ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျုံအိတ်တံတားပျက်စီးခြင်းကြောင့် သွားလာရေးခက်ခဲပြီး တင်ပို့နိုင်ခြင်းမရှိတာကြောင့် ဒူးရင်းသီး ဈေးအနည်းငယ်ကျဆင်းနေရာကနေ လက်ရှိမှာမြို့ကြီးတွေကိုတင်ပို့နေတာကြောင့် ဈေးပြန်တက်လာတယ်လို့ မွန်ပြည်နယ်က ဒူးရင်းသီးစိုက်ပျိုးရောင်းချသူတွေဆီက သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
အပူပိုင်းဒေသကို လာရောက်တဲ့ခရီးသွားတွေအနေနဲ့ ဝင်ရောက်နားခိုလို့ရအောင် ကျေးငှက်တိရစ္ဆာန်တွေ အရိပ်ရနားခိုးကာ အစားအစာရရှိစေဖို့ ရည်ရွယ်ပြီး ဖော်ဆောင်ပေးတာဖြစ်ပါတယ်လက်ရှိမှာတော့ ရေနံချောင်းနဲ့မကွေးကြားမှာ လူလုပ်တောအုပ် ၇နေရာ ဖော်ဆောင်ပေးနိုင်ခဲ့ပြီး ယခုနှစ်မှာတော့ နှစ်နေရာထပ်မံပြုလုပ်ရန် လုပ်ဆောင်နေတယ်လို့ ရေနံ့သာဒင်းဂါးညီနောင်များအဖွဲ့ ပရဟိတအသင်းရဲ့ တည်ထောင်သူ ကိုဒင်းဂါးက ပြောပါတယ်၊၊
#Yangon_Times/LW
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ကဆုန်လပြည့်နေ့မှာ မနက်(၇)နာရီမှ ည(၈) နာရီအထိ ဗိုလ်တထောင်စေတီရှိ ညောင်ပင်နှစ်ပင်မှာ ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်မှာဖြစ်တယ်။
(ဗိုလ်တထောင်စေတီတော်၊ ဂေါပကအဖွဲ့)
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းအတွက် ကျပ်သန်း ၂၀၀ အထက်တန်ဖိုးရှိတဲ့ ဘိလပ်မြေတန် ၁၃၀၀ လုပ်ငန်းခွင်စခန်းအရောက် ဝယ်ယူပို့ဆောင်တာ ၊ ကွန်ကရစ်တမံ အောက်ခံအုတ်မြစ်ကြံ့ခိုင်မှုလုပ်ငန်းစတဲ့ လုပ်ငန်းတွေအတွက် တင်ဒါခေါ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးတင်ဒါကော်မတီက သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
"ဘောလုံးလောကတစ်ခုလုံးအား ထိခိုက်ပျက်စီးသွားနိုင်တဲ့ လုပ်ပွဲကစားမှု (Match Fixing) ပြုလုပ်ကစားခြင်းတို့ကို ကြိုတင်အသိပေးကာကွယ်မှုတွေ ပြုလုပ်သွားဖို့နဲ့ ဖြစ်ပေါ်လာပါက ချက်ခြင်းအရေးယူဆောင်ရွက်သွားဖို့ အဓိကအချက်တစ်ခုအနေဖြင့် တိုက်တွန်းလိုတယ်။ပြည်ပကစား သမားခေါ်ယူရာမှာ အသင်းနစ်နာမှု မရှိစေဖို့အတွက် ခေါ်ယူမယ့်ကစားသမားကို Test လုပ်ပြီးမှသာ ခေါ်ယူစာချုပ်သင့်တယ်"
(မြန်မာနေရှင်နယ်လိဂ်ကော်မတီနာယက၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်)
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 15 May 2024
ရန်ကုန်တက္ကသိုလ်၌ စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology) သင်တန်းကိုလာမည့် လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် ဇွန်လ (၃) ရက်နေ့မှစတင်၍ (၃) လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရပါသည်။
ယင်းသင်တန်းကို Grade (9) အောင်မြင်ပြီးသူများမှစတင်၍ လျှောက်ထားနိုင်ပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ (၁၃) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သင်တန်းအချိန်မှာ မနက်ပိုင်း (၇) နာရီမှ (၉) နာရီအထိဖြစ်ပြီး သင်တန်းကြေးမှာ တစ်သိန်းကျပ် ဖြစ်ကြောင်းသိရသည်။
သင်တန်းတွင် အစားအသောက်ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ ထုတ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်းပညာရပ်တို့အပြင် အစားအစာဘေးကင်းမှု၊ အရည်အသွေးနှင့် အာဟာရလုံလောက်မှုတို့ကိုပါ သိရှိနားလည်စေရန် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Cerficate in Food Technology အောင်လက်မှတ်ကိုလည်း ရရှိမည်ဖြစ်ကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 15 May 2024
မြန်မာ-ထိုင်း နယ်နိမိတ်ထိစပ်လျက်ရှိသောပြည်နယ်များအကြား နယ်စပ်ကုန်သွယ် မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှ (၉)ပြည်နယ်နှင့် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်အရှေ့ပိုင်း အပါအဝင် နယ်နိမိတ်ထိစပ်လျက်ရှိသော ပြည်နယ်များအကြား နယ်စပ်ကုန်သွယ်မှု ဖွံဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် မှုများ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ချင်းမိုင်မြို့မှ မြန်မာကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် မေ ၁၄ ရက်တွင် ချင်းမိုင်မြို့၊ မြို့တော်ဝန် Mr. Assanee Buranupakorn အား မြို့တော်ဝန်ရုံး၌ လည်းကောင်း၊ ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Nirat Pongsitthaworn အား ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း သွားရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံစဉ် မြန်မာကောင်စစ်ဝန်ချုပ်က ရှေးရာစုနှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံသားများနှင့် ချင်းမိုင်(ဇင်းမယ်)အပါအဝင် ယနေ့ခေတ် ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသတို့အကြား ကူးလူးဆက်ဆံမှုများ အလွန်များပြားခဲ့ရာ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာ ဓလေ့ထုံးတမ်းတို့တွင် တူညီမှုမှုများစွာ ရှိပြီး ရှေးယခင်ကတည်းကပင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စွာ ထူထောင်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့အနေဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ ပြည်သူများ အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ရန် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့် အလားအလာများ၊ ကောင်စစ်ဝန်ချုပ်ရုံး တာဝန်ယူဆောင်ရွက်နေ သည့် ထိုင်းနိုင်ငံ မြောက်ပိုင်း (၉)ပြည်နယ်နှင့် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသကြီး အပါအဝင် နယ်နိမိတ်ထိစပ်လျက်ရှိသော မြန်မာနိုင်ငံမှ ပြည်နယ်များအကြား နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် မှုများ လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးပြောကြားခဲ့ ပါတယ်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံးက မြန်မာနိုင်ငံသားများအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်း ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ချင်းမိုင်မြို့တော်ဝန် တို့အား ရှင်းလင်းပြောကြားခဲ့ပြီး ချင်းမိုင်တွင် ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများနှင့် မြန်မာအလုပ်သမားများအား လိုအပ်သည့် အကူအညီများ၊ စောင့်ရှောက်မှုများ ပေးအပ်ရာတွင် ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေး မှူးရုံးနှင့် ချင်းမိုင်မြို့တော်ဝန်ရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 863 of 2420