Published 13 June 2024
အမေရိကန်ကနေ သေနတ်အများအပြား ဝင်ရောက်လာတာဟာ အိမ်နီးချင်း လက်တင်အမေရိက နိုင်ငံတွေနဲ့ ကာရစ်ဘီယံဒေသအတွက်တော့ ပြဿနာများ ဖြစ်စေပါတယ်။
ထိုဒေသများမှ ဖွံ့ဖြိုးမှုအားနည်းဆဲ နိုင်ငံတွေမှာ သေနတ်များ ဝင်ရောက်လာတွေကို ထိန်းချုပ်ဖို့ ခက်ခဲနေပါတယ်။
ဖေဖော်ဝါရီလတုန်းက ဟေတီနိုင်ငံရဲ့ ဝန်ကြီးချုပ် နုတ်ထွက်ရသည်အထိ လက်နက်ကိုင် ဂိုဏ်းတစ်ခု ပေါ်ထွက်လာပြီးနောက် သေနတ်တွေ ဘယ်ကနေ အစပြုရောက်လာသလဲဆိုတာ သံသယရှိလာကြပါတယ်။
#World_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_12 June 2024
၁။ အတန်းပညာမရှိသော လူငယ်များကို ဂျပန်နှင့်အင်္ဂလိပ်စာ ပညာဒါနသင်ကြားပေးမည်
၂။ ရှမ်းပြည်အောင်ပန်းဈေးကွက်တွင် သံပုရာသီး တစ်ပိသာ ကျပ်၅၀၀၀ကျော် ဈေးကျဆင်း
၃။ အုန်းသီးတန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်းကာလ ယခုလကုန်အထိ တိုးမြှင့်ဆောင်ရွက်နေ
၄။ အမေရိကန်မှသေနတ်များ တရားမဝင်ဝင်ရောက်လာခြင်းကြောင့် မက္ကဆီကိုတွင် ရာဇဝတ်မှုပြဿနာများ ကြုံတွေ့နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
Published 12 June 2024
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ သားဖြစ်သူ ဟန်တာဘိုင်ဒင်ဟာ သေနတ်ဝယ်ရန်အတွက် တရားမဝင် မူးယစ်ဆေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး လိမ်လည်ထွက်ဆိုခဲ့တယ်လို့ ဂျူရီတရားသူကြီးအဖွဲ့က အင်္ဂါနေ့မှာ စွဲချက်တင်လိုက်ပါတယ်။
ဒါကြောင့် လက်ရှိသမ္မတရဲ့ သားတစ်ယောက်အနေဖြင့် ပြစ်မှုတစ်ခုကြောင့် စွဲချက်တင်ခံရတဲ့ ပထမဆုံးလူ ဖြစ်လာပါတယ်။
ဟန်တာကို စွပ်စွဲထားတဲ့ အချက် ၃ ချက်စလုံးမှာ အပြစ်မြောက်တယ်လို့ ဒယ်လာဝယ် ဝီလ်မင်တန်မှ တရားသူကြီး ၁၂ ဦးပါ ဂျူရီအဖွဲ့က တွေ့ရှိခဲ့ပါတယ်။
တရားရုံးမှ ဟန်တာထွက်ခွာလာချိန်မှာ ဇနီးဖြစ်သူ မယ်လစ်ဆာနဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒင်တို့က ဟန်တာရဲ့လက်ကို ကိုင်ထားခဲ့ပါတယ်။
တရားသူကြီးတွေဟာ ဟန်တာနဲ့ ပတ်သက်ပြီး စွပ်စွဲလို့ရသမျှကို အပြင်းအထန် လိုက်လံရှာဖွေနေကြတယ်လို့ ဟန်တာရဲ့ရှေ့နေ အက်ဘီလိုဝဲလ်က ပြောလိုက်ပါတယ်။
ဂျိုးဘိုင်ဒင်နဲ့ ဒေါ်နယ်ထရမ့်တို့ နိုဝင်ဘာ ၅ ရက်နေ့ သမ္မတရွေးကောက်ပွဲ ယှဥ်ပြိုင်ခါနီးအချိန်မှာ ယခုလို အမှုစစ်ဆေးခြင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဟန်တာဘိုင်ဒင် အရက်သေစာနဲ့ ကိုကိန်းအလွဲသုံးစားလုပ်ပြီး ခက်ခဲခဲ့တဲ့အချိန်တွေကို ရှေ့နေတွေက တင်ပြခဲ့ကာ ထိုသို့သုံးစွဲခြင်းက တရားဝင် သေနတ်ဝယ်ယူခွင့် မရှိတော့ပါဘူး။
အချိန် ၃ နာရီကြာ စဥ်းစားဆုံးဖြတ်ကြပြီးနောက် ဟန်တာဘိုင်ဒင်ဟာ ၂၀၁၈ ခုနှစ်က Colt Cobra ခြောက်လုံးပြူးတစ်လက် ဝယ်ယူဖို့ အစိုးရရဲ့ စစ်ဆေးမှတ်တမ်းကို ဖြည့်စွက်ရာမှာ တရားမဝင် မူးယစ်ဆေးသုံးစွဲမှု မရှိဘူးလို့ လိမ်လည်ခဲ့ကာ တရားဥပဒေနဲ့မညီ လက်နက်ကိုင်ဆောင်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။
အမေရိကန် ခရိုင်တရားသူကြီး မာယယ်လင်နိုရီကာက ပြစ်ဒဏ်ချဖို့ ရက်အတိအကျ မပြောခဲ့ပေမယ့် လာမယ့် ရက် ၁၂၀ အတွင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဂျိုးဘိုင်ဒင်ကတော့ အမှုစစ်ဆေးခြင်းရဲ့ ရလဒ်ကို လက်ခံလိုက်ကာ သူ့သားအယူခံဝင်တဲ့အခါမှာလည်း တရားစီရင်ရေး လုပ်ငန်းစဥ်များကို လေးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
သေနတ်ကိုင်ဆောင်ခြင်း ပြစ်မှုများအတွက် အပြစ်ဒဏ်ကက ၁၅ လမှ ၂၁ လလောက် သတ်မှတ်ထားကာ ဒီထက်တိုတောင်းတဲ့ ပြစ်ဒဏ်မျိုးလည်း ဖြစ်နိုင်တယ်လို့ တရားရေးကျွမ်းကျင်သူများက ဆိုပါတယ်။
ဂျူရီလူကြီးတစ်ဦးက CNN နဲ့အင်တာဗျူးရာမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာမှမပြောခဲ့ကြကြောင်း၊ သမ္မတမိသားစု အကြောင်းလည်း မပြောခဲ့ကြကြောင်း၊ ဟန်တာရဲ့ အမှုကိစ္စအကြောင်းသာ ဖြစ်ကြောင်း ပြောပြသွားပါတယ်။
ဟန်တာရဲ့ အမှုစစ်ဆေးခြင်းမှာ ဇနီးဟောင်း၊ ရည်းစားဟောင်းနဲ့ မူးယစ်ဆေးစွဲလမ်းခဲ့တဲ့ အကြောင်းတွေကို ပထမဆုံးချပြခဲ့တဲ့ ခယ်မဖြစ်သူတို့ သက်သေထွက်ဆိုခဲ့ကြပါတယ်။
ဟန်တာရဲ့အမှုက မူးယစ်ဆေးသုံးစွဲခြင်းသာမကဘဲ ထိုအချိန်အတွင်း အစိုးရဖြည့်စွက်မှတ်တမ်းမှာ လိမ်လည်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ပါဝင်ကြောင်း ထရမ့်ခန့်အပ်ထားတဲ့ အမေရိကန် တရားရေးဌာနမှ အထူးရှေ့နေ ဒေးဗစ်ဝစ္စက ပြောပြသွားပါတယ်။
Source: Reuters
#World_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 11 June 2024
နံနက်စာဆိုတာက တစ်နေ့တာအတွက် အရေးကြီးဆုံး အစားအစာဖြစ်ပြီး အာဟာရထောက်ပံ့မှုကို မြှင့်တင်ပေးပါတယ်။
ထိုကဲ့သို့ အာဟာရပေးစွမ်းတဲ့ နံနက်စာကို အချို့လူတွေ မစားဖြစ်ကြတဲ့ အကြောင်းအရင်းများစွာ ရှိနေပါတယ်။
နံနက်ခင်းမှာ သွေးတွင်းသကြားဓာတ် လျော့နည်းနေမယ်ဆိုရင် နွမ်းနယ်ခြင်း၊ ဦးနှောက်ထိုင်းမှိုင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ အထိမခံခြင်း စတဲ့လက္ခဏာများ ခံစားရနိုင်ပါတယ်။
တကယ်တမ်းတော့ စားချိန်အိပ်ချိန်ဟာ ခန္ဓာကိုယ်ရဲ့ သဘာဝစက်ဝန်းအတိုင်းသာ ဖြစ်သင့်ပါတယ်။
စားချိန်နဲ့ တစ်နေ့တာလှုပ်ရှားမှုတွေကို ခန္ဓာကိုယ် သဘာဝစက်ဝန်းအတိုင်း ပြုလုပ်ပါက ဝမ်းဗိုက်အဆီတွေကို လောင်ကျွမ်းစေပါတယ်။
ဇီဝကမ္မဖြစ်စဥ် စတင်ဖို့ရာ နံနက်ခင်းအိပ်ရာထပြီး ၁ နာရီအတွင်း စားသင့်ပါတယ်။
နံနက်ခင်းမှာ မစားဘူးဆိုရင် ဂလီလင်လို့ခေါ်တဲ့ ဆာလောင်မှုဟော်မုန်က နောက်ပိုင်းမှာ မြင့်တက်လာပြီး ခန္ဓာကိုယ်က ဒီလိုအပ်ချက်အတွက် လိုက်ပြီးဖြည့်ဆည်းရတယ်လို့ ဆီအာတယ်မှ ညွှန်ကြားရေးမှုး ဒေါက်တာ အမ်မလီကူးပါးက ပြောပြပါတယ်။
နံနက်စာ မစားခြင်းကြောင့် နောက်ပိုင်းမှာ မသင့်လျော်တဲ့ စားစရာများ ရွေးချယ်စားသောက်မိပြီး အဝလွန်လာနိုင်ခြေ ရှိပါတယ်။
အစားစားချိန် ကန့်သတ်တဲ့ အလေ့အထထက်စာရင် ဘာတွေစားလဲဆိုတာက ပိုပြီးအရေးကြီးတယ်လို့ အချို့ဆရာဝန်များက ဆိုပါတယ်။
အသီးအရွက်များ၊ အစိမ်းရောင်အရွက်များ၊ အိုမီဂါ-၃ ပါဝင်တဲ့ အစားအစာများက စိတ်ဓာတ်ကျခြင်း၊ လေဖြတ်ခြင်း၊ ဒီမန်ရှာရောဂါ ဖြစ်ခြင်းတို့မှ ကင်းဝေးစေနိုင်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အတိုင်း စားသောက်ဖို့ ဆုံးဖြတ်သင့်ပြီး တစ်ယောက်နဲ့ တစ်ယောက် လိုအပ်တာချင်း မတူပါဘူး။
Source: New York Post.
#World_Health
Published 12 June 2024
#ymg #Yangon_Times #Yangon_Media_Group
Published 12 June 2024
အသက် ၇၅ နှစ်အောက် ကျန်းမာတဲ့လူတွေဟာ ဗိုက်တာမင်-ဒီကို နေ့စဥ်လိုအပ်ချက်ထက်ပိုပြီး ဖြည့်စွက်စားသုံးမယ်ဆိုရင် အကျိုးအာနိသင် ပိုမိုမရရှိနိုင်ဘူးလို့ US Endocrine Society က လမ်းညွှန်ဖော်ပြလိုက်ပါတယ်။
ထိုအသက်အပိုင်းအခြားမှာ ဗိုက်တာမင်-ဒီ ပုံမှန်စစ်ဆေးခြင်းမျိုးလည်း မလိုအပ်ဘူးလို့ ဖော်ပြထားပါတယ်။
အသက် ၁ နှစ်မှ ၇၀ အထိ လူတွေအတွက် နေ့စဥ်ဗိုက်တာမင်-ဒီ လိုအပ်ချက်က ၆၀၀ IU ဖြစ်ပြီး အသက် ၇၀ ကျော်ရင်တော့ ၈၀၀ IU ဖြစ်လာပါတယ်။
ဗိုက်တာမင်-ဒီ ပိုမိုလိုအပ်သူတွေက ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ အသက် ၇၅ နှစ်အထက် လူကြီးများ၊ ဆီးချိုဖြစ်နိုင်ခြေရှိသူများ ဖြစ်ပါတယ်။
ဗိုက်တာမင်-ဒီက ကျန်းမာရေးအကျိုးကျေးဇူးများစွာနဲ့ ပတ်သက်နေပေမယ့် ဖြည့်စွက်စာတွေရဲ့ ထိရောက်မှုကတော့ ငြင်းခုံနေကြပါတယ်။
ဒါတွေနဲ့ ပတ်သက်ပြီး လေ့လာချက်များ ပြုလုပ်ပြီးနောက် အဓိကညွှန်ကြားထားတာတွေ ရှိပါတယ်။
အသက် ၇၅ နှစ်အောက် လူတွေမှာ နေ့စဥ်လိုအပ်ချက်ထက် ပိုပြီးမဖြည့်စွက်သင့်ပါဘူး။
အသက် ၁၈ နှစ်နဲ့အောက် ကလေးတွေမှာ များများဖြည့်စွက်ခြင်းဖြင့် အာဟာရ ချို့တဲ့မှုနဲ့ အသက်ရှူလမ်းကြောင်း ရောဂါကူးစက်ခြင်းတို့ကို ကာကွယ်နိုင်ဖွယ်ရှိပါတယ်။
အသက် ၇၅ နှစ်အထက် လူကြီးတွေမှာ များများဖြည့်စွက်ခြင်းဖြင့် အသက်အန္တရာယ် လျှော့ချပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်များ များများစားပေးပါက သန္ဓေသားအန္တရာယ် လျော့နည်းစေပါတယ်။
ဆီးချိုဖြစ်နိုင်ခြေရှိတဲ့သူတွေမှာ များများစားပေးခြင်းဖြင့် ဆီးချိုလက္ခဏာ လျော့ပါးသွားပါတယ်။
အသက် ၅၀ နဲ့အထက် ဗိုက်တာမင်-ဒီ လိုအပ်တဲ့လူတွေမှာ နေ့စဥ်ပမာဏနည်းနည်း လိုအပ်ပါတယ်။
Source: India Today.
#World_Health
Published 12 June 2024
#ymg #Yangon_Times #Yangon_Media_Group
နိုင်ငံတကာ ကြက်ခြေနီကော်မတီအဖွဲ့ (ICRC)က ဘက်တစ်ခုတွင်မရပ်ဘဲ အမြဲတမ်း ကြားနေအခြေအနေသာ တည်ရှိနေပြီး တစ်ခုတည်းသော ရည်ရွယ်ချက်က လူသားချင်းစာနာကူညီမှုများ ဆောင်ရွက်ရန်ဖြစ်တယ်လို့ ကော်မတီဥက္ကဌက ပြောပြလိုက်ပါတယ်။
#World_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 470 of 1181