နွေစပျစ်သီးများ တစ်ပိသာကျပ်တစ်သောင်းအထိ ဈေးကောင်းရ
' နွေရာသီမှာ ကျန်သစ်သီးဝလံအထွက်နည်းချိန်မှာ ရာသီစာစပျစ်လေး ဈေးကောင်းရနေတာပါ '
Yangon_Times/NN
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
အခုတအားပူနေပေမယ့် သင်္ကြန်အကြိုနေ့ ဧပြီလ (၁၃)ရက်လောက် နီးရင် သင်္ကြန်မိုးရွာဖို့ရှိပြီး နေ့အပူချိန်အနည်းငယ် ကျဆင်းသွားနိုင်တယ်။
(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်း)
Yangon_Times/tthl
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 4 April 2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် တွင် ယာဥ်တစ်စီးမှဓာတ်တိုင်ဝင်ရောက်တိုက်မိပြီးယာဥ်ပေါ်ပိမှု ဖြစ်ပွားခဲ့ကြောင်း သုဝဏ္ဏပရဟိတ အသင်းထံမှ သိရသည်။
ဧပြီလ ၃ရက် ည ၁၁နာရီ အချိန်ခန့် က သင်္ဃန်းကျွန်းမြို့နယ် (က)ရပ်ကွက် နှင်းဆီကုန်းအဝိုင်း အနီး တွင် အိမ်စီးကားတစ်စီး မှ ဓါတ်တိုင်ကို ဝင်တိုက် မိ ပြီး တိုက်မိသည့်အရှိန် ဖြင့် ဓါတ်တိုင်မှာ ယာဉ်ပေါ်သို့ပိမိသွားခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်သည့်နေရာသို့ ပရဟိတ အသင်းများ မှ လာရောက်ကူညီ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ် မောင်းသူမှာ အမျိုးသမီး တစ်ဦး ဖြစ် ပြီး ယာဉ်တိုက် မှု ကြောင့် ထိခိုက် ဒဏ်ရာ ရရှိ မှု မဖြစ်ခဲ့ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group


' ပြည်တွင်းစား ဆန်ချောဈေးကွက်အေးလို့ တစ်အိတ်ကျပ်ငါးထောင်အထိ ကျဆင်းလာပါတယ်၊ သက်ြန်ကာလပြီး
ရင်တော့ အရောင်းအဝယ် ပုံမှန်ပြန်လာနိုင်တယ်၊ ဈေးတက်ဖို့တော့မမျှော်လင့်ပါဘူး '
Yangon_Times/NN
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 4 April 2024
နေပြည်တော်လေဆိပ်၏အရှေ့ဘက်မှ ယနေ့ ဧပြီလ၄ ရက် နံနက် ၁၀နာရီခွဲအချိန်က
ဒရုန်း ၄ စင်းပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါ ဒရုန်းများကို အောင်မြင်စွာပစ်ချဖျက်ဆီးခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်လိုက်သည်။
အလားတူ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၏ အရှေ့တောင်ဘက်မှ ဒရုန်း ၃ စင်း ပျံသန်းဝင်ရောက်လာမှုကိုလည်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့ကြောင်းသိရသည်။
၎င်းဖြစ်စဉ်များ၌ လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆိုင်ရာကိစ္စများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
သင်္ကြန်ကာလနီးတဲ့အတွက် ကြက်သွန်နီက အရမ်းရောင်းကောင်းတယ် အရင်ထက်ကိုနှစ်ဆလောက် ရောင်းရတယ် ဒါပေမယ့် ကြက်သွန်နီက ဈေးမတတ်ဘူး သယ်ယူစရိတ်က အရင်ထက် ဈေးမြင့်လာတယ် အရင်က တစ်ပိသာကိုသယ်ခက ၁၃၀ကျပ်ကနေ အခု ၁၇၀ကျပ် ပေးရတယ် ဒါကြောင့် လာမယ့်အပတ်ထဲမှာ ကြက်သွန်နီဈေးက ထက်တတ်ဖို့ ရှိတယ်လို့ ခန့်မှန်းတယ်ဟု ကြက်သွန်ပွဲရုံများထံက သိရသည်။
Yangon_Times/LW
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် ကားလမ်းဝဲယာတစ်လျှောက်ရှိ ကျူးကျော်ဈေးတန်းတွေဟာ ရွှေတိဂုံစေတီတော်ရဲ့မြေနယ်နိမိတ်မဟုတ်လို့ စည်ပင်နဲ့ပေါင်းပြီး ရှင်းလင်းပေးခဲ့တယ်။စေတီတော် ဝတ္ထုကံမြေအတွင်းမှာ ဘုရားဖူးပြည်သူတွေအသုံးပြုနိုင်ဖို့ သန့်စင်ခန်းတွေကို စနစ်တကျတည်ဆောက်ပေးထားပြီး ဝန်ထမ်းတွေ ခန့်ထားကာ သန့်ရှင်းရေးကို အချိန်ပြည့်ဆောင်ရွက်ပေးလျက်ရှိတယ်။
Yangon_Times/tthl
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 864 of 2361