၅ နိုဝင်ဘာ ၂၀၂၃
ဝါရှင်တန်အနေဖြင့် ဂါဇာအပစ်အခတ်ရပ်ရေးအကောင်အထည်မဖော်ပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆိုးရွားစွာထိခိုက်လိမ့်မယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။ အီရန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး အစိုးရတစ်ပိုင်း သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ တက်စ်နင်က ရေးသားခဲ့တာဖြစ်ပါတယ်။
“ အမေရိကန်ကို ကျွန်တော်တို့အကြံပေးလိုတာက ဂါဇာမှာစစ်ပွဲတွေချက်ခြင်းရပ်ဖို့နှင့် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဖို့ပဲဖြစ်တယ်။ အဲသလိုမဟုတ်ရင် သူတို့ ဆိုးဆိုးရွားရွားထိခိုက်လိမ့်မယ်” လို့ အီရန် ကာကွယ်ရေးဝန်ကြီး မိုဟာမက်ရီဇာ အက်ရှ်တီယာနီက ပြောပါတယ်။
အောက်တိုဘာ ၇ ရက်မှာ ဟာမားစ်က အစ္စရေးကို မမျှော်လင့်ဘဲတိုက်ခိုက်ပီဲးနောက် အစ္စရေးဟာ စစ်သွေးကြွ အုပ်စုကို အနိုင်ရအောင်တိုက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
အီရန်က ဒီပဋိပက္ခမှာ အမေရိကန်ဟာ စစ်ရေးအရပါဝင်ပတ်သက်နေတယ်လို့ ယူဆသတ်မှတ်ထားပါတယ်။
Source : Reuters
၅ နိုဝင်ဘာ ၂၀၂၃
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပွားခဲ့တာ လေးပတ်ထဲအရောက်မှာ ဂါဇာကမ်းမြောင်တွင် လောင်စာဆီနှင့် ဓာတ်ငွေ့များ ပြတ်လတ်နေတဲ့အတွက် သယ်ယူပို့ဆောင်ရေးမှာ မြည်းလှည်းတွေကို အသုံးပြုနေကြရပါတယ်။
ဂါဇာပြည်သူတွေဟာ လောင်စာဆီ၊အစားအသောက်နှင့် အန္တရာယ်မရှိတဲ့သောက်ရေတွေ အကြီးအကျယ်ပြတ် လတ်မှုနှင့် ရင်ဆိုင်နေကြရပါတယ်။
Source CCTV+
၅ နိုဝင်ဘာ ၂၀၂၃
အာရပ်ခေါင်းဆောင်များက ဂါဇာတွင် အစ္စရေးစစ်တပ်ကို ချက်ခြင်းအပစ်အခတ်ရပ်ရန် စနေနေ့က တောင်းဆိုပြီး အစ္စရေးကိုစည်းရုံးပြောဆိုရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်ကို ဖိအားပေးခဲ့သော်လည်း ဘလင်ကန်က ယခုအချိန်တွင် အပစ်အခတ်ရပ်လိုက်ပါက ပါလက်စတိုင်းစစ်သွေးကြွအုပ်စုဟားမာ့စ်ကို ပြန်လည် စုစည်းအုပ်စုပြန်ဖွဲ့ကြီး အစ္စရေးကိုပြန်လည်တိုက်ခိုက်ဖို့လုပ်ပေးသလိုဖြစ်သွားလိမ့်မည်ဟု ပြန်လည် ပြောဆိုခဲ့ ပါတယ်။
ဂျော်ဒန်နိုင်ငံ အာမန်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အများရှေ့မှောက် သဘောမတူမှုတစ်ခုအဖြစ် ဂျော်ဒန်နှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးတို့နှစ်ဦးသည် ဘလင်ကန်ဘေးတွင်ရပ်ရင်း ရန်လိုမှုများကို ရပ်တန့်ရေး ထပ်ကာထပ်ကာ တွန်းအားပေးခဲ့ပါတယ်။ “ အရပ်သားထောင်ပေါင်းများစွာ သေဆုံးနေရတာကို မိမိကိုယ် မိမိ ကာကွယ်နေမှုအဖြစ် ရှင်းချက်ထုတ်၍ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
ဟားမားစ်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီးပြီဆိုရင် ဂါဇာ နောက်ဘာဆက်ဖြစ်မလဲဆိုသည့် နက်ရှိုင်းစွာဆွေးနွေးမှုကို သူတို့ကပယ်ချခဲ့ကြပါတယ်။ လက်ငင်းအာရုံစိုက်ရမည်မှာ ရန်လိုမှုတွေရပ်တန့်ရေးကြိုးပမ်းတာပဲဖြစ်သင့်တယ်လို့ သူတို့က ပြောကြပါတယ်။
အောက်တိုဘာ ၇ရက်တွင် အစ္စရေးနှင့်ဟာမားစ်တို့ စစ်ဖြစ်ပြီးကတည်းက ဘလင်ကန်သည် ထိုဒေသသို့ ယခုတစ်ကြိမ် သည် ဒုတိယမြောက်သွားရောက်ခြင်းဖြစ်ပါတယ်။
ဘလင်ကန်နှင့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတာယာဟုတို့တွေဆုံပြီးနောက် အပစ်အခတ်ရပ်ရေးစိတ်ကူးကို အစ္စရေးဝန်ကြီးချုပ်ကပယ်ချခဲ့ပါတယ်။
ယင်းနောက်“ အခုအပစ်အခတ်ရပ်ရင် ဟားမာ့စ်ကို သူ့နေရာသူပြန်ရောက်ပြီး အုပ်စုပြန်ဖွဲ့တာနှင့် အောက်တိုဘာ ၇ ရက်လိုပြန်တိုက်ခိုက်တာပဲ ကျန်ရစ်လိမ့်မယ်။ ကျွန်တော်တို့ရော ဘယ်နိုင်ငံကမှ ဒါမျိုးလုပ်ခံမှာမဟုတ်ဘူး။ အဲဒါကြောင့် အစ္စရေးရဲ့ ကိုယ့်ကိုကိုယ်ခုခံပိုင်ခွင့် အခွင့်အရေးနှင့် တာဝန်ကိုထပ်မံအတည်ပြုပေးဖို့ပဲ အရေးကြီးတယ်” ဟု ဘလင်ကန်က ပြောဆိုခဲ့သည်။
ဘလင်ကန်သည် ဆော်ဒီ၊ကာတာ၊ယူအေအီး၊အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးများ၊ ပါလက်စတိုင်း ကိုယ်စားလှယ်များကို အာမန်တွင် စောစောပိုင်းကတွေ့ဆုံခဲ့ပါတယ်။ အစည်းအဝေးသည် အပစ်အခတ်ရပ်ရေး တောင်းဆိုခြင်း၊ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများပေးရေးနှင့် ဒေသ၏လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ကြောက်ဖက်ဖွယ်အခြေအနေဆိုးရွားနေမှုကို အဆုံးသတ်မည့် နည်းလမ်းများရှာရေး ဟူသည့် အာရပ်တို့၏ ရပ်တည်ချက်ကို အလေးပေးမည်ဟု ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးကပြောခဲ့ပါတယ်။
“ နိုင်ငံတကာအသိုက်အဝန်းရဲ့ တာဝန်ဟာ ဟာ အမြဲတမ်း ရန်လိုမှုတွေရပ်တန့်ရေးဖြေရှင်းဖို့ပဲဖြစ်တယ်။ အကြမ်းဖက်မှုတွေကို ဆက်လက်ဖြစ်ပွားအောင်မြှင့်တင်ပေးဖို့မဟုတ်ဘူး” လို့လည်း အဲဒီ သတင်းစာရှင်းလင်းပွဲမှာ အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး ဆာမာ ရှောင်ရီကပြောပါတယ်။
“ ကျွန်တော်တို့ရဲ့ဦးစားပေးမှုတွေ ချက်ခြင်းရဖို့လိုအပ်တယ်။ ယခုအချိန်ကစပြီး စစ်ပွဲရပ်တန့်းအောင် အသေအချာ လုပ်ကြရမယ်” လို့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန်ဆာဖာဒီကပြောပါတယ်။
ဂျော်ဒန်တွင် ဘလင်ကန်နှင့်တွေ့ဆုံစဉ် လက်ဘနွန်အ်ိမ်စောင့်အစိုးရ ဝန်ကြီးချုပ် နာဂျစ်မီကာတီက ဂါဇာတွင် အပစ်အခတ်ရပ်ရေးအရေးကြီးကြောင်းပြောခဲ့ပြီး လက်ဘနွန်တောင်ပိုင်းကို အစ္စရေး၏ ကျူးကျော်ရန်လိုမှု ရပ်တန့်ရမည်ဟုလည်းပြောခဲ့ပါတယ်။
Source Reuters
#Daily_News
Published_ 04 November 2023
၁။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဗိုလ်တထောင်စေတီ၌ မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ဆက်ကပ်ပူဇော်ပွဲ ကျင်းပမည်
၂။ မြန်မာ့ရိုးရာ သိုင်းအားကစားရုံများ မြို့နယ်တိုင်း၌ တည်ဆောက်နိုင်ပါက သိုင်းပညာ ပိုမိုပြန့်ပွားနိုင်မည်
၃။ ကိုယ်ပိုင်ဝင်ငွေမရှိသည့် အမျိုးသမီးကြီးငယ်များ အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများနေဟုဆို
၄။ အိန္ဒိယမှ ကြက်သွန်နီများ ဈေးနှုန်းနှစ်ဆနီးပါး မြင့်တက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ထိုဒေသမှာ အိန္ဒိယက ကြက်သွန်နီတင်ပို့ရာ အများဆုံးနိုင်ငံဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက ကြက်သွန်နီတင်ပို့ဈေးနှုန်းကို မြှင့်တင်လိုက်တာကြောင့် တောင်အာရှတလျှောက် ဈေးကွက်တွေမှာ ကြက်သွန်နီဈေးနှုန်း နှစ်ဆနီးပါး မြင့်တက်နေပါတယ်။
#Yangon_Times
#Asia_Business
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
၄ နိုဝင်ဘာ ၂၀၂၃
နီပေါနိုင်ငံအနောက်ပိုင်းတွင် သောကြနေ့သန်းခေါင်ယံက ပြင်းထန်သည့် ငလျင်လှုပ်ရှားရာ အနည်းဆုံး ၁၂၈ ဦး သေဆုံးပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။
နီပေါအနောက်ပိုင်း ဂျဂျာကော့ခရိုင်တွင် ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်ကြီး ည၁၁နာရီ ၄၇မိနစ်တွင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးတွေဆက်လုပ်နေဆဲမို့ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဒေသအဆင့်အရာရှိတွေက ပြောပါတယ်။
နီပေါဝန်ကြီးချုပ် ပုရှ်ပါ ကာမာ ဒါဟာက အသက်ဆုံးရှုံးပြီး အိုးအိမ်ပျက်စီးရသူတွေအတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးတွေချက်ခြင်းဆောင်ရွက်ဖို့ အမိန့်ပေးခဲ့ပါတယ်။
စနေမနက်မှာ သူဟာအရာရှိတွေနှင့်အတူ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသကို သွားရောက်ခဲ့ပါတယ်။
Published_04 November 2023
ဟက်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဆေယက်ဟာဆန်နက်စ်ရယ်လာက အစ္စရေးလ်-ဟားမတ်စ်စစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ မိန့်ခွန်းပြောကြားခဲ့ရာ အစ္စရေးလ်အနေဖြင့် ဂါဇာကိုဆက်ပြီး တိုက်ခိုက်နေမယ်ဆိုပါက လက်ဘနွန်နယ်စပ်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေရာကနေ ပိုမိုကြီးမားတဲ့ စစ်ပွဲဖြစ်လာလိမ့်မယ်လို့ နိုဝင်ဘာ ၃ ရက်နေ့က သတိပေးလိုက်ပါတယ်။
အီရန်မှ ထောက်ပံ့မှုဖြင့် အင်အားကြီးမားနေတဲ့ ဟက်ဇ်ဘိုလာစစ်တပ်ဟာ အစ္စရေးလ်နဲ့ ၂၀၀၆ ခုနှစ်မှာ စစ်ပွဲဆင်နွှဲပြီးနောက်ပိုင်း လက်ဘနွန်-အစ္စရေးလ်နယ်စပ် တလျှောက် အတင်းမာဆုံး အခြေအနေ ဖြစ်နေပါတယ်။
ဖြစ်နိုင်ခြေအားလုံးအတွက် အဆင်သင့်ရှိနေတယ်လို့ နက်စ်ရယ်လာက ရုပ်သံမိန့်ခွန်းကနေ ပြောကြားခဲ့ပါတယ်။
ဂါဇာမှာ စစ်ပွဲဖြစ်ပွားခြင်းနဲ့ အရပ်သားသေဆုံးမှု မြင့်မားလာခြင်းတို့အတွက် အမေရိကန်ကို အပြစ်တင်လိုက်ကာ ဒေသတွင်းစစ်ပွဲ မဖြစ်ပွားစေရန် ဝိုင်းရံခံထားရတဲ့ ဂါဇာကမ်းမြောင်မှာ တင်းမာမှုတွေ လျော့ကျဖို့ လိုအပ်ကြောင်း ဆိုပါတယ်။
ပဋိပက္ခစဖြစ်ကတည်းက ထိုဒေသအနီးမှာ အမေရိကန်တို့ ပြင်ဆင်ထားတဲ့ ရေတပ်အင်အားကိုလည်း ဟက်ဇ်ဘိုလာအဖွဲ့က ကြောက်ရွံ့ခြင်းမရှိကြောင်း ဆိုလိုက်ပါတယ်။
အစ္စရေးလ်နဲ့ ဟက်ဇ်ဘိုလာတို့ လက်ဘနွန်နယ်စပ်တလျှောက် တင်းမာမှုမြင့်မားနေတာဟာ ဂါဇာကမ်းမြောင်မှာ ဖြစ်နေတာတွေကြောင့် ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်ကို ဟားမတ်စ်တို့ စစ်ဆင်ရေးဆောင်ရွက်ခဲ့တာဟာ ပါလက်စ်တိုင်း ၁၀၀ ရာခိုင်နှုန်းစစ်စစ် ဖြစ်ပြီး အစ္စရေးလ်ရဲ့ အားနည်းချက်ကို ပေါ်လွင်သွားစေကြောင်း ပြောကြားခဲ့ပါတယ်။
ယီမင်နဲ့ အီရတ်တို့မှ အဖွဲ့တွေကို နက်စ်ရယ်လာက ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားနဲ့ အီရတ်တို့ရှိ အမေရိကန်တပ်များကို ပစ်ခတ်နေတဲ့ ရှီအိတ်မွတ်ဆလင် အီရတ်စစ်သွေးကြွများနဲ့ အစ္စရေးလ်ကို ဒရုန်းများဖြင့် ပါဝင်တိုက်ခိုက်ပေးနေတဲ့ ယီမင်မှ ဟူသီစ်တို့ ပါဝင်ပါတယ်။
နက်စ်ရယ်လာ ပြောကြားတဲ့အချိန်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် အစ္စရေးလ်သို့ လာရောက်လည်ပတ်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
အစ္စရေးလ်တို့က ဂါဇာကမ်းမြောင်ကို ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သား သေဆုံးသူအရေအတွက် မြင့်တက်လျက်ရှိရာ အရပ်သားများကို ကာကွယ်ရန် နည်းလမ်းများ ဆောင်ရွက်ဖို့ ဘလင်ကန်က တောင်းဆိုလိုက်ပါတယ်။
ဂါဇာကို အုပ်စိုးထားတဲ့ ဟားမတ်စ်စစ်သွေးကြွေများကို ချေမှုန်းရန် အစ္စရေးလ်တပ်များက ဂါဇာမြို့ကို ဝိုင်းရံထားပြီး အနီးကပ်တိုက်ခိုက်နေကြကြောင်း အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
Source: Reuters
#Yangon_Times
#World_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 601 of 1151