#World_Health
Published10 June 2024
▪️ ရယ်မောခြင်းက အကောင်းဆုံးဆေးတစ်ခွက် ဆိုပေမယ့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ ဆေးရုံရောက်ခဲ့ရပါတယ်။
▪️ မစ္စတာ ရှရမ်လို့ အမည်လွှဲပြောင်းဖော်ပြထားတဲ့ လူနာဟာလက်ဖက်ရည်သောက်ပြီး ဟာသအစီအစဥ်တစ်ခု ကြည့်နေရင်း အချိန်မိနစ်များကြာတဲ့အထိ ရယ်မောနေခဲ့ရာ မေ့လဲသွားခဲ့တယ်လို့ အာရုံကြောဆရာဝန် ဆုဒီယာကူမာက X ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
▪️ ဆေးရုံသို့ အားချင်းပို့ဆောင်ရာမှာ ဆရာဝန်တွေက ဒါဟာ အရယ်လွန်ခြင်း အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ မစ္စတာ ရှရမ် ဆေးရုံတက်ကုသပြီး မိနစ်အနည်းငယ်အကြာမှာ သတိပြန်ရလာခဲ့ပြီး ဖြစ်ခဲ့တာတွေကို မမှတ်မိဘူးလို့ ဆိုပါတယ်။
▪️ ဒီလိုရှားပါး အခြေအနေက အရယ်လွန်ခြင်း၊ ကြာရှည်စွာ မတ်တပ်ရပ်ခြင်း၊ အလွန်အမင်း အားစိုက်ထုတ်ခြင်းတို့ ပြုလုပ်တဲ့အခါ ဖြစ်ပေါ်တတ်တယ်လို့ ဒေါက်တာကူမာက ပြောပြပါတယ်။
▪️ ဦးနှောက်သို့ သွေးစီးဆင်းမှုလျော့နည်းတာမျိုး မဖြစ်စေဖို့ ရေဓာတ်ဖြည့်ပေးရန်၊ မူးဝေတဲ့အခါ လဲလျောင်းနေဖို့ လူနာကို ညွှန်ကြားခဲ့ပါတယ်။
▪️ အလွန်အမင်း ရယ်မောတဲ့အခါ ဦးနှောက်သို့ သွေးရောက်ရှိမှု ရုတ်တရက်လျော့နည်းသွားပြီး ခဏတာသတိလစ်သွားတတ်ပါတယ်။
▪️ ဒီလိုအခြေအနေက သိပ်ပြီးဖြစ်လေ့မရှိဘဲ နှလုံးရောဂါအခံနဲ့ အာရုံကြောပြဿနာ ရှိသူတွေမှာတော့ ဖြစ်တတ်ပါတယ်။
▪️ မူးဝေ ခေါင်းကိုက်တာမျိုး ခံစားရပြီးနောက် သတိလစ်သွားတတ်ပါတယ်။
▪️ ရယ်မောရင်း ဒီလိုလက္ခဏာတွေကို သတိထားမိတယ်ဆိုရင် ဆက်မရယ်တော့ဘဲ လဲလျောင်းကာ ခြေထောက်တွေကို မြှောက်ပြီး အသက်ပြင်းပြင်း ရှူသင့်ပါတယ်။
#Source: India Today
#World_Health
Published 10 June 2024
▪️ လေယာဥ်ဖြင့်ခရီးရှည် သွားနေစဥ် အယ်ကိုဟောသောက်တဲ့သူတွေမှာ နှလုံးကျန်းမာရေးအန္တရာယ် ရှိတယ်လို့ သုတေသီများ တွေ့ရှိပြီးနောက် လေယာဥ်စီးနေစဥ် အယ်ကိုဟောကို ကန့်သတ်ဖို့ တောင်းဆိုလာကြပါတယ်။
▪️ အယ်ကိုဟော သောက်သုံးခြင်းနဲ့ လေယာဥ်သွားနေတဲ့ အမြင့်ပေရှိ ဖိအားတို့ ပေါင်းစပ်တဲ့အခါ တရေးအိပ်နေတဲ့ ခရီးသည်တွေရဲ့ နှလုံးကို ဆိုးကျိုးဖြစ်စေတယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
▪️ ငယ်ရွယ်ကျန်းမာတဲ့ သူတွေမှာပင် သွေးထဲက အောက်ဆီဂျင်နည်းစေကာ နှလုံးခုန်နှုန်းမြန်စေတယ်လို့ ဂျာမနီမှ သုတေသီများ ဆိုပါတယ်။
▪️ အသက်ကြီးပြီး ကျန်းမာရေးပြဿနာများ ရှိပြီးသားသူတွေမှာတော့ အရေးပေါ်အခြေအနေအထိ ဖြစ်နိုင်ပါတယ်။
▪️ အသက် ၁၈ နှစ်မှ ၄၀ အတွင်း လူ ၄၈ ဦးကို စမ်းသပ်ခဲ့ကြပါတယ်။
▪️ လူတစ်ဝက်ကို သာမန်ဖိအားရှိတဲ့ ဓာတ်ခွဲခန်းထဲမှာ အိပ်စေပြီး နောက်တဝက်ကိုတော့ လေယာဥ်ပျံသန်းစဥ် အမြင့်ပေမှာရှိတဲ့ ဖိအားအတိုင်း ဖန်တီးထားတဲ့ အခန်းထဲမှာ အိပ်စေခဲ့ပါတယ်။
▪️ တစ်ညကိုတော့ ဒီအတိုင်းအိပ်စေပြီး နောက်တစ်ညကိုတော့ အယ်ကိုဟော သောက်ပြီးမှ အိပ်စေပါတယ်။
▪️ အသင့်အတင့် အယ်ကိုဟော သောက်သုံးခြင်းနဲ့ လေယာဥ်စီးနေစဥ် အချိန်တို့ဟာ နှလုံးခုန်နှုန်းမြန်စေပြီး သွေးတွင်းအောက်ဆီဂျင် နည်းပါးနေပါတယ်။
▪️ အဆိုပါ ၂ ချက်စလုံးကို ပေါင်းစပ်သွားတဲ့အခါ သက်ရောက်မှုတွေက ပိုမိုမြင့်မားလာပါတယ်။
▪️ နှလုံးသွေးကြောစနစ်ကို ဖိအားသက်ရောက်စေပြီး နှလုံးနဲ့ အဆုတ်ရောဂါလက္ခဏာ ရှိသူတွေမှာ ပိုမိုဆိုးရွားလာနိုင်ဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။
▪️ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူတွေမှာ လေယာဥ်မစီးခင် ၁၂ နာရီအလိုနဲ့ စီးနေစဥ်အချိန်တို့မှာ အရက်ရှောင်ရှားသင့်တယ်လို့ အကြံပြုထားပါတယ်။
▪️ ဒီကျန်းမာရေး ပြဿနာများနဲ့ ပတ်သက်ပြီး ခရီးသည်များနဲ့ လေယာဥ်ဝန်ထမ်းများကို အသိပေးသင့်တယ်လို့ ဆိုပါတယ်။
#Source: New York Post
၉ ဇွန် ၂၀၂၄
ဂျပန် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံရဲ့ အဓိက ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီး (၅)ခုဖြစ်တဲ့ တိုယိုတာ၊ ဟွန်ဒါ၊မာဇဒါ၊ ယာမဟာနှင့်ဆူဇူကီးတို့ဟာ သူတို့ရဲ့ အမြောက်အများထုတ်လုပ်ဖို့လျှောက်ထားစဉ်အတွင်း တရားမဝင်တဲ့ မရိုး မသားဆောင်ရွက်မှုတွေပြုလုပ်ခဲ့ကြကြောင်း တွေ့ရှိဖော်ထုတ်ခဲ့ပါတယ်။
Source CCTV+
#World_Health
Published 09 June 2024
▪️ ဘော့စတွန်မှာ ကျင်းပတဲ့ ၂၀၂၄ ဟော်မုန်းဆိုင်ရာ နှစ်စဥ်ကွန်ဖရင့်မှာ အမျိုးသားဟော်မုန်း တားဆေးဂျယ်လ်အသစ်ရဲ့ ဒုတိယအဆင့် စမ်းသပ်ချက်များကို သုတေသီများက ဇွန် ၂ ရက်နေ့မှာ တင်ပြခဲ့ပါတယ်။
▪️ နက်စ်တိုရုန်းနဲ့ တက်စ်တိုစတီရုန်း ဟော်မုန်း ၂ မျိုးပေါင်းစပ်ထားတဲ့ အမျိုးသားတားဆေးဂျယ်လ်ဟာ အခြားအမျိုးသားတားဆေးတွေထက် သုတ်ပိုးထုတ်လုပ်မှုကို ဖိနှိပ်ထားနိုင်တယ်လို့ စမ်းသပ်မှာ တွေ့ရပါတယ်။
▪️ NIH မှထောက်ပံ့တဲ့ လေ့လာချက်မှာ အသက် ၁၈ နှစ်မှ ၅၀ အတွင်းရှိ အမျိုးသား ၂၂၂ ဦးဖြင့်စမ်းသပ်ကာ တားဆေးဂျယ်လ်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ဖြင့် ပခုံးရိုးကို တစ်နေ့တစ်ကြိမ်လိမ်းခိုင်းပါတယ်။
▪️ အဆိုပါ တားဆေးအသစ်က ထင်ထားတာထက် ပိုပြီးမြန်မြန်အာနိသင်ပြတယ်လို့ NIH တားဆေးထုတ်လုပ်ရေးအဖွဲ့မှ အကြီးတန်းသုတေသီ ဒီယာနာဘလစ်သ်က ပြောပြပါတယ်။
▪️ သုတ်ပိုးထုတ်လုပ်မှုကို တိုင်းတာကြည့်ရာမှာ ၄ ပတ်တာကာလအတွင်း အရေအတွက် နည်းပါးသွားပြီး ကိုယ်ဝန်ရနိုင်ခြေ လျော့နည်းသွားပါတယ်။
▪️ စမ်းသပ်ချက် ဒုတိယပိုင်းကိုတော့ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
▪️ ၁၂ ပတ်ဆက်တိုက် နေ့စဥ်ဂျယ်လိမ်းခြင်းဖြင့် ၈၆ ရာခိုင်နှုန်းသော စမ်းသပ်ပါဝင်သူတွေဟာ သုတ်ရည် ၁ မီလီလီတာမှာ သုတ်ပိုး ၁ သန်းအထိသာ ကျန်ရှိတော့ပြီး ဒါဟာ ကိုယ်ဝန်တားဖို့ သင့်လျော်တဲ့ ပမာဏအဖြစ် သုတေသီများ သတ်မှတ်ထားပါတယ်။
▪️ သာမန်ဆိုရင် သုတ်ရည် ၁ မီလီလီတာမှာ သုတ်ပိုးကောင်ရေ ၁၅ သန်းလောက်အထိ ပါဝင်ပါတယ်။
▪️ စမ်းသပ်ချက်အတွင်း ကိုယ်ဝန်တားခြင်း သက်ရောက်မှု ရရှိဖို့အတွက် ပျမ်းမျှအားဖြင့် အချိန် ၈ ပတ်ကြာမြင့်ပါတယ်။
▪️ ထိုးဆေးဖြင့် ကိုယ်ဝန်တားနည်းတွေမှာတော့ သာမန်အားဖြင့် ၉ ပတ်မှ ၁၅ ပတ်လောက်အထိ ကြာမြင့်တတ်ပါတယ်။
▪️ ဂျယ်ရဲ့ဆေးသက်ရောက်မှုက တက်စ်တိုစတီရုန်းကို ပုံမှန်ပမာဏအတိုင်း ဆက်ရှိစေပြီး လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ ပုံမှန်အတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။
▪️ ယခင်က ဆယ်စုနှစ်တွေတိုင်အောင် အမျိုးသားတားဆေးများကို အစောပိုင်းစမ်းသပ်ချက်များ ပြုလုပ်ရာမှာ ကျရှုံးမှုများ ရှိခဲ့ကာ အနည်းငယ်လောက်သာ လူသားဖြင့် စမ်းသပ်တဲ့အဆင့်သို့ ရောက်ရှိခဲ့ပါတယ်။
#Source: WION
#World_Health
Published 09 June 2024
▪️ လိင်မှုကိစ္စပြုလုပ်ခြင်းဟာ စိတ်ဖိစီးမှုခံစားနေရတဲ့ မိခင်များအတွက် အထောက်အကူ ဖြစ်စေတယ်လို့ လေ့လာချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ အော်တစ်ဇင်လက္ခဏာ ခံစားနေရတဲ့ ကလေးတွေရဲ့ မိခင်တွေမှာဆိုရင် လိင်မှုကိစ္စ ပုံမှန်ပြုလုပ်တဲ့ မိခင်တွေက ပုံမှန်မလုပ်တဲ့ သူတွေထက် ဇီဝဖြစ်ပျက်မှု ဟော်မုန်းများ မြင့်မားတာကို တွေ့ရှိရပါတယ်။
▪️ စိတ်ဖိစီးမှုရေရှည် ခံစားရခြင်းဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေနိုင်ကာ နှလုံးရောဂါ၊ ဆီးချို၊ စိတ်ဓာတ်ကျခြင်း၊ လေဖြတ်ခြင်းနဲ့ အဝလွန်ခြင်း စတဲ့ပြဿနာများ ဖြစ်လာနိုင်ပါတယ်။
▪️ လိင်မှုကိစ္စဆောင်ရွက်ခြင်းက ဖိစီးမှုပြေပျောက်စေနိုင်တဲ့ အစွမ်းသတ္တိရှိသလို အိပ်စက်မှုကိုလည်း အကျိုးရှိစေကြောင်း ဆန်ဖရန်ဆစ္စကို ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီ ယူဘင်ပါ့ခ်က ပြောပါတယ်။
▪️ အသက် ၂၀ မှ ၅၀ ကြား ကလေးမိခင်တွေကို ၇ ရက်တိုင်အောင် စစ်တမ်းမေးမြန်းကောက်ယူခြင်း၊ ဇီဝဖြစ်ပျက်မှုများ၊ ကျန်းမာရေးအချက်အလက်များ ရယူခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။
▪️ ဒီနောက် နေ့စဥ် လိင်မှုကိစ္စပြုလုပ်သလား၊ အိမ်ထောင်ရေး ကျေနပ်မှုရှိသလား၊ ကိုယ်လက်လှုပ်ရှားမှု ဘယ်လောက်ရှိလဲ ဆိုတာတွေကိုလည်း အကဲဖြတ်ခဲ့ပါတယ်။
▪️ ရက်သတ္တပတ်အကြာ ဆန်းစစ်ရာမှာ အနည်းဆုံး လိင်မှုကိစ္စ ၁ ကြိမ်ပြုလုပ်ရင် လှုပ်ရှားမှုရှိတယ်လို့ သတ်မှတ်ကာ အမျိုးသမီး ၁၀၁ ယောက်က ဆက်တိုက် လိင်မှုကိစ္စပြုတာရှိသလို ဆက်တိုက် မပြုလုပ်ကြတာလည်း ရှိပါတယ်။
▪️ အော်တစ်ဇင်လိုမျိုး ရောဂါလက္ခဏာရှိတဲ့ ကလေးမိခင်တွေက ဖိစီးမှုများကြပြီး ကျန်တဲ့မိခင်တွေကတော့ ဖိစီးမှုနည်းတယ်လို့ သတ်မှတ်ပါတယ်။
▪️ ဖိစီးမှုနဲ့ ပတ်သက်ပြီး ဇီဝဖြစ်ပျက်မှုကျန်းမာရေး ဆိုးကျိုးတွေက လိင်မှုကိစ္စ ပြုလုပ်တဲ့မိခင်တွေမှာ သိသိသာသာ လျော့နည်းသွားတာကို တွေ့ရပါတယ်။
▪️ သုတေသီတွေက ယင်းတို့ရဲ့ လေ့လာချက်များဖြင့် လိင်မှုကိစ္စပြုလုပ်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပိုမိုသိရှိလာစေရန် မျှော်လင့်နေပါတယ်။
#Source: New York Post
တရုတ်ပြည်မှချန်ဂယ်-၆အာကာသယာဥ်ဖြင့် လကမ္ဘာပေါ်မှနမူနာအရာဝတ္ထုများကို စုဆောင်းကာအဆင့်(၄)ဆင့်ဖြတ်သန်းပြီး ကမ္ဘာမြေပေါ်သို့ ပြန်လည်သယ်ဆောင်လာမည်
လကမ္ဘာအဝေးဘက်ခြမ်းမှ စုဆောင်းရရှိတဲ့ နမူနာအရာဝတ္ထုများကို ချန်ဂယ်-၆ လကမ္ဘာစူးစမ်းရေးယာဥ်ထဲမှာ အလုံပိတ်သိမ်းဆည်းပြီးနောက် ကမ္ဘာမြေပေါ်သို့ မရောက်ခင် အဆင့် ၄ ဆင့်ဖြတ်သန်းရမယ်လို့ တရုတ်နိုင်ငံ ချန်ဂယ်-၆ မစ်ရှင် ဖန်တီးသူက ဆိုပါတယ်။
#Asia_Space
Published 08 June 2024
#တရုတ်ပြည်မှချန်ဂယ်-၆အာကာသယာဥ် #လကမ္ဘာပေါ်မှနမူနာအရာဝတ္ထုများ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_08 June 2024
၁။ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန်(၁၁) ရက်နေ့ထွက်မည်၊ အင်တာနက်မရသောဒေသများကို ရေဒီယိုမှအောင်စာရင်းလွှင့်ပေးမည်
၂။ မြန်မာ့ပဲစင်းငုံ CNF ဈေးနှုန်းမြင့်လာခြင်းနှင့် ဈေးကွက်ယှဥ်ပြိုင်ရခြင်းကြောင့် ဈေးနှုန်းကျဆင်းနိုင်
၃။ စိုက်ပျိုးရေးလုပ်သားရှားပါးလာသည့်အတွက် ယခုနှစ်စိုက်ပျိုးရာသီတွင် လုပ်အားခ ယခင်ထက်သုံးဆခန့်တိုးပေးကာခေါ်ယူနေရဟုဆို
၄။ တရုတ်ပြည်မှချန်ဂယ်-၆အာကာသယာဥ်ဖြင့် လကမ္ဘာပေါ်မှနမူနာအရာဝတ္ထုများကို စုဆောင်းကာအဆင့်(၄)ဆင့်ဖြတ်သန်းပြီး ကမ္ဘာမြေပေါ်သို့ ပြန်လည်သယ်ဆောင်လာမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
Page 472 of 1181