#World_Health
Published 22 October 2022
၁၀ နှစ်သားအရွယ်ကလေးတစ်ယောက်ဟာ ပုံမှန်အသက်ရှူဖို့နဲ့ စကားပြောဆိုနိုင်ဖို့ မနက်တိုင်းမှာ သူ့ရဲ့မေးရိုးကို တစ်လက်မရဲ့ ၄ ပုံ ၁ ပုံလောက် မူလီကြပ်ပေးရပါတယ်။
အီလီနွိုက်စ်မှ 'ဘရိုင်ဆန်ရိုက်'ဟာ မွေးပြီးလို့ မကြာခင်မှာပဲ Goldenhar syndrome ရောဂါရှိကြောင်း သိခဲ့ရကာ သူ့ရဲ့ညာဘက်နားရွက်နဲ့ ညာဘက်မေးရိုးတို့က ဖွံ့ဖြိုးမှုအားနည်းနေပါတယ်။
နှစ်အနည်းငယ်ကြာတော့ အဆိုပါမေးရိုးက ဖွံ့ဖြိုးမှုရပ်တန့်သွားခဲ့ကာ ခွဲစိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အခုဆိုရင် ကလေးက မေးရိုးချဲ့စက်တပ်ဆင်ထားရကာ အမေဖြစ်သူ'ဘရီယာနာ'က မနက်တိုင်း မေးရိုးချဲ့စက်ကို လှည့်ပေးရပါတယ်။
ထိုစက်ကြောင့် 'ဘရိုင်ဆန်'အတွက် မနာကျင်ရပေမယ့် ကျောင်းမသွားရဘဲ ဖြစ်နေပါတယ်။
အိပ်နေစဉ် အသက်ရှူရကြပ်လာတတ်တဲ့ အခြေအနေ သက်သာစေရန် မေးရိုးကြီးမားလို့လိုအပ်နေပါတယ်။
မေးရိုးချဲ့စက်ဖြင့် မေးရိုးနေရာကျယ်ပြန့်လာကာ အစာစားနိုင်၊ အသက်ရှူနိုင်လာမှာ ဖြစ်ပါတယ်။
Goldenhar syndrome က မွေးဖွားလာတဲ့ ကလေးငယ် ၃,၅၀၀ ကနေ ၂၅,၀၀၀ မှာ တစ်ယောက်နှုန်း ရှားရှားပါးပါးဖြစ်လေ့ရှိပြီး ဦးခေါင်း၊ ကျောရိုး၊ အချို့သောအင်္ဂါတို့က ကောင်းစွာမဖွံ့ဖြိုးတတ်တဲ့ ရောဂါဖြစ်ပါတယ်။
ဖြစ်ရတဲ့အကြောင်းအရင်း သေချာမသိရှိကြသေးဘဲ မိခင်ဝမ်းဗိုက်ထဲမှာ ကြီးထွားမှုပြဿနာရှိခဲ့တာကြောင့် ဒါမှမဟုတ် မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။
ဒီရောဂါက မွေးကတည်းက ဖြစ်လာတာဖြစ်ပြီး နားရွက်၊ မျက်လုံး၊ ကျောရိုးတို့မှာ အဓိကဖြစ်တတ်ပါတယ်။
လူနာတွေက အကြားအာရုံချို့တဲ့ခြင်း၊ စကားပြောရခက်ခဲခြင်း၊ အသက်ရှူပြဿနာများ ခံစားရတတ်ပါတယ်။
ဝေဒနာခံစားရတဲ့အပေါ်မူတည်ပြီး ကုသမှုပြောင်းလဲမှုရှိတတ်ကာ ခွဲစိတ်မှုပြုလုပ်ရလေ့ရှိပါတယ်။
'ဘရိုင်ဆန်'ကတော့ အမြင်အာရုံနဲ့ ကျောရိုးတို့မှာ ပြဿနာတစ်စုံတစ်ရာ မရှိပါဘူး။
ခွဲစိတ်မှုပြုလုပ်ရာမှာတော့ ဆရာဝန်များက ပါးစပ်အနောက်ဘက်နားက မေးရိုးကိုဖြတ်လိုက်ကာ မူလီဖြင့်ဆက်လိုက်ကြပါတယ်။
ဒီနောက် ပါးနားမှာကပ်ပြီးရှိနေမယ့် သတ္တုချောင်းကို ချိတ်ဆက်လိုက်ကြပါတယ်။
သူ့အမေက မနက်တိုင်း ထိုစက်ကို ၈ ချက်လှည့်ပေးရကာ မေးရိုးကျယ်လာအောင် ပြုလုပ်ပေးရပါတယ်။
၁၃ ပတ်ကြာပြီးနောက် ဖယ်ရှားရမှာဖြစ်ပြီး လူပျိုဖော်ဝင်တဲ့အချိန်ကျမှ နောက်တစ်ခါ ထပ်ချဲ့ရမှာဖြစ်ပါတယ်။
ခွဲစိတ်မှုပြုလုပ်ပြီးနောက် ကလေးငယ်ဟာ ကျောင်းနားထားရပြီး အနာသက်သာစေတဲ့ ဆေးများသုံးစွဲနေရပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 21 October 2022
ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကျော် စီတန်းလှည့်လည်ပွဲ မပြုလုပ်ခဲ့ရတဲ့ ပီရူးနိုင်ငံမှာ ပြီးခဲ့တဲ့အင်္ဂါနေ့က လီမာမြို့လမ်းတွေမှာ အံ့ဘွယ်အရှင်သခင်ပုံတော်နဲ့အတူ ဆုတောင်းသူများနဲ့ ထောင်ပေါင်းများစွာသော ပီရူးကက်သလစ်များဟာ ဖြည်းဖြည်းချင်းလှည့်လည်ခဲ့ကြပါတယ်။
#Yangon_Media_Group
Published 21 Oct 2022
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ကြာသပတေးနေ့က ပထမဆုံးအကြိမ်အဖြစ် စစ်စည်းရုံးထားတဲ့ ရုရှားတွေအတွက် လေ့ကျင့်ရေးဌာနတစ်ခုကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ စက်တင်ဘာ ၂၁ရက်မှာ ပူတင်က တစ်စိတ်တစ်ပိုင်းအနေအထား စစ်ထဲဝင်ရန်အမိန့်ထုတ်ပြန်ကြေညာအပြီး သွားရောက်ခဲ့တဲ့ခရီးဖြစ်ပါတယ်။
ပူတင်ဟာ မော်စကိုမြို့တော်ရဲ့ အရှေ့တောင်ဖက် ရာဇန်ဒေသမှာရှိတဲ့ ပစ်ခတ်ကွင်းတစ်ခုကို သွားရောက်ခဲ့တာတွေ ရုရှား နိုင်ငံပိုင်ရုပ်သံကထုတ်လွှင့်ပြသခဲ့ပါတယ်။ အနက်ရောင်ဝတ်ဆင်ထားတဲ့ ပူတင်ဟာ အသစ်ထုတ်လုပ်ထားတဲ့ လက်ဖြောင့် ရိုင်ဖယ်သေနတ်ကို ပစ်ခတ်ခဲ့ပြီး စစ်သည်တွေကိုလည်း ပွေ့ဖက်ခဲ့ပါတယ်။
Source AFP
#Vladimir_Putin
#Mobilised_Russians_Training
#Russia_Military
Published 21 Oct 2022
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဗြိတိန်ဝန်ကြီးချုပ် လစ်ထရပ်စ်သည် ရုရှားကိစ္စ၊ယူကရိန်းကိစ္စတို့တွင် မိတ်ဖက်ကောင်း တစ်ဦး ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ သူဟာ ပဲင်စီလ်ဗေးနီးယားမှာ ဆီးနိတ်အမတ်လောင်း ဂျွန် ဖက်တာမင်းဘေးရပ်တည်ပေးဖို့ အိမ်ဖြူတော်မှ မထွက်ခွာခင် သတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။
Source AFP
#Joe_Biden
#Liz_Truss
#UK_Politics
#DailyNews
Published _ 21 October 2022
၁။ ရှမ်းပြည်နယ်ရှိ နေစရာအခက်အခဲရှိသူများကို တည်ဆောက်ပြီး အဆင့်မြင့်တိုက်ခန်းများအား ဌားရမ်းပေးသွားမည်
၂။ (၂)နှစ်ကြာ ရပ်ထားရသည့် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပြန်စမည်
၃။ ဗိုလ်တထောင်စေတီတော်တွင်'မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ဆက်ကပ်ပူဇော်ပွဲ' ပြန်လည်ကျင်းပမည်
၄။ ကိုဗစ်ကပ်ရောဂါအလွန် ပီရူးမြို့တော်၌ အံ့ဘွယ်အရှင်သခင်စီတန်းလှည့်လည်ပွဲအား ပြန်လည်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Crime
Published 21 October 2022
ဆီးရီးယားရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)ရုံးမှ ဝန်ထမ်းများက သူတို့ရဲ့အကြီးအကဲဟာ ဒေါ်လာသန်းပေါင်းများစွာကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲလိုက်ကြပါတယ်။
ဒါ့အပြင် အစိုးရအရာရှိများကို ကွန်ပျူတာများ၊ ရွှေဒင်္ဂါးပြားများ၊ ကားများအပါအဝင် လက်ဆောင်ပဏ္ဍာများ မကြာခဏပေးအပ်လေ့ရှိကာ ကိုဗစ်ကပ်ရောဂါက တိုင်းပြည်ကိုဒုက္ခပေးနေတဲ့အချိန်မှာလည်း အလေးမထားခဲ့ကြောင်း စွပ်စွဲခဲ့ကြပါတယ်။
Associated Press မှရရှိတဲ့ လျှို့ဝှက်စာရွက်စာတမ်း ၁၀၀ ကျော်၊ စာစောင်များနဲ့ အခြားပစ္စည်းများကို WHO အရာရှိများက စုံစမ်းရေးမှူးများကို ပြသခဲ့ရာ WHO ရဲ့ ဆီးရီးယားကိုယ်စားလှယ် ဒေါက်တာ'အက်ဂျီမယ်မက်ဂ်တိုင်မိုဗာ'ဟာ မသင့်လျော်တဲ့ အပြုအမူများ လုပ်ဆောင်ခဲ့ပြီး WHO ဝန်ထမ်းကိုလည်း ဆီးရီးယားအစိုးရမှ ထိပ်သီးနိုင်ငံရေး သမားများနဲ့ အတင်းအကြပ် စာချုပ်လက်မှတ်ရေးထိုးစေခြင်း၊ WHO နဲ့ အလှူရှင်များရဲ့ ရန်ပုံငွေများကို အမြဲအလွဲသုံးစားလုပ်ခြင်း စတဲ့အချက်အလက်များကို တိုင်ကြားခဲ့ကြပါတယ်။
စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ခြင်းမရှိသေးဘဲ WHO ဝန်ထမ်းတစ်ဦးအနေဖြင့် အချက်အလက်များ ချပြခြင်းမှ တားမြစ်ထားတာတယ်လို့ ဆိုလိုက်ကာ စွပ်စွဲချက်များကို အသရေဖျက်မှုအဖြစ် သတ်မှတ်လိုက်ပါတယ်။
ဝန်ထမ်းတစ်ဒါဇင်လောက်က တိုင်ကြားခဲ့ခြင်းဖြစ်တာကြောင့် စုံစမ်းစစ်ဆေးရေးမှူး အယောက် ၂၀ ကျော်အထိ ပါဝင်ပတ်သက်လာရကာ ဒါဟာ WHO ဌာနမှာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး စုံစမ်းစစ်ဆေးရေးတစ်ရပ် ဖြစ်လာပါတယ်။
'မက်ဂ်တိုင်မိုဗာ'အပေါ် စွပ်စွဲချက်များကို WHO က ပြန်လည်သုံးသပ်နေကြောင်း အတည်ပြုခဲ့ပြီး ပြင်ပစုံစမ်းစစ်ဆေးရေးမှူးများရဲ့ အကူအညီကိုလည်း တောင်းခံထားကြောင်းဆိုပါတယ်။
'မက်ဂ်တိုင်မိုဗာ'နဲ့ပတ်သက်တဲ့ တိုင်ကြားချက်တွေကို လတ်တလောလများအတွင်း အကဲဖြတ်နေပြီး သက်ဆိုင်ရာအချက်အလက်များ စုဆောင်းနေရာ အခြေအနေတိုးတက်မှုများရှိလာကြောင်း WHO က ပြောပြပါတယ်။
လုံခြုံရေးအခြေအနေ၊ လျှို့ဝှက်အပ်စရာများနဲ့ တရားမျှတမှုများကို လေးစားလိုက်နာရမှာဖြစ်တာကြောင့် ဒီထက်အသေးစိတ်တော့ ဖော်ပြလို့မရကြောင်းလည်း ပြောကြားခဲ့ပါတယ်။
စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ဆီးရီးယားနိုင်ငံအတွက် ကျန်းမာရေးပြဿနာများဖြေရှင်းရန် ဆီးရီးယား WHO ရုံးကို ယမန်နှစ်က ဒေါ်လာ ၁၁၅ သန်း ထုတ်ပေးခဲ့ပါတယ်။
ဆီးရီးယားမှာ လူဦးရေ ၉၀ ရာခိုင်နှုန်းလောက်က ဆင်းရဲတွင်းနက်နေပြီး တဝက်ကျော်ကျော်လောက်က လူသားချင်းစာနာထောက်ထားကူညီမှုများ အလွန်လိုအပ်နေပါတယ်။
Source: AP News
#Yangon_Media_Group
Published 21 oct 2022
ပိုလန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး မာယီရိုဘလတ်ချာဟာ သူစီးနင်းလာမယ့် ဂျက် လေယာဉ်ကို တရုတ်က ယင်းရဲ့လေကြောင်းပိုင်နက်ထဲ ဖြတ်သန်းခွင့်မပေးတဲ့အတွက် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ် မြို့ကိုသွားရောက်ဖို့ ခရီးစဉ်ကိုဖျက်သိမ်းလိုက်ရပါတယ်။
ဘလတ်ချာဟာ အင်္ဂါနေ့မှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျွန်ဆပ်နှင့် ဆိုးလ်မြို့တော်မှာ တွေ့ဆုံဖို့ရှိပေမယ့် အဲဒီအစား ဗုဒ္ဓဟူးနေ့မှာ ဗွီဒီယိုကွန်ဖရင့်ပုံစံနှင့်ပဲ တွေ့ဆုံစကားပြောခဲ့ရတယ်လို့ အရာရှိတွေကပြောပါတယ်။ အဲဒီအပြင် သူဟာ တောင်ကိုးရီးယားနိုင်ငံ ဂျောင်ဆန်ပြည်နယ်၊ ချန်ဝန်မှာ မကြာသေးခင်က ဝယ်ယူထားတဲ့ လက်နက်တွေ ထုတ်ဖော်ပြသပွဲနှင့်လည်း လွဲခဲ့ရပါတယ်။
ဘလတ်ချာနှင့်သူ့အဖွဲ့ဟာ ပိုလန်အစိုးရရဲ့ ဂျက်လေယာဉ်နှင့် ဆိုးလ်မြို့ကို တရုတ်လေပိုင်နက်အပေါ်က တိုက်ရိုက် ပျံသန်းလာရောက်ဖို့ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်က ယင်းရဲ့လေပိုင်နက်ထဲ အဲဒီလေယာဉ်ဖြတ်သန်းခွင့်ကို ငြင်း ပယ်ခဲ့ပါတယ်။ ပိုလန်နိုင်ငံဖက်က အခြားလေယာဉ်ပျံသန်းရေးလမ်းကြောင်းတွေစဉ်းစားခဲ့ကြပါသေးတယ်။ ဒါပေမယ့် လေယာဉ်ဆီထပ်ဖြည့်ဖို့လိုတဲ့အပြင် အချိန်လည်းပိုကြာလို့ အဲဒီလမ်းကြောင်းတွေကို မစဉ်းစားတော့ပါဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
တောင်ကိုးရီးယားအစိုးရကတော့ ဒီဆုံးဖြတ်ချက်ရဲ့ နောက်ခံအကြောင်းကို ရှင်းလင်းဖော်ပြခြင်းမရှိပေမယ့် ဒါဟာ တရုတ်နိုင်ငံရဲ့ ရုရှားနှင့်ဆက်ဆံရေးနှင့် တောင်ကိုရီးယားရဲ့ နေတိုးနိုင်ငံတွေနှင့် နီးကပ်တဲ့ဆက်ဆံရေးတွေကြောင့်လို့ ထင်ကြေးတွေပေးနေကြပါတယ်။
Source AFP
#Poland_Mariusz_Blaszczak
#Poland_China
#South_Korea_Poland
Page 683 of 944