တရုတ်စီးပွားကူးသန်းဝန်ကြီး ဝမ်ဝင်ထောင်က တရုတ်-အမေရိကန် စီးပွားရေးနဲ့ကုန်သွယ်ရေး ဆက်ဆံရေးဟာ အပြန်အလှန်အကျိုးရှိစေတယ်လို့ ကောက်ချက်ချလိုက်ပြီး အငြင်းပွားစရာများ ဖြေရှင်းခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့ အရေးကြီးကြောင်းကို ပြောသွားပါတယ်။
#World_Business
Published 21 July 2025
#တရုတ်-အမေရိကန်စီးပွားရေး #ကုန်သွယ်မှုဆက်ဆံရေးအရေးကြီး
#YMG #Yangon_Times #Yangon_Media_Group
ဒါကာ၊ ဇူလိုင် ၂၁ (ရိုက်တာ) - ဘင်္ဂလားဒေ့ရှ် လေတပ် လေ့ကျင့်ရေး လေယာဉ်တစ်စင်း တနင်္လာနေ့တွင် ဒါကာမြို့တော်ရှိ ကောလိပ်ကျောင်းနှင့် ကျောင်းဝင်းထဲ ပျက်ကျခဲ့ရာ လူ ၁၉ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း မီးသတ်ဌာန အရာရှိတစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းဒဏ်ရာနှင့် ပလပ်စတစ် ခွဲစိတ်ကုသမှု အမျိုးသားဌာနမှ ဆရာဝန်တစ်ဦးက ကလေး သူငယ် များနှင့် လူကြီးများအပါအဝင် လူ ၅၀ ကျော် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံတင်ထားရ ကြောင်း သတင်း ထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် ဒါကာမြို့မြောက်ပိုင်း ဥတ္တရ Uttara ရှိ မိုင်းစတုန်း ကျောင်းနှင့်ကောလိပ် Milestone School and College တွင် ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
“ဘင်္ဂလားဒေ့ရှ် လေတပ်ရဲ့ F-7 BGI လေ့ကျင့်ရေး လေယာဉ်ဟာ ဥတ္တရ မှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၁နာရီ ၆ မိနစ်မှာ ထွက်ခွာခဲ့တာပါ” ဟု စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပျက်ကျပြီးနောက်ပိုင်း ရိုက်ကူးထားသည့် ဗီဒီယိုများတွင် မြက်ခင်းပြင်အနီးတွင်မီးကြီးလောင်ကျွမ်းနေပြီး မီးခိုးလုံးကြီးများ ကောင်းကင်သို့ တက်လာသည်ကို လူအုပ်ကြီးက မလှမ်းမကမ်းမှ ကြည့်ရှုနေကြသည်ကို မြင်တွေ့ရသည်။
မီးသတ်သမားများသည် လေယာဉ်ပျက်စီးနေသည့် အပိုင်းအစများပေါ်သို့ ရေများဖြန်းနေကြပြီး အဆိုပါလေယာဉ်သည် အဆောက်အအုံဘေးဘက်သို့ ဝင်ရောက်တိုက်မိကာ သံဆန်ခါများ ပျက်စီးပြီး အဆောက်အအုံတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်ကို ရိုက်တာ၏ရုပ်သံတွင် တွေ့ရသည်။
“တတိယတန်းကျောင်းသားတစ်ဦး သေဆုံးလျက်သား ရောက်ရှိလာပြီး၊ အသက် ၁၂ နှစ်၊ ၁၄ နှစ်နဲ့ ၄၀ နှစ် အရွယ် သုံးဦးကို ဆေးရုံတင်ထားပါတယ်” ဟု အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ထိခိုက်ခံစားခဲ့ရသူများကို ခေါ်ဆောင်သွားခဲ့သည့် ဒါကာဆေးကောလိပ်နှင့် ဆေးရုံရှိ မီးလောင်ဒဏ်ရာဌာန အကြီးအကဲ Bidhan Sarker က ပြောကြားသည်။
အချို့က အခြားသူများကို နှစ်သိမ့်ပေးနေချိန်တွင် လူများ အော်ဟစ်ငိုယိုနေကြသည်ကိုလည်း ဗီဒီယိုများတွင် တွေ့ရသည်။

“ကျွန်တော် ကလေးတွေကို သွားကြိုပြီး ဂိတ်ကို ရောက်တော့ နောက်ကနေ တစ်ခုခုလာနေတာ သတိထားမိတယ်။ ပေါက်ကွဲသံ ကြားလိုက်ရတယ်။ နောက်လှည့်ကြည့်လိုက်တော့ မီးနဲ့ မီးခိုးပဲ တွေ့ရတယ်” ဟု ကျောင်း ဆရာ Masud Tarik က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ Muhammad Yunus က မတော်တဆမှု၏ အကြောင်း ရင်းကို စုံစမ်းစစ်ဆေးရန်နှင့် အကူအညီများအားလုံးကိုအသေအချာဖြစ်စေရန် လိုအပ်သော အစီအမံများ ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။
“လေတပ်.၊ကျောင်းသားတွေ၊ မိဘတွေ၊ ဆရာတွေနဲ့ ဝန်ထမ်းတွေအပြင် ဒီမတော်တဆမှုမှာ တခြား သူတွေ ဆုံးရှုံးခဲ့ရတာက အစားထိုးမရနိုင်ပါဘူး” ဟု သူက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ Ahmedabad မြို့ရှိ ဆေးကောလိပ် ကျောင်းဆောင် တစ်ခုပေါ်သို့ Air India လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ ၂၄၂ ဦးအနက် ၂၄၁ ဦးနှင့် မြေပြင်ပေါ်ရှိ ၁၉ ဦး သေဆုံးခဲ့ရာ ဆယ်စုနှစ်အတွင်း ကမ္ဘာ့အဆိုးဆုံး လေကြောင်းကပ်ဘေးဖြစ်ခဲ့ရပြီးနောက် တစ်လ ကျော်ကျော်ကလေးတွင် ယခုမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သတင်းအရင်းအမြစ်-ရိုက်တာသတင်းဌာန
#Daily_News
Published 21 July 2025
၁။ ငလျင်သင့်ပြည်သူသုံးသိန်းကျော်အတွက် စားနပ်ရိက္ခာအထောက်အပံ့များတရုတ်ကလှူဒါန်း
၂။ ရုရှား၊ ဘယ်လာရုစ်တို့ထံမှ ဓာတ်မြေဩဇာများအား ဝယ်ယူနိုင်ရေးနှင့် ပြည်တွင်းမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများတင်ပို့နိုင်ရေးဆွေးနွေးနေ
၃။ မုန်တိုင်းငယ်ဖြစ်နိုင်၍ မိုးကြီးပြီး မြစ်ရေတက်နိုင်
၄။ တရုတ်-အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးအရေးကြီးဟု တရုတ်စီးပွားကူးသန်းဝန်ကြီးပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 21 July, 2025
▪️ ပြီးခဲ့တဲ့လ အစ္စရေးလ်နဲ့ တိုက်ခိုက်ခဲ့စဉ်က ပျက်စီးသွားတဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကို အစားထိုးပြင်ဆင်ပြီးပြီလို့ အီရန်ရဲ့ Defah Press သတင်းဌာနက တနင်္ဂနွေနေ့မှာ ဖော်ပြထားပါတယ်။
▪️ ဇွန်လက အစ္စရေးလ်လေတပ်ဟာ အီရန်လေပိုင်နက်ကို အသာရခဲ့ပြီး လေကြောင်းကာကွယ်ရေးစနစ်များကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကာ အီရန်တပ်များကလည်း အစ္စရေးလ်နယ်မြေထဲသို့ ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်နိုင်ခဲ့ပါတယ်။
▪️ "လေကြောင်းကာကွယ်ရေးစနစ်အချို့ ထိခိုက်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဖြစ်ရင်းမြစ်များ အသုံးပြုထားကာ လေကြောင်းလုံခြုံရေးအတွက် ကြိုတင်သိမ်းဆည်းထားတဲ့ စနစ်များဖြင့် အစားထိုးပြီးဖြစ်ပါတယ်" လို့ အီရန်တပ်မတော် စစ်ဆင်ရေးလက်ထောက် မာမွတ်မိုဆာဗီက ပြောပါတယ်။
▪️ စစ်ပွဲမတိုင်ခင်တည်းက အီရန်ဟာ ပြည်တွင်းထုတ် တာဝေးပစ် လေကြောင်းကာကွယ်ရေးစနစ် Bavar- 373 တွေ ပိုင်ဆိုင်တဲ့အပြင် ရုရှားထုတ် S-300 စနစ်လည်း ပိုင်ဆိုင်ပါတယ်။
▪️ Defah Press ဖော်ပြချက်ထဲမှာတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်း နိုင်ငံခြားထုတ် လေကြောင်းကာကွယ်ရေးစနစ်တွေ အီရန်သို့တင်ပို့တဲ့အကြောင်းတွေ မပါဝင်ပါဘူး။
▪️ ပြီးခဲ့တဲ့ အောက်တိုဘာလ အစ္စရေးလ်ဘက်က အီရန်ဒုံးကျည်စက်ရုံတွေကို တိုက်ခိုက်ပြီးနောက် အီရန်ဟာ ပြန်လည်နလန်ထူပြီးကြောင်း ပြသတဲ့အနေနဲ့ ရုရှားထုတ် လေကြောင်းကာကွယ်ရေးစနစ်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
#Source: Reuters
#World_Health
Published 21 July, 2025
▪️ ညအချိန်နှလုံးခုန်နှုန်း အခြေအနေနဲ့ ကျန်းမာရေးအခြေအနေတို့ကြား ဆက်စပ်မှုကြီးမားကြောင်း သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ဘန်းတက္ကသိုလ်ဆေးရုံက ၁၃ နှစ်တာအတွင်း လူပေါင်း ၄,၁၇၀ ကို လေ့လာခဲ့ရာမှာ အိပ်နေစဉ် နှလုံးခုန်နှုန်းပြောင်းလဲခြင်းက လေဖြတ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဦးနှောက်အသိဉာဏ်ယိုယွင်းခြင်းစတဲ့ ကျန်းမာရေးအခြေအနေများရဲ့ အစောပိုင်းလက္ခဏာကို ပြသနေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ ဒါဟာ နှလုံးခုန်ချက်ကြားမှာ ကြာမြင့်ချိန် အတက်အကျဖြစ်တဲ့သဘော ဖြစ်ပါတယ်။
▪️ နောက်ပိုင်းမှာ လေဖြတ်နိုင်ခြေရှိသူတွေမှာ နှလုံးခုန်နှုန်းပြောင်းလဲချက်က များနေပြီး စိတ်ဓာတ်ကျဝေဒနာ ခံစားရသူတွေမာတော့ ပြောင်းလဲချက်နည်းနေတာ တွေ့ရပါတယ်။
▪️ ကြိမ်နှုန်းပြောင်းလဲပြီး နှလုံးခုန်နှုန်းပြောင်းလဲချက် မြင့်တဲ့သူတွေမှာ နှလုံးသွေးကြောရောဂါ၊ ဟော်မုန်းရောဂါတို့လည်း ဖြစ်လာပါတယ်။
▪️ ဒီလိုမျိုး ခန္ဓာကိုယ်လုပ်ဆောင်ချက်များ ပြောင်းလဲခြင်းနဲ့ လက္ခဏာများ ပေါ်ပေါက်လာခြင်းက အယ်ဇိုင်းမား၊ လေဖြတ်ခြင်းလိုမျိုး ရောဂါတွေကို စောစီးစွာ သိရှိကာကွယ်စေနိုင်မှာ ဖြစ်ပါတယ်။
▪️ ဒီလိုမျိုး နှလုံးခုန်နှုန်းအပြောင်းအလဲတွေကို စောင့်ကြည့်ဖို့ စက်ပစ္စည်းများတပ်ဆင်လာနိုင်ပါတယ်။
▪️ အိပ်စက်ခြင်းဆိုတာက ရေရှည်ကျန်းမာရေးအတွက် အဓိကထောက်တိုင်တစ်ခု ဖြစ်ပါတယ်။
▪️ ဒါကြောင့် အိပ်စက်စဉ်မှာ နှလုံးခုန်နှုန်းတည်ငြိမ်အောင် ထိန်းသိမ်းဖို့က ဦးနှောက်ကျန်းမာရေးအတွက် အထူးအရေးကြီးနေပါတယ်။
#Source: ANI
#World_Health
Published 21 July, 2025
▪️ နို့ထွက်ပစ္စည်း စားတာများရင် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ သုတေသီများက ကျောင်းသား ၁ ထောင်ကျော်ကို သူတို့ရဲ့ အိပ်စက်မှုအခြေအနေ၊ စားသောက်နေထိုင်မှုပုံစံတို့နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြရာ လက်တို့စ်မတည့်ခြင်းနဲ့ အအိပ်ပျက်ခြင်းတို့ကြား ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။
▪️ လက်တို့စ်ပါဝင်တဲ့စားစရာတွေက ဒိန်ခဲ၊ နို့၊ ရေခဲမုန့်တို့ ဖြစ်ပါတယ်။
▪️ ဒီထဲက ၃ ပုံ ၁ ပုံလောက်က အိပ်မက်ဆိုးတွေ ပုံမှန်မက်တယ်လို့ ဖြေကြားပြီး ၄၀ ရာခိုင်နှုန်းက နောက်ကျမှစားခြင်း၊ အချို့သောအစားအစာကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
▪️ ဘယ်လိုအစားအစာတွေက အိပ်စက်မှုအပေါ် သက်ရောက်စေလဲဆိုတဲ့အကြောင်း မေးမြန်းခဲ့ကြပါတယ်။
▪️ လက်တို့စ်ဓာတ်မခံနိုင်သူတွေက အစာအိမ်အူလမ်းကြောင်း လက္ခဏာများ၊ အိပ်မက်ဆိုးများ၊ ကောင်းစွာအိပ်မပျော်ခြင်းတို့ ခံစားရတတ်ကြောင်း တွေ့ရှိလာပါတယ်။
▪️ အစားအစာတစ်မျိုးမျိုးကို မခံနိုင်တဲ့သူတွေမှာ မတည့်တဲ့အစာတွေကို သိရှိခြင်းဖြင့် ရှောင်ရှားနိုင်ပါတယ်။
▪️ အစားကို ကောင်းကောင်းမစားရင် ကောင်းစွာမအိပ်နိုင်ဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်။
▪️ တွေ့ရှိချက်တွေက တကယ်မှတ်ချက်ပြုနိုင်လားဆိုတာ ပိုမိုသိရှိရဖို့ လူအမျိုးမျိုးမှာ လေ့လာရဦးမှာဖြစ်ပါတယ်။
▪️ အစားအစာတွေက အိပ်မက်တွေအပေါ် သက်ရောက်မှုရှိလားဆိုတာ သေချာသိရဖို့ နောက်ထပ်လေ့လာချက်တွေ ပြုလုပ်ရမှာဖြစ်ပြီး ဒိန်ခဲနဲ့ အခြားစားစရာတွေ စားခြင်းဖြင့် လေ့လာချင်တယ်လို့ ဒီမွန်ထရီရယ်တက္ကသိုလ်မှ ဒေါက်တာတိုရီနီယဲဆင်က ပြောသွားပါတယ်။
#Source: MedicalXpress
၂၀ ဇူလိုင် ၂၀၂၅
နယူးယောက်ပြည်နယ်၊ ဝက်စ်ဘူရီမြို့ရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် သံလိုက်စက် ကွင်းပဲ့တင်သံ ရုပ်ပုံဖော်စက် (MRI) ထဲသို့ ဆွဲငင်ခံရပြီးနောက် လောင်းအိုင်လန်မှ အသက် ၆၁ နှစ်အရွယ် ကိတ် မက်အဲလိစ်တာ သေဆုံးသွားကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။
အဆိုပါ ဖြစ်ရပ်သည် ဗုဒ္ဓဟူးနေ့က Nassau Open MRI တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မက်အဲလိစ်တာသည် သူ၏ဇနီးဖြစ်သူ Adrienne Jones-McAllister ဒူးကို စကင်ဖတ်ရန်အတွက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
ဇနီးဖြစ်သူAdrienne ၏ ပြောကြားချက်အရ သူမ၏ခင်ပွန်းသည် စကင်ဖတ်သည့် စားပွဲမှ သူမ မတ်တပ်ထရပ်နိုင်ဖို့ ကူညီရန်အတွက် MRI အခန်းထဲသို့ ဝင်ရောက်သွားစဉ် အားပြင်းသော သံလိုက်စက်ကွင်းတစ်ခုက စတင်အလုပ်လုပ်ခဲ့ကြောင်း သိရသည်။
"သူ့ကိုယ်လုံးက ပျော့ခွေသွားတယ်" ဟု News 12 Long Island သို့ သူမက ပြောကြားခဲ့သည်။ "ကျွန်မ လက်ထဲမှာ သူ ပျော့ခွေသွားတာ အခုထိ ကျွန်မ ဦးနှောက်ထဲမှာ စွဲနေတုန်းပဲ" ဟု ဆိုသည်။
Adrienne နှင့် တာဝန်ကျ MRI နည်းပညာရှင်တို့က မက်အဲလိစ်တာကို စက်မှ ဆွဲထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။
မက်အဲလိစ်တာသည် လေးလံသော သော့နှင့် သံကြိုးကြီးကို ဝတ်ဆင်ထားခဲ့ပြီး ယင်းသံကြိုးကြောင့် အားပြင်းသော MRI သံလိုက်စက်က သူ့အား စက်ထဲသို့ ဆွဲသွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စိုးရိမ်ရသည့် အခြေအနေကြောင့် သူ့ကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော် လည်း နောက်တစ်နေ့တွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
Adrienne က သူမ၏ခင်ပွန်းသည် ကိုယ်အလေးချိန် လေ့ကျင့်ခန်းများအတွက် အလေးချိန် ပေါင် ၂၀ ရှိသော သံကြိုးကို ပုံမှန်ဝတ်ဆင်လေ့ရှိပြီး ယင်းဆေးဘက်ဆိုင်ရာ အဆောက်အအုံသို့လည်း ယခင်က ရောက်ဖူးကြောင်း ပြောကြားခဲ့သည်။
"အဲ့ဒီလူ (နည်းပညာရှင်) က အဲ့ဒီသံကြိုးကို ပထမဆုံးအကြိမ် မြင်တာမဟုတ်ဘူး။ သူတို့ အရင်ကလည်း အဲ့ဒီအကြောင်း ပြောဖူးတယ်" ဟု သူမက ဆိုသည်။
Nassau ကောင်တီရဲဌာန၏ လူသတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ယခုအချိန်အထိ မည်သည့် စွဲချက်မှ မတင်ရသေးပေ။
အဆိုပါ ကြေကွဲဖွယ်ရာ ဖြစ်ရပ်အပြီးတွင် ဆေးဘက်ဆိုင်ရာ ပညာရှင်များက MRI ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများ၏ အရေးကြီးပုံကို ပြောကြားခဲ့ကြသည်။
North Shore တက္ကသိုလ်ဆေးရုံမှ ဆရာဝန် Payal Sud က "အန္တရာယ်တွေက အလွန်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုတွေ အားလုံးကို ဘာကြောင့် လုပ်ထားရတာ လဲဆိုတာကိုလည်း ထောက်ပြနေပါတယ်" ဟု CBS New York သို့ ပြောကြားခဲ့သည်။
MRI စက်၏ ပြင်းထန်သော သံလိုက်စက်ကွင်းကြောင့် လူနာများအား MRI စကင်မဖတ်မီ လက်ဝတ်ရတနာများ၊ ခါးပတ်များ၊ အချို့အဝတ်အစားများ အပါအဝင် သတ္တုပစ္စည်းများ အားလုံးကို ဖယ်ရှားရန် လိုအပ်သည်။
"အဲဒါက သံလိုက်စက်ကွင်းရဲ့ အလယ်ဗဟိုကို ဝင်ဖို့ ကြိုးစားနေတဲ့ တော်ပီဒိုလိုမျိုးနှင့်တူသွားလိမ့်မယ်" ဟု ဆေးရုံ၏ ပုံရိပ်ဖော်ဝန်ဆောင်မှုဌာန ဒါရိုက်တာ Charles Winterfeldt က CBS New York သို့ ပြောကြားခဲ့သည်။
Source:hindustantimes.com
Page 186 of 1180