#World_Health
Published 07 November 2025
■ ကမ္ဘာတဝှမ်း ငယ်ရွယ်သူတွေကြား ကင်ဆာဖြစ်ပွားမှု မြင့်တက်နေတယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပြီး အဝလွန်ခြင်းနဲ့ များစွာဆက်စပ်နေပါတယ်။
■ ဒါက အသက် ၅၀ အောက်လူတွေမှာတင် မဟုတ်ဘဲ ဒီထက်အသက်ပိုကြီးသူတွေမှာလည်း ဆက်စပ်နေတာ ဖြစ်ပါတယ်။
■ ၂၀၀၃ မှ ၂၀၁၇ အတွင်း တိုက်ကြီးငါးတိုက်မှ နိုင်ငံပေါင်း ၄၂ ခုထံကနေ ကင်ဆာအချက်အလက်များ စစ်ဆေးခဲ့ကြပါတယ်။
■ လူလတ်ပိုင်းတွေမှာ အဖြစ်များလာတဲ့ ကင်ဆာ ၁၃ မျိုးကို ဆန်းစစ်ခဲ့ကြပါတယ်။
■ ဒီထဲမှာ သိုင်းရွိုက်၊ ရင်သား၊ အူမကြီး၊ ကျောက်ကပ်၊ သားအိမ်ခေါင်း၊ သွေးကင်ဆာတို့ ပါဝင်ပြီး လေ့လာတဲ့နိုင်ငံ ၄ ပုံ ၃ ပုံကျော်မှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေပါတယ်။
■ သိုင်းရွိုက်၊ သားအိမ်ခေါင်းနဲ့ အူမကြီးကင်ဆာတို့ကတော့ အဖြစ်အများဆုံး ဖြစ်နေပါတယ်။
■ ကင်ဆာတွေ အဖြစ်များလာရခြင်း အကြောင်းအရင်းတွေထဲမှာ အဝလွန်သူများလာခြင်း၊ အစားအစာပြောင်းလဲခြင်း၊ ပဋိဇီဝဆေးအသုံးပြုခြင်းတို့နဲ့ ဆက်စပ်နေနိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
■ အမေရိကန်မှာ ၂၀၂၂ ခုနှစ်က အသက် ၅၀ အောက် အမျိုးသမီးတွေ ရင်သားကင်ဆာဖြစ်ပွားသူ ၅ သောင်းခန့်ရှိပြီး အသက် ၅၀ အထက်ကတော့ ၂၁၀,၀၀၀ ကျော် ရှိနေပါတယ်။
■ ကင်ဆာတွေကို စောစောစီးစီး တွေ့ရှိလာရခြင်းက ရောဂါတကယ်ကို အဖြစ်များလာတယ်ဆိုတာထက် ရောဂါစစ်ဆေးမှုများလာတာကြောင့်လည်း ဖြစ်နိုင်ဖွယ်ရှိပါတယ်။
■ အဖြစ်များလာတဲ့ ကင်ဆာ ၈ မျိုးကို အသက် ၅၀ အောက်လူတွေမှာ လေ့လာကြည့်ရာ ၁၉၉၂ နောက်ပိုင်း ထိုကင်ဆာရှာဖွေတွေ့ရှိမှု နှစ်ဆပိုများလာပေမယ့် အသက်ဘေးဆုံးရှုံးမှုနှုန်းကတော့ ပုံမှန်ပဲရှိနေပါတယ်။
■ ဒါကြောင့် ရောဂါရှာဖွေစစ်ဆေးခြင်းတွေ ပြုလုပ်လာခြင်းက ကင်ဆာအဖြစ်များလာခြင်းအပေါ် များစွာသက်ရောက်နေနိုင်တယ်လို့ ယူဆလာကြပါတယ်။
Source: Euro News