှင့် ဖွေထိုင်းက၁၄၁ နေရာရရှိထားပါတယ်။ ယင်းတို့ရဲ့ မဟာမိတ်အဖွဲ့ဟာ အောက်လွှတ်တော်အမတ်နေရာ ၅၀၀နေရာ တွင် ၃၁၂ နေရာရရှိထားတာဖြစ်ပါတယ်။

MFP သည် ယင်းရဲ့ ခေါင်းဆောင် ပီတ လင်ဂျာရွန်ရတ် Pita Limjaroenrat ကို  ဇူလိုင် ၁၃ ရက်က ၀န်ကြီးချုပ်အဖြစ် အဆိုပြုခဲ့ပြီးနောက် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်နှစ်ရပ်ပေါင်းမဲပေးခဲ့ရာမှာ အများစုမဲဖြင့် အနိုင်မရရှိဖြစ်ခဲ့ရပါတယ်။  အဲဒီနောက်  ညွန့်ပေါင်းအစိုးရဖွဲ့စည်းရာတွင် ဖွေထိုင်းက ဦးဆောင်ခွင့်ရခဲ့ပါတယ်။

ခန့်အပ်ခံရသော အထက်လွှတ်တော်အမတ်အများစုနှင့် အခြားပါတီများမှ ရွေးကောက်ခံအမတ်အများအပြားသည် ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂ ဖြစ်တဲ့  the lese majeste law ကို ပြင်ဆင်ပြောင်းလဲရေးအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။

ဖွေထိုင်းခေါင်းဆောင်က MFP သည် လိုအပ်သောပါလီမန်ထောက်ခံမှုမရပြီးနောက်တွင် ရှစ်ပါတီမဟာမိတ်အဖွဲ့က အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရေးအတွက် အခြားပါတီများနှင့် အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုကို ပိုမိုရယူရန် ဖြူထိုင်းကို တာဝန်ပေးအပ်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ပုဒ်မ ၁၁၂ ကို ဘယ်လိုပြောင်းလဲတာမျိုးမဆို လက်မခံဘူးဆိုပြီး သူတို့ကပြောကြတယ်။ တချို့ပါတီတွေဆိုရင်  Move Forward နဲ့ အတူ အစိုးရအဖွဲ့ထဲပါဝင်မှာမဟုတ်ဘူးလို့တောင်ပြောကြတယ်” ဟု ဒေါက်တာ ချိုနန်က ပြောပါတယ်။

အဲဒါကြောင့် ဖွေထိုင်းပါတီဟာ  ရှစ်ပါတီ မဟာမိတ်အဖွဲ့မှ နှုတ်ထွက်ပြီး ယင်း၏ ကိုယ်ပိုင် ၀န်ကြီးချုပ်လောင်းအဖြစ်  သာရက်တာ သာဗီဆင် Srettha Thavisin ကို  လွှတ်တော်သို့ အမည်စာရင်းတင်သွင်းမယ်လို့  ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက Move Forward နှင့်တွေ့ဆုံ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဖွေထိုင်းနဲ့ မစ္စတာ သာရက်တာ တို့ဟာ ပုဒ်မ ၁၁၂ ကို ဆက်လက် ထိန်းသိမ်းထားမှာဖြစ်ပြီး အစိုးရသစ်ရဲ့  ညွန့်ပေါင်းအဖွဲ့ထဲမှာ  ရှေ့သို့ပါတီ MFPပါဝင်မှာမဟုတ်ဘူး” လို့  ဒေါက်တာ ချိုနန်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက MFP နှင့် ဆွေးနွေးမှုသည် အပြုသဘောဆောင်သော အငွေ့အသက်များဖြင့် ကျင်းပခဲ့တာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

"ဖွေထိုင်းဟာ  လုံလောက်တဲ့ မဲများ (ပါလီမန်တွင်) ရရှိဖို့  ကြိုးစားမှာ ဖြစ်ပြီး MFP ဟာ အတိုက်အခံအဖြစ်ရှိသွားလိမ့်မယ်” လို့လည်း သူကပြောပါတယ်။

ညွန့်ပေါင်းထဲပါမယ့်ပါတီတွေအမည်ကို ကြာသပတေးနေ့မှာ သူကြေညာပေးမှာဖြစ်ပါတယ်။

ဖွေထိုင်းဦးဆောင်တဲ့အစိုးရအနေနှင့်အခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ အစိုးရဖွဲ့စည်းရာမှာ အတားအဆီးဖြစ်နေတာကြောင့်ပါ။ ပြီးရင် အစိုးရဟာ အာဏာကိုပြည်သူ့ထံပြန်အပ်ပြီး ရွေးကောက်ပွဲအသစ်တစ်ခုကျင်းပပေမယ်လို့လည်း ဒေါက်တာချိနန်ကပြောပါတယ်။

MFP ရဲ့ အကျိုးရှိမယ့်မူဝါဒတွေကို ထောက်ခံမယ်လို့လည်းသူကကတိပေးပါတယ်။ တကယ်လို့ MFPက မစ္စတာ သရက်တာကို မဲမပေးခဲ့ရင်လည်း သူ့အနေနှင့်ကိစ္စမရှိပါဘူးလို့ ဒေါက်တာချိုနန်ကပြောပါတယ်။

“ ဖွေထိုင်းဟာ နိုင်ငံကို အကျပ်အတည်းကနေ ဆွဲထုတ်မှာဖြစ်တယ်” လို့ ဒေါက်တာချိုနန်ကပြောပါတယ်။

Source: Bangkok Post

#ThailandPolitics