#World_Science
Published 11 October 2024


▪️ လူနာများ ရောဂါလက္ခဏာ မပေါ်ခင်မှာပဲ အဖြစ်အများဆုံး ကင်ဆာ ၁၂ မျိုးကို တွေ့ရှိနိုင်မယ့် သွေးစစ်ဆေးနည်းတစ်မျိုးကို ဗြိတိန်ပြည်ထောင်စုအစိုးရက ချပြသွားဖွယ် ရှိပါတယ်။

 

▪️ ကင်ဆာရောဂါကနေ အသက်ရှင်ကျန်နေတဲ့ ကျန်းမာရေးမှူးချုပ် ဝက်စ်စထရိတင်းက ၅ နှစ်အတွင်း အစိုးရထောက်ပံ့ စွယ်စုံသွေးစစ်ဆေးနည်းကို ချပြသွားမှာ ဖြစ်ပါတယ်။

 

▪️ ဒီကုသနည်းက PCR စစ်ဆေးနည်းတစ်မျိုးဖြစ်ပြီး နှစ်စဉ်အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီး အသက်ရှင်နှုန်း များစေပါတယ်။

 

▪️ ဇွန်လက သွေးစစ်ဆေးနည်းတစ်ခုကို ဆရာဝန်များ အသိအမှတ်ပြုပြီးနောက် အခုလို ထုတ်လုပ်လာတာ ဖြစ်ပါတယ်။

 

▪️ ထိုစစ်ဆေးနည်းမှာ သွေးစက်အနည်းငယ် အသုံးပြုရုံဖြင့် အဆုတ်၊ ရင်သား၊ ဆီးအိမ်ကင်ဆာများ ဖြစ်နိုင်လားဆိုတာ သိရှိနိုင်ပြီး အရင်ကလို စစ်ဆေးချက်တွေကို လပေါင်းများစွာ စောင့်ဆိုင်းစရာ မလိုတာကြောင့် ဒီနည်းလမ်းက ဆန်းသစ်ပြောင်းလဲမှု ဖြစ်လာလိမ့်မယ်လို့ စထရိတင်းက ပြောပါတယ်။

 

▪️ ဒီစစ်ဆေးနည်းက ၁၅၇ ဒေါ်လာခန့် ကုန်ကျနိုင်ကာ အဖြစ်အများဆုံး ကင်ဆာများဖြစ်တဲ့ အဆုတ်၊ ရင်သား၊ ဆီးကျိတ်၊ ပန်ကရိယ၊ အူမကြီး၊ သားအိမ်ခေါင်း၊ အသည်း၊ ဦးနှောက်၊ အစာရေမျို၊ ဆီးအိမ်၊ အရိုး၊ တစ်ရှူးနဲ့ အစာအိမ်ကင်ဆာတို့ကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

 

▪️ ယူကေအစိုးရက ဒီစီမံကိန်းအတွက် ဒေါ်လာ ၃.၂၈ သန်းထောက်ပံ့ပေးထားပါတယ်။

 

▪️ သိပ္ပံပညာရှင်များက ဒီအစီအစဉ်အတွက် Xgenera ကုမ္ပဏီတည်ထောင်ကာ လူသန်းပေါင်းများစွာကို ကယ်တင်နိုင်မယ်လို့ ဆိုထားပါတယ်။

 

▪️ နှစ်စဉ်နှစ်တိုင်း ဆီးကျိတ်၊ ရင်သား၊ အစာအိမ်၊ အဆုတ်ကင်ဆာများ ဖြစ်ပွားသူပေါင်း ၃၂၀၀၀၀ ကျော် ရှိနေပါတယ်။

 

▪️ ကပ်ရောဂါ ပထမနှစ်အတွင်း ကင်ဆာရောဂါ ရှိမှန်းမသိခဲ့သူ ၄ သောင်းနီးပါး ရှိတယ်လို့ ကျွမ်းကျင်သူများ ဆိုပါတယ်။

 

▪️ အခုအချိန်မှာ ဆေးစစ်ချက်များက ကင်ဆာအစောပိုင်းအဆင့်တွေကို ရှာဖွေဖို့ အထိရောက်ဆုံး နည်းလမ်းတွေထဲ ပါဝင်ပါတယ်။

 

#Source: WION