#Daily_News
Published_ 13 March 2024
၁။ မလေးရှားရှိ မြန်မာသံရုံးတွင် CI လျှောက်ထားမှုကို လာမည့် မတ်လ၁၈ ရက်မှစပြီး အွန်လိုင်းမှ QR code ရက်ချိန်းရယူသည့်စနစ် ပြောင်းလဲဆောင်ရွက်ပေးမည်ဟုဆို
၂။ ယခုနှစ်ကြံကြိတ်ခွဲရာသီအတွက် ကြံကြိတ်ခွဲမှု ၅၀%ခန့်သာပြီးစီး
၃။ YBS ယာဉ်အနုကြမ်းစီးပြီး လုယက်ခံရခြင်းမဟုတ်သလို လုံခြုံရေးလည်းစီမံပေးထား၍ ခရီးသွားပြည်သူများ မစိုးရိမ်ရန်ပြော
၄။ စီးပွားရေးကြပ်တည်းနေသော်ငြား မွတ်ဆလင်ဥပုသ်လပွဲတော်အတွက် ရောင်စုံမီးအိမ်များ အီဂျစ်မြို့တော်၌ရိုးရာမပျက်ဝယ်ယူအလှဆင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 13 March 2024
ယူကရိန်းစစ်ပွဲကို အခြေအနေ ပိုမိုဆိုးရွားစေနိုင်ပြီး နေတိုး(NATO)အဖွဲ့အစည်းဆီကိုပါ စစ်ပွဲပျံ့နှံ့လာစေနိုင်တဲ့ မည်သည့်လုပ်ရပ်မဆို ရှောင်ရှားရမယ်လို့ တူရကီသမ္မတ တေယစ်ပ်အာဒိုဂန်က အင်္ဂါနေ့မှာ သတိပေးလိုက်ကာ ယခုလရွေးကောက်ပွဲအပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဧည့်ခံတွေ့ဆုံသွားမယ်လို့ ဆိုလိုက်ပါတယ်။
နေတိုးအဖွဲ့ဝင်ဖြစ်တဲ့ တူရကီနိုင်ငံဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ထောက်ခံသလို ရုရှားနဲ့လည်း ဆက်ဆံရေးကောင်း ထိန်းသိမ်းထားပြီး ပဋိပက္ခအတွင်း နှစ်ဖက်စလုံးနဲ့ ပုံမှန်ဆက်ဆံနေပါတယ်။
ယူကရိန်းကို စစ်ရေးနဲ့ နိုင်ငံရေးကူညီမှုများ ထောက်ပံ့နေသလို ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ကန့်ကွက်ခဲ့ပါတယ်။
တူရကီသမ္မတက မြို့တော်အန်ကာရာမှာ နိုင်ငံခြားသံအမတ်များနဲ့ ညစာစားစဥ် ပြောကြားရာမှာ ယင်းကြားဝင်ညှိနှိုင်းပေးခဲ့ပြီး အရာမထင်ခဲ့တဲ့ ပင်လယ်နက်ဂျုံစပါး သဘောတူညီမှုကို ပြန်လည်အသက်သွင်းရန် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို ထောက်ခံသလို ရုရှားမပါဝင်ဘဲ ငြိမ်းချမ်းရေး စီစဥ်နေတာတွေက အရာရောက်မှာ မဟုတ်ဘူးလို့ ပြောပြသွားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက ပြီးခဲ့တဲ့ရက်သတ္တပတ်က အစ္စတန်ဘူလ်သို့ သွားရောက်ခဲ့ပြီး အာဒိုဂန်က ယူကရိန်း-ရုရှား ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးပွဲ လက်ခံကျင်းပရန် ကမ်းလှမ်းလိုက်ပါတယ်။
ပူတင်ကလည်း မတ်လရွေးကောက်ပွဲများအပြီး တူရကီသို့ လာရောက်ဖွယ်ရှိပါတယ်။
တူရကီက ၂၀၂၂ ခုနှစ်မှာ ရုရှားနဲ့ ယူကရိန်းတို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ လက်ခံကျင်းပခဲ့ပေမယ့် အခြေအနေကို တိုးတက်စေမယ့် သံတမန်ရေးရာ ခြေလှမ်းများ မတွေ့ခဲ့ရဘူးလို့ ဆိုခဲ့ပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖိုင်ဒန်က နှစ်ဖက်စလုံးအနေနဲ့ အပစ်အခတ်ရပ်စဲရေးအကြောင်း ဆွေးနွေးဖို့ စဥ်းစားသင့်ပြီဖြစ်ပေမယ့် ရုရှားသိမ်းပိုက်ထားတာတွေကို အသိအမှတ်ပြုတဲ့ သဘောမဟုတ်ကြောင်း ပြောပြသွားပါတယ်။
#World_News #ပိုမိုဆိုးရွားလာ #တူရကီသမ္မတသတိပေး #Source: Reuters
#World_Health
Published 13 March 2024
သင့်လျော်မှန်ကန်တဲ့ အစားအစာတွေစားပြီး မိမိကိုယ်ကို ကြည့်ကောင်းအောင် ပြုလုပ်နိုင်တယ်လို့ ကျွမ်းကျင်သူများ ဆိုပါတယ်။
လူကို ကြည့်ကောင်းစေပြီး အသားအရေ ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်အနံ့ကိုပင် ကောင်းစေနိုင်တဲ့ သဘာဝအစားအစာတွေ ရှိပါတယ်။
အသီးအနှံနဲ့ ဟင်းရွက်တွေကို အရောင်စိမ်းလန်းစေတဲ့ ကယ်ရိုတင်နွိုက်တွေ ပါဝင်တဲ့ အစားအစာတွေကို အရင်ဆုံး ဦးစားပေးသင့်ပါတယ်။
အချိန်ရက်သတ္တပတ် ၆ ပတ်ကျော် စားသုံးပြီးနောက် ပိုမိုစွဲဆောင်မှု ဖြစ်စေကြောင်း ၂၀၁၂ ခုနှစ်က တွေ့ရှိခဲ့ပါတယ်။
အချို့လေ့လာချက်များအရ ကယ်ရိုတင်နွိုက်တွေဟာ အသားအရေကို တင်းရင်းစေခြင်း၊ ရေဓာတ်ဖြည့်ပေးခြင်း၊ ချောမွတ်စေခြင်း၊ အရေးကြောင်းနဲ့ အစက်အပျောက် လျော့ကျခြင်းတို့ ပေးစွမ်းနိုင်တယ်လို့ အာဟာရပညာရှင် မက်ကင်ဇီဘားဂတ်စ်က ပြောပြပါတယ်။
ထိုအစားအစာတွေထဲမှာ ကန်စွန်းဥ၊ မုန်လာဥ၊ သခွားမွှေး၊ ကိုက်လံ၊ ဟင်းနုနွယ်တို့ ပါဝင်ပါတယ်။
ဒါ့အပြင် ငရုတ်ပွသီး၊ ပြောင်းဖူး၊ ကညွတ်၊ အာလူး၊ ခရမ်းချဥ်သီး၊ ဖရဲသီး၊ ကျွဲကောသီး၊ မာလကာသီးတို့လည်း ပါဝင်ပါတယ်။
ကယ်ရိုတင်နွိုက်တွေက ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်အနံ့ကိုလည်း ကောင်းမွန်စေပါတယ်။
အသီးအရွက်များများစားတဲ့ ယောက်ျားလေးတွေရဲ့ ချွေးနံ့ကို အမျိုးသမီးတွေ ပိုပြီးနှစ်သက်ကြတယ်လို့ စမ်းသပ်တွေ့ရှိထားပါတယ်။
အချို့သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အာဟာရဓာတ်တွေဟာ အနံ့ဆိုးဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို ချေဖျက်နိုင်ဖွယ်ရှိတယ်လို့ ဘားဂတ်စ်က ဆိုပါတယ်။
အသားတွေမှာ တွေ့ရတဲ့ ပရိုတိန်းကော်လာဂျင်ကလည်း အရေပြားတင်းရင်းစေတဲ့အပြင် ကြွက်သား၊ အရေပြား၊ လက်သည်း၊ ဆံပင်ကြီးထွားမှုကို ထောက်ပံ့ပေးပါတယ်။
အိုမီဂါ၃ ဖက်တီးအက်ဆစ်က ရေဓာတ်ကို ထိန်းသိမ်းပေးကာ ရောင်ရမ်းဆန့်ကျင်သတ္တိ ပေးစွမ်းနိုင်ပါတယ်။
#World_Health #ရုပ်ဆင်းသွင်ပြင် #မြှင့်တင်ပေးနိုင်မည့်အစားအစာများ #Source: New York Post
#World_Health
Published 13 March 2024
အခွံမာသီးတွေက သွေးတွင်းသကြားဓာတ် ဆောင့်တက်တာမျိုး မဖြစ်စေဘဲ အရည်အသွေးကောင်းမွန်တဲ့ အဆီများ၊ ဇင့် မဂ္ဂနီဆီယံ၊ ကယ်လ်စီယံ၊ သံဓာတ်တို့လို သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။
အရည်အသွေးမြင့် ပရိုတိန်းများလည်း ပါဝင်တာကြောင့် အချုပ်အားဖြင့် အလွန်အာဟာရရှိတဲ့ အစားအစာတွေလို့ ပြောလို့ရပါတယ်။
အမျိုးမျိုးသော အခွံမာသီးတွေကို နေ့စဥ်စားစရာထဲ ထည့်သွင်းစားသုံးတဲ့အခါ ဘာတွေဖြစ်လာလဲဆိုတာကို သုတေသီများ လေ့လာဖော်ပြခဲ့ကြပါတယ်။
၁၅ ဂရမ်ရှိတဲ့ သစ်ကြားသီး၊ အစိမ်းရောင်အခွံမာသီး၊ သီဟိုဠ်စေ့၊ ဗာဒံစေ့တို့ကို ၄ လကြာအောင် စားသုံးခိုင်းခဲ့ပါတယ်။
ဒီနောက် ဦးနှောက်သို့ သွေးစီးဆင်းမှုကောင်းမွန်စေခြင်း၊ အင်ဆူလင်ကို ဦးနှောက်တုန့်ပြန်မှု တိုးတက်စေခြင်း၊ အသိဉာဏ်နဲ့ မှတ်ဉာဏ်လုပ်ဆောင်ချက် တိုးတက်ခြင်းတို့ မြင်တွေ့ခဲ့ရပါတယ်။
ဒါကြောင့် အခွံမာသီးအမျိုးမျိုးကို နေ့စဥ်စားသုံးခြင်းဖြင့် နှလုံးကျန်းမာရေး၊ ဆီးချိုကာကွယ်ရေးအတွက် သာမက ဦးနှောက်ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတယ်လို့ သုတေသီများ အကြံပြုသွားပါတယ်။
#World_Health #အခွံမာသီးစားသုံးခြင်း #Source: The Jerusalem Post
တရုတ်စီးပွားရေးနှင့် စက်မှုကဏ္ဍအမျိုးမျိုးတွင် လူထိန်းရန်မလိုသော ယာဥ်ပျံများအသုံးပြုလာကာ စီးပွားရေးတိုးတက်မှုအထောက်အကူဖြစ်လာနေ
တရုတ်ပြည်ရှိ ကဏ္ဍအမျိုးမျိုးမှာ လူထိန်းရန်မလိုသောယာဥ်ပျံ (UAV)များကို အများအပြား သုံးစွဲလာကြပြီး တိုင်းပြည်ရဲ့ အနိမ့်ပျံကဏ္ဍစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီထောက်ပံ့ပေးနေပါတယ်။
#Asia_Development
Published 12 March 2024
#တရုတ်စီးပွားရေး #ယာဥ်ပျံများအသုံးပြု
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 12 March 2024
၁။ တရုတ်သို့ တရားဝင်လုပ်သားစေလွှတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေဟုဆို
၂။ သင်္ကြန်ကာလ ဗုဒ္ဓဂါယာခရီးစဉ်အတွက် ရက်တိုခရီးသွားလာရန် အော်ဒါများပြား၊ ဒေါ်လာဈေးကျပါက ပိုသွားလာနိုင်
၃။ အနုပညာအထက်တန်းကျောင်းမှ အနုပညာဝါသနာပါသည့် ကျောင်းသားသစ်များခေါ်ယူနေ
၄။ တရုတ်စီးပွားရေးနှင့် စက်မှုကဏ္ဍအမျိုးမျိုးတွင် လူထိန်းရန်မလိုသော ယာဥ်ပျံများအသုံးပြုလာကာ စီးပွားရေးတိုးတက်မှုအထောက်အကူဖြစ်လာနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၂ မတ် ၂၀၂၄
ဘန်ကောက်, မတ် ၁၂ (ရိုက်တာ)- ထိုင်းနိုင်ငံရဲ့ အတိုက်အခံ ရှေ့သို့ချီပါတီ Move Forward party ကို ဖျက်သိမ်းပစ်ဖို့ တရားရုံး ကို တောင်းဆိုမယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က အင်္ဂါနေ့မှာပြောကြားပါတယ်။ နိုင်ငံရဲ အုပ်ချုပ်ရေးစနစ်ကို အဟန့် အတားလုပ်ကာ ဘုရင်စနစ်ကို စော်ကားမှုကိုဆန့်ကျင်တဲ့ ဥပဒေကို ပြင်ဖို့ ပါတီရဲ့ လှုံ့ဆော်စည်းရုံးမှုတွေအပေါ် စိုးရိမ်ပူပန်မှု ကြောင့် ဖြစ်ပါတယ်။
ဇန်နဝါရီလတုန်းက ထိုင်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အဆိုပါပါတီဟာ ဘုရင်စနစ်ကိုစော်ကားသူတွေအပေါ် အရေး ယူတဲ့ ဥပဒေကို ပြင်ဆင်ဖို့ စီစဉ်ဆောင်ရွက်တာဟာ အခြေခံဥပဒေကိုဖောက်ဖျက်ကျူးလွန်တာဖြစ်တယ်လို့ အမိန့်ချခဲ့ပြီး နောက် ယခု လိုရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။
ပါတီရဲ့ အဆိုပြုထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၁၁၂ ပြင်ဆင်ချက်ဟာ ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းခံဘုရင်စနစ်ကိုဖျက်ဆီးပစ်ဖို့ ကြိုးစားတာဖြစ်ကြောင်းတွေ့ရှိရတယ်လို့ အခြေခံဥပဒေခုံရုံးက အမိန့်ချခဲ့တာပါ။
“ ဒါဟာ ဘုရင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ်ထားရှိတဲ့ ဒီမိုကရက်စီစနစ်ကို Move Forward party ပါတီက အနှောက်အယှက် ပြုတဲ့ အထောက်အထားပဲဖြစ်တယ်” လို့ အင်္ဂါနေ့(မတ်၁၂)မှာ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
“ ရွေးကောက်ပွဲကော်မရှင်ဟာ အခြေခံဥပဒေတရားရုံးရဲ့ စီရင်ချက်ကို သုံးသပ်လေ့လာစဉ်းစားပြီးတဲ့နောက် Move Forward party ပါတီကို ဖျက်သိမ်းပေးဖို့ အခြေခံဥပဒေတရားရုံးကို တောင်းဆိုဖို့ ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြပါတယ်” လို့ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
တကယ်လို့သာ ပါတီဖျက်သိမ်းခံရရင် ပါတီရဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံရေးအလုပ်တွေကနေ ၁၀နှစ်တိတိ အပိတ်ခံရမှာ ဖြစ်ပါတယ်။
Move Forward ပါတီကတော့ သူတို့ဟာ စည်းမျဉ်းခံဘုရင်စနစ်ကိုပိုမိုအားကောင်းလာဖို့နှင့် ဥပဒေကို အလွဲသုံးစားလုပ်တာ တွေ တားဆီးပေးဖို့ပဲ ရည်ရွယ်တာဖြစ်တယ်လို့စောဒကတက်ထားပါတယ်။
“ ကျွန်တော်တို့အနေနှင့် ဘုရင်က နိုင်ငံ့ခေါင်းဆောင်အဖြစ်ရှိတဲ့ ဒီမိုကရေစီစနစ်ကို ဖြိုလှဲပစ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး” လို့ အဲဒီ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာဆင်ဒူက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
“ ကျွန်တော်တို့ရဲ့ရိုးသားမှုကို တရားရုံးမှာ ပြသမှာပါ” လို့သူကဆက်ပြောပါတယ်။
Move Forward ပါတီက အမွေဆက်ခံယူခဲ့တဲ့ ယင်းအရင်ပါတီဖြစ်တဲ့ Future Forward ဟာ အလားတူမူဝါဒတွေရှိခဲ့ပြီး ပါတီ ရန်ပုံငွေစည်းမျဉ်းဖောက်ဖျက်မှုနှင့် ၂၀၂၀ပြည့်နှစ်မှာ ဖျက်သိမ်းခံခဲ့ရပါတယ်။
Source: Bangkok Post
@ymg/knl
Page 181 of 824