Published 16 June 2022
နာမည်ကြီးအလှကုန်ကုမ္ပဏီကြီးဖြစ်တဲ့ ရက်ဗလွန်က ဒေဝါလီခံပြီးအကာအကွယ်ရယူဖို့အတွက် ဗုဒ္ဓဟူးနေ့က လျှောက်ထားလိုက်ပါတယ်။ အွန်လိုင်းကို အားယူထားတဲ့ ရုတ်ချည်းနာမည်ကြီးလာနေတဲ့ အလှကုန်တွေကို ဒီနှစ်ပိုင်းတွေ အတွင်း ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေရပြီးနောက် ယခုလိုဒေဝါလီခံဖို့ လျှောက်ထားလိုက်တာဖြစ်ပါတယ်။
လက်သည်းအရောင်တင်ဆေးနှင့်နှုတ်ခမ်နီထုတ်လုပ်တဲ့ ရက်ဗလွန်ဟာ ဘီလျံနာရွန်ပီရီလ်မင်းရဲ့ မက်အင်ဒရူးအင်န်ဖော့်ဘ်စ် က ထိန်းချုပ်ထားတာဖြစ်ပြီး ပိုင်ဆိုင်မှုတွေနှင့်ပေးရန်တာဝန်တန်ဖိုး ဟာ ဒေါ်လ တစ် ဘီလျံနှင့် ၁၀ဘီလျံအကြားရှိပါတယ်လို့ နယူးယောက်တောင်ပိုင်းခရိုင်က အမေရိကန်ဒေဝါလီတရားရုံးကို လျှောက်ထားချက်အရ သိရပါတယ်။
ထောက်ပံ့မှုအဟန့်အတားတွေနှင့် ဝယ်လိုအားရှိတဲ့ အရေပြားစောင့်ရှောက်မှုထုတ်ကုန်တွေကို ခပ်မြန်မြန် မပြောင်းလဲနိုင်တောတွေကြောင့် ရက်ဗလွန်ရဲ ရောင်းအားဟာ ကျဆင်းနေခဲ့ရပါတယ်။ ဆယ်လီ ကီလီဂျင်နာရဲ ကီလီအလှကုန်နှင့် ရီဟန်နားရဲ့ ဖန်တီဗျူတီတို့လို့ အလှကုန်တွေကြောင့် ရက်ဗလွန်ဟာ အမေရိကန်စတိုးဆိုင်တွေမှာ အရောင်းစင်ပေါ်က သူ့ရဲ့နေရာကို ဖယ်ပေးခဲ့ရတာဖြစ်ပါတယ်။
ရက်ဗလွန်ရဲ့ပြိုင်ဘက် ကိုတီအင်န်ကတော့ ကိုဗစ်အလွန်မှာ ပြန်ခေတ်စားလာတဲ့ မျက်တောင်ခြယ်ဆေးနှင့်နှုတ်ခမ်းနီတွေ အလှကုန်တွေအတွက် ထောက်ပို့ဖြည့်တင်းမှုတိုးတက်ဖို့ အကြီးအကျယ်ရင်းနှီးမြှပ်နှံလိုက်တာကြောင့် ဈေးကွက်နေရာ ပြန်ရလာပါတယ်။
ပီရီမင်းရဲ့ သမီး ဒီဘရာပီရီမင်းန်က ၂၀၁၈ခုနှစ် နှစ်လည်ကစပြီး ကိုင်တွယ်ထိန်းကျောင်းထားတဲ့ ရက်ဗလွန်ဟာ ယခုနှစ် မတ်၃၁ ရက်အထိ ကာလရှည် အကြွေး ၃.၃၁ ဘီလျံတင်ခဲ့ပါတယ်။
ချားလ်နှင့် ဂျိုးဇက်ရီဗဆန်ညီအစ်ကိုနှင့် ချားလ်စ် လက်ချ်မင်းတို့ ၁၉၃၂ ခုနှစ်က တည်ထောင်ခဲ့တဲ့ ရက်ဗလွန်ဟာ ၁၉၈၅ ခုနှစ်မှာ မက်အင်ဒရူးအင်န်ဖော့ဘ်စ်ကို ရောင်းချခဲ့ပါတယ်။ ၁၁နှစ်အကြာမှာ အများပိုင်အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ကုမ္ပဏီဟာ ယင်းရဲ့ အရည်ပြားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ တိုးချဲ့ဖို့ အဲလစ်ဇဘက်အာဒင်ကို ဒေါ်လာ သန်း၈၇၀နှင့် ၂၀၁၆မှာ ဝယ်ယူခဲ့ပါတယ်။
ဒါပေမယ့်ရက်ဗလွန်ရဲ့ အသာတင်အရောင်းဟာ ယှဉ်ပြိုင်မှုတွေကြောင့် ၂၀၂၁မှာ ၂၂ရာခိုင်နှုန်းကျဆင်းသွားပါတယ်။
လွန်ခဲ့တဲ့ နှစ်၉၀ကစပြီး လက်သည်းကြွေဆေးတွေ ရောင်းချမှုနှင့် စတင်ခဲ့တဲ့ ရက်ဗလွန်ဟာ ဘရစ်တနေးစပီးယား ရေမွှေး၊ ခရစ်စတီးနားအာဂီလယ်ရာ ရေမွှေးစတဲ့ နမည်ကြီး တံဆိပ်များစွာကိုလည်း ကိုယ်ပိုင်ထုတ်ခဲ့တာဖြစ်ပါတယ်။
Source Reuters
#DailyNews
Published - 16 June 2022
၁။ တက္ကသိုလ်ဝင်တန်းအပြင်ဖြေ ဖြေမည့်သူများရှိလာမည်ဖြစ်၍ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် အပ်နှံမည့်သူပိုများလာနိုင်
၂။ ဒလတံတားစီမံကိန်းနယ်မြေအနီးရှိ အိမ်၊ ခြံ၊ မြေဈေး မြင့်တက်သော်လည်း ရောင်းအားကျဆင်း
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ရာစုနှစ်ဝက်နီးပါးဖွင့်လှစ်ခဲ့သည့် ဟောင်ကောင်မှနာမည်ကျော် ရေပေါ်စားသောက်ဆိုင် ပိတ်သိမ်းလိုက်ရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldMilitary
Published 16 June 2022
ယူကရိန်းနိုင်ငံအတွက် အမေရိကန်မှ သင်္ဘောပစ်လက်နက်များ၊ အမြှောက်ဒုံးကျည်များ၊ ဟောင်ဝစ်ဇာများ၊ လက်နက်ခဲယမ်းများ အပါအဝင် ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိတဲ့ လက်နက်များ ထပ်မံထောက်ပံ့ပေးရန် အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ဗုဒ္ဓဟူးနေ့ကကြေညာလိုက်ပါတယ်။
'ဘိုင်ဒန်'က စစ်ပွဲကြားထဲရောက်နေတဲ့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'နဲ့ ဖုန်းပြောဆိုခဲ့ရာမှာ လက်နက်အသစ်များ ထောက်ပံ့ဖို့ပြောကြားခဲ့ပါတယ်။
"အမေရိကန်ဘက်မှ ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိတဲ့ လက်နက်အသစ်များကို ယူကရိန်းလုံခြုံရေးအကူအညီအတွက်ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အမြှောက်ဒုံးကျည်များ၊ ကမ်းရိုးတန်းကာကွယ်ရေးလက်နက်များ၊ အဆင့်မြင့်ဒုံးပျံလက်နက်များပါဝင်မှာဖြစ်ပါတယ်" လို့ ၄၁ မိနစ်ကြာဖုန်းခေါ်ဆိုမှုမှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ယူကရိန်းအရပ်သားများကို ကူညီရန်အတွက် ဘေးကင်းစိတ်ချရတဲ့သောက်သုံးရေ၊ အရေးကြီးတဲ့ ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာ၊ ခိုလှုံ့ရာနေရာနဲ့ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းများ ဝယ်ယူနိုင်ရန် မိသားစုများအတွက် ငွေသားများ ပါဝင်တဲ့ ဒေါ်လာ ၂၂၅ သန်း အထောက်အပံ့ကိုလည်း ပေးပို့ဖို့ကြေညာလိုက်ပါတယ်။
ယူကရိန်းအတွက် နောက်ဆုံးပေးပို့မယ့်အကူအညီတွေထဲမှာ ဟောင်ဝစ်ဇာ ၁၈ လက်နဲ့ ကျည် ၃၆,၀၀၀ တောင့်၊ ဟာပွန်းကမ်းရိုးတန်းကာကွယ်ရေးလက်နက် ၂ လက်၊ အမြှောက်ဒုံးကျည်များ၊ လုံခြုံရေးရေဒီယို၊ ညကြည့်ကိရိယာများ၊ လေ့ကျင့်ရေးအတွက်စရိတ်များ ပါဝင်ပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး'ဒီမစ်ထရိုကူလေဘာ'က အမေရိကန်ရဲ့အရေးပါတဲ့ ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'ကို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့အတွက် လက်နက်ကြီးများ ပုံမှန်ထောက်ပံ့ဖို့ အရေးတကြီးလိုအပ်ကြောင်း အလေးအနက်တောင်းဆိုခဲ့ပါတယ်" လို့ တွစ်တာမှာ ဖော်ပြထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး'လွိက်အော်စတင်'က ဘရူဆဲလ်မြိုမှာ မဟာမိတ်နိုင်ငံတွေနဲ့တွေ့ဆုံပြီး ထောက်ပံ့ကူညီဖို့ဆုံးဖြတ်ရာမှာ အမေရိကန် သိုလှောင်ရေးမှ ပိုလျှံနေတဲ့ ကာကွယ်ရေးပစ္စည်းများ လွှဲပြောင်းခြင်းနဲ့ ယူကရိန်းလုံခြုံရေး အထောက်အပံ့အစီအစဉ်(USAI)မှ ငွေကြေးထောက်ပံ့ထားတဲ့ အခြားလက်နက်များဆိုပြီး အကြောင်းအရာနှစ်ခုခွဲခြားထားပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး'ဗက်ဆေလီနီဘန်ဇီယာ'က "အနောက်နိုင်ငံတွေဟာ ရုရှားနဲ့စစ်ဖြစ်ဖို့ သွေးထိုးလှုံ့ဆော်နေကြပါတယ်၊ အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်ထောက်ပံ့နေခြင်းကြောင့် အရပ်သားများသေဆုံးရခြင်းဟာ သူတို့ကြောင့်ဖြစ်ပါတယ်" လို့ ဗုဒ္ဓဟူးနေ့က အပြစ်တင်ဝေဖန်လိုက်ပါတယ်။
အရှေ့ဘက်ဒွန်ဘတ်စ်ဒေသမှာ ရုရှားတပ်များက အင်တိုက်အားတိုက် တိုက်ခိုက်လာတာကြောင့် လက်နက်များ အလျင်အမြန်ပေးပို့ဖို့ ယူကရိန်းက အမေရိကန်နဲ့အနောက်နိုင်ငံများကို ဖိအားပေးနေပါတယ်။
"နှစ်ပတ်တိုင်း သုံးပတ်တိုင်းပေးပိုနေရုံနဲ့ မလုံလောက်ပါဘူး၊ ရုရှားတွေကိုအနိုင်ရဖို့ဆိုရင် ရသမျှလက်နက်တွေအားလုံးလိုအပ်ပါတယ်" လို့ ယူကရိန်းပါလီမန်အဖွဲ့ဝင်'အိုလက်ဆန်ဒရာအူစတီနိုဗာ'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အခုအခါ အမေရိကန်ကပထမဆုံးအကြိမ်အဖြစ် မြေပြင်ပစ်ဟာပွန်းလောင်ချာတွေကို ပေးပို့တာဖြစ်ပါတယ်။
ဘိုးအင်းကုမ္ပဏီက ထုတ်လုပ်တဲ့ ဟာပွန်းလောင်ချာတွေဟာ ဒုံးကျည်တစ်စင်းကို ဒေါ်လာ ၁.၅ သန်းတန်ကြေးရှိကြောင်း စက်မှုလုပ်ငန်းအမှုဆောင်များနဲ့ ကျွမ်းကျင်သူများကဖော်ပြထားပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 16 June 2022
အမျိုးသားနဲ့အမျိုးသမီးမှာ ဘယ်သူကပိုပြီးခေါင်းအေးအေးထားတတ်လဲဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုများရှိနေခဲ့ရာ လေ့လာမှုတစ်ခုမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဦးနှောက်အပူချိန်ပိုများပြီး အများဆုံး ၄၀ ဒီဂရီဆဲလ်စီးယပ်စ်လောက်အထိရှိတတ်ကြောင်း ဖော်ပြထားပါတယ်။
ကိမ်းဘရစ်ချ်မှ MRC မော်လီကျူလာဇီဝဗေဒဓာတ်ခွဲခန်းကသုတေသီတွေဟာ အမျိုးသမီးတွေရဲ့ဦးနှောက်က အမျိုးသားများထက် ၀.၄ ဒီဂရီလောက် အပူချိန်ပိုများကြောင်းတွေ့ရှိခဲ့ကြပါတယ်။
ဒီလိုကွာခြားရတဲ့ အကြောင်းအရင်းက အမျိုးသမီးများရဲ့ဓမ္မတာစက်ဝန်းကြောင့် အများဆုံးဖြစ်နိုင်ချေရှိပါတယ်။
မမျိုးဥကြွေပြီးချိန်ကာလမှာ စမ်းသပ်တိုင်းတာခဲ့တဲ့ အမျိုးသမီးအများစုက မမျိုးဥမကြွေခင်တိုင်းတာခဲ့တဲ့အမျိုးသမီးများထက် ဦးနှောက်အပူချိန် ၀.၄ ဒီဂရီပိုများနေခဲ့တာဖြစ်ပါတယ်။
အီဒင်ဘာ့ဂ်မှ တော်ဝင်ဆေးခန်းမှာ အသက် ၂၀ မှ ၄၀ ကြားရှိ စမ်းသပ်ခံမယ့်သူ ၄၀ ဦးကို မနက်ခင်း၊ နေ့လယ်ခင်း၊ ညနေခင်းတို့မှာ တိုင်းတာခဲ့ကြပါတယ်။
အရင်အချိန်ကထက် အပူချိန်များလာခြင်းဖြင့် ၃၈.၅ ဒီဂရီများလာမယ်လို့ မျှော်မှန်းထားပြီး ပါးစပ်အပူချိန်ကတော့ ၃၇ ဒီဂရီအောက်ရှိနေတတ်ပါတယ်။
ဦးနှောက်က သာမန်အားဖြင့် ညဘက်မှာအေးမြပြီး နေ့ဘက်မှာပူနွေးနေတတ်ကာ ဦးနှောက်ကပိုမိုနက်ရှိင်းတဲ့ အတွင်းပိုင်းနေရာတွေက ၄၀ ဒီဂရီကျော်တတ်ပြီး အမြင့်ဆုံးဦးနှောက်အပူချိန်ကတော့ ၄၀.၉ ဒီဂရီရှိခဲ့ပါတယ်။
ဒီလိုမြင့်မားတဲ့အပူချိန်က ခန္ဓာကိုယ်မှာဖြစ်တယ်ဆိုရင်တော့ ကိုယ်ပူနေတယ်လိုဆိုနိုင်ပေမယ့် ဦးနှောက်အနေနဲ့ကတော့ ကျန်းမာတယ်လို့ဆိုရမှာဖြစ်ကြောင်း သုတေသီတွေကဆိုပါတယ်။
အသက် ၂၀ ကျော်လာတဲ့အချိန်မှာ အပူချိန်ပူများလာတတ်ပြီး ပိုမိုနက်ရှိင်းတဲ့ဦးနှောက်အတွင်းပိုင်းနေရာတွေမှာ ၀.၆ ဒီဂရီလောက်ပိုများလာကြပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ရဲ့အပူချိန်ကိုလျော့ကျစေတဲ့စွမ်းရည် ပျက်စီးလာတတ်ပါတယ်။
ကျန်းမာတဲ့ဦးနှောက်ရဲ့အပူချိန်က ခန္ဓာကိုယ်က ကိုယ်ပူတဲ့အပူချိန်လောက်အထိ များလာတတ်တာဟာ အံ့ဩဖွယ်ရာဖြစ်ကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်မှ ဦးဆောင်သုတေသီဒေါက်တာ'ဂျွန်အိုနေးလ်'က ပြောပြပါတယ်။
"အရင်တုန်းကတော့ ဦးနှောက်ဒဏ်ရာရသူတွေမှာ အပူချိန်မြင့်တာမျိုးတွေ့ရပါတယ်၊ ဒီလိုအပူချိန်အပြောင်းအလဲဖြစ်ခြင်းက ဦးနှောက်ရေရှည်ကျန်းမာရေးနဲ့သက်ဆိုင်နေပြီး နောက်ထပ်လေ့လာသွားနိုင်ဖိုမျှော်လင့်ပါတယ်" လို့ ပြောပြသွားပါတယ်။
Source: DailyMail
#Yangon_Media_Group
#Health_Society
Published 16 June 2022
ကနေဒါကမ္ဘာကျော်အဆိုတော်'ဂျက်စတင်ဘီဘာ'ဟာ ကြောက်စရာကောင်းတဲ့ ရောဂါလက္ခဏာတစ်ခုခံစားနေရတာကြောင့် သူ့ရဲ့ဖျော်ဖြေရေးခရီးစဉ်များဖျက်သိမ်းလိုက်ရကြောင်း အင်စတာဂရမ်ကနေ အသိပေးခဲ့ပါတယ်။
ရောဂါစစ်ဆေးရာမှာ Ramsay Hunt Syndrome ရှိနေကြောင်းတွေ့ရှိခဲ့ပြီး သူ့ရဲ့နားရွက်နဲ့မျက်နှာကြွက်သားနေရာတွေမှာ ထိခိုက်ခံစားနေရတာဖြစ်ပါတယ်။
Ramsay Hunt Syndrome ဆိုတာက အရင်တုန်းက ရေကျောက်ရောဂါဖြစ်ဖူးတဲ့သူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။
ရေကျောက်ရောဂါဖြစ်တုန်းက ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာကျန်ခဲ့ပြီး အချိန်ကြာလာတဲ့အခါမှာ တဖန်ပြန်ပြီး ရောဂါလက္ခဏာတွေ ပေါ်ပေါက်စေပါတယ်။
The Mayo Clinic ရဲ့ပြောကြားချက်အရ အဓိကအားဖြင့်လက္ခဏာ ၂ ရပ်ဖြစ်ပေါ်နိုင်ပြီး နားတစ်ဖက်တဝိုက်မှာ နာကျင်ရတဲ့အဖုလေးတွေထွက်ပေါ်တတ်ခြင်းနဲ့ ရောဂါပိုးကူးစက်တဲ့နားရွက်ဘက်က မျက်နှာတစ်ခြမ်းမှာ ကြွက်သားတွေအားနည်းသွားခြင်းတို့ ဖြစ်ပါတယ်။
'ဂျက်စတင်'ကတော့ မျက်နှာလေ့ကျင့်ခန်းတွေပြုလုပ်နေပြီး မကြာခင်ပုံမှန်ပြန်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
Ramsay Hunt Syndrome ဟာ အသက် ၆၀ အောက်လူတွေမှာ အလွန်အဖြစ်နည်းပါးပါတယ်။
ဗိုင်းရပ်စ်ကူးစက်ထားတဲ့လူက ရေကျောက်မဖြစ်ဖူးတဲ့သူနဲ့ ကာကွယ်ဆေးထိုးထားတဲ့သူ အနီးနားမှာ မရှိဘူးဆိုရင် မကူးစက်နိုင်ပါဘူး။
ဒါကြောင့် ရောဂါကူးစက်ထားသူအနေနဲ့ ကလေးငယ်များ၊ ကိုယ်ဝန်သည်များ၊ ကိုယ်ခံအားချို့တဲ့သူများအနီးမှာ မနေထိုင်သင့်ကြောင်း အကြံပြုထားပါတယ်။
ရောဂါကူးစက်ကြောင်းစောစောသိရရင် Ramsay Hunt Syndrome ရောဂါလက္ခဏာခံစားရခြင်းကနေ သက်သာနိုင်ချေများပါတယ်။
ဒီရောဂါကိုကုသဖိုအတွက် ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေနဲ့ ကော်တီကိုစတီးရွိက်တွေ သုံးစွဲရတတ်ပါတယ်။
'ဂျက်စတင်ဘီဘာ'ဟာ ၂၀၁၉ ခုနှစ်တုန်းက စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ရောဂါအခြေအနေများခံစားခဲ့ရကြောင်း ဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။
၂၀၂၀ တုန်းကလည်း နာတာရှည် Lyme ရောဂါနဲ့ Epstein-Barr ဗိုင်းရပ်စ်ကူးစက်မှုကိုလည်း ခံစားခဲ့ရပါတယ်။
၂၀၂၂ ဖေဖော်ဝါရီလတုန်းက 'ဂျက်စတင်'နဲ့ သူ့ဇနီးဖြစ်သူ'ဟေလေ'တို့ဟာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပြီး ဖျော်ဖြေရေးခရီးစဉ်ကိုရပ်နားခဲ့ရပါသေးတယ်။
Source: The Sun
#Yangon_Media_Group
#WorldWildlife
Published 15 June 2022
ဒုစရိုက်ဂိုဏ်းချုပ်ကြီး'ဟွာကင်းအယ်လ်ချာပိုဂုဇ်မန်း'ဟာ အာဏာပါဝါကျဆင်းပြီး အမေရိကန်မှာအကျဉ်းကျခံနေရပေမယ့် ဇီဝမျိုးနွယ်ကွဲသတ္တဝါများစွာရှိတဲ့ မက္ကဆီကိုနိုင်ငံဟာ ရေမြေခြားတိရိစ္ဆာန် ကုန်ကူးရောင်းချခြင်းတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ချမ်းသာတဲ့မိသားစုတွေ၊ ကုန်သည်တွေ၊ ဆေးခြောက်ရောင်းဝယ်သူတွေကပါ ဝယ်ယူနေကြပါတယ်။
#Yangon_Media_Group
Published 15 June 2022
ရေတွင်းကျဉ်းကျဉ်းကလေးထဲ လေးရက်ကြာပိတ်မိနေတဲ့ ဆွံ့အနားမကြား မသန်စွမ်းဖြစ်နေတဲ့ ၁၀နှစ်အရွယ် ယောကျ်ားလေးတစ်ဦးကို အိန္ဒိယ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက အင်္ဂါနေ့က ကယ်တင်လိုက်နိုင်ပြီဖြစ်တယ်လို့ အစိုးရကပြောပါတယ်။
ရုပ်သံကြည့်ရှုရန်..
Source AFP
Page 729 of 861