Published 18 December 2023
ဂါဇာကမ်းမြောင်မှာ ကွန်ကရစ်တွေ သံတွေဖြင့် ဆောက်လုပ်ထားတဲ့ ဟားမတ်စ်တို့ရဲ့ ဥမင်လိုဏ်ခေါင်းကြီးတစ်ခုကို တွေ့ရှိခဲ့ပြီး အဓိကနယ်စပ်ဖြတ်ကျော်ရာ နေရာကနေ မီတာအနည်းငယ်သာ ကွာဝေးကြောင်း အစ္စရေးလ်စစ်တပ်က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
လိုဏ်ခေါင်းရဲ့ အရွယ်အစားက မော်တော်ယာဥ်ငယ်များ အလွယ်တကူ ဝင်ရောက်သွားလာလို့ရတယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။
ဥမင်လိုဏ်ခေါင်းဟာ တည်ဆောက်ဖို့ ဒေါ်လာသန်းနဲ့ချီ ကုန်ကျခဲ့ပြီး နှစ်ချီအောင် အချိန်ယူခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်ကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှာ ဦးဆောင်စီစဥ်သူ ဟားမတ်စ်အကြီးအကဲ ယာဟာဆင်ဝါနဲ့ ညီအစ်ကိုတော်တဲ့ မိုဟာမက်ယာဟာက ထိုလိုဏ်ခေါင်းစီမံကိန်းကို ဦးစီးခဲ့တာဖြစ်ကြောင်း အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
ဂါဇာမှာ တွေ့ရှိထားတဲ့ အကြီးဆုံးလိုဏ်ခေါင်းထဲကို ဝင်ရောက်တော့မှာ ဖြစ်ကြောင်း၊ ဒါဟာ ဆင်ဝါရဲ့ အကြီးဆုံးမြေအောက်စီမံကိန်း ဖြစ်ကြောင်း၊ ဒါက နယ်စပ်ဖြတ်ကျော်ဖို့ကို အဓိကထားပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ရည်ရွယ်ထားတဲ့ စီမံကိန်းလို့ သိရှိထားကြောင်း စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟာဂါရီက ပြောပြသွားပါတယ်။
အဆိုပါ ဧရာမလိုဏ်ခေါင်းစနစ်ထဲမှာ လမ်းခွဲများစွာ ပါဝင်ပြီး စုစုပေါင်း ၂ မိုင်ခွဲခန့် ကျယ်ပြန့်ကာ ဂါဇာလူမျိုးတွေ နေ့စဥ်နဲ့အမျှ အစ္စရေးလ်သို့ အလုပ်သွားတဲ့အခါ ဖြတ်သန်းရတဲ့ အဲရက်ဇ်နယ်စပ်နေရာကနေ မီတာ ၄၀၀ ခန့်သာ ကွာဝေးပါတယ်။
လိုဏ်ခေါင်းစုစုပေါင်းအရှည် ၄ ကီလိုမီတာဟာ ဟားမတ်စ်တို့အုပ်စိုးခဲ့တဲ့ ဂါဇာမြောက်ပိုင်းမြို့သို့ ရောက်တဲ့အထိ ရှည်လျားပါတယ်။
ဒါ့အပြင် ဟားမတ်စ်အကြီးတန်း ခေါင်းဆောင်တွေ အသုံးပြုခဲ့တဲ့ ဂါဇာအပန်းဖြေအိမ်များအောက်က လိုဏ်ခေါင်းတွေကိုလည်း တွေ့ရှိခဲ့တယ်လို့ အစ္စရေးလ်တပ်များက တနင်္ဂနွေနေ့က ဆိုပါတယ်။
ဟားမတ်စ်ဘက်မှ ခန်းယူနစ်တပ်ရင်းရဲ့ တပ်မှူးရုံးခန်းတွေနဲ့ အပန်းဖြေနေအိမ်တွေကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
Source: WION
#World_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 18 December 2023
Published 17 December 2023
ဘယ်လ်ဂျီယံနိုင်ငံမှ အန့်ဝါ့ပ်ဆိပ်ကမ်းမှာ ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး တွန်းသင်္ဘောဟာ အင်္ဂါနေ့က စတင်ပြေးဆွဲပြီဖြစ်ပါတယ်။
Hydrotug 1 လို့အမည်ပေးထားတဲ့ သင်္ဘောဟာ ဟိုက်ဒရိုဂျင်နဲ့ သမားရိုးကျလောင်စာတို့ကို လောင်ကျွမ်းစေတဲ့ အင်ဂျင်အသုံးပြုထားပြီး CMB.Tech နည်းပညာကုမ္ပဏီမှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
#World_Energy
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 16 December 2023
အစ္စရေးလ်စစ်သားတွေဟာ အစ္စရေးလ်ဓားစာခံ ၃ ဦးကို ဘေးအန္တရာယ်ပြုမယ့်သူတွေလို့ မှားယွင်းစွာ ယူဆခဲ့ကာ အသေပစ်သတ်ခဲ့မိတယ်လို့ အစ္စရေးလ်စစ်တပ်က ဒီဇင်ဘာ ၁၆ ရက်နေ့ အစောပိုင်းမှာ ပြောကြားလိုက်ပါတယ်။
‘’ရှီဂျိုင်ယာမှာ တိုက်ခိုက်နေစဥ် အစ္စရေးလ်ကာကွယ်ရေးတပ် (IDF)က အစ္စရေးလ်ဓားစာခံ ၃ ဦးကို အန္တရာယ်ပေးမယ့်သူတွေလို့ မှားယွင်းစွာ ယူဆမိခဲ့ပါတယ်။ ဒီအတွက် ယင်းတို့ကို ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်’’ လို့ ထုတ်ပြန်ခဲ့ကာ အလွန်ဝမ်းနည်းကြေကွဲမိပါကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို IDF က ချက်ချင်းပြန်လည်သုံးသပ်နေပြီး အတွေ့အကြုံယူကာ IDF အဖွဲ့ဝင်အားလုံးသိရှိအောင် ဖြန့်ဝေထားပါတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွတွေဟာ အစ္စရေးလ်ဘက်ကို ကျူးကျော်ဝင်ရောက်ကာ လူပေါင်း ၁,၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဓားစာခံ ၂၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ယခုသေဆုံးသွားတဲ့ ဓားစာခံတွေက ယိုတမ်ဟိုင်းနဲ့ ဆမ်မာအယ်လ်တယ်လာကာတို့ ဖြစ်တယ်လို့ သိရပါတယ်။
ပြင်သစ်-အစ္စရေးလ်လူမျိုး အယ်လီယာတိုလ်ဒါနိုရဲ့ အလောင်းကိုတော့ အစ္စရေးလ်ကို ပြန်ပို့ထားပြီး သူကတော့ ဓားစာခံအဖွဲ့ထဲက မဟုတ်ဘူးလို့ အစ္စရေးလ်စစ်တပ်က သောကြာနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲဆက်လက်ပြင်းထန်နေပြီး အစ္စရေးလ်က ဂါဇာကမ်းမြောင်ထံသို့ ထောက်ပံ့ကူညီမှုများကို ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။
အရပ်သားများ ကာကွယ်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးလ်ကို နိုင်ငံတကာမှ ဖိအားပေးမှုများ တိုးမြှင့်လာပါတယ်။
အမေရိကန်က အစ္စရေးလ်ကို များစွာထောက်ပံ့ထားပြီး စစ်ရေးအကူအညီအတွက် ဒေါ်လာဘီလီယံချီ ပံ့ပိုးထားကာ အစ္စရေးလ်အနေနဲ့ ကိုယ်ပိုင်ကာကွယ်ခွင့်ရှိတယ်လို့ ထောက်ခံထားပေမယ့် ဂါဇာကမ်းမြောင်မှာ အသေအပျောက်စာရင်း မြင့်တက်နေတာကို အမေရိကန်ထိပ်သီး အရာရှိများက စိုးရိမ်နေကြပါတယ်။
အစ္စရေးလ်အနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို ရပ်တန့်သင့်တယ်လို့ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျအပါအဝင် အနောက်တိုင်းနိုင်ငံ အများအပြားမှ တောင်းဆိုလိုက်ကြပါတယ်။
Source: WION
#World_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 16 December 2023
ကြက်ဥပြုတ်စားခြင်းဟာ ကိုယ်အလေးချိန်ချတဲ့ နည်းလမ်းထဲမှာ အပါအဝင်ဖြစ်ပြီး ပုံမှန်စားသုံးခြင်းဖြင့် ၂ ပတ်အတွင်း ၂၅ ပေါင်ခန့်ကျစေနိုင်တယ်လို့ ပညာရှင်များ လေ့လာဖော်ပြထားပါတယ်။
ထိုစားသောက်ပုံစံက မနက်စာကို အနည်းဆုံး ကြက်ဥပြုတ် ၂ လုံး၊ အသီးတစ်မျိုး စားသုံးပြီး နေ့လယ်စာနဲ့ ညစာကို ကြက်ဥ၊ ကာဗိုဟိုက်ဒရိတ်နည်းတဲ့ ဟင်းသီးဟင်းရွက်များဖြင့် စားသုံးရတာ ဖြစ်ပါတယ်။
ဒီလိုစားသောက်ပုံက ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် နည်းပါးပြီး ကိုယ်အလေးချိန်ကျစေတဲ့ နည်းလမ်းဖြစ်ပေမယ့် ရေရှည်မှာ အာဟာရဓာတ် မညီမျှမှု ဖြစ်စေနိုင်တယ်လို့ နယူးယော့ခ်အခြေစိုက် အာဟာရပညာရှင် အယ်ရင်ပယ်လင်စကီဝိတ်က ပြောပြခဲ့ပါတယ်။
ကြက်ဥပြုတ် စားသောက်ထိန်းသိမ်းမှု ပုံစံထဲမှာ ရှောင်ရှားရမယ့် အစားအစာများစွာ ပါဝင်နေတာကြောင့် အာဟာရဓာတ် ချို့တဲ့မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ရေတိုထိရောက်မှုမှာတော့ တစ်ပတ်အတွင်း ၅ ပေါင်ကျသွားတယ်လို့ တစ်တော့မှာ လူတစ်ဦးက ဖော်ပြသွားပါတယ်။
အစပိုင်းမှာ ရေဓာတ်ပါဆုံးရှုံးတာကြောင့် ကိုယ်အလေးချိန် ကျဆင်းသွားတာဖြစ်ကြောင်း၊ တကယ်တမ်းမှာ ကိုယ်တွင်းအဆီတွေ ကျဆင်းသွားတာ မဟုတ်ကြောင်း ဒေါက်တာက ရှင်းပြခဲ့ပါတယ်။
ကြက်ဥမှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး ဗိုက်တာမင် အေ၊ ဘီ၁၂၊ ဒီ၊ ဘီ၂၊ ဘီ၇၊ ဆယ်လီနီယမ်၊ အိုင်အိုဒင်းတို့ မြင့်မားစွာ ပါဝင်သလို ကိုလက်စ်ထရောလ်နဲ့ ပြည့်ဝဆီများလည်း ပါဝင်နေပါတယ်။
ကြက်ဥပြုတ်နည်းလမ်းကို စမ်းကြည့်ချင်သူတွေအနေနဲ့ ရက်သတ္တပတ် အနည်းငယ်လောက် အဆင်ပြေနိုင်ပေမယ့် ရေရှည်အတွက်တော့ မသင့်လျော်နိုင်ဘူးဆိုတဲ့ ကိစ္စက အစိုးရိမ်ရဆုံး ဖြစ်နေပါတယ်။
နောက်ဆုံးမှာတော့ ထိုအတောအတွင်း ကျသွားခဲ့တဲ့ ကိုယ်အလေးချိန်တွေ ပြန်တက်လာနိုင်ကာ ပိုပြီးတော့ပင် များလာနိုင်ပါတယ်။
အသင့်လျော်ဆုံးနည်းလမ်းကတော့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး မိမိအတွက် ရေရှည်အထိပါ အကျန်းမာဆုံးနည်းလမ်းကို ဆွေးနွေးသင့်ပါတယ်။
Source: New York Post
#World_Health
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 447 of 1028