#World_Health
Published 2 February 2025
▪️ အမေရိကန် ဖလော်ရီဒါမှ လူတစ်ယောက်ဟာ တမ်ပါဆေးရုံသို့ လာရောက်စဉ် သွေးကြောတွေထဲကနေ ကိုလက်စ်ထရောလ်အဆီများ စိမ့်ထွက်လာပါတယ်။ 
သူ့ရဲ့ လက်၊ ခြေဖဝါး၊ တံတောင်တို့မှာ အချိန် ၃ ပတ်ကြာအောင် အဝါရောင်အဆီတွေ ထွက်နေတာ ဖြစ်ပါတယ်။
▪️ အသက် ၄၀ ဝန်းကျင်အရွယ် ထိုလူက အခုလို အဆီတွေ ထွက်မလာခင် ၈ လအလိုလောက်ကစပြီး အသားစားပုံစံ ကျင့်သုံးခဲ့တယ်လို့ ဆရာဝန်တွေကို ပြောပြပါတယ်။
▪️ ဒီစားသောက်ပုံစံက ကိုယ်အလေးချိန် လျင်မြန်စွာကျစေတယ်လို့ ဆိုနေကြပြီး အသား၊ ငါး၊ ကြက်ဥနဲ့ နို့ထွက်ပစ္စည်းတွေသာ စားသုံးရပါတယ်။
▪️ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီရဲ့ ၇၀ မှ ၇၅ ရာခိုင်နှုန်းအထိက အဆီကနေရပြီး ပရိုတိန်းကနေ ၂၀ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ်ကနေ ၁၀ ရာခိုင်နှုန်းအောက် ရရှိသင့်ပါတယ်။
▪️ ထိုပုံစံထဲမှာ အသီးအနှံ၊ ဟင်းရွက်၊ ပဲအမျိုးမျိုး၊ ပြောင်း ဆန်၊ အခွံမာသီး၊ အစေ့အဆန်တို့ မပါဝင်ဘူး။
▪️ သူနေ့စဉ်စားသုံးတဲ့အထဲမှာ ချိစ်၊ ထောပတ်၊ ဘာဂါစသဖြင့် အဆီပိုတွေပါဝင်တဲ့ အစားအစာတွေ ပါဝင်ပါတယ်။
▪️ ဒီလိုမျိုး စားသုံးတဲ့အချိန်မှာ သူ့အလေးချိန် ကျဆင်းသွားပြီး စွမ်းအားပမာဏ မြင့်မားတယ်လို့ ဆိုပါတယ်။
▪️ သူ့ရဲ့ ကိုလက်စ်ထရောလ် ပမာဏကတော့ သာမန်ရှိသင့်တဲ့ ၂၀၀ မီလီဂရမ်ပါဒက်ဆီလီတာထက် ကျော်လွန်ကာ ၁၀၀၀ မီလီဂရမ်ထက် ပိုများနေပါတယ်။
▪️ သွေးကြောတွေကနေ အဆီတွေစိမ့်ထွက်ပြီး အဆီခဲတွေ ဖြစ်ပေါ်တယ်လို့ ရောဂါရှာဖွေတွေ့ရှိခဲ့ပါတယ်။
▪️ သာမန်ဆိုရင် သွေးဖြူဥဆဲလ်တွေက ဒီအဆီတွေကို ခြေဖျက်သွားပေမယ့် အဆီများလွန်းတဲ့အခါမှာတော့ သွေးကြောတွေထဲကနေပါ ထွက်လာတာ ဖြစ်ပါတယ်။
▪️ အသားစားပုံစံ ကြာမြင့်စွာ ကျင့်သုံးခြင်းဖြင့် ကျောက်တည်ခြင်း၊ အဆစ်အမြစ်ရောင်ရောဂါ၊ အရိုးပွရောဂါတို့ ဖြစ်စေနိုင်ကာ ပရိုတိန်းများပြားလွန်းပါက ကျောက်ကပ်လုပ်ဆောင်ချက် ချို့ယွင်းသည်အထိ ဖြစ်စေနိုင်ပါတယ်။
#Source: India Today
၃၁ ဇန်နဝါရီ ၂၀၂၅ ၃၀ ဇန်နဝါရီ
China Media Group CMG ၏ တရုတ်နှစ်သစ်ကူး ညချမ်းပဒေသာဖျော်ဖြေပွဲကို ကမ္ဘာအနှံ့သို့ တိုက်ရိုက်ထုတ်လွှင့်ပြသတင်ဆက်ခဲ့ရာ ယင်းတို့ကို CCTVမှ ပေးပို့လာသဖြင့် ဒုတိယပိုင်းအဖြစ် ဖော်ပြပေးအပ်ပါတယ်။
Source CCTV+
#Daily_News
Published  1 February 2025
၁။ သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာအခန်းများအတွက် ယာယီနေထိုင်ခွင့် ထုတ်ပေးမည်
၂။ သွင်းကုန်လုပ်ငန်းရှင်များအတွက် ယွမ် ၁၀သန်းရောင်းပေးမည်
၃။ မိုးယွန်းကြီးနှင့်အင်းတော်ကြီး၌ ဆောင်းခိုငှက် ငါးသောင်းကျော်ဝင်ရောက်
၄။ ထရမ့်၏မူဝါဒကြောင့် ရေနံစိမ်းတင်ပို့ခြင်းအပေါ်တိုင်းပြည်စီးပွားရေးအဓိကမှီခိုနေရခြင်းကို လျှော့ချသွားရန် နိုင်ဂျီးရီးယားအစိုးရတိုက်တွန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အမေရိကန်အစိုးရမှ စွမ်းအင်လောင်စာကဏ္ဍ ပြောင်းလဲမှုတစ်ခုရဲ့ သက်ရောက်မှုကို လျှော့ချနိုင်ရန် နိုင်ဂျီးရီးယားအစိုးရအနေနဲ့ ရေနံစိမ်းကို တိုင်းပြည်ဝင်ငွေအဖြစ် အဓိကမှီခိုနေရခြင်းအပေါ် လျှော့ချသွားဖို့ စီးပွားရေးပညာရှင်များ တိုက်တွန်းလိုက်ပါတယ်။ 
#World_Business
Published  1 February 2025
#နိုင်ဂျီးရီးယားအစိုးရ #ထရမ့်၏မူဝါဒ
#YMG #Yangon_Times #Yangon_Media_Group
		#World_News
Published 01 February 2025
▪️ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ဇန်နဝါရီ ၆ ရက်နေ့ ရာဇဝတ်မှုစုံစမ်းစစ်ဆေးခြင်းတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အစိုးရရှေ့နေအဖွဲ့ကို သောကြာနေ့က အလုပ်ထုတ်ပယ်လိုက်ပြီး ထိုကိစ္စတွေမှာ ပါဝင်ခဲ့တဲ့ FBIအေးဂျင့်တွေကိုလည်း ထုတ်ပယ်နိုင်အောင် အမည်များအလိုရှိနေပါတယ်။
▪️ ဒါဟာ ဖက်ဒရယ် ဥပဒေစိုးမိုးရေးအပေါ် ထိန်းချုပ်သွားလိုတဲ့ အိမ်ဖြူတော်ရဲ့ သဘောထားကို မြင်တွေ့နေရပြီး လုံလောက်စွာ သစ္စာမစောင့်သိဘူးလို့ ယူဆရတဲ့ အေဂျင်စီတွေကို ဖယ်ရှားသွားမယ့် လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။
▪️ အမေရိကန် ကပ်ပီတိုလ်တိုက်ခိုက်မှုမှာ ပါဝင်တဲ့လူ ၁၅၀၀ ကျော်ကို ဒေါ်နယ်ထရမ့်မှ လွတ်ငြိမ်းခွင့်ပေးပြီး ရက်ပိုင်းအကြာမှာပဲ ယာယီလက်ထောက်ရှေ့နေချုပ် အီမီလ်ဘို့ဗ်က ဇန်နဝါရီ ၆ ရက်နေ့ကိစ္စမှ ရှေ့နေများကို ရာထူးမှထုတ်ပယ်ရန် ညွှန်ကြားလိုက်ပါတယ်။
▪️ ဝါရှင်တန်ရှိ အမေရိကန်ရှေ့နေရုံးမှ ဝန်ထမ်း ၂ ဒါဇင်ခန့် အလုပ်ထုတ်ပယ်ခံရတယ်လို့ အမည်မဖော်လိုသူ သတင်းနီးစပ်သူတစ်ဦးက ပြောသွားပါတယ်။
▪️ FBI အကြီးတန်းအမှုဆောင် ဒါဇင်ဝက်ကျော်ခန့်ကို ထုတ်ဖော်ခဲ့ပြီး တနင်္လာနေ့မှာ အငြိမ်းစားယူမလား အလုပ်ထုတ်ခံမလားဆိုပြီး အမိန့်ချမှတ်ခဲ့သလို စုံစမ်းစစ်ဆေးမှုမှာ ပါဝင်လုပ်ဆောင်ခဲ့တဲ့ FBIဝန်ထမ်းအားလုံးရဲ့ အမည်တွေ၊ ရာထူးတွေ၊ ရုံးတွေကိုလည်း မေးမြန်းထားတယ်လို့ သိရပါတယ်။
▪️ အီမီလ်ဘို့ဗ်ဟာ အစိုးရအုပ်ချုပ်ရေးအဖွဲ့ထဲ မရောက်ခင်တည်းက ထရမ့်ရဲ့ ရာဇဝတ်မှုတွေကို ခုခံကာကွယ်ပေးနေသူ ဖြစ်ပါတယ်။
▪️ အလုပ်ထုတ်ခံရတဲ့ ရှေ့နေတွေဟာ ဇန်နဝါရီ ၆ ရက်နေ့ကိစ္စကို အထောက်အကူပြုဖို့ ယာယီတာဝန်ပေးအပ်ခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရပြီးနောက် အမြဲတမ်းနေရာ ရလာခဲ့ကြပါတယ်။
 
▪️ ဒီလိုထုတ်ပယ်တာတွေဟာ ယာယီတာဝန်ယူနေတဲ့ အရာရှိတွေရဲ့ ပြင်းထန်တဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး သမ္မတထရမ့် ထုတ်ပြန်ထားတဲ့ ဥပဒေစိုးမိုးရေး ရည်မှန်းချက်များနဲ့ FBIအေးဂျင့်များပေါ် ထောက်ခံချက်တို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ FBIအေးဂျင့်အဖွဲ့အစည်းက ပြောသွားပါတယ်။
▪️ အေးဂျင့်တွေရာနဲ့ချီ အလုပ်ထုတ်ပယ်ခံရတာဟာ တိုင်းပြည်လုံခြုံရေးနဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်နိုင်စွမ်းကို များစွာချည့်နဲ့စေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
▪️ FBIအဖွဲ့ဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ကို ထရမ့်ပြောင်းလဲဖို့ကြိုးစားခြင်းနဲ့ ဖလော်ရီဒါရှိ ထရမ့်နေအိမ်မှာ နိုင်ငံ့အရေးကြီး လျှို့ဝှက်စာတမ်းများ ထိန်းသိမ်းထားခြင်းတို့အပေါ် စုံစမ်းစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
 
#Source: AP News
		#World_Science
Published 1 February 2025
▪️ မိခင်ကနေ ကလေးဆီကို လက်ဆင့်ကမ်းလာတဲ့ X ခရိုမိုဆုန်းက ဦးနှောက်စောစီးစွာ အိုမင်းလာပြီး အယ်လ်ဇိုင်းမားလိုမျိုး ရောဂါဖြစ်နိုင်ခြေများစေနိုင်ဖွယ် ရှိတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ထားပါတယ်။
 
▪️ မိန်းမတွေမှာ X ခရိုမိုဆုန်း ၂ ခုပါဝင်ပြီး ယောက်ျားတွေမှာ Y ခရိုမိုဆုန်းတစ်ခုနဲ့ X ခရိုမိုဆုန်းတစ်ခု ပါဝင်ပါတယ်။
▪️ မိန်းမတွေမှာ X ခရိုမိုဆုန်း ၂ ခုထဲက တစ်ခုဟာ ဆဲလ်တစ်ခုချင်းစီအတွင်း ကျပန်းအလုပ်မလုပ်တော့ဘဲ ပြောင်းလဲသက်ရောက်မှုတွေ ဖြစ်လာပါတယ်။
▪️ ယခင်သုတေသနတွေမှာ X ခရိုမိုဆုန်းက ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဦးနှောက်ဆက်စပ် မျိုးဗီဇပစ္စည်းတွေ ပေါများတဲ့ X ခရိုမိုဆုန်းက ဦးနှောက်အိုမင်းခြင်းမှာ သက်ရောက်နေတာတွေအတွက် အလွန်အရေးကြီးတယ်လို့ ပါရဂူ ဆမ်မီရာအက်ဒူလိုင်ဆိုင်ကူက ပြောသွားပါတယ်။
▪️ ဓာတ်ခွဲခန်းထဲမှာ အသက်အရွယ် အမျိုးမျိုးရှိတဲ့ ကြွက်မတွေနဲ့ စမ်းသပ်ခဲ့ကြပြီး ဖခင်မှရတဲ့ X ခရိုမိုဆုန်းကို ပိတ်ထားကာ မိခင်ရဲ့ Xကိုပဲ ချန်ထားပြီး အခြားကြွက်တွေနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
▪️ မိခင်ရဲ့ X ခရိုမိုဆုန်းရထားတဲ့ ငယ်ရွယ်တဲ့ ကြွက်တွေမှာ ဦးနှောက်စွမ်းရည်ပိုင်း ဆင်တူပေမယ့် အသက်ပိုကြီးတဲ့ ကြွက်တွေမှာတော့ ဦးနှောက်စွမ်းရည် ပိုမိုလျင်မြန်စွာ ကျဆင်းလာကာ သင်ယူခြင်းနဲ့ မှတ်သားခြင်းဆိုင်ရာ ဟစ်ပိုကမ်ပတ်စ်နေရာမှာ ဇီဝသက်တမ်း လျင်မြန်စွာအိုမင်းလာပါတယ်။
▪️ ဒါကြောင့် မိခင် X ခရိုမိုဆုန်း ပိုမိုပါဝင်ပတ်သက်နေတဲ့ အမျိုးသမီးတွေမှာ ဦးနှောက်အိုမင်းမှု ပုံမှန်မဟုတ်ခြင်းမျိုး၊ အယ်လ်ဇိုင်းမားလိုမျိုးရောဂါ ဖြစ်နိုင်ခြေ များစေတာမျိုး တွေ့နိုင်ခြေရှိတယ်လို့ သုတေသနပြုစုသူ ဒီနာဒူဘယ်က ဆိုပါတယ်။
▪️ ကျားမနှစ်မျိုးစလုံးမှာ ဦးနှောက်အိုမင်းခြင်းကို နှောင့်နှေးစေမယ့်နည်းလမ်းတွေ ရှာဖွေသွားရမယ်လို့ ဆိုပါတယ်။
#Source: WION
		#World_Health
Published 1 February 2025
▪️ လူငယ်တွေမှာပါ အဖြစ်များလာတဲ့ အူမကြီးကင်ဆာကြောင့် ဆရာဝန်များနဲ့ ပညာရှင်များ အဖြေရှာစရာ ဖြစ်လာပါတယ်။
▪️ အခုဆိုရင် နိုင်ငံတကာ သုတေသီများအဖွဲ့တစ်ဖွဲ့က သုံးသပ်ဖော်ပြထားရာမှာ အသက် ၃၅ နှစ်မတိုင်မီ အူမကြီးရောဂါ စောစီးစွာတွေ့ရှိမှုတွေနဲ့ ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ၃ ခု တွေ့ရှိခဲ့ကြပါတယ်။
▪️ ကယ်လ်စီယံဓာတ် ချို့တဲ့ခြင်းက အဓိကအကြောင်းအရင်း ဖြစ်နေပြီး ငယ်ရွယ်သူတွေ အူမကြီးကင်ဆာဖြစ်ခြင်းရဲ့ ၅ ပုံ ၁ ပုံလောက်နဲ့ ဆက်စပ်နေပါတယ်။
▪️ အယ်လ်ကိုဟော သောက်သုံးခြင်းက ဒုတိယအန္တရာယ် အများဆုံးဖြစ်ပြီး အဝလွန်ခြင်းက တတိယမြောက်ဖြစ်နေပါတယ်။
▪️ ယခုလအစောပိုင်း လေ့လာချက်မှာတော့ တစ်နေ့ကို နို့တစ်ခွက် သောက်သုံးခြင်းနဲ့ အမျိုးသမီးတွေမှာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေနည်းပါးခြင်းတို့ကြား ဆက်စပ်နေတယ်လို့ ယူဆနေကြပါတယ်။
▪️ ၁၉၉၀ မှ ၂၀၁၉ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရှိ အသက် ၃၅ နှစ်အောက် လူတွေရဲ့ အူမကြီးကင်ဆာ ဖြစ်ပွားမှုတွေကို လေ့လာကြရာမှာ အသက်ဆုံးပါးမှု ပိုမိုများပြားလာပြီး အဓိကဆက်နွယ်ချက်က နို့နဲ့ ကယ်လ်စီယံနည်းပါးခြင်း၊ အယ်လ်ကိုဟောသောက်ခြင်း၊ ခန္ဓာကိုယ်ယိုင်ညွှန်းကိန်း များပြားခြင်းတို့ ဖြစ်နေပါတယ်။
▪️ သို့ပေမဲ့ လေ့ကျင့်လှုပ်ရှားမှု မရှိခြင်း၊ ဆေးလိပ်သောက်ခြင်းတို့နဲ့တော့ သိပ်ပြီးမသက်ဆိုင်ပါဘူး။
▪️ အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ထားတဲ့ အစားအစာတွေက အူမကြီးကင်ဆာ ဖြစ်ရတဲ့အကြောင်းအရင်းထဲ ပါဝင်နေတာလည်း တွေ့ရပါတယ်။
▪️ သာမန်အားဖြင့်ဆိုရင် အသက်အရွယ် အားလုံးမှာ တွေ့ရတတ်ပြီး အူမကြီးကင်ဆာကြောင့် စအိုသွေးယိုခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အလေးသွားပုံ ပြောင်းလဲခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးအားနည်းခြင်း၊ နွမ်းနယ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ အရင်က သက်ကြီးသူတွေမှာသာ ကင်ဆာဖြစ်တယ် ထင်ခဲ့ကြပေမယ့် လတ်တလောနှစ်တွေမှာတော့ အသက်အရွယ် စောစီးစွာမှာပဲ ကင်ဆာဖြစ်လာကြတာ တွေ့နေရကြောင်း မိုင်ယာမီဆီလ်ဗက်စတာတက္ကသိုလ်မှ ကင်ဆာအထူးကု ဒေါက်တာ ကိုရယ်အိုလာဇာဂတ်စတီက ပြောသွားပါတယ်။
#Source: New York Post
Page 187 of 1060