#World_Health
Published 11 October 2024


▪️ ဆေးယဉ်ပါး အမျိုးအစားများ အပါအဝင် တီဘီဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ချေဖျက်နိုင်မယ့် ဒြပ်ပေါင်းတစ်ခုကို လေ့လာတွေ့ရှိထားပါတယ်။

 

▪️ ယခုဒြပ်ပေါင်းအသစ်ဟာ တီဘီနဲ့ ရောဂါဖြစ်စေရတဲ့ မိုင်ကိုဘက်တီးရီးယမ် ကျူဘာကူလိုဆစ်ကို နိုင်နင်းတယ်လို့ အသေအချာ တွေ့ရှိထားပါတယ်။

 

▪️ ဒီလေ့လာချက်ကို မက်တယ်ရီယာမက်ဒီကာ ရှန်ဟိုင်းတက္ကသိုလ်နဲ့ ကနေဒါ မက်ဂီးလ်တက္ကသိုလ်တို့မှ သုတေသီများ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

 

▪️ လက်ရှိ တီဘီဆေးတွေက ခေတ်နောက်ကျနေကာ ဆေးယဉ်ပါးပြဿနာလည်း ကြီးထွားနေတာကြောင့် ပိုမိုထိရောက်မှုရှိတဲ့ တီဘီကုသဆေးများ ထုတ်လုပ်ရန် လိုအပ်လာပါတယ်။

 

▪️ သုတေသနအဖွဲ့က ပိုးသတ်အာနိသင်ရှိတဲ့ သဘာဝဒြပ်ပေါင်းတွေကို ရှာဖွေနေခဲ့ပါတယ်။

 

▪️ ဆန်ဂွီနာရင်းဒြပ်ပေါင်းကို မြောက်အမေရိကပေါက်ရောက် ပန်းပင်တစ်ခုကနေ ရရှိပါတယ်။

 

▪️ ဆေးဘက်ဆိုင်ရာမှာ အသုံးပြုနိုင်ပေမယ့် သူ့ရဲ့အဆိပ်ကြောင့် လူသားတွေမှာ အသုံးမပြုကြပါဘူး။

 

▪️ ဒါကိုကာကွယ်ဖို့ သိပ္ပံပညာရှင်တွေက ဆေးဘက်ဆိုင်ရာ ဓာတုနည်းပညာများဖြင့် ပြုပြင်လိုက်ကာ ပိုမိုဘေးကင်းစိတ်ချရပြီး အာနိသင်ရှိတဲ့ BPD-9 ဒြပ်ပေါင်းကို ထုတ်လုပ်ခဲ့ကြပါတယ်။

 

▪️ တိရိစ္ဆာန်များနဲ့ စမ်းသပ်ရာမှာ BPD-9 က သာမန်ပဋိဇီဝဆေးတွေကို ယဉ်ပါးနေတဲ့ တီဘီဘက်တီးရီးယားမျိုးများကို အောင်မြင်စွာ သတ်နိုင်ခဲ့ပါတယ်။

 

▪️ BPD-9 က တိကျမှုရှိပြီး တီဘီလိုမျိုး အန္တရာယ်ပြု ဘက်တီးရီးယားတွေကိုပဲ ပစ်မှတ်ထားကာ အကျိုးပြုဘက်တီးရီးယားတွေကိုတော့ ဖယ်ချန်နိုင်ပါတယ်။

 

▪️ မိုင်ကိုဘက်တီးရီးယမ် အခြားမျိုးနွယ်များအပြင် တီဘီကြောင့်မဟုတ်တဲ့ အဆုတ်ရောဂါများကိုလည်း ထိရောက်စွာ ကုသနိုင်တယ်လို့ ဗြိတိသျှကိုလံဘီယာတက္ကသိုလ်မှ ဒေါက်တာ ဂျင်မ်စွန်းက ပြောပါတယ်။

 

#Source: India Today