ဟန်ဂေရီနိုင်ငံတွင်ငွေကြေးဖောင်းပွမှုပြဿနာဖြေရှင်းရန် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မဖြစ်မနေလျှော့ချရေး အစိုးရမှထုတ်ပြန်ကြေညာ
ဟန်ဂေရီနိုင်ငံမှာ မြင့်မားနေတဲ့ ငွေကြေးဖောင်းပွမှုကို ဖြေရှင်းရန်အတွက် ပြီးခဲ့တဲ့လက စားသောက်ကုန်ဈေးနှုန်း မဖြစ်မနေ လျှော့ချရန် ချမှတ်ခဲ့ကာ ပြည်သူတွေက နေထိုင်ရေးစရိတ်များ လျှော့ချနိုင်ဖို့ နည်းလမ်းများ ရှာဖွေနေကြပါတယ်။
#World_Crisis
#Published_ 11 September 2023
#YMG #Yangon_Times
၁၁ စက်တင်ဘာ ၂၀၂၃
အမျိးသမီးတစ်ဦး အမေရိကန်နိုင်ငံက Walmart ဆိုင်တစ်ဆိုင်ထဲဝင်ပြီး ဝိုင်ပုလင်းတွေကို စိတ်ဆိုးမာန်ဆိုးနှင့် ရိုက်ခွဲနေတဲ့ ဗွီဒီယို ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေပါတယ်။
ဘယ်နေရာကဆိုင်မှာ ဘယ်တုန်းကလဲဆိုတာတော့ ဖော်ပြမထားပါဘူး။
ပြီးခဲ့တဲ့နှစ်တွေမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ဝေါလ်မတ်အပါအဝင် အမေရိကန်စတိုးဆိုင်ကြီးတွေမှာ အကြမ်းဖက် ဖျက်ဆီးအလစ်သုတ်မှုတွေတိုးပွားလာတာကို ရင်ဆိုင်နေကြရပါတယ်။ အဲဒါကြောင့် အချို့သော နေရာတွေက ဆိုင်တွေဆိုပိတ်ပစ်လိုက်ရတဲ့ အခြေအနေတွေအထိ ကြုံတွေ့နေကြရပါတယ်။
Source : CJ in media
Published_ 11 September 2023
အိန္ဒိယလိုနိုင်ငံတစ်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါက တူရကီနိုင်ငံအနေနဲ့ ဂုဏ်ယူရမှာဖြစ်ကြောင်း တူရကီသမ္မတ ရီဆပ်တာယစ်ပ်အာဒိုဂန်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
တဆက်တည်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် မဟုတ်တဲ့နိုင်ငံများကလည်း အလှည့်ကျစနစ်ဖြင့် အဖွဲ့ဝင်ဖြစ်လာရန် အခွင့်အရေးရသင့်ကြောင်း ပြောကြားသွားပါတယ်။
အာဒိုဂန်က မီဒီယာရှင်းလင်းပွဲတစ်ခုမှာ မေးခွန်းတစ်ခုကို တုန့်ပြန်ဖြေကြားသွားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲမှာ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်၊ အမေရိကန်တို့ ပါဝင်ပြီး ကမ္ဘာကြီးဟာ ထိုနိုင်ငံထက် ပိုပိုပြီး ကြီးမာလာပြီလို့ ပြောပြခဲ့ပါတယ်။
ကမ္ဘာကြီးမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှားတို့သာ အရေးပါတာမဟုတ်ကြောင်း၊ လုံခြုံရေးကောင်စီထဲမှာ ဒီ ၅ နိုင်ငံချည်းသက်သက် ဖြစ်မနေစေချင်ကြောင်း မှတ်ချက်ပြုသွားပါတယ်။
Source: NDTV
#World_Politics
#YMG #Yangon_Times
Published 11 September 2023
တရုတ်သိပ္ပံပညာရှင်များက လူသားဆဲလ်တွေနဲ့ ဝက်ဆဲလ်များ ဖက်စပ်ပါဝင်တဲ့ ကျောက်ကပ်တွေကို ဝက်တွေထဲမှာ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီသုတေသနက နှလုံး၊ ပန်ကရိယတို့လို လူသားအင်္ဂါတွေကို ဝက်တွေထဲမှာ ထုတ်လုပ်နိုင်မယ့် နည်းလမ်းရရှိရန် လမ်းစဖြစ်လာပြီး လူသားအင်္ဂါ အစားထိုးခွဲစိတ်ခြင်း နည်းပညာပိုင်းမှာ အဆင့်မြင့်ဆုံး ရည်မှန်းချက် ဖြစ်လာပါတယ်။
ဒီအောင်မြင်မှုက လူသားအင်္ဂါတစ်ခုလုံးကို အခြားသတ္တဝါမျိုးစိတ်ထဲမှာ ပထမဆုံးအနေဖြင့် ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကွမ်ကျိုးဇီဝဆေးဘက်ဆိုင်ရာနဲ့ ကျန်းမာရေးတက္ကသိုလ်မှ အဖွဲ့ကဦးဆောင်ကာ အများဆုံးအစားထိုးခွဲစိတ်လေ့ရှိတဲ့ ကျောက်ကပ်အင်္ဂါကို ဦးစားပေး ထုတ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
လူသားအင်္ဂါတွေကို ဝက်တွေမှာ အစားထိုးရန် ယခင်ကကြိုးပမ်းရာမှာ မအောင်မြင်ခဲ့ပေမယ့် အခုနည်းလမ်းကတော့ လူသားဆဲလ်တွေကို လက်ခံတစ်ရှူးတွေထဲ ထည့်သွင်းနိုင်ခဲ့ကာ ဝက်တွေထဲမှာ လူသားအင်္ဂါ ထုတ်လုပ်နိုင်ခဲ့ကြောင်း စာတမ်းပြုစုသူ ပရော်ဖက်ဆာ လဲ့လျန်ရှူက ပြောပြခဲ့ပါတယ်။
လူသားနဲ့ ဝက်ကြားရှိ ဇီဝဖြစ်စဥ်ကွဲပြားမှုတွေကြောင့် လူသားပင်မစတမ်းဆဲလ်တွေကို ဝက်သန္ဓေထဲထည့်သွင်းဖို့ ခက်ခဲနေခဲ့တယ်လို့ သုတေသီများ ရှင်းပြပါတယ်။
သူတို့ရဲ့ နည်းလမ်းထဲက အဓိကကျတဲ့ နည်းပညာ ၃ မျိုးကတော့..
(၁) CRISPR နည်းလမ်းအသုံးပြုပြီး ဝက်ဆဲလ်များ ပြန်လည်တုန့်ပြန်ခြင်း မဖြစ်အောင် ဝက်သန္ဓေထဲမှာ အခြေအနေတစ်ခု ဖန်တီးရပါတယ်။
ကျောက်ကပ်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ မျိုးရိုးဗီဇ ၂ ခုမရှိအောင် ပြုပြင်လိုက်တာ ဖြစ်ပါတယ်။
(၂) ဘယ်လိုဆဲလ်မဆို ဖြစ်လာနိုင်တဲ့ လူသားပင်မစတမ်းဆဲလ်တွေကို ပေါင်းစည်းမှုနဲ့ ရှင်သန်မှု တိုးတက်လာအောင် ပြုပြင်ရပါတယ်။
ဒါကတော့ ဆဲလ်သေဆုံးခြင်း ပရိုဂရမ်ကို ယာယီတားဆီးလိုက်တာ ဖြစ်ပါတယ်။
(၃) အထူးအခြေအနေတစ်ခုမှာ ပြုပြင်ထားတဲ့ ပင်မစတမ်းဆဲလ်တွေကို လူသားအစောပိုင်းသန္ဓေဆဲလ်များအဖြစ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။
သုတေသီအဖွဲ့က သန္ဓေပေါင်း ၁,၈၂၀ ကို ဝက်မိခင် ၁၃ ကောင်ထဲသို့ ထည့်လိုက်ပါတယ်။
၂၅ ရက်မှ ၂၈ ရက်ကြာပြီးနောက် သန္ဓေသားတွေကို လေ့လာကြည့်ရာမှာ ကျောက်ကပ်တွေက ပုံမှန်တည်ဆောက်ပုံရှိပြီး ဖွံ့ဖြိုးဆဲအဆင့်မှာ လူသားဆဲလ် ၅၀ မှ ၆၀ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းနေတာကို မြင်တွေ့ခဲ့ကြပါတယ်။
အင်္ဂါတွေဟာ ဆဲလ်မျိုးရိုးတစ်ခုတည်းဖြင့် ဖွဲ့စည်းထားတာ မဟုတ်တာကြောင့် လူသားအင်္ဂါတစ်ခု ရဖို့ဆိုရင် ဝက်တွေမှာ ဒီထက်ပိုမိုရှုပ်ထွေးတဲ့ နည်းလမ်းဖြင့် မျိုးရိုးဗီဇ ပြုပြင်ရမှာဖြစ်ကြောင်း၊ ထည့်သွင်းလိုက်တဲ့ လူသားဆဲလ်တွေကို လိုက်လံစစ်ဆေးနိုင်ပြီး လိုအပ်သလို ထိန်းချုပ်နိုင်ကြောင်း စာတမ်းပြုစုသူ ဒေါက်တာအက်စ်တဲဘန်က ဖော်ပြခဲ့ပါတယ်။
Source: StudyFinds
#World_Science
#YMG #Yangon_Times
Published_ 11 September 2023
ကော်တီဆောလ်ဟော်မုန်းက အိပ်ရေးပျက်ရတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာ ဖော်ပြနေကြပါတယ်။
ကော်တီဆောလ်ကို ဖိစီးမှုဟော်မုန်းလို့လည်း ခေါ်ပြီး အက်ဒရီနယ်ဂလင်းနှစ်ခုကနေ ထုတ်လုပ်ပေးကာ စိတ်ဖိစီးမှု ဖြစ်ပေါ်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကော်တီဆောလ် ထွက်ရှိမှုများလာပါတယ်။
ဒီဟော်မုန်းက ဇီဝကမ္မဖြစ်စဥ် ထိန်းသိမ်းခြင်း၊ သွေးပေါင်ချိန်ထိန်းပေးခြင်း၊ ရောင်ရမ်းမှုကို လျှော့ချပေးခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်းတို့ကို ကူညီပေးတာကြောင့် သင့်လျော်စွာ ရှိနေဖို့တော့ လိုအပ်ပါတယ်။
ကော်တီဆောလ်ကို စွမ်းအင်ပေးတဲ့ ဟော်မုန်းလို့ပြောရင် ပိုပြီးသင့်လျော်တယ်လို့ ဗြိတိန် နော်သမ်ဘရီယာတ္ကသိုလ်မှ စိတ်ကျန်းမာရေး ပရော်ဖက်ဆာ မာ့ခ်ဝစ်သရယ်လ်က ပြောပြသွားပါတယ်။
ကော်တီဆောလ်ပမာဏ မြင့်မားပါက ကိုယ်အလေးချိန်တက်ခြင်း၊ ဆီးချိုတက်ခြင်း၊ ကြွက်သားအာနည်းခြင်း၊ အရေပြားထိခိုက်လွယ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
ရေတိုမှာ ခန္ဓာကိုယ်တွင်းစနစ်များအတွက် အဆင်ပြေစေမယ့် မကြာခဏ ဖိစီးမှုဖြစ်နေရင်တော့ ရေရှည်ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ကော်တီဆောလ်ပမာဏက ညသန်းခေါင်အချိန်မှာ အနည်းဆုံးဖြစ်နေပြီး အိပ်ပျော်ပြီး ၂ နာရီ ၃ နာရီအကြာမှာ မြင့်တက်လာကာ မနက်ခင်း အိပ်ရာနိုးတဲ့အချိန်မှာ အမြင့်ဆုံးပြန်ဖြစ်လာပါတယ်။
ဒီနောက် တစ်နေ့လုံးမှာ အတက်အကျဖြစ်ပေါ်နေပြီး ဖိစီးမှုကြောင့် ကော်တီဆောလ် မြင့်တက်လာကာ အိပ်ပျော်စေဖို့ ခက်ခဲပါတယ်။
ကော်တီဆောလ်ပမာဏ မြင့်မားခြင်းက အိပ်စက်မှုကို သေချာပေါက် သက်ရောက်နေကာ လူတွေရဲ့ အပြုအမူ အနေအထားတွေက ဟော်မုန်းအတက်အကျ ဖြစ်ခြင်းရဲ့ အကြောင်းအရင်း ဖြစ်နေပြီး စစ်ဆေးနေဖို့က အလွန်အရေးကြီးပါတယ်။
ကော်တီဆောလ် မရှိဘူးဆိုရင်လည်း မနက်ခင်းမှာ နိုးထလာမှာ မဟုတ်တာကြောင့် သူ့ပမာဏနဲ့သူ ညီညွတ်မျှတစွာ ရှိနေဖို့ လိုအပ်တယ်လို့ စိတ်အထူးကုဆရာဝန် မိုက်ကယ်ဘရုစ်က ပြောပြသွားပါတယ်။
Source: WION.
#World_Health
#YMG #Yangon_Times
မော်ရိုကိုနိုင်ငံ သမိုင်းဝင် မာရက်ကားမြို့တွင် သောကြာနေ့ညက ပြင်းအား၇.၀ အဆင့်ရှိ ငလျင်လှုပ်ရှားရာ လူ ၂၀၁၂ ဦး သေဆုံးပြီး ၂၀၅၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရသူများအထဲတွင် ၁၄၀၄ ဦးမှာ စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကပြောပါတယ်။
မော်ရိုကိုနိုင်ငံ အယ်လ်ဟောင်းပြည်နယ် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မာရက်ကားမြို့မှ ၇၀ ကီလိုမီတာအကွာရှိ အစ်ဟေးလ်မြို့အနီး ဗဟိုပြုကာ ငလျင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ CCTV +
Published 10 September 2023
Page 452 of 963