#World_Health
Published 28 October 2025

■ အဆင့်ဆင့်ထုတ်လုပ်ထုပ်ပိုးထားတဲ့ အစားအစာတွေ(UPF)က ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတယ်လို့ သုတေသနမှာ တွေ့ရှိထားပါတယ်။

■ ဒိန်းမတ် ကိုပင်ဟေဂင်မှ သုတေသီအဖွဲ့က ဒီလိုအဆင့်ဆင့်ထုတ်လုပ်စားစရာတွေဟာ လူတွေအပေါ် ဘယ်လိုသက်ရောက်စေလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။

■ UPF အစားအစာတွေဆိုတာက ထုပ်ပိုးထားတဲ့ စားစရာတွေ၊ သောက်စရာတွေ၊ အသင့်စားသုံးပစ္စည်းတွေဖြစ်ပြီး အရောင်အနံ့၊ ကြာရှည်ခံဆေးများနဲ့ ဆိုးဆေးများ ပါဝင်ကာ သကြား၊ ပြည့်ဝဆီ၊ ဆားများ မြင့်မားစွာပါဝင်ပြီး ဗိုက်တာမင်နဲ့ အမျှင်ဓာတ်တော့ မပါဝင်ပါဘူး။

■ UPF တွေရဲ့ ပါဝင်ပစ္စည်းတွေက ထုတ်လုပ်ထားတဲ့အရာတွေဖြစ်ပြီး ဘေးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

■ UPF ကြောင့် နှလုံးသွေးကြောရောဂါ၊ ကင်ဆာ၊ ဇီဝဖြစ်စဉ်ရောဂါ၊ အဝလွန်ခြင်း၊ အသည်းအဆီဖုံးရောဂါ၊ ဆီးချို၊ စိတ်ဓာတ်ကျဝေဒနာ၊ ဒီမန်ရှာနဲ့ အရွယ်မတိုင်ခင် သေဆုံးခြင်းအထိပင် ဖြစ်စေနိုင်ပါတယ်။

■ ဒီအစားအစာတွေကြောင့် ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေ ပျက်ယွင်းပုံတွေကို အံ့အားသင့်ဖွယ်တွေ့ရှိထားပြီး ရေရှည်သက်ရောက်မှုတွေက သတိထားစရာဖြစ်လာကာ နာတာရှည်ရောဂါများ မဖြစ်စေရန် လမ်းညွှန်ဖို့တွေ လိုလာတယ်လို့ ကိုပင်ဟေဂင်တက္ကသိုလ်မှ မော်လီကျူးဇီဝပညာရှင် ရိုမန်ဘာရက်စ်က ပြောပါတယ်။

■ UPF တွေက အမျိုးသားတွေမှာ တက်စတိုစတီရုန်းပမာဏနဲ့ သုတ်ပိုးထုတ်လုပ်မှု ကျဆင်းတာနဲ့လည်း ဆက်စပ်နေပါတယ်။

■ လေ့လာချက်ရလဒ်များအရ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေဟာ မျိုးပွားကျန်းမာရေးနဲ့ ဇီဝဖြစ်စဉ်ကျန်းမာရေးတို့ကို အန္တရာယ်ဖြစ်စေနိုင်ပြီး အဆင့်ဆင့်ထုတ်လုပ်ရတဲ့ ဖြစ်စဉ်ကိုက ဘေးအန္တရာယ်ဖြစ်စေတယ်လို့ အာဟာရသိပ္ပံပညာရှင် ဂျက်စီကာပရက်စ်တန်က ပြောပါတယ်။

■ အမေရိကန်စားသောက်ကုန်ကွင်းဆက်မှာ ၇၃ ရာခိုင်နှုန်းက UFP စားစရာတွေ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

Source: New York Post