#World_News
Published 07 July 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မက်စ် နိုင်ငံရေးပါတီအသစ် ထူထောင်မယ်ဆိုတဲ့ အစီအစဉ်တွေဟာ ရယ်မောစရာသာဖြစ်တယ်လို့ တနင်္ဂနွေနေ့မှာ မခံချိမခံသာဖြစ်အောင် ထပ်မံပြောဆိုလိုက်ကာ မက်စ်ရဲ့မိတ်ဆွေတစ်ဦးကို နာဆာ(NASA)ဦးဆောင်သူအဖြစ် တစ်ချိန်က လျာထားခဲ့ခြင်းက ယင်းရဲ့ အာကာသဆိုင်ရာ အကျိုးစီးပွားတွေနဲ့ အကျိုးအကြောင်းမသင့် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
▪️ မက်စ်နဲ့ ထရမ့်တို့ စကားအချေအတင်ဖြစ်ကြပြီး မက်စ်က အမေရိကားပါတီအသစ် ဖွဲ့စည်းရန်ကြေညာပြီး နောက်တစ်နေ့မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သမ္မတကိုမေးမြန်းခဲ့ကြပါတယ်။
▪️ "ရီပတ်ဘလစ်ကန်ပါတီမှာ အောင်မြင်မှုကြီးရရှိနေကာ ဒီမိုကရက်တွေကတော့ ဦးတည်ချက်မဲ့နေပါတယ်။ ဒါပေမဲ့ တတိယပါတီထူထောင်တာကတော့ ရယ်မောစရာသာဖြစ်တယ်။ အမြဲတမ်း နှစ်ပါတီစနစ်ပဲ ရှိနေမှာပါ" လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။
▪️ အီလွန်မက်စ်အနေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း လုံးဝလမ်းလွဲသွားတာကို မြင်ရတာ ဝမ်းနည်းမိတယ်လို့ Truth Social မီဒီယာမှာ ဖော်ပြထားပါတယ်။
▪️ ထရမ့်ရဲ့ အခွန်အခလျှော့ချရေးနဲ့ အသုံးစရိတ်မူကြမ်းနဲ့ ပတ်သက်ပြီး မက်စ်က တိုင်းပြည်ဒေဝါလီခံရနိုင်တယ်လို့ ဆိုခဲ့ကာ အမေရိကားပါတီတည်ထောင်နေတယ်လို့ စနေနေ့က ကြေညာခဲ့ပါတယ်။
▪️ ဒီမူကြမ်းဟာ အစိုးရဘတ်ဂျက်လိုငွေပြခြင်းကို သိသိသာသာ ထပ်တိုးစေမှာဖြစ်ပြီး အမေရိကန်စီးပွားရေး ပျက်စီးလာလိမ့်မယ်လို့ ဝေဖန်သူများက ဆိုထားပါတယ်။
▪️ သူ့ရဲ့ပါတီသစ်က လာမယ့်နှစ် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေကို ထိုင်ခုံလှုပ်စေလိမ့်မယ်လို့ ပြောပါတယ်။
▪️ မက်စ်ရဲ့ဝေဖန်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ထရမ့်က Tesla နဲ့ SpaceX တို့ အစိုးရကန်ထရိုက်တွေကနေရရှိမယ့် ဒေါ်လာဘီလီယံချီကို ရုပ်သိမ်းသွားဖို့ ခြိမ်းခြောက်ထားပါတယ်။
▪️ မက်စ်ရဲ့စီးပွားရေးနဲ့ နာဆာတို့ရဲ့ ပတ်သက်မှုကို ထည့်သွင်းစဉ်းစားပါက မက်စ်ရဲ့မိတ်ဆွေ ဂျရတ်အစ်ဆက်မန်းကို နာဆာဦးဆောင်စီမံသူအဖြစ် ခန့်ထားဖို့ မသင့်လျော်ဘူးလို့လည်း ထရမ့်က ဖော်ပြထားပါတယ်။
#Source: Reuters
#World_Science
Published 07 July 2025
▪️ ၂၀၃၂ ခုနှစ်မှာ လကမ္ဘာသို့ ဝင်တိုက်နိုင်မယ်လို့ ခန့်မှန်းထားတဲ့ ဂြိုဟ်မွှားတစ်ခုဟာ ကမ္ဘာဂြိုဟ်ရဲ့ ဂြိုဟ်တုတွေကို ထိခိုက်စေနိုင်ပါတယ်။
▪️ 2024 YR4 ဂြိုဟ်မွှားဟာ ကမ္ဘာဂြိုဟ်ကို ဝင်တိုက်မှာမဟုတ်ပေမယ့် ဂြိုဟ်တုတွေနဲ့ အာကာသစခန်းမှ အာကာသယာဉ်မှူးတွေကိုပါ အန္တရာယ်ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်များ ဖော်ပြထားပါတယ်။
▪️ တွက်ချက်မှုများအရ ဂြိုဟ်မွှားဟာ ကမ္ဘာကိုဝင်တိုက်ဖို့မရှိပေမယ့် လကိုတော့ ဝင်တိုက်နိုင်ဖို့ ၃.၈ ကနေ ၄.၃ ရာခိုင်နှုန်း ရှိနေပါတယ်။
▪️ လကမ္ဘာအပေါ် ကျရောက်ရာကနေ TNT ၆.၅ မဂ္ဂါတန်ချိန်နဲ့ညီမျှတဲ့ စွမ်းအင်ထွက်နိုင်ကာ လဂြိုဟ်တုတွေကို ထိခိုက်နိုင်မှာဖြစ်ပါတယ်။
▪️ ဒါဟာ ဒုတိယကမ္ဘာစစ်က ဟီရိုရှီးမားကို နျူကလီးယားဗုံးကျဲစဉ်က ထွက်ရှိတဲ့ TNT ၀.၀၁၅ မဂ္ဂတန်ထက် များစွာပိုများနေပါတယ်။
▪️ ဒါ့အပြင် လမျက်နှာပြင်မှာလည်း ၁ ကီလိုမီတာနီးပါးလောက်ရှိတဲ့ ကြွင်းပေါက်ကြီး ဖြစ်စေမှာပါ။
▪️ ထိုကနေ အမှုန်အမွှားပေါင်း သန်းတစ်ရာကီလိုဂရမ်လောက် လွင့်စင်ထွက်လာပြီး ကမ္ဘာကြီးအတွက် ပြဿနာဖြစ်စေနိုင်ပါတယ်။
▪️ ဂြိုဟ်တုတွေ ထိခိုက်တဲ့အခါ ကမ္ဘာကြီးရဲ့ အချိန်အတိုင်းအတာတွေ ပြောင်းလဲစေနိုင်ပြီး လွင့်ထွက်လာတဲ့ အမှုန်အစအနပမာဏက ဂြိုဟ်တုတွေ ဘယ်လောက်ထိခိုက်မလဲဆိုတဲ့အပေါ် များစွာသက်ရောက်နိုင်ပါတယ်။
▪️ ၂၀၃၂ မှာဆိုရင် ကမ္ဘာကနေ ဂြိုဟ်တုလွှတ်တင်တာ ယခုထက်ပိုများလာနိုင်သဖြင့် ဂြိုဟ်မွှားဝင်တိုက်ခြင်းကနေ ဂြိုဟ်တုများထိခိုက်ပျက်စီးနိုင်ခြေ ပိုများလာမှာဖြစ်ပါတယ်။
#Source: WION
#World_Health
Published 07 July 2025
▪️ လူတွေက အိုမင်းရင့်ရော်ခြင်းကို ပြုပြင်ပြီး နုပျိုနေအောင် အသက်ရှည်အောင် နည်းလမ်းရှာနေကြပါတယ်။
▪️ ကမ္ဘာတဝှမ်းမှာ အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်တဲ့ ထုတ်ကုန်ပစ္စည်းဈေးကွက်က ၂၀၂၄ မှာ ဒေါ်လာ ၅၂.၄၄ ဘီလီယံရှိခဲ့ကာ ၂၀၃၀ မှာ ၈၀.၆၁ ဘီလီယံအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
▪️ အိုမင်းရင့်ရော်လာခြင်း တကယ့်ဖြစ်စဉ်က ကိုယ်တိုင်းဆဲလ်တွေနဲ့ ဖိစီးမှုအခြေအနေတွေအပေါ် မူတည်နေပါတယ်။
▪️ စတန်းဖို့ဒ်ပရော်ဖက်ဆာ ဒေါက်တာ ဒေးဗစ်ဖာမန်းက နေထိုင်စားသောက်မှုပုံစံကို အပြင်းအထန်ပြောင်းလဲကာ ကိုယ်တွင်းဇီဝသက်တမ်းကို ၁၀ နှစ်လောက် ပိုငယ်စေတဲ့အကြောင်း ဖော်ပြထားပါတယ်။
▪️ ရင့်ရော်ခြင်းရဲ့ အဓိကတရားခံက ဖိစီးမှုအခြေအနေဖြစ်ပြီး ရေရှည်ဖိစီးမှုက ကိုယ်တွင်းဇီဝအိုမင်းခြင်းကို ပိုမြန်စေတယ်လို့ အထောက်အထားတွေ တွေ့ရှိထားပါတယ်။
▪️ အိန္ဒိယမှာတော့ အရေပြားမှာ အရေးကြောင်းပေါ်ခြင်း၊ ဆံပင်ဖြူခြင်းတို့နဲ့ အိုမင်းရင့်ရော်ခြင်းကို တိုင်းတာဆဲဖြစ်ကြောင်း မွမ်ဘိုင်း ကိုကီလာဘင်ဒီရူဘိုင်အမ်ဘာနီဆေးရုံမှ ဒေါက်တာ ချူရေရှာက ပြောပါတယ်။
▪️ ကိုယ်တွင်းဇီဝသက်တမ်းဆိုတာက တကယ့်အသက်နဲ့ ကွဲပြားပြီး အနေအထိုင်၊ စားသောက်မှု၊ လှုပ်ရှားမှုတို့အပေါ် မူတည်နေပါတယ်။
▪️ ကိုယ်တွင်းဇီဝသက်တမ်း နုပျိုစေဖို့ဆိုရင် အခြေခံအားဖြင့် ရောင်ရမ်းခြင်းကို လျှော့ချကာ ဇီဝကမ္မဖြစ်စဉ် အလုပ်လုပ်နိုင်စွမ်း မြှင့်တင်ဖို့လိုအပ်ကြောင်း ဒေါက်တာချူရေရှာက ဆိုပါတယ်။
▪️ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ပိုလီဖီနော၊ အိုမီဂါ-၃၊ ပရိုတိန်းများစားခြင်း၊ အားထည့်ရတဲ့ လေ့ကျင့်ခန်းများနဲ့ အစားစားပြီးနောက် လမ်းလျှောက်ခြင်း၊ အချိန်အပိုင်းအခြားဖြင့် အစာဖြတ်ခြင်း၊ မိမိမျိုးဗီဇအပေါ်မူတည်ကာ အာဟာရစနစ်တည်ဆောက်ခြင်း၊ အူလမ်းကြောင်းကျန်းမာရေး ထောက်ပံ့ခြင်း၊ ဖိစီးမှုနဲ့ အိပ်စက်မှုထိန်းချုပ်ခြင်းတို့ဖြင့် ကိုယ်တွင်းဇီဝသက်တမ်း နုပျိုစေဖို့ အကူအညီဖြစ်စေမှာပါ။
#Source: India Today
#World_Health
Published 06 July 2025
▪️ အချို့သောစားစရာတွေ သောက်စရာတွေက ကိုယ်ခံအားစနစ်ကို ထောက်ပံ့ကူညီကြတယ်ဆိုပေမယ့် အယ်ကိုဟောနဲ့ ပတ်သက်ပြီး ကျန်းမာရေးအပေါ် ဆိုးကျိုးဖြစ်နိုင်ကြောင်းကို ကျွမ်းကျင်သူများ သတိပေးနေကြသလို အယ်ကိုဟောက ကိုယ်ခံအားစနစ်ကို ဖိနှိပ်တဲ့နေရာမှာ ပါဝင်နေတယ်လို့ သိထားပါတယ်။
▪️ အဓိကကတော့ အယ်ကိုဟောက ဆီးရွှင်စေတဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်ကနေ လိုအပ်တာထက်ပိုပြီး အရည်ဆုံးရှုံးကာ ရေဓာတ်ခန်းခြောက်စေပါတယ်။
▪️ ရေဓာတ်ခန်းခြောက်တဲ့အခါ ကိုယ်ခံအားစနစ်က ပုံမှန်အလုပ်မလုပ်နိုင်ဘဲ ပဋိဇီဝပစ္စည်းတွေ ထုတ်လုပ်ဖို့ခက်ခဲပြီး ရောဂါပိုးမွှားတွေကို မတိုက်ထုတ်နိုင်တော့ပါဘူး။
▪️ ဒါကြောင့်မို့လို့ ညဘက်အသောက်များသွားရင် နေမကောင်းသလိုဖြစ်ကာ ရေဓာတ်ဆုံးရှုံးနေတာကြောင့် ဗိုင်းရပ်စ်တွေကို ထိရောက်စွာ မတုံ့ပြန်တော့ပါဘူး။
▪️ နောက်တစ်ချက်က အူလမ်းကြောင်းအခြေအနေကိုပါ ထိခိုက်တာဖြစ်ပါတယ်။
▪️ အယ်ကိုဟောက အူလမ်းကြောင်းပိုးမွှားစနစ်ကို နှောင့်ယှက်ကာ အစာခြေခြင်းနဲ့ ကိုယ်ခံအားစနစ်မှာ အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယားများကို ထိခိုက်စေပြီး ကိုယ်ခံအားလုပ်ဆောင်ချက် ကျဆင်းစေတာဖြစ်ပါတယ်။
▪️ ကော့တေးလိုမျိုး ယမကာဆိုရင် သကြားဓာတ်ပါဝင်ပြီး သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေကာ ကိုယ်ခံအားဆဲလ်တွေ လုပ်ဆောင်ချက်ကို ယိုယွင်းစေပါတယ်။
▪️ အယ်ကိုဟောရဲ့ ဆိုးကျိုးတွေလျှော့ချနိုင်ဖို့ တစ်နေ့ကို နှစ်ခွက်ထက်ပိုမသောက်ဖို့ အကြံပြုထားကြပါတယ်။
▪️ အယ်ကိုဟောကို သင့်တော်ရုံသောက်သုံးတာက ကိုယ်ခံအားစနစ် မထိခိုက်စေပေမယ့် လျှော့ချသောက်သုံးရင်တော့ ကျန်းမာရေးအတွက် ကောင်းစေမှာပါ။
#Source: Glass Almanac
မွမ်ဘိုင်းမြို့ ရထားလမ်းသွားလာရေးမှာ ခက်ခဲပင်ပန်းခဲ့ရာကနေ အခုဆိုရင် မြေအောက်ရထားလမ်းကွန်ရက်ကို တိုးချဲ့ပြောင်းလဲနေပြီး လျင်မြန်လွယ်ကူပြီး ဈေးချိုသာစွာဖြင့် သက်တောင့်သက်သာ သွားနိုင်ပြီဖြစ်ပါတယ်။
#Asia_Development
Published 5 July 2025
#BRICS #မွမ်ဘိုင်းမြေအောက်ရထားလမ်းသစ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 5 July 2025
၁။ Myanmar_Cyber_Security_Challenge_2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲပြုလုပ်မည်
၂။ ရွှေဆိုင်အားလုံး ရွှေတစ်ကျပ်သားအလေးချိန်သစ်ကို တပြေးညီပြောင်းလဲကျင့်သုံးရမည်
၃။ ငလျင်ဘေးသင့် အာမခံ အလုပ်သမားတစ်သောင်းကျော်အား ငွေကျပ် သန်းပေါင်း ၁၀၀၀ကျော်ထုတ်ပေး
၄။ BRICS ဖွံ့ဖြိုးရေးဘဏ်သစ်၏ထောက်ပံ့မှုဖြင့် မွမ်ဘိုင်းမြေအောက်ရထားလမ်းသစ်တိုးချဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 05 July 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၄ ရက်နေ့မှာကျရောက်တဲ့ အမေရိကန်လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အခွန်အခနဲ့ အသုံးစရိတ်များ အများအပြားလျှော့ချသွားပြီးနယ်စပ်လုံခြုံရေး အကြီးမားဆုံးပြုလုပ်မယ့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
▪️ စစ်လေယာဉ်များ စစ်ရေးပြပျံသန်းပြခဲ့တဲ့ အခမ်းအနားကို ထောက်ခံအားပေးသူ ရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။
▪️ အောက်လွှတ်တော်မှာ ၂၁၈-၂၁၄ မဲဖြင့် ဆုံးဖြတ်ချက်ကျဉ်းမြောင်းစွာ ဒီဥပဒေကြမ်းကို အတည်ပြုခဲ့ပြီး နောက်တစ်နေ့မှာပဲ ထရမ့်က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
▪️ ဒီဥပဒေကြမ်းမှာဆိုရင် အခွန်အခများ အပြီးတိုင်လျှော့ချရေးနဲ့ အမေရိကန်ပြည်သူများရဲ့ ကျန်းမာရေးအာမခံဆုံးရှုံးမှုတွေ ရှိလာနိုင်ပါတယ်။
▪️ "ကျွန်တော်တို့တိုင်းပြည်ကလူတွေ ဒီလောက်ထိပျော်ရွှင်နေကြတာ တစ်ခါမှ မမြင်ဖူးပါဘူး။ ဘာလို့လဲဆိုတော့ စစ်ဖက်၊ အရပ်ဖက်အမျိုးမျိုးမှ ကွဲပြားခြားနားကြတဲ့ လူတွေအတွက် ဂရုစိုက်စောင့်ရှောက်မှုတွေ ရှိနေတာကြောင့် ဖြစ်တယ်။ အခွန်အခ အများဆုံးလျှော့ချထားတယ်၊ အသုံးစရိတ်တွေ အများဆုံးလျှော့ချထားတယ်၊ နယ်စပ်လုံခြုံရေး အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတယ်" လို့ ထရမ့်က ပြောသွားပါတယ်။
▪️ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များ ထိခိုက်လာနိုင်မယ့်အပေါ် ထရမ့်ပါတီမှ လွှတ်တော်အမတ်အချို့ စိုးရိမ်နေကြပါတယ်။
▪️ ဥပဒေကြမ်းဆုံးဖြတ်ရာမှာ အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ဟာကီးမ်ဂျက်ဖရီးစ် ၈ နာရီနဲ့ ၄၆ မိနစ်ကြာအောင် ပြောကြားခဲ့ပြီး ဝင်ငွေနည်းပါးတဲ့ အမေရိကန်တွေ ကျန်းမာရေးအာမခံနဲ့ စားနပ်ရိက္ခာခံစားခွင့်များ မရရှိတော့ဘဲ ဖြစ်နိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။
▪️ ဒေါ်နယ်ထရမ့်ရဲ့ ဥပဒေက လူချမ်းသာတွေအတွက်သာဖြစ်ပြီး အခြေခံမိသားစုတွေအတွက် ထိခိုက်မှုတွေဖြစ်လာနိုင်ကာ ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ အနာဂတ်မှာ ထောက်ခံမှုကျဆင်းလာနိုင်တယ်လို့ ဒီမိုကရက်တစ်အမျိုးသားကော်မတီ ဥက္ကဌ ကင်မာတင်က ပြောသွားပါတယ်။
#Source: NDTV
Page 5 of 989