#World_Science
Published 13 July 2025
▪️ အဏုဇီဝကပ်ပါးတစ်မျိုးဟာ ကမ္ဘာတဝှမ်းမှာ ဦးနှောက်ပေါင်းသန်းနဲ့ချီကို တိတ်ဆိတ်စွာ ကူးစက်ထားပါတယ်။
▪️ Toxoplasma gondii လို့ သိပ္ပံအမည်ပေးထားပြီး ဒီကပ်ပါးပိုးမွှားက သိသာတဲ့လက္ခဏာတွေမပေါ်ဘဲ ဦးနှောက်လုပ်ဆောင်ချက်ကို တိတ်ဆိတ်စွာ ပြောင်းလဲစေပါတယ်။
▪️ အမေရိကန်လူမျိုး ၃ ပုံ ၁ ပုံနီးပါးမှာ Toxoplasma gondii ရှိနေကြပြီး ဒီပိုးမွှားရှိနေမှန်း ကိုယ်တိုင်မသိကြပါဘူး။
▪️ များသောအားဖြင့် မကျက်တဲ့အသားတွေစားခြင်း၊ ကြောင်အညစ်အကြေး ထိတွေ့ခြင်းတို့ကြောင့် ကူးစက်တတ်ပြီး ကျန်းမာသူတွေမှာ လက္ခဏာမပေါ်တတ်ပါဘူး။
▪️ ဒါပေမဲ့ ဦးနှောက်ဆဲလ်တွေထဲမှာ ကြာရှည်ခံတဲ့ အရည်အိတ်တွေဖြစ်စေပြီး ဦးနှောက်ဆက်သွယ်မှုများကို တိတ်တဆိတ်နှောင့်ယှက်ပါတယ်။
▪️ ဆဲလ်ပြင်ပအရည်အိတ်ငယ်များကို ပြောင်းလဲစေပြီး နျူရွန်အာရုံကြောနဲ့ ဦးနှောက်ထောက်ပံ့ဆဲလ် အက်စ်ထရိုဆိုက်တွေရဲ့ ဆက်သွယ်မှုကို နှောင့်ယှက်ပါတယ်။
▪️ ကပ်ပါးကူးစက်သွားတဲ့ နျူရွန်တွေက အရည်အိတ်ငယ်များ ထုတ်လုပ်မှုနည်းစေကာ အက်စ်ထရိုဆိုက်လုပ်ဆောင်ပုံကို သက်ရောက်စေပါတယ်။
▪️ ဂလူတမိတ်စုပြုံလာစေကာ အာရုံကြောပြဿနာများ အဖြစ်များလာစေပါတယ်။
▪️ ဆဲလ်ပြင်ပအရည်အိတ်ငယ်တွေက ရောဂါကူးစက်မှုတွေကို ရှာဖွေတွေ့ရှိစေတဲ့ ဇီဝအမှတ်အသားအဖြစ် ဆောင်ရွက်နိုင်ပါတယ်။
▪️ သန့်ရှင်းစွာနေထိုင်ခြင်း အစားအသောက်များပြင်ဆင်ခြင်းတို့ဖြင့် ကပ်ပါးကူးစက်မှုတွေ လျှော့ချနိုင်ပါတယ်။
▪️ လက်ရှိမှာ Toxoplasma ကုသမှုတွေနဲ့ ကာကွယ်ဆေးတွေ ထုတ်ဖော်ဖို့ ရည်ရွယ်ထားပါတယ်။
#Source: The Brighter Side
#World_Science
Published 13 July 2025
▪️ သမုဒ္ဒရာရေတွေ စိမ်းနေတာဟာ သတ္တဝါငယ်လေးတွေရှိနေတဲ့ သဘောဖြစ်ပြီး အပြာရောင်ဆိုရင်တော့ သက်ရှိသတ္တဝါ နည်းပါးသွားတဲ့သဘောအဖြစ် ရှုမြင်ထားကြပါတယ်။
▪️ ဆယ်စုနှစ် ၂ ခုကြာ ဂြိုဟ်တုပုံရိပ်များအရ အစိမ်းရောင်နဲ့ အပြာရောင်ရေပြင်ကြား ပိုင်းခြားနေရာက ရွေ့လျားလာတယ်လို့ ယူဆရပါတယ်။
▪️ သမုဒ္ဒရာရေပြင်တွေက အရောင်ပြောင်းလဲလာပြီး ဝင်ရိုးစွန်းနေရာတွေ စိမ်းလာကာ အပူပိုင်းရေပြင်တွေကတော့ ကလိုရိုဖီးလ်ပါဝင်မှု ပြောင်းလဲလာခြင်းနဲ့အတူ ပြာလာပါတယ်။
▪️ နာဆာရဲ့ MODIS-Aqua ကိရိယာအချက်အလက်များ၊ ဆန်းပြားတဲ့ ကိရိယာများကို အသုံးပြုကာ ကလိုရိုဖီးလ်ပါဝင်မှုတွေကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ အရောင်ပြောင်းလဲမှုက ပူနွေးလာခြင်းနဲ့ ဆက်စပ်နေပေမယ့် အယ်နီညိုလို ရာသီဥတုဖြစ်စဉ်တွေကလည်း သက်ရောက်နေပါတယ်။
▪️ သမုဒ္ဒရာရေပြင် အပေါ်ယံလွှာတွေမှာနေထိုင်တဲ့ အဏုဇီဝသတ္တဝါများ ရွှေ့ပြောင်းလာခြင်းက ကာဗွန်ထိန်းသိမ်းခြင်းနဲ့ ရိက္ခာဖူလုံရေးကို ထိခိုက်လာကာ ပင်လယ်နေအစာကွင်းဆက်တွေ၊ ငါးသတ္တဝါတွေအပေါ် သက်ရောက်လာနိုင်ပါတယ်။
▪️ ဒီလိုပြောင်းလဲမှုတွေရဲ့ ဂေဟစနစ်တစ်ခုလုံး သက်ရောက်မှုကို ခန့်မှန်းနိုင်ဖို့ကတော့ ရေရှည်လေ့လာမှုတွေ ပြုလုပ်ရဦးမှာဖြစ်ပါတယ်။
#Source: Earth
စင်္ကာပူက အမေရိကန်ထံမှ အခွန်စည်းကြပ်ကင်းလွတ်ခွင့်မရခဲ့ ပြီးနောက်မှာ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံတွေကို ဖြန့်ကျက်ဖို့ အရှိန်မြှင့်လုပ်ဆောင်လာပြီး ကုန်သွယ်ရေးတည်ငြိမ်ဖွံ့ဖြိုးရေးအတွက် ဒေသတွင်းမိတ်ဖက်အသစ်များကို ဦးစားပေးလာပါတယ်။
#World_Business
Published 12 July 2025
#ဒေသတွင်းကုန်သွယ်ရေးမိတ်ဖက်သစ် #စင်္ကာပူရှာဖွေ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 July 2025
၁။ EPS ဖြင့် ကိုရီးယားသို့ထွက်ခွာခဲ့သူများ ငွေလွှဲအထောက်အထားများပေးပို့ရမည်
၂။ ပြည်တွင်း၌ ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲအစိုနှင့်အခြောက်ထုတ်လုပ်နိုင်ရေးဆွေးနွေး
၃။ ဒီဇယ်ဈေးတန်း၍ ဓာတ်ဆီဈေးဆက်လက်ကျဆင်း
၄။ အမေရိကန်၏အခွန်စည်းကြပ်ခြင်းကြောင့် ဒေသတွင်းကုန်သွယ်ရေးမိတ်ဖက်သစ်များစင်္ကာပူရှာဖွေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဝါရှင်တန်၊ ဇူလိုင် ၁၁ (ရိုက်တာ ) - သမ္မတ ဒေါ်နယ်ထရန့် အစိုးရ၏ သံတမန်ဝန်ထမ်းအဖွဲ့ကို မကြုံစဖူး ပြန်လည်ဖွဲ့စည်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနသည် သောကြာနေ့တွင် အမေရိကန်ပြည်ထောင်စု အခြေစိုက် ဝန်ထမ်း ၁,၃၅၀ ကျော်ကို အလုပ်မှ စတင်ထုတ်ပယ်ခဲ့သည်။ ဤလုပ်ရပ်သည် နိုင်ငံရပ်ခြားတွင် အမေရိကန်၏ အကျိုးစီးပွားများကို ကာကွယ်မြှင့်တင်ရန်နှင့် ခုခံကာကွယ်ရန် အမေရိကန်၏ စွမ်းဆောင်ရည်ကို ထိခိုက်စေမည်ဟု ဝေဖန်သူများက ပြောကြား ကြသည်။
အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သော ပြည်သူ့ဝန်ထမ်း ၁,၁၀၇ ဦးနှင့် နိုင်ငံခြားရေးဝန်ထမ်း ၂၄၆ ဦး ပါဝင်သည့် ဤအလုပ်ထုတ်ပယ်မှုများသည် ရုရှား-ယူကရိန်းစစ်ပွဲ၊ နှစ်နှစ်နီးပါးကြာမြင့်နေပြီ ဖြစ်သော ဂါဇာပဋိပက္ခ၊ နှင့် အစ္စရေးနှင့် အီရန်ကြား တင်းမာမှုများကြောင့် အရှေ့အလယ်ပိုင်းတွင် အခြေ အနေ မတည်မငြိမ်ဖြစ်နေခြင်းများစသည့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ဝါရှင်တန်အစိုးရက အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
"ဝန်ကြီးဌာနသည် သံတမန်ရေးရာ ဦးစားပေးလုပ်ငန်းများကို အာရုံစိုက်နိုင်ရန် ပြည်တွင်း လုပ်ငန်း ဆောင်တာများကို ရှင်းလင်းထိရောက်အောင် ပြင်ဆင်နေပါသည်" ဟု ဝန်ထမ်းများထံ ပေးပို့သော ဌာနတွင်း အသိပေးချက်တွင် ဖော်ပြထားသည်။ "ဝန်ထမ်းဦးရေ လျှော့ချမှုများကို အဓိကမဟုတ်သော လုပ်ငန်းများ၊ ထပ်နေသော သို့မဟုတ် မလိုအပ်သော ရုံးများ၊ နှင့် သိသာစွာ ထိရောက်မှုရှိအောင် စွမ်းဆောင်ရည်များရှာတွေ့ခဲ့သည့်ရုံးများကို ဂရုတစိုက် ပစ်မှတ်ထားဆောင်ရွက်ခဲ့ပါသည်" ဟု ထပ်လောင်းပြောကြားသည်။
အသိပေးထုတ်ပြန်ချက်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး၏ အဆိုအရ၊ အမေရိကန် ပြည်ထောင်စု အခြေစိုက် ဝန်ထမ်း ၁၈,၀၀၀ အနက်မှ မိမိသဘောဆန္ဒအလျောက် ထွက်ခွာ သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်းဦးရေ ၃,၀၀၀ နီးပါး လျှော့ချသွားမည်ဖြစ်သည်။
ဤလုပ်ရပ်သည် သမ္မတ ထရန့်၏ "အမေရိကန် ပထမ" (America First) မူဝါဒနှင့်အညီ အမေရိကန် နိုင်ငံခြားရေးမူဝါဒကို သေချာစေရန် သူကြိုးပမ်းနေသည့် ပြန်လည်ဖွဲ့စည်းမှု၏ ပထမခြေလှမ်းဖြစ်သည်။ သံတမန်ဟောင်းများနှင့် ဝေဖန်သူများက နိုင်ငံခြားရေးဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ခြင်းသည် တရုတ်နှင့် ရုရှားကဲ့သို့ ပြိုင်ဘက်နိုင်ငံများ၏ တိုးပွားလာသော လွှမ်းမိုးမှုကို တန်ပြန်ရန် အမေရိကန်၏ စွမ်းဆောင်ရည်ကို အန္တရာယ်ဖြစ်စေသည်ဟု ဆိုကြသည်။
"သမ္မတထရန့်နှင့် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုတို့သည် အမေရိကန်နိုင်ငံကို လုံခြုံမှုနည်းပါးစေရန် ထပ်မံ လုပ်ဆောင်နေကြသည်" ဟု ဗာဂျီးနီးယားပြည်နယ်မှ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် တင်မ် ကေးန်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ဒါဇင်ပေါင်းများစွာသည် ဝါရှင်တန်ရှိ ဌာနချုပ်၏ ဧည့်ကြိုခန်းမတွင် စုရုံးကာ အလုပ်ထုတ်ခံရသော လုပ်ဖော်ကိုင်ဖက်များအတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော "လက်ခုပ်တီး နှုတ်ဆက်ပွဲ" တစ်ခုကို ပြုလုပ်ခဲ့ကြသည်။ ဝန်ထမ်းဒါဇင်ပေါင်းများစွာသည် မိမိတို့၏ ပစ္စည်းများကို သေတ္တာများဖြင့် သယ်ဆောင်ရင်း၊ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များကို ပွေ့ဖက်နှုတ်ဆက်ရင်း မျက်ရည်များဖြင့် ပူဆွေးဝမ်းနည်းနေကြသည်။
အဆောက်အအုံအပြင်ဘက်တွင်လည်း အခြားသူ ဒါဇင်ပေါင်းများစွာက တန်းစီကာ "အမေရိကန် သံတမန်များကို ကျေးဇူးတင်ပါသည်" ဟု ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လက်ခုပ် တီး အားပေးခဲ့ကြသည်။ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ် ဗန်ဟော်လန်သည်လည်း အဆိုပါ ဆန္ဒပြပွဲသို့ တက်ရောက်ခဲ့သည်။
အလုပ်မှ ထုတ်ပယ်ခံရသော ဝန်ထမ်းများအတွက် ၎င်းတို့၏ ဝန်ထမ်းကတ်များ၊ လက်တော့ပ်များ၊ တယ်လီဖုန်းများနှင့် အခြား ဌာနပိုင်ပစ္စည်းများကို ပြန်လည်အပ်နှံရန် အဆောက်အအုံအတွင်း ရုံးခန်းအများအပြားကို ဖွင့်လှစ်ထားသည်။
ထိုရုံးခန်းများကို "အလုပ်ထွက်ခွာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ" (Transition Day Out Processing) ဟု ရေးသားထားသော ပိုစတာများဖြင့် အမှတ်အသားပြုထားသည်။ ကောင်တာတစ်ခုကို "လုပ်ငန်းစဉ် ဝန်ဆောင်မှုစင်တာ" ဟု တံဆိပ်ကပ်ထားပြီး တစ်ရှူးဘူးတစ်ဘူးဘေးတွင် ရေသန့်ဘူးငယ်များကို ချထားသည်။ ရုံးခန်းတစ်ခုအတွင်း၌ ကတ်ထူပုံးများကို မြင်တွေ့ရသည်။
သောကြာနေ့တွင် အလုပ်ထုတ်ခံရသော ဝန်ထမ်းများထံ ပေးပို့ခဲ့ပြီး ရိုက်တာမှ မြင်တွေ့ခဲ့ရသည့် စာမျက်နှာ ၅ မျက်နှာပါ "အလုပ်မှထွက်ခွာခြင်းဆိုင်ရာ စစ်ဆေးရန်စာရင်း" တွင် ဝန်ထမ်းများသည် သောကြာနေ့ ညနေ ၅ နာရီ (EDT) တွင် အဆောက်အအုံနှင့် ၎င်းတို့၏ အီးမေးလ်များကို အသုံးပြုခွင့် ဆုံးရှုံးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Source: Reuters
#World_News
Published 12 July 2025
▪️ Air India လေယာဉ်ပျက်ကျတဲ့ဖြစ်စဉ် ကနဦးစုံစမ်းစစ်ဆေးချက်တစ်ခုအရ လေယာဉ်ပျက်မကျခင်လေးမှာ လေယာဉ်ထိန်းချုပ်ခန်းအတွင်း နားလည်မှုရှုပ်ထွေးတဲ့ပုံစံ ရှိခဲ့မယ်လို့ ဖော်ပြလာပါတယ်။
▪️ အင်ဂျင်လောင်စာဆီဖြတ်တောက်ခလုတ်များ တပြိုင်တည်းနီးပါး နှိပ်မိခဲ့ကြပြီး အင်ဂျင်မှာ လောင်စာပြတ်တောက်သွားခဲ့တယ်လို့ ဆိုလာပါတယ်။
▪️ ဆယ်စုနှစ်အတွင်း အသေအပျောက်အများဆုံး လေယာဉ်မတော်တဆမှုကို အိန္ဒိယစစ်ဆေးရေးများက စုံစမ်းပြီးနောက် စနေနေ့က ဖော်ပြခဲ့ရာ လန်ဒန်သို့သွားရောက်မယ့် Boeing 787 Dreamliner က အိန္ဒိယ အမ်မာဒါဘက်မြို့ကနေ ထွက်ခဲ့ပြီးနောက် ခဏမှာပဲ တွန်းကန်အားမရှိတော့ဘဲ နိမ့်ဆင်းလာခဲ့ပါတယ်။
▪️ အိန္ဒိယလေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရို(AAIB)ရဲ့ တင်ပြချက်ထဲမှာ အင်ဂျင်လောင်စာဆီ အရေးပေါ်ဖြတ်တောက်ရေးခလုတ်တွေရဲ့ အနေအထားအကြောင်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီး Boeing နဲ့ အင်ဂျင်ထုတ်လုပ်ရေး GE တို့ကတော့ ဒီကိစ္စအတွက် တာဝန်မရှိဘူးလို့ ယူဆထားပါတယ်။
▪️ Air India လေကြောင်းကို Tata Group က ၂၀၂၂ မှာ အစိုးရထံကနေ လွှဲပြောင်းရယူပြီး ပြန်လည်မွမ်းမံဖို့ကြိုးစားနေတဲ့အချိန်မှာ အခုလိုမတော်တဆမှု ဖြစ်ခဲ့တာပါ။
▪️ CCTV ရုပ်သံဖိုင်ထဲမှာ မြေပြင်ပေါ်မှ တက်သွားပြီးနောက် ခဏမှာပဲ အရံလောင်စာစနစ် ဖွင့်ရတာကိုကြည့်ရင် အင်ဂျင်ပါဝါကျသွားတဲ့ပုံ ပေါ်ပါတယ်။
▪️ လေယာဉ်စက်ထိန်းချုပ်ခန်းထဲက အသံမှတ်တမ်းထဲမှာ လေယာဉ်မှူးတစ်ဦးက အခြားလေယာဉ်မှူးကို ဘာလို့လောင်စာ ဖြတ်တောက်လိုက်လဲလို့ မေးမြန်းခဲ့ပြီး အခြားလေယာဉ်မှူးက မလုပ်ခဲ့ဘူးလို့ ပြန်ဖြေခဲ့ကြောင်း ဖော်ပြထားပါတယ်။
▪️ အဓိကလေယာဉ်မှူးက အသက် ၅၆ နှစ်အရွယ် ဆူမိဆာဘာဝယ်ဖြစ်ပြီး လေယာဉ်မှူးအတွေ့အကြုံ ၁၅,၆၃၈ နာရီရှိကာ တွဲဖက်လေယာဉ်မှူး ကလိုက်ဗ်ကွန်ဒါကတော့ ၃၂ နှစ်ရှိပြီး အတွေ့အကြုံ ၃,၄၀၃ နာရီရှိပါတယ်။
▪️ လောင်စာဆီဖြတ်တောက်ခလုတ်တွေကို တပြိုင်တည်းနီးပါး နှိပ်လိုက်တာက အင်ဂျင်ရပ်သွားစေတဲ့အကြောင်းအရင်း ဖြစ်နေပါတယ်။
▪️ Boeing က စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ထောက်ခံအားပေးနေကြောင်း ပြောထားပါတယ်။
#Source: Reuters
#World_Health
Published 12 July 2025
▪️ ဟင်းသီးဟင်းရွက်တွေကို ပြုတ်စားခြင်းက အာဟာရဓာတ်အများစုကို ထိန်းသိမ်းနိုင်ပြီး အစာခြေရလွယ်ကူစေပါတယ်။
▪️ ကြောချက်သလိုမျိုး ဆီမလိုတာကြောင့် ကယ်လိုရီနည်းပါးကာ နှလုံးကျန်းမာရေးကို အထောက်အကူပေးပါတယ်။
▪️ ဒါကြောင့် ဟင်းရွက်ပြုတ်တွေက ကျန်းမာရေးအတွက် အရေးကြီးရတဲ့အကြောင်းအရင်းတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) အစာခြေရလွယ်ကူခြင်း - အမျှင်ဓာတ်တွေ နူးညံ့သွားတာကြောင့် ကောင်းစွာ အစာမခြေနိုင်ခြင်းအတွက် သင့်လျော်ပြီး အာဟာရဓာတ်များ စုပ်ယူနိုင်ပါတယ်။
▪️ (၂) ကယ်လိုရီနဲ့ အဆီနည်းပါးခြင်း - အဆီတွေမလိုတာကြောင့် ကယ်လိုရီနည်းပါးစေပြီး ကိုယ်အလေးချိန်ထိန်းခြင်းနဲ့ နှလုံးကျန်းမာရေးကို အကူအညီပေးပါတယ်။
▪️ (၃) အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်ခြင်း - မုန်လာဥနီ၊ ခရမ်းချဉ်သီးတို့ကို ပြုတ်လိုက်တဲ့အခါ ဘီတာကယ်ရိုတင်းနဲ့ လိုင်ကိုပင်းတို့လို အာဟာရဓာတ်တွေ ပိုထွက်စေပြီး ခန္ဓာကိုယ်ကနေ ပိုမိုစုပ်ယူစေနိုင်ပါတယ်။
▪️ (၄) ရေဓာတ်ထိန်းသိမ်းခြင်း - ဟင်းရွက်တွေပြုတ်တဲ့အခါ ရေကျန်ရှိစေသဖြင့် သဘာဝအတိုင်း ရေဓာတ်ဖြည့်ပေးသလို အစာအိမ်ကို ချောမွေ့စေပါတယ်။
▪️ (၅) အဆိပ်အတောက်ဖယ်ရှားခြင်း - မျက်နှာပြင်ပေါ်မှ ပိုးမွှားများ၊ အမှုန်များ၊ ဘက်တီးရီးယားများ ဖယ်ရှားပေးကာ သန့်ရှင်းစေခြင်းဖြင့် အဆိပ်အတောက်များ ဖယ်ရှားစေပါတယ်။
▪️ (၆) ကိုယ်အလေးချိန်လျော့စေခြင်း - အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်ဝတာကြောင့် ဗိုက်ပြည့်ဝစေပြီး အလွန်အကျွံစားခြင်းမှ ကာကွယ်ပေးသဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းစေနိုင်ပါတယ်။
▪️ (၇) နှလုံးအတွက်သင့်လျော်ခြင်း - ဆိုဒီယံနဲ့ ပြည့်ဝဆီပါဝင်မှုနည်းတာကြောင့် သွေးပေါင်ချိန်လျော့စေပြီး နှလုံးသွေးကြောကျန်းမာရေးကို ထောက်ကူပေးပါတယ်။
▪️ (၈) ဓာတ်တိုးဆန့်ကျင်ပစ္စည်းထိန်းသိမ်းပေးခြင်း - မုန်လာဥနီ၊ သကြားမုန်လာ၊ ဟင်းနုနွယ်တို့ကို ပြုတ်လိုက်ရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကျန်ရှိပြီး နာတာရှည်ရောဂါများမှ ကာကွယ်ပေးပါတယ်။
▪️ (၉) ဇီဝကမ္မဖြစ်စဉ်တိုးတက်စေခြင်း - ဟင်းနုနွယ်၊ ပဲကြီး၊ ပန်းဂေါ်ဖီစိမ်းတို့ကို ပြုတ်ပြီးစားသုံးပေးပါက ဗိုက်တာမင်-ဘီများ၊ မဂ္ဂနီဆီယံ၊ သံဓာတ်တို့ ရရှိစေပြီး ဇီဝဖြစ်စဉ်လှုပ်ရှားစေပါတယ်။
▪️ (၁၀) ချက်ပြုတ်ပြင်ဆင်ရလွယ်ကူခြင်း - ပြုတ်ပြီးသားဟင်းရွက်တွေကို ပြင်ဆင်ချက်ပြုတ်ရတာ လွယ်ကူပြီး ပုံစံအမျိုးမျိုးဖြင့် စားသောက်နိုင်ပါတယ်။
#Source: DoctorNDTV
Page 1 of 989