#World_News
Published 11 October 2024


▪️ ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် ဖြစ်လာတဲ့ လေဆင်နှာမောင်းတစ်ခုဟာ ဖလော်ရီဒါ အရှေ့ကမ်းခြေ စိန့်လူစီကောင်တီရှိ နေအိမ်တစ်ခုကို ချဉ်းကပ်လာခဲ့ပါတယ်။

 

▪️ ထိုအိမ်မှာရှိနေတဲ့ ခရစ္စတယ်ကိုးလ်မန်းနဲ့ အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူတို့ဟာ ရေချိုးခန်းထဲ အပြေးအလွှား ပုန်းခဲ့ရပါတယ်။

 

▪️ ကြာသပတေးနေ့က မုန်တိုင်းကျော်ဖြတ်သွားပြီး နာရီအနည်းငယ်ကြာတော့ အတော်လေး ထိခိုက်ပျက်စီးထားတဲ့ သူမအိမ်အနီးမှာ ကိုးလ်မန်းရပ်နေပြီး "ခေါင်မိုးတွေ ကျွတ်ထွက်ကုန်ပြီး အိမ်အပြင်ဘက်ကို မြင်နေရပါတယ်။ အိမ်အပေါ်ဘက်မှာ လေဆင်နှာမောင်း ဝေ့နေသလို ခံစားရပါတယ်" လို့ ပြောသွားပါတယ်။

 

▪️ ကွဲနေတဲ့ ပြတင်းပေါက်တွေကနေ လိုက်ကာတွေ လွင့်ထွက်နေပြီး အရင်က ဒီလိုမျိုး မကြုံခဲ့ဖူးကြောင်း၊ သေတော့မလို ခံစားခဲ့ရကြောင်း၊ ရုပ်ရှင်ထဲ ရောက်နေသလိုဖြစ်ကြောင်း ပြောပါတယ်။

 

▪️ အတ္တလန္တိတ်ဟာရီကိန်းတွေထဲမှာ ပဉ္စမမြောက် အပြင်းထန်ဆုံး ဟာရီကိန်းမီလ်တန်ဟာ ဗုဒ္ဓဟူးနေ့ညနေက ဖလော်ရီဒါ အနောက်ကမ်းခြေသို့ ရောက်ခဲ့ပေမယ့် အပျက်အစီးတွေကတော့ အရှေ့ဘက်ကမ်းခြေ တလျှောက် မိုင် ၁၀၀ ကျော်အထိ ထိခိုက်ခဲ့ပါတယ်။

 

▪️ စိန့်လူစီကောင်တီမှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် စပိန်ရေကန်နေရာများမှ လူ ၅ ဦးသေဆုံးကြောင်း ဒေသခံအရာရှိများ ဆိုပါတယ်။

 

▪️ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့များက လေဆင်နှာမောင်းဒဏ် ပြင်းထန်စွာ ခံစားရတဲ့ နေရာတွေကို ပိုက်စိပ်တိုက် ရှာဖွေနေကြပါတယ်။

 

▪️ ဟာရီကန်းချဉ်းကပ်လာစဉ် လေဆင်နှာမောင်းတွေ ဖြစ်ပေါ်တာ မဆန်းပေမယ့် မီလ်တန်မုန်တိုင်းရှေ့ပြေး လေဆင်နှာမောင်းထက်တော့ အားပျော့ပြီး သက်တမ်းတိုပါတယ်။

 

▪️ ဗုဒ္ဓဟူးနေ့ မီလ်တန်ရောက်ရှိချိန်မှာ ဖလော်ရီဒါအတွင်း လေဆင်နှာမောင်း ၁၉ ခု ဖြစ်ပေါ်ခဲ့တယ်လို့ အတည်ပြုခဲ့ပြီး ထိုနေ့တလျှောက် ၄၅ ခုခန့် ရှိခဲ့ပါတယ်။

 

▪️ စိန့်လူစီမှာ နေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် ကယ်လ်ဗင်လီဟာမီလ်တန်က ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဟာရီကိန်းမလာခင် လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် ဘေး ၂ ခုဖြစ်ပေါ်ရတယ်လို့ ပြောပါတယ်။

 

▪️ ကြာသပတေးနေ့ နံနက်ပိုင်းမှာ ဟာရီကိန်းမီလ်တန် ဗဟိုချက်က ကောင်တီကို ကျော်လွန်သွားပြီး အတ္တလန္တိတ်သမုဒ္ဒရာသို့ ထွက်ခွာသွားပါတယ်။

 

#Source: Reuters