#World_Science
Published 16 July 2025
▪️ ဆဲလ်တွေနဲ့ဖွဲ့စည်းထားတဲ့ သတ္တဝါတိုင်းဟာ အသက်ရှင်ဖို့ အောက်ဆီဂျင်လိုအပ်ပြီး အောက်ဆီဂျင်မရှိရင် အသက်မရှင်နိုင်ဘူးလို့ သိထားပါတယ်။
▪️ အခုဆိုရင် သိပ္ပံပညာရှင်တွေက အောက်ဆီဂျင်မရှိဘဲ အသက်ရှင်နိုင်တဲ့ တိရိစ္ဆာန်တစ်မျိုးကို အံ့အားသင့်ဖွယ် တွေ့ရှိလာပါတယ်။
▪️ ဒါကတော့ Henneguya salminicola လို့ခေါ်တဲ့ အလွန်သေးငယ်သော ကပ်ပါးကောင်ဖြစ်ပြီး အချို့သောငါးတွေထဲမှာ မှီခိုရှင်သန်ကြပါတယ်။
▪️ သူ့ဘာသာ မလှုပ်ရှားနိုင်ဘဲ အသက်ရှင်သန်ဖို့အတွက် အခြားသက်ရှိအတွင်းထဲမှာ နေထိုင်ရပါတယ်။
▪️ သူ့မှာ ထူးခြားတာက အခြားသတ္တဝါတွေလို မိုင်တိုခွန်ဒရီယယ်မျိုးဗီဇပစ္စည်း မရှိပါဘူး။
▪️ သတ္တဝါတိုင်းက မိုင်တိုခွန်ဒရီယာဖြင့် အောက်ဆီဂျင်တွေ အာဟာရဓာတ်တွေကို အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်ပေမယ့် Henneguya salminicola ကတော့ ဒီလိုမဟုတ်ပါဘူး။
▪️ သူတို့က ပင်လယ်နေငါးတွေရဲ့ ကြွက်သားတွေထဲမှာ နေထိုင်ကာ ပြင်ပပတ်ဝန်းကျင်ကိုလိုက်ပြီး ပြောင်းလဲဆင့်ကဲနိုင်ပါတယ်။
▪️ ကပ်ပါးမျိုးဖြစ်တာကြောင့် သက်ရှိတွေဆီကနေ အာဟာရဓာတ်တွေ စွမ်းအင်တွေကို တိုက်ရိုက်စုပ်ယူပါတယ်။
▪️ သက်ရှိတွေဟာ အသက်ရှင်ဖို့ အောက်ဆီဂျင်လိုအပ်တယ်ဆိုတဲ့ သတ်မှတ်ချက်ကြီးကို Henneguya salminicola က ချိုးဖျက်လိုက်တာပါ။
▪️ ဒီအရာကနေ ကွဲပြားခြားနားတဲ့ ပတ်ဝန်းကျင်တွေမှာ ပြောင်းလဲရှင်သန်နိုင်မလားဆိုတာ စဉ်းစားစရာဖြစ်လာသလို အောက်ဆီဂျင်မလိုဘဲ အသက်ရှင်နိုင်တဲ့ အခြားသတ္တဝါတွေလည်း ရှိဦးမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
#Source: UNION RAYO
#World_Science
Published 16 July 2025
▪️ မျက်စိကနေ လက်ရှိမြင်နေရတဲ့အရာတွေဟာ တကယ်တမ်းမှာ အမြင်မှားတာဖြစ်နိုင်တယ်လို့ ၂၀၂၂ ခုနှစ်က Science Advances မှာ ဖော်ပြထားပါတယ်။
▪️ သုတေသီတွေ ပြောပုံအရဆိုရင် ဦးနှောက်ဟာ ပြီးခဲ့တဲ့ ၁၅ စက္ကန့်လောက်က ပုံရိပ်တွေကို ပြသနေတာ ဖြစ်နိုင်ပါတယ်။
▪️ ဦးနှောက်က ပြီးခဲ့တဲ့အမြင်ပုံရိပ်တွေကို ရောစပ်ပြီး ရှင်းလင်းချောမွေ့စွာ မြင်စေတာဖြစ်တယ်လို့ ဆိုပါတယ်။
▪️ တကယ်တမ်းက ယခင်ပြီးခဲ့တာကို ဦးနှောက်ကနေ ယခုလက်ရှိ ဖြစ်နေတယ်လို့ ပြောင်းလဲဖော်ပြတဲ့အတိုင်း မြင်နေရတာ ဖြစ်ပါတယ်။
▪️ လူ့ဦးနှောက်ဟာ တကယ့်လက်ရှိအမြင်အတိုင်း လုပ်ဆောင်တာမဟုတ်ဘဲ ပြီးခဲ့တဲ့ပုံရိပ်တွေကို ပေါင်းစပ်ကာ ချောမွေ့ပြတ်သားတဲ့ပုံရိပ်အဖြစ် ဖန်တီးပေးပါတယ်။
▪️ ဒီလိုသာမဟုတ်ဘဲ လက်ရှိမြင်သမျှအရာတိုင်းကို ချက်ချင်းအာရုံခံမြင်ပေးနေရင် ဦးနှောက်မှာ အာရုံခံမှုတွေ စုပြုံလာနိုင်ပါတယ်။
▪️ ဒီလိုပုံစံနဲ့ပဲ တည်ငြိမ်စွာပြောင်းလဲလာတဲ့ မြင်ကွင်းတွေကို ချောချောမွေ့မွေ့ မြင်ရတာဖြစ်ပါတယ်။
▪️ တကယ့်အချိန်အတိုင်း အလွန်တိကျစွာ မြင်ရမယ့်အစား ချောမွေ့တဲ့အမြင်အာရုံကို ဖြစ်စေပါတယ်။
▪️ အမြင်အာရုံက ပြီးခဲ့တာတွေအပေါ် အခြေခံတာဆိုရင် လက်တွေ့ဖြစ်နေတာတွေကို အမှန်အတိုင်း မြင်နေရဲ့လား၊ အသိစိတ်ဝင်နေတာဟာ ဦးနှောက်က သတင်းပေးပို့နေလို့လား၊ အာရုံကြောသိပ္ပံပညာမှာ လက်ရှိဆိုတာ ဘာသဘောလဲဆိုတဲ့ မေးခွန်းတွေ ရှိလာနိုင်ပါတယ်။
#Source: Time of India
ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ဖီနီခရိုင် ဒေသအများအပြားမှာ ရက်နဲ့ကြာအောင် မိုးကြီးနေသဖြင့် ရေကြီးရေလျှံဖြစ်လာကာ အရေးပေါ်ဆောင်ရွက်လာရပါတယ်။
#World_Crisis
Published 15 July 2025
#ဘင်္ဂလားဒေ့ရှ်ရေကြီး #အရေးပေါ်လုပ်ဆောင်ချက်များစတင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 15 July 2025
၁။ ပြည်ပသို့ပျားရည် ၄၈၀တန်ကျော်တင်ပို့ထား
၂။ ရွှေတိဂုံစေတီတော်သို့ ၆လအတွင်း ဘုရားဖူး ၃ သန်းခွဲကျော်လာရောက်ဖူးမြော်
၃။ ဒေါ်လာ ၅သန်းကျော်တန်ဖိုးရှိ ပုစွန်မက်ထရစ်တန် ၂,၀၀၀ နီးပါးတင်ပို့ထား
၄။ ဘင်္ဂလားဒေ့ရှ်ရေကြီးမှု၌ အရေးပေါ်လုပ်ဆောင်ချက်များစတင်ပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 15 July 2025
▪️ ကမ္ဘောဒီးယားနိုင်ငံက နောက်နှစ်ကစပြီး မဖြစ်မနေစစ်မှုထမ်းစနစ် စတင်ကျင့်သုံးသွားမယ်လို့ ဝန်ကြီးချုပ် ဟွန်မာနက်က တနင်္လာနေ့မှာ ပြောသွားပါတယ်။
▪️ ထိုင်းနိုင်ငံနဲ့ နယ်စပ်တင်းမာမှုများ ရှိနေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကြေညာလိုက်တာ ဖြစ်ပါတယ်။
▪️ မေလ ၂၈ ရက်နေ့ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပြီးနောက် ဆက်ဆံရေးယိုယွင်းလာကာ ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
▪️ နှစ်ဖက်စလုံးက နောက်ထပ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် တင်းမာမှုများလျှော့ချဖို့ သဘောတူထားပေမယ့် တင်းမာမှုဆက်လက်မြင့်တက်နေစေမယ့် အတိုင်းအတာများ ပြုလုပ်နေကာ စကားမာမာထန်ထန် ပြောနေကြပါတယ်။
▪️ ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝက်ထရာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ ဖုန်းပြောမှတ်တမ်း ပေါက်ကြားလာရာ ပေထုံတန်က ထိုင်းစစ်တပ်အပေါ် ချိုးဖဲ့ပြောဆိုတဲ့သဘော တွေ့ရှိခဲ့ရာ ဝေဖန်မှုများရှိလာပြီး ရာထူးမှ ဆိုင်းငံ့ခံထားရပါတယ်။
▪️ ဟွန်ဆန်ရဲ့သားဖြစ်ပြီး ဝန်ကြီးချုပ်နေရာဆက်ခံသူ ဟွန်မာနက်က ၂၀၂၆ ခုနှစ်ကစတင်ပြီး မဖြစ်မနေစစ်မှုထမ်းရမည့်စနစ် အကောင်အထည်ဖော်မှာဖြစ်ကာ တပ်မတော်စွမ်းရည်မြှင့်တင်သွားမယ်လို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
▪️ ၂၀၀၆ ခုနှစ်က မဖြစ်မနေစစ်မှုထမ်းဥပဒေ အတည်ပြုခဲ့ပေမယ့် အသက်မသွင်းခဲ့ပါဘူး။
▪️ CIA ရဲ့ ကမ္ဘာ့အချက်အလက်ရေးရာအရ ကမ္ဘောဒီးယားစစ်တပ်မှာ စစ်မှုထမ်းပေါင်း ၂ သိန်းခန့်ရှိပြီး ထိုင်းတပ်မတော်မှာတော့ ၃ သိန်းခွဲခန့်ရှိပါတယ်။
▪️ ဒါ့အပြင် ဟွန်မာနက်က စစ်အသုံးစရိတ် မြှင့်တင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
#Source: AP News
#World_Health
Published 15 July 2025
▪️ သိပ္ပံပညာရှင် ရာဖာကာဗာဂျယ်က မီးဖိုချောင်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး အရေးကြီးကြောင်းကို ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
▪️ မီးဖိုချောင်ထဲမှာ စားစရာထဲ ရောဂါပိုးမွှားကူးစက်ခြင်းရဲ့ အဓိကရင်းမြစ်တစ်ခုက လက်သုတ်ဝတ်တွေ ပန်းကန်ဆေးအမြှုပ်ဖတ်တွေဖြစ်တယ်လို့ ပြောထားပါတယ်။
▪️ မျက်နှာပြင်တစ်ခုကနေ တစ်ခုသို့ ပိုးမွှားသတ္တဝါများ ရွှေ့ပြောင်းကြကာ အသား၊ ကြက်ဥ၊ ဟင်းရွက်စိမ်းတို့ကနေ အဓိကကူးစက်ကြပါတယ်။
မီးဖိုချောင်သုံးပစ္စည်းတိုင်းမှာ ပိုးမွှားအန္တရာယ်ရှိတာတွေကို အိမ်ရှင်မတွေ သတိမထားမိကြပါဘူး။
▪️ ဘယ်လိုမျိုး ပိုးမွှားသန့်စင်ရမလဲဆိုရင် မိုက်ခရိုဝေ့ဗ်ထဲမှာ တစ်မိနစ်လောက်အပူပေးခြင်းဖြင့် လက်သုတ်ဝတ်တွေ သန့်ရှင်းစေတယ်လို့ ပြောပါတယ်။
▪️ အမေရိကန်မှာ မီးဖိုချောင်သန့်ရှင်းရေးကို အလေးမထားလို့ စားစရာထဲ ရောဂါပိုးမွှားပါသွားပြီး နှစ်စဉ်လူ ၉ ထောင်ခန့် အသက်ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။
▪️ အိမ်တွင်းရေးရာပညာရှင် အယ်လီနာမတ်ဗီဗာကလည်း မီးဖိုချောင်သုံးပစ္စည်းတွေကို ထိရောက်စွာသန့်ရှင်းနိုင်ဖို့ ရှာလကာရည်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်၊ ကော်မှုန့်တို့ဖြင့်လည်း အသုံးပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒါ့အပြင် အိမ်သုံးပစ္စည်း သန့်ရှင်းရေးဆပ်ပြာတွေနဲ့လည်း ထိရောက်စွာသန့်ရှင်းနိုင်ပါတယ်။
Source: The Jerusalem Post
#World_Health
Published 15 July 2025
▪️ အမျိုးသမီးတွေမှာ သုတ်ရည်နဲ့မတည့်တဲ့ဖြစ်စဉ် အမှန်တကယ်ရှိတတ်ပါတယ်။
▪️ သုတ်ပိုးသွေးရည်ကြည်တုံ့ပြန်မှုလွန်ကဲခြင်း (SPH)က အမျိုးသားတွေရဲ့ သုတ်ပိုးရည်ထဲမှာ ပရိုတိန်းတွေနဲ့ ရှားပါးဓာတ်ပြုခြင်းတစ်မျိုး ဖြစ်ပါတယ်။
▪️ ဒီလိုဓာတ်မတည့်သူတွေဟာ သုတ်ရည်ထိတွေ့တဲ့အခါ မျိုးပွားအင်္ဂါနားတဝိုက် အင်ပျဉ်ထခြင်း၊ ယားယံနီမြန်းခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ဖောရောင်ခြင်းတို့ ဖြစ်တတ်ပြီး အသက်ရှူကြပ်ခြင်း၊ မူးဝေခြင်း၊ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ဓာတ်မတည့်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ SPH ကို ၁၉၆၇ ခုနှစ်က ပထမဆုံးတွေ့ရှိခဲ့ပြီး နောက်ထပ်ဆယ်စုနှစ် ၃ ခုအတွင်း ကမ္ဘာတဝှမ်းမှ အမျိုးသမီး ၁၀၀ နီးပါးမှာ ဖြစ်ပွားခဲ့ပါတယ်။
▪️ အဓိကက သုတ်ပိုးဆဲလ်တွေမဟုတ်ဘဲ သုတ်ပိုးသွေးရည်ကြည်ထဲက PSA အန်တီဂျင်များဖြစ်တယ်လို့ ကျွမ်းကျင်သူများ ပြောနေကြပါတယ်။
▪️ ခွေးတွေမှာတွေ့ရတဲ့ Can f 5 ပရိုတိန်းက လူသားတွေရဲ့ PSA နဲ့ဆင်တူပြီး ခွေးတွေနဲ့ ဓာတ်မတည့်တဲ့ အမျိုးသမီးတွေဟာ သုတ်ရည်နဲ့ ဓာတ်မတည့်နိုင်ခြေများတယ်လို့ မျိုးပွားသိပ္ပံပရော်ဖက်ဆာ မိုက်ကယ်ကာရိုးလ်က ပြောပါတယ်။
▪️ SPH က မျိုးမအောင်တာမျိုး တိုက်ရိုက်မဖြစ်စေပေမယ့် ကိုယ်ဝန်ဆောင်ဖို့ကတော့ အခက်အခဲဖြစ်နိုင်ပါတယ်။
▪️ အမျိုးသားတွေမှာလည်း သုတ်ရည်နဲ့ ဓာတ်မတည့်ခြင်းမျိုး ရှားရှားပါးပါး ဖြစ်နိုင်ပါတယ်။
▪️ ထိတွေ့ပြီးတဲ့နောက်မှာ အားအင်ကုန်ခမ်းခြင်း၊ အားနည်းခြင်း၊ ချွေးထွက်ခြင်း၊ စိတ်ပြောင်းလဲခြင်း၊ အာရုံစူးစိုက်မှုခက်ခြင်း၊ မျက်လုံးယာယံခြင်းစတဲ့ လက္ခဏာများ ဖြစ်လာနိုင်ပါတယ်။
#Source: New York Post
Page 190 of 1180