ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းသုံးမြို့နိုင်ငံခြားသားဝင်ကြေးကျပ် ၅၀၀၀ မှ ၁၀၀၀၀ ပြောင်းကောက်မည်။ မန္တလေး၊ စစ်တွေ၊ တောင်ကြီး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ ဘားအံ၊ ပုသိမ်၊ ထားဝယ်နှင့် ကျိုင်းတုံဒေသရှိ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်တွေကို လာရောက်လေ့လာတဲ့ ပြည်တွင်းဧည့်သည်တွေကို တစ်ဦးလျှင် ကျပ်-၂ဝဝိ/-နှုန်းမှ ကျပ်-၅ဝဝိ/-နှုန်းနဲ့လည်းကောင်း ပြောင်းလဲသတ်မှတ်ကောက်ခံသွားမည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန
#Local_News
Published_2 January 2024
#ပျူမြို့ဟောင်း(၃)မြို့ #ဝင်ကြေးများတိုးမြှင့်ကောက်ခံ
#tthl #Yangon_Times
#Local_News
Published 2 January 2024
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တစ်နှစ်တာနီးပါးအတွင်း ရန်ကုန်မြို့၌ YBS ယာဉ်တိုက်မှုကြောင့် လူ ၂၈ ဉီးနီးပါး သေဆုံးခဲ့ကြောင်း ရန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC မှ သိရသည်။
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အထိ YBS ယာဉ်လိုင်းများတွင် ယာဉ်မတော်တဆမှု ၇၀ မှု ဖြစ်ပွားခဲ့၍ ယင်းအမှုများထဲမှယာဉ်တိုက်မှုမှာ ၆၃ မှုဖြစ်ပြီး လူ ၂၈ ဉီး သေဆုံးခဲ့ကြောင်း သိရသည်။
'YBS တွေ ယာဉ်တိုက်မှု ဖြစ်တာ အရှိန်လွန်မောင်းတာတွေ၊ တစ်စီးနဲ့တစ်စီး ကျော်တက်ကြတာတွေကြောင့် ကားလမ်းဖြတ်ကူးလာတဲ့သူတွေ၊ မီးပွိုင့်တွေမှာ လမ်းဖြတ်ကူးဖို့ စောင့်နေတဲ့သူတွေကို ဝင်တိုက်မိတာတြွေဖစ်တယ်' ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဉီးလျန်ကျင့်မာန်က ပြောသည်။
YBS ယာဉ်လိုင်းများ လအလိုက် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုများမှာ ဇန်နဝါရီလတွင် ယာဉ်တိုက်မှု ၅ မှု၊ ဒဏ်ရာရရှိသူ ၁၁ ဉီးနှင့် သေဆုံးသူ ၁ ဉီး၊ ဖေဖော်ဝါရီလတွင် ယာဉ်တိုက်မှု ၈ မှု၊ ဒဏ်ရာရရှိ ၁၂ ဉီးနှင့် သေဆုံးသူ ၁ ဉီး၊ မတ်လတွင် ယာဉ်တိုက်မှု ၆ မှု၊ ဒဏ်ရာရရှိသူ ၂ ဉီးနှင့် သေဆုံးသူ ၃ ဉီး၊ ဧပြီလတွင် ယာဉ်တိုက်မှု ၆ မှု၊ ဒဏ်ရာရရှိသူ ၁၇ ဉီးနှင့် သေဆုံးသူ ၂ ဉီး၊ မေလတွင် ယာဉ်တိုက်မှု ၁၁ မှု၊ ဒဏ်ရာရရှိသူ ၁၃ ဉီးနှင့် သေဆုံးသူ ၇ ဉီး၊ ဇွန်လတွင် ယာဉ်တိုက်မှု ၅ မှု၊ ဒဏ်ရာရရှိသူ ၅ ဉီးနှင့် သေဆုံးသူ ၁ ဉီး၊ ဇူလိုင်လတွင် ယာဉ်တိုက်မှု ၃ မှု၊ သေဆုံးသူ ၁ ဉီး၊ ဩဂုတ်လတွင် ယာဉ်တိုက်မှု ၆ မှု၊ ဒဏ်ရာရရှိသူ ၁၇ ဉီးနှင့် သေဆုံးသူ ၅ ဉီး၊ စက်တင်ဘာလတွင် ယာဉ်တိုက်မှု ၆ မှု၊ ဒဏ်ရာရရှိသူ ၅ ဉီးနှင့် သေဆုံးသူ ၂ ဉီး၊ အောက်တိုဘာလတွင် ယာဉ်တိုက်မှု ၁၀ မှု၊ ဒဏ်ရာရရှိသူ ၁၈ ဉီးနှင့် သေဆုံးသူ ၃ ဉီး၊ နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၂၁.ရက်အထိ ယာဉ်တိုက်မှု ၄ မှု၊ ဒဏ်ရာရရှိသူ ၂ ဉီးနှင့် သေဆုံးသူ ၂ ဉီးရှိကြောင်း YRTC မှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
YRTCအနေဖြင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသေဆုံးပါက ယာဉ်မောင်းကို ရာသက်ပန် ယာဉ်မောင်းနှင်ခွင့်ကို ပိတ်ပင်လိုက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားသည့်ယာဉ် ကိုလည်း ယာဉ်လိုင်း ၌မောင်းနှင်ခွင့်ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
#YBSယာဉ်တိုက်မှုကြောင့် #လူ၂၈ဉီးသေဆုံးခဲ့ #YMG /NN #Yangon_Times
အခုလိုဈေးမြင့်လာပေမယ့်လည်း မြေပဲစိုက်တောင်သူတွေ လက်ထဲမှာရောင်းချဖို့မရှိသလောက်နည်းသွား ကာကုန်များများ လှောင်နိုင်တဲ့ တောင်သူကြီးတွေနဲ့ကုန်သည်အချို့ထံမှသာ မြေပဲဆံရှိတော့တယ်လို့ဆိုပါတယ်။
#Local_News
Published_2 January 2024
#တရုတ်နိုင်ငံမှ၀ယ်လိုအားကောင်း #မြေပဲလုံးဆံဈေးမြင့်လာ
#YMG/LW #Yangon_Times
"၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၀၂၅ ဇန်န၀ါရီလ ၂၅ ရက်အထိဟာ သစ်သားနဂါးနှစ်ဖြစ်ပြီး အထူးသဖြင့် ၂၀၂၄ ခုနှစ် သစ်သားနဂါးနှစ်အတွင်း မွေးဖွားမည့်ကလေးငယ်များဟာ ဩဇာအာဏာနဲ့ပြည့်စုံမယ့်ကလေးငယ်တွေ ဖြစ်လာနိုင်တယ်။ နဂါးနှစ်အတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ၊ လုပ်ငန်းကိုင်ငန်းတွေ ဖြစ်ထွန်းမှာဖြစ်ပြီး လုပ်ငန်းသစ်တွေစတင်နိုင်မှာ ဖြစ်တယ်"ဖုန်းရွှေနှင့် တားရော့ဗေဒင်ဆရာ၊ ဆရာဟိန်းလတ်
#Local_News
Published_2 January 2024
#ယုန်နှစ်မှနဂါးနှစ်ပြောင်း #ကလေးများဩဇာကြွယ်ဝမှုရှိနိုင်
#tthl #Yangon_Times
'မှိုတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်ဖို့ ချေးငွေချေးဖို့ကလည်း ချေးမရဘူး၊ ကန့်သတ်ချက်တွေများနေတယ်၊ လိုက်တော့လိုက်ထားတယ် ဒါပေမယ့်မရဘူးထိ လုံးဝနလန်မထူဘူး၊ ရပ်ဆိုင်းထားရတယ်'
#Local_News
Published_2 January 2024
#မှိုတန်ဖိုးမြှင့်ထုတ်ကုန် #ရပ်ဆိုင်းထားရ
#YMG/NN #Yangon_Times
#Local_News
Published_2 January 2024
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ခုနှစ် နှစ်စပိုင်း ဇန်နဝါရီ ၁ ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁၂.၉၃ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
SWAP Facility သည် ကျပ်ငွေအပေါင်ယူပြီး၎င်းနှင့် ညီမျှသည့် နိုင်ငံခြားငွေ ထုတ်ပေးသည့် စနစ်ဖြစ်ပြီးအမေရိကန်ဒေါ်လာ ၄ သန်း နှင့်ညီမျှသော တရုတ်ယွမ်အား SWAP Facility ပေးမည်ဖြစ်သည်ဟုဆိုသည်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေများနှင့်ပတ်သက် ၍ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသော ငွေလဲလှယ်နှုန်းပေါ် မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း ဒီဇင်ဘာ၅ရက်တွင်ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ (၁၈) ရက်နှင့် (၂၁) ရက်တွင်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂ သန်းနှင့်အမေရိကန်ဒေါ်လာ ၁၂.၄၃ သန်းကိုထုတ်ရောင်းပေးထားကြောင်း သိရသည်။
#Local_News #ကန်ဒေါ်လာ၁၂.၉၃သန်းရောင်းချ #ယွမ်ငွေများထုတ်ပေး #tthl #Yangon_Times
#Local_News
Published_2 January 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့အနီး ဗဟိုပြု၍ ၂၀၂၄ခုနှစ်ဇန်နဝါရီ (၂)ရက် နံနက်ပိုင်းက အင်အား ၄ ဒသမ ၆ အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၁၅)မိနစ်၊ (၅၄)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၃၁)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လဟယ်မြို့၏ အရှေ့မြောက်ဘက် (၃၂)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၆.၆၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၇၉)ဒီဂရီ၊ အနက် (၂၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည်ပြတ်ရွေ့ကြောပေါ်တည်ရှိသည့်ဒေသဖြစ်၍ ငလျင်လှုပ်ခတ်မှုအများဆုံးဒေသဖြစ်ကြောင်းနှင့် ပြတ်ရွေ့ကြောပေါ်ရှိသည့် မန္တလေး၊ ရန်ကုန်၊ ပဲခူးဒေသတို့တွင်လည်း ၂၀၂၃ခုနှစ်အတွင်း ငလျင်ငယ်များခပ်စိပ်စပ်လှုပ်ခတ်ခဲ့သလို ၂၀၂၄တွင်လည်း ယင်းဒေသများ၌ ငလျင် အန္တရာယ်အထူးသတိထားရန်လိုအပ်ကြောင်း သိရသည်။
#Local_News #အင်အား၄ဒသမ၆အဆင့်ရှိ #ငလျင်လှုပ်ခတ် #tthl #Yangon_Times
Page 861 of 2194