လမ်းပန်းဆက်သွယ်ရေး အခက်ခဲ နဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေ အပါအဝင် အခြားဒေသက ထွက်ရှိတဲ့ ကုန်စည် တွေ ဈေးကွက်အဝင်များနေတာကြောင့် ရှမ်းပြည်ကထွက်တဲ့ ကုန်စည်အများစု ဝယ်လိုအားလျော့ကျလာတယ်လို့ ဆိုပါတယ်။ တောင်သူတွေအရှုံးပေါ်နေတဲ့ အတွက်လာမယ့်နှစ်မှာ စိုက်ပျိုးသူနည်းလာမယ်ဟုဆို
Yangon Times/LW
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဖောက်စွပ်ဖြတ်ဆက်ကားများအား လိမ်လည်ရောင်းချခြင်းများ အပါအဝင် တစ်လလျှင် မော်တော်ကားအမှု ၁၅မှုခန့် ဖြေရှင်းပေးနေရဟုဆို
' ကား အရောင်းအဝယ်မှာ ဖောက်စွပ်ဖြတ်ဆက်တွေက အများဆုံးပဲ ၊ကားဝယ်ပြီး ကညနမှာ သွားစစ်လိုက်တဲ့အခါမှာ စာအုပ်သိမ်းခံလိုက်ရမှ သိတာ
Yangon Times/NN
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
'ရန်ကုန် Pet Expoပြပွဲ'မှာ နိုင်ငံတကာမှ အရည်အသွေးကောင်းမွန်တဲ့ World Brand အစာတွေ၊ ဆေးပစ္စည်းတွေ၊အသုံးဆောင်တွေကို တစ်နေရာထဲမှာ စုံစုံလင်လင် ဝယ်ယူရရှိနိုင်မယ့်အပြင် လာလည်တဲ့ Petလေးတွေကို လည်းအစာကုမ္ပဏီတွေက ဧည်ခံစာတွေ ကျွေးမွေးဦးမှာဖြစ်တယ်။
Yangon Times/tthl
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 6 March 2024
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် ကမ္ဘာအေးစေတီလမ်း ကမ္ဘာအေးစေတီမုဒ်ဦးဝ အရှေ့ တွင်ယာဥ် ၃စီး တိုက်မှု ဖြစ်ပွားကြောင်း သွားရောက်ကူညီပေးသည့် ပရဟိတအသင်းထံ မှ သိရသည်။
မတ်လ ၆ရက် မနက် ၉နာရီ ၂၀မိနစ် ခန့် က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများ တွင် အသက်၂၇ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်၆နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ .လူနာ ၂ ဦးအားမြေပြင်ပြုစုပေးပြီး.လူနာများကို မြောက်ဥက္ကလာဆေးရုံ သို့ မြန်မာ့ကြယ်ဖြူ အရေးပေါ်လူနာတင်ယာဥ်ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group


Published_ 6 March 2024
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ နယ်စုံမှ ခရီးသွားများလာရောက်အပန်းဖြေလေ့ရှိပြီး ရန်ကုန်တိုင်းမှ ခရီးသွားအများဆုံး လာရောက်လည်ပတ်လျှက်ရှိကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
အဆိုပါ ငွေတောင်ကမ်းခြေသို့လစဉ် ခရီးသွားဧည့်သည် သုံးသောင်းကျော်လာရောက် လည်ပတ်လေ့ရှိကာ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်အထိ ခရီးဦးရေ ၃၆,၅၅၅ လာရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။
ထိုသို့လာရောက်လည်ပတ်ရာတွင် ဇန်နဝါရီလကယလတူကထက်ခရီးသွား ပိုမိုဝင်ရောက်ခဲ့ပြီး သက်ဆိုင်
ရာမှလည်းခရီးသွားများ လုံခြုံစိတ်ချစွာအပန်းဖြေနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ငွေတောင်ပင်လယ်ကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင် ဆံတော်ရှင်မြတ် မော်တင်စွန်းဘုရားပွဲတော် ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ အပန်းဖြေသူများ၊ ရေလှိုင်းစီးသူများ၊ ကျောက်ဆောင်များတွင် အလှဓာတ်ပုံ ရိုက်သူများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 6 March 2024
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာကားမီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန် ချကိအရ သိရသည်။
မတ်လ ၆ရက် နံနက် ၆နာရီ ၃၅မိနစ်က ဖြစ်ပွားခဲ့ကာ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး၊ ယင်းတော်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၇ နာရီ၃၀မိနစ်အချိန်မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆီဘောက်ဆာ ကားသည် စက်သုံးဆီ ဆိုင် တစ်ခုသို့ ဆီဖြည့်ရန်လာရာမှ ဆီဆိုင်အနီးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်သည့် အကြောင်းရာ နှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group



#Daily_News
Published_ 5 March 2024
၁။ ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးတက်နိုင်ခြေရှိသော်လည်း ရွှေထွက်ချိန်ရောက်၍ သိပ်မတက်နိုင်ဟုဆို
၂။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ကိစ္စရပ်များကို Online Appointment စနစ်ပြောင်းလဲ ဆောင်ရွက်မည်ဟု တိုကျိုရှိ မြန်မာသံရုံးကြေညာ
၃။ ရှမ်းမြောက် လမ်းကြောင်းမကောင်းသည့်အတွက် သရက်သီးအကင်း ဈေးရရှိမှု ယခင်နှစ်ထက်ကျဆင်း
၄။ အဆင့်မြင့် AIနည်းပညာဖြင့် ပေါင်းစပ်ထားသည့် သန့်ရှင်းရေးစက်ရုပ်အား တရုတ်ကုမ္ပဏီမှ မိတ်ဆက်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 868 of 2314