Published 15 June 2024
ပုရွက်ဆိတ်တွေက အရွယ်အစား အလွန်သေးငယ်ပေမယ့် သူတို့ရဲ့ အနံ့ခံအာရုံစနစ်မှာ အနံ့လက်ခံဆဲလ် ၄၀၀ လောက်ရှိပါတယ်။
အဆိုပါ လက်ခံဆဲလ်တွေက ပုရွက်ဆိတ်မျိုးတူချင်း ဆက်သွယ်တဲ့ ဓာတုပစ္စည်း ဖီရိုမုန်းတွေကတဆင့် ချိတ်ဆက်နိုင်တာ ဖြစ်ပါတယ်။
ပုရွက်ဆိတ်များရှိ အနံ့အာရုံနျူရွန်တွေရဲ့ လုပ်ဆောင်ချက်နဲ့ အသက်ရှင်သန်မှုပိုင်းမှာ အော်ကိုလို့ခေါ်တဲ့ ပရိုတိန်းရဲ့ အရေးပါပုံကို နယူးယော့ခ်တက္ကသိုလ်နဲ့ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသီများက လေ့လာဖော်ပြခဲ့ပါတယ်။
အော်ကိုက လက်ခံဆဲလ်များ ကြီးထွားမှုနဲ့ ထိန်းသိမ်းရေးတို့မှာ မရှိမဖြစ် အရေးပါတယ်လို့ တွေ့ရှိလာပါတယ်။
ပုရွက်ဆိတ်တွေဟာ လူသားတွေလိုပဲ ပေါင်းသင်းဆက်ဆံရေး မြင့်မားပြီး ပူးပေါင်းဆောင်ရွက်တတ်ကြတယ်လို့ သုတေသန ပြုစုသူ ဟွာယန်းက ပြောပြပါတယ်။
အဆိုပါ လက်ခံဆဲလ်နျူရွန်များ လုပ်ဆောင်ချက် ပျက်စီးပါက အနံ့ခံအာရုံ ချို့ယွင်းသွားပြီး ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ ထိခိုက်လာပါတယ်။
သုတေသီတွေက CRISPR နည်းပညာဖြင့် အော်ကိုမျိုးဗီဇတွေကို ဆင့်ကဲပြောင်းလဲစေပါတယ်။
ဒီနောက် ထိုပုရွက်ဆိတ်တွေရဲ့ အနံ့ခံအင်္ဂါတွေမှာ ပြောင်းလဲစေတဲ့အခါမှာ မျိုးတူချင်း ဆက်သွယ်ဖို့ အခက်အခဲရှိတာကို မြင်တွေ့ရပါတယ်။
လေ့လာချက်အရ အော်ကိုချို့ယွင်းတဲ့ ပုရွက်ဆိတ်တွေဟာ အနံ့ခံနျူရွန်အများစုပါ ပျောက်ဆုံးနေတာကို တွေ့ရှိရပါတယ်။
အနံ့ခံဆဲလ်တွေက အော်ကိုအဖြစ်သို့ မပြောင်းလဲနိုင်တဲ့အခါ စောစီးစွာ နျူရွန်သေဆုံးခြင်း ဖြစ်ပေါ်လာပါတယ်။
အော်ကိုမရှိတဲ့အခါ အနံ့ခံဆဲလ်တွေက ပြည့်စုံစွာ မဖွံ့ဖြိုးတော့ဘဲ သေဆုံးလာစေပါတယ်။
Source: WION
#World_Science
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
မက္ကဆီကိုမှာ ဆယ်စုနှစ်များအတွင်း မိုးခေါင်ရေရှားမှု အဆိုးဆုံးအခြေအနေ ကြုံတွေ့နေရကာ ရေလှောင်ကန်တွေမှာ စံချိန်တင်လောက်အောင် ရေပမာဏနည်းပါးနေသဖြင့် လူဦးရေ ၂၁ သန်းရှိတဲ့ မက္ကဆီကိုစီးတီးမြို့ကြီးမှာ ရေရှားပါးမှုပြဿနာ ဖြစ်နေပါတယ်။
#World_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 14 June 2024
အိန္ဒိယမှ နာမည်ကျော် မဆလာဟင်းခတ်အမွှေးအကြိုင် အမှတ်တံဆိပ်များဖြစ်တဲ့ MDH နဲ့ ဧဝရတ်(Everest)တို့ရဲ့ ထုတ်ကုန်အချို့ကို စမ်းသပ်ပြီးနောက် စားသုံးရန် ဘေးကင်းစိတ်ချရမှု မရှိဘူးလို့ အိန္ဒိယပြည်နယ် ရာဂျက်စ်ထန်က ဖက်ဒရယ်အစိုးရထံ အသိပေးစာစောင် ပေးပို့ခဲ့ပါတယ်။
ထိုပစ္စည်းတွေဟာ ကျန်းမာရေးအတွက် သန့်ရှင်းမှုမရှိဘူးလို့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီးနောက် ပြည်တွင်းမှာရော ပြည်ပမှာပါ စစ်ဆေးစိစစ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဧပြီလတုန်းက ဟောင်ကောင်မှာ MDH ကထုတ်လုပ်တဲ့ ဟင်းခတ်မှုန့် ၃ မျိုးနဲ့ ဧဝရတ်ကထုတ်တဲ့ ဟင်းခတ်မှုန့် ၁ မျိုးတို့ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ပေါင်းသတ်ဆေး အီသိုင်လင်းအောက်ဆိုဒ် မြင့်မားစွာ ပါဝင်ကြောင်း ထုတ်ဖော်ခဲ့ကာ ရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ပြီးနောက်မှာတော့ အိန္ဒိယနဲ့ အခြားဈေးကွက်တွေမှာလည်း သက်ဆိုင်ရာ ကွပ်ကဲရေးအဖွဲ့တွေက စစ်ဆေးလာကြပါတယ်။
စင်္ကာပူမှာလည်း ဧဝရတ်ဟင်းခတ်မှုန့်အရော တစ်မျိုးကို ပြန်သိမ်းဖို့ ညွှန်ကြားခဲ့ကာ နယူးဇီလန်၊ အမေရိကန်၊ ဩစတြေးလျတို့ကလည်း ဒီကိစ္စကို လေ့လာစစ်ဆေးနေပါတယ်။
ဗြိတိန်ကတော့ အိန္ဒိယမှဝင်လာတဲ့ ဟင်းခတ်အမွှေးအကြိုင်အားလုံးကို ဆင့်ကဲထိန်းချုပ်မှုများ ချမှတ်လာပါတယ်။
အိန္ဒိယဟာဆိုရင် ကမ္ဘာပေါ်မှာ ဟင်းခတ်အမွှေးအကြိုင်နဲ့ ပတ်သက်ပြီး တင်ပို့မှု၊ ထုတ်လုပ်မှု၊ သုံးစွဲမှုတို့မှာ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
ရာဂျက်စ်ထန်ပြည်နယ်က ဟင်းခတ်မှုန့် အမျိုးအစားပေါင်းများစွာကို စစ်ဆေးခဲ့ရာ ဧဝရတ်ရဲ့ ထုတ်ကုန်တစ်မျိုးနဲ့ MDH မှ ၂ မျိုးတို့ဟာ စိတ်ချရခြင်း မရှိဘူးလို့ တွေ့ရှိခဲ့ကြောင်း အကြီးတန်း ကျန်းမာရေးမှူး ရှုဘရာဆင်းက အိန္ဒိယအစားအစာ ဘေးကင်းရေးနှင့် စံချိန်စံညွှန်းအာဏာပိုင်(FSSAI)သို့ သီးသန့်စာ ပေးပို့ခဲ့ပါတယ်။
MDH နဲ့ ဧဝရတ်တို့က အိန္ဒိယမှ အကျော်ကြားဆုံး ဟင်းခတ်မှုန့်တံဆိပ်တွေထဲမှာ ပါဝင်ပြီး ဥရောပ၊ အာရှ၊ မြောက်အမေရိကတို့မှာလည်း ရောင်းချနေရကာ ယင်းတို့ရဲ့ ထုတ်ကုန်တွေက စားသုံးရန် စိတ်ချရတယ်လို့ ဆိုထားပါတယ်။
အစိုးရရဲ့ တွေ့ရှိချက်နဲ့ ပတ်သက်ပြီး ဧဝရတ်က အီးမေးလ်ဖြင့် ဖြေကြားရာမှာ ထုတ်လုပ်ထုပ်ပိုးမှု လုပ်ငန်းစဥ်များအတွင်း ပေါင်းသတ်ဆေး ထည့်သွင်းခြင်းမရှိဘူးလို့ ဆိုပါတယ်။
ရာဂျက်စ်ထန်ပြည်နယ် အာဏာပိုင်များက ထုတ်ကုန်ဘေးကင်းမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်များဖြင့် ၁၂၀၀၀ ကီလိုဂရမ်ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးကို သိမ်းဆည်းခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယရဲ့ ပြည်တွင်းဟင်းခတ်မှုန့် ဈေးကွက်က ၂၀၂၂ မှာ ဒေါ်လာ ၁၀.၄၄ ဘီလီယံ ရှိခဲ့ပါတယ်။
Source: Reuters
#World_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 14 June 2024
XPrize အဖွဲ့အစည်း တည်ထောင်သူ အသက် ၆၃ နှစ်ရှိ မီလျံနာ ပီတာဒိုင်းမန်းဒစ်က အိပ်စက်ခြင်းဟာ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ယုံကြည်ထားပါတယ်။
ယင်းက ညဘက် ကောင်းစွာအိပ်စက်နိုင်မယ့် အချက်များကို မျှဝေသွားပါတယ်။
ပထမအချက်က Oura လက်စွပ် ဝတ်ဆင်သင့်တယ်လို့ ဆိုပါတယ်။
ဒေါ်လာ ၃၀၀ တန် ထိုလက်စွပ်ဟာ ဝတ်ဆင်သူတွေရဲ့ လှုပ်ရှားမှုတွေ၊ အပူချိန်၊ နှလုံးခုန်နှုန်းတို့ကို တစ်နေ့တာလုံး တွက်ချက်ပေးနေသလို ဘယ်လောက် ကောင်းကောင်းအိပ်ရသလဲဆိုတာ စောင့်ကြည့်ပေးပါတယ်။
ဒုတိယအချက်က အိပ်စက်ဖို့အတွက် အကောင်းဆုံး အခြေအနေ ဖန်တီးခြင်းပါ။
အိပ်ခန်းကို အေးမြအောင် ထိန်းသိမ်းခြင်းက ကောင်းစွာ အိပ်စက်နိုင်စေမှာ ဖြစ်ပါတယ်။
ဒေါ်လာ ၂၅၅၀ တန် အိပ်ရာက ညဘက်မှာ အပူချိန် အေးမြစေပြီး မနက်ထတဲ့အချိန်မှာ နွေးထွေးစေပါတယ်။
တတိယအချက်က မျက်လုံးအကာ ဝတ်ဆင်ပြီး အိပ်စက်ခြင်းပါ။
ဒိုင်းမန်းဒစ်ကတော့ ၃၅ ဒေါ်လာတန် Manta မျက်လုံးအကာကို ဝတ်ဆင်ပါတယ်။
ထိုပစ္စည်းက ဝင်လာသမျှ အလင်းအားလုံးကို ပိတ်ပင်ပေးပါတယ်။
စတုတ္ထအချက်က သွားဖုံးကာ တပ်ဆင်ပြီး အိပ်စက်ခြင်းပါ။
ထိုကိရိယာက မေးရိုးကိုအနည်းငယ် ပင့်တင်ပေးထားပြီး အသက်ရှူလေဝင်ပေါက်ကို ဟပေးထားတာကြောင့် ဟောက်ခြင်းကို ကာကွယ်ပေးပါတယ်။
နောက်ဆုံးအချက်က အိပ်ချိန်ပုံမှန်အတိုင်း သတ်မှတ်ဖို့ပါ။
ညစဉ် အိပ်ရာကို စောစောဖြင့် ပုံမှန်အတိုင်း အိပ်စက်ပေးပါက အကောင်းမွန်ဆုံး အိပ်ချိန်ရရှိစေမှာ ဖြစ်ပါတယ်။
Source: New York Post
#World_Health
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
တရုတ်ပြည်မှ ကုန်တင်ကားတွေမှာ အလိုအလျောက် မောင်းနှင်စနစ်များ တပ်ဆင်လာရာ ထရပ်ကားယာဥ်မောင်းများနဲ့ လုပ်ငန်းမှလူများအတွက် အကျိုးကျေးဇူးများစွာ ရှိလာပြီး လောင်စာဆီ သက်သာခြင်း၊ လမ်းပန်းအန္တရာယ် ကင်းရှင်းရေး၊ ဝင်ငွေအခွင့်အလမ်း တိုးတက်ရေးတို့မှာ အကျိုးရှိလာပါတယ်။
#Asia_Technology
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 13 June 2024
၁။ မိုးရာသီခရီးစဉ်အဖြစ် လမ်းပန်းဆက်သွယ်ရေးကောင်းသည့် လှည်းကူးရှိ လယ်တောအိမ် Farm များသို့ လည်ပတ်နိုင်
၂။ နာနတ်သီး လက်လီဈေးကောင်းသော်လည်း တောင်သူများ ဈေးမရဖြစ်နေ
၃။ ဂျင်းနု ဥမပေါ်ချိန် ရောက်ရှိလာသောကြောင့် ဂျင်းအခက်ဈေး တစ်ပိသာ ၈၀၀၀ကျပ် ဝန်းကျင်မှာသာ ရှိနေ
၄။ တရုတ်နိုင်ငံတွင် အလိုအလျောက်မောင်းစနစ် ကုန်တင်ကားများ အသုံးပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
Published 13 June 2024
ဦးနှောက်မှတ်ဉာဏ်နေရာအတွင်း လုပ်ဆောင်နေတဲ့ နျူရွန်အာရုံကြောမျှင်များဟာ လူတွေအိပ်နေတဲ့အချိန်မှာ ယခင်ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်စဥ်းစားတာမျိုးအပြင် အနာဂတ်မှာ ဖြစ်လာမယ့် အဖြစ်အပျက်တွေကိုလည်း ပြင်ဆင်နေနိုင်ဖွယ်ရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
မီချီဂန်တက္ကသိုလ်မှ သုတေသီအဖွဲ့က ကြွက်တွေ အိပ်နေစဥ်နဲ့ နိုးကြားနေချိန်တို့မှာ ဦးနှောက်လှိုင်းများကို တိုင်းတာစစ်ဆေးခဲ့ကြပါတယ်။
ကြွက်များကို ဝင်္ကပါစမ်းသပ်ချက် မပြုလုပ်ခင်၊ ပြုလုပ်နေစဥ်နဲ့ ပြုလုပ်အပြီးတို့မှာ တိုင်းတာခဲ့ကြပြီး အာရုံကြောဆဲလ်များကို အကဲဖြတ်ခဲ့ကြပါတယ်။
ထိုအခါမှာ ဝင်္ကပါထဲက ကြွက်တွေ ရှာဖွေစူးစမ်းပြီးသား နေရာတွေကို အိပ်မက်မက်ရုံမက အိပ်နေစဥ်မှာ လမ်းအသစ်တွေကိုပါ ကြိုးပမ်းရှာဖွေနေကြတာကို တွေ့ရှိခဲ့ကြပါတယ်။
ဒါဟာ အချို့သော နျူရွန်တွေနဲ့ နေရာများကြား ဆက်စပ်မှုရဲ့ အဓိကရလဒ်များဖြစ်ပြီး အိပ်ပျော်နေတဲ့ ဦးနှောက်ပါ ပါဝင်လာတာ ဖြစ်ပါတယ်။
အိပ်စက်ခြင်းက မှတ်ဉာဏ်ဖြစ်ပေါ်မှုပိုင်းကို ကူညီထောက်ပံ့တယ်လို့ သိရှိထားကာ ယခုလေ့လာချက်အရ လူသားဦးနှောက်မှာလည်း အလားတူ ဖြစ်ပေါ်နိုင်ဖွယ်ရှိပြီး အနာဂတ်မှာ ဖြစ်လာမယ့် အဖြစ်အပျက်တွေအတွက် ကြိုတင်ပြုလုပ်တာမျိုး ဖြစ်လာနိုင်ပါတယ်။
Source: WION.
#World_Science
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 469 of 1181