၁၆ ဇွန် ၂၀၂၄
◼️ဆွစ်ထိပ်သီးဆွေးနွေးပွဲကို ရုရှားမပါဘဲ နိုင်ငံပေါင်း ၉၀ကျော်တက်
◼️အနာဂတ်ဆွေးနွေးပွဲများတွင် ရုရှားပါမပါ မသေမချာ
◼️အဆုံးသတ်ပူးတွဲကြေညာချက်အပေါ် အချို့နိုင်ငံများက မကြိုက်
◼️ယူကရိန်းက ရုရှား ရာဇသံကို ပယ်ချ
◼️ရုရှားက ဆွေးနွေးပွဲအတွက်အသင့် သို့သော် အာမခံပေးသူများလိုအပ်ဟုပြော
ဆွစ်ထိပ်သီးဆွေးနွေးပွဲတွင် ဇွန် ၁၆ ရက် တနင်္ဂနွေနေ့က အနောက်အင်အားကြီးနိုင်ငံများနှင့် အခြားနိုင်ငံ များက ယူကရိန်း၌ဖြစ်ပွားနေသည့် စစ်ပွဲကို မည်သို့အဆုံးသတ်မည်ဆိုသည့်အပေါ် အများသဘောတူညီ ချက်တစ်ခုရရှိရန် တွန်းနေသော်လည်း အချို့နိုင်ငံများက အပြီးသတ်ကောက်ချက်များကို ထောက်ခံရန် ငြင်းဆန်ဖွယ်ရှိကောင်းရှိနိုင်သဖြင့် မသေမချာမရေရာဖြစ်နေပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇီလင်စကီး တောင်းပန်ချက်အရ နိုင်ငံပေါင်း ၉၀ ကျော်ဟာ ဆွစ်ဇာလန် နိုင်ငံ ဆွစ်အယ်လ်ပိုင်း အပန်းဖြေစခန်းမှာကျင်းပတဲ့ နစ်ရက်ကြာဆွေးနွေးပွဲတက်ရောက်နေပါတယ်။
ရုရှားကို မဖိတ်ကြားခဲ့သလို ရုရှားကလည်း သူတက်မှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းငြင်းဆန်ထား ခဲ့ပါတယ်။ ရုရှားက ဒီထိပ်သီးနွေးနွေးပွဲမှာ အချိန်သက်သက်ဖြုန်းတာတစ်ခုလို့ပြောပါတယ်။ တရုတ်နိုင်ငံ ကလည်း ဒီပွဲကိုမတက်ခဲ့ပါဘူး။
ဒီကွန်ဖရင့်ဟာ မဟာမိတ်တွေဆီက ယူကရိန်းဟာ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံမှုရနေဆဲဆိုတာနှင့် ရှည်ကြာနေတဲ့အပစ်အခတ်ရပ်စဲရေး စိန်ခေါ်မှုတွေကို ပြသနေပါတယ်။ အနောက်ရဲ့အကူအညီတွေ နှောင့်နှေးခဲ့လို့ ယူကရိန်းတပ်တွေဟာ အရှုံးနှင့်ရင်ဆိုင်နေရပြီး ရုရှားဟာယူကရိန်းရဲ့ ၂၀ရာခိုင်နှုန်းခန့်ကို ယခုထိန်းချုပ်ထားပါတယ်။
ရိုက်တာသတင်းဌာနကရရှိတဲ့ ဇွန်၁၃ရက်စွဲပါ ငြိမ်းချမ်းရေးမူကြမ်းမှာ ဇာပိုရစ်ဇား နျူကလီးယားစက်ရုံ ယူကရိန်းထိန်းချုပ်ဖို့ နှင့် ယင်းရဲ့ အာဇော့ပင်လယ်ဆိပ်ကမ်းကို ပြန်ပေးဖို့တောင်းဆိုထားပါတယ်။
ဒါပေမယ့် စစ်ပွဲအပြီးမှာ ယူကရိန်းဟာဘယ်လိုပုံစံရှိမလဲ၊ နေတိုးမဟာမိတ်အဖွဲ့ ဝင်နိုင်မှာလား နှစ်ဖက် တပ်တွေ ဘယ်လိုဆုတ်ကြမလဲဆိုတာတွေကို ချန်လှပ်ထားခဲ့ပါတယ်။
ဆွေးနွေးပွဲရဲ့ သဘောထားကြေညာချက်စာတမ်းဟာ တစ်ခဲနက်ထောက်ခံမှုရဖို့ မဖြစ်နိုင်လောက်ဘူးလို့ ဩစတြီးယား အဓိပတိ ကာလ်နီဟာမာက ပြောပါတယ်။
ယခုကျင်းပနေတဲ့ ထိပ်သီးဆွေးနွေးပွဲကနေ ဒုတိယအကြိမ်ဆွေးနွေးပွဲကျင်းပမယ့် နိုင်ငံကြေညာကောင်း ကြေညာနိုင်ပါတယ်။ ဆော်ဒီအာရေဗျဖြစ်ဖို့များတယ်လို့ သူကပြောပါတယ်။အဲဒီမှာလုပ်မယ့်ဆွေးနွေးပွဲ ဟာ ဘယ်လိုပုံစံဖြစ်မလဲ ရုရှားပါလာမှာလားဆိုတာလည်း ပြောဖို့စောသေးတယ်လို့ သူကပြောပါတယ်။
“ကျွန်တော့်အမြင်ပြောရရင် ပူးတွဲကြေညာချက်မှာ လူတိုင်းကတော့ လက်မှတ်ထိုးကြမှာမဟုတ်ဘူး။ စကားလုံးတွေရွေးချယ်မှုအပေါ် မေးခွန်းတွေထုတ်နေကြတယ်။ လူတိုင်းလက်မှတ်မထိုးပေမယ့် အားလုံး ရဲ့တူညီတဲ့ရပ်တည်ချက်က စစ်ပွဲဟာ အဆုံးသတ်ရမယ် ဆိုတာပဲ” လို့ သူကပြောပါတယ်။
အမေရိကန်ဒုသမ္မတ ကာမာလာဟာရစ်၊ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးနှင့် ပြင်သစ်သမ္မတ အီမန်နျူယယ် မာခရွန်တို့ဟာဘာဂျင်စတော့ခ် တောင်ပေါ်စခန်းမှာ စုရုံးကြပြီး စစ်ပွဲပြီးဆုံးရေဥးအတွက် နိုင်ငံတကာ ထောက်ခံမှုများလာအောင် စည်းရုံးနေတာဖြစ်ပါတယ်။
အနောက်ခေါင်းဆောင်တော်တော်များများက ကျူးကျော်မှုကိုရှုတ်ချပြီး ရုရှားသမ္မတ ပူတင်ရဲ့ ငြိမ်းချမ်းရေးအတွက် ယူကရိန်းရဲ့အစိတ်အပိုင်းတွေတောင်းဆိုတာကို ပယ်ချခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာကတော့က အပြီးသတ်ပူးတွဲကြေညာချက်ကို တနင်္ဂနွေ နေ့နှောင်းပိုင်းမှာ ထုတ်ပြန်မယ်လို့သတင်းထောက်တွေကိုပြောပြီး ကြေညာချက်ပါစာသားတွေဟာ မျှတ မှုရှိကြောင်းပြောပါတယ်။
အချို့ခေါင်းဆောင်တွေကတော့ စောစောပြန်သွားကြပါတယ်။ တနင်္ဂနွေနေ့မှာ သူတို့ဟာ နျူကလီး ယားနှင့် စားနပ်ရိက္ခာလုံခြုံရေး၊စစ်အကျဉ်းသားများပြန်လွှဲရေးနှင့် ပဋိပက္ခအတွင်းမှ ကလေးငယ်များကို ဖယ်ထုတ်ရေးတွေပါဝင်ဖို့ ဦးတည်နေပါတယ်။
“ ငြိမ်းချမ်းရေးဖိုရမ်တက်တဲ့တစ်ယောက်မှ သူ့ကိုယ်သူဘာလုပ်နေသလဲ ဘယ်အခန်းကဏ္ဍကပါနေသလဲ ဆိုတာ သေသေချာချာမသိကြဘူး” လို့ ရုရှားသမ္မတဟောင်း ယခုရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ လုပ်နေတဲ့ ဒီမစ်ထရီ မက်ဗီဒေါ့က ပြောပါတယ်။
အိမ်ရှင်အဖြစ်ကျင်းပတဲ့ ဆွစ်ဇာလန်ကိုယ်၌က ဝေဖန်မှုတွေရင်ဆိုင်နေရပါတယ်။ ဆွစ်ဇာလန်ရဲ့ လက်ယာပါတီ ဆွစ်ပြည်သူ့ပါတီ(အက်စ်ဗွီပီ)က နီလ်ဖက်ရှာဟာ ရုရှားရုပ်သံ Russia Today မှာ ပေါ် လာပြီး ယခုထိပ်သီးဆွေးနွေးပွဲကို “ ဟာသ” ကြီးလို့ ပြောလိုက်ပါတယ်။
ဒီဆွေးနွေးပွဲဟာ ဆွစ်ဇာလန်ရဲ့ ကြားနေရပ်တည်ချက်ကို လျော့ပါးအောင်လုပ်ပစ်လိုက်တာပဲလို့ သူက ဝေဖန်လိုက်ပြီး ရုရှားဟာ စားပွဲမှာ ထိုင်ခုံတစ်နေရာရရမယ်လို့လည်းပြောလိုက်ပါတယ်။
Source Reuters

၁၆ ဇွန် ၂၀၂၄
တရုတ်နိုင်ငံမှ ပုဂ္ဂလိက အာကာသကုမ္ပဏီတစ်ခုဟာ ထိုင်းတက္ကသိုလ်တစ်ခုနှင့် ပုးပေါင်းပြီး ပတ်လမ်းနိမ့် ဂြိုဟ်တု အင်တာနက် လှိုင်းကျယ်ဆက်သွယ်ရေး ကွန်ယက်တစ်ခုကို ထိုင်းနိုင်ငံမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။
ဒါဟာ တရုတ်နိုင်ငံရဲ့ ပတ်လမ်းနိမ့် လှိုင်းကျယ် ဂြိုဟ်တုအင်တာနက်စနစ်တစ်ခုကို နိုင်ငံရပ်ခြားမှာ ပထမဦးဆုံးအဖြစ် စမ်းသပ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
Source CCTV+
ဂျပန်-အမေရိကန် မဟာမိတ် ပိုမိုပတ်သက်လာခြင်းအပြင် စစ်ရေးကိရိယာများနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်လာခြင်းက ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်လာစေလိမ့်မယ်လို့ ဂျပန်လူမျိုး ကျွမ်းကျင်သူတစ်ဦးက ပြောပြလိုက်ပါတယ်။
ဂျပန်နဲ့ အမေရိကန် အစိုးရတို့မှ ကျင်းပတဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ မှီငြမ်းတတ်မြောက်ရေးနဲ့ ရေရှည်တည်တံ့ရေး (DICAS)ဖိုရမ်ကို အင်္ဂါနေ့မှာ နိဂုံးချုပ်ခဲ့ပါတယ်။
#World_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 15 June 2024
၁။ "အပြည်ပြည်ဆိုင်ရာသင်္ဘောသားနေ့" အခမ်းအနား ကျင်းပမည်၊ စုပေါင်းသွေးလှူဒါန်းပွဲပါပါဝင်
၂။ လယ်ယာသုံးစက်ကိရိယာဝယ်ယူမည့် တောင်သူလယ်သမား တစ်ဦးလျှင် ကျပ်သိန်း ၇၀၀ အထိ ချေးငွေချထားပေးရန် စီစဉ်နေ
၃။ ဧရာဝတီတိုင်းမှ အုန်းသီးများ ဈေးကွက်အတွင်း ဝယ်လိုအား ကောင်းနေ
၄။ ဂျပန်နှင့် အမေရိကန်စစ်ရေးပူးပေါင်းမှု မြှင့်တင်ဆောင်ရွက်လာခြင်းသည် ဒေသတွင်း တည်ငြိမ်မှုပျက်ပြားရေးဆီ ဦးတည်နေဟု ဂျပန်ပညာရှင်သုံးသပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
Published 15 June 2024
ယူကရိန်းအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်တယ်ဆိုရင် ရုရှားဆီမှာ အညံ့ခံရမယ်လို့ သမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၁၄ ရက်နေ့မှာ ပြောကြားလိုက်သဖြင့် ယူကရိန်းနဲ့ အနောက်တိုင်းတို့ အမျက်ဒေါသထွက်စရာ ဖြစ်ခဲ့ကာ ပြင်းပြင်းထန်ထန် အပြစ်တင်လိုက်ပါတယ်။
ဆွစ်ဇာလန်မှာ ပြုလုပ်မယ့် ယူကရိန်း ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကြီး မတိုင်ခင်နေ့မှာ ပူတင်က မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပြီး ယူကရိန်းအနေနဲ့ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကနေ လုံးဝတပ်ဆုတ်ခွာပြီး နေတိုး(NATO)အဖွဲ့ဝင်အဖြစ် လျှောက်ထားခြင်းမှ ပြန်ရုပ်သိမ်းမှသာ ရုရှားဘက်က စစ်ဆင်ရေး ရပ်တန့်မှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
နှစ်နိုင်ငံဟာ စစ်ပွဲပဋိပက္ခဖြစ်နေတာ ၂ နှစ်ကျော် ကြာနေပြီဖြစ်ပြီး တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှု မလုပ်ဖူးသေးပါဘူး။
ခရိုင်းမီးယားကျွန်းဆွယ် အပါအဝင် ယူကရိန်းပိုင် နယ်မြေအဖြစ် နိုင်ငံတကာမှာပါ အသိအမှတ်ပြုထားတဲ့ နေရာတွေကနေ ရုရှားလုံးဝ ဆုတ်ခွာဖို့ကို ယူကရိန်းက တောင်းဆိုထားပါတယ်။
ပူတင်ရဲ့ ရာဇသံက အဒေါ့ဖ်ဟစ်တလာကိုတောင် ပြန်လည် အမှတ်ရစေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက ပြောပါတယ်။
ရုရှားဟာ ယူကရိန်းရဲ့ နယ်မြေ ၄ ခုကို သိမ်းပိုက်ခဲ့ပြီလို့ ၂၀၂၂ တုန်းက ကြေညာခဲ့ပေမယ့် တစ်ခုမှ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိပါဘူး။
ယူကရိန်းအနေနဲ့ တပ်ဆုတ်ပြီး နေတိုးထဲဝင်မယ့် အစီအစဥ်ကို ပြောင်းလဲဖို့ အသင့်ဖြစ်ပြီဆိုပါက ချက်ချင်းအပစ်အခတ် ရပ်စဲပြီး စတင်ဆွေးနွေးသွားမယ်လို့ ပူတင်က ဆိုပါတယ်။
ရုရှားဟာ ယူကရိန်း ကြားနေရေး၊ ဘက်လိုက်မတည်ရှိရေး၊ နျူကလီးယား မတည်ရှိရေး၊ စစ်တပ် မတည်ရှိရေးနဲ့ နာဇီဝါဒ မရှိရေးတို့ကို အလိုရှိတယ်လို့ ပြောပြသွားပါတယ်။
Source: CNA
#World_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 15 June 2024
ဖလော်ရီဒါမှ အမျိုးသားတစ်ဦး ခပ်ပြင်းပြင်းနှာချေလိုက်ရာ အူများထွက်လာတာကို ခွဲစိတ်ဆရာဝန်တွေက အောင်မြင်စွာ ပြန်ထည့်ပေးနိုင်ခဲ့ပါတယ်။
အသက် ၆၃ နှစ်ရှိ ထိုလူဟာ ဒီမတိုင်ခင်က ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခဲ့ပြီး ဝမ်းဗိုက်ခွဲစိတ်မှု ခံယူခဲ့ရပါတယ်။
ထိုမနက်မှာ ယင်းတို့ဇနီးမောင်နှံက နံနက်စာစားနေရင်း အမျိုးသားက ချောင်းတွေဆိုးပြီးနောက် အားပြင်းပြင်း နှာချေလိုက်ရာ ခွဲစိတ်ထားတဲ့နေရာမှ အူများအခွေလိုက် ထွက်လာခဲ့ပါတယ်။
ဇနီးက လူနာတင်ကားခေါ်လိုက်ပြီး အမျိုးသားက သူ့ရဲ့အူတွေကို အင်္ကျီဖြင့် ဖုံးအုပ်ထားခဲ့ပါတယ်။
ထိုနေရာသို့ ဆေးပညာရှင်များ ရောက်ရှိလာချိန်မှာ ထောင်လိုက် ၃ လက်မရှိတဲ့ ခွဲစိတ်ကြောင်းကနေ အူတွေထွက်နေပါတယ်။
အနည်းငယ် သွေးထွက်နေခဲ့ကာ အနီးနားရှိ ဆေးခန်းသို့ အလျင်အမြန် သွားရောက်ခဲ့ပါတယ်။
ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ဆရာဝန်တွေက ထွက်နေတဲ့ အူတွေကို ဝမ်းဗိုက်ထဲသို့ အောင်မြင်စွာ ပြန်ထည့်နိုင်ခဲ့ပြီး အူသိမ်တစ်ခုလုံးကို ကြည့်ရှုစစ်ဆေးရာ ဒဏ်ရာဒဏ်ချက် မရှိခဲ့ပါဘူး။
နောက်တစ်ကြိမ် ပွင့်ထွက်လာတာမျိုး မဖြစ်စေရန် ၈ ချက်ချုပ်ခဲ့ကြပါတယ်။
အကိုက်အခဲပျောက်ဆေးများဖြင့် တဖြည်းဖြည်းနဲ့ သက်သာလာခဲ့ပြီး ဆေးရုံမှာ ၆ ရက်နေပြီးနောက် ပုံမှန်အတိုင်း ပြန်စားသောက်နေပါပြီ။
Source: New York Post.
#World_Health
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group

Page 468 of 1181