"နယ်ဘက်မှာဆိုင်ကယ်ဆီတွေကလိုတော့ ဆီဈေးကွက်မှာ ပုံမှန်ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးဟာ တစ်လီတာကျပ်နှစ်ထောင်ကျော် လောက်သာရှိပေမယ့် မှောင်ခိုဈေးကွက်မှာတော့ ကျပ်လေးထောင်ကျော်မှ ငါးထောင်အထိ ပေါက်နေသလို မဝယ်မဖြစ်တဲ့သူတွေက ဝယ်နေရတယ်"မော်လမြိုင်အခြေစိုက်လူမှုကူညီရေးမှ တာဝန်ရှိသူတစ်ဦး
#Local_News
Published 11 December 2023
#မှောင်ခိုဆီဈေးကွက် #ဈေးနှစ်ဆပေးဝယ်နေရ
#tthl #Yangon_Times
‘ဧည့်မထအုပ်စုမှာ အနည်းဆုံး၆၀,၀၀၀ မှ အများဆုံးကျပ်၆၈,၀၀၀အထိ၊ ဧရာမင်း၊ ဧရာပဒေသာ၊ အထူးဧည့်မထအုပ်စု ကျပ် ၆၈,၀၀၀ မှကျပ် ၉၅,၀၀၀ထိ။ ဧရာဝတီပေါ်ဆန်းအုပ်စုကတော့ ၈၀,၀၀၀ မှကျပ် ၉၀,၀၀၀ ထိ၊ ရွှေဘို ပေါ်ဆန်းက ၉၀,၀၀၀ မှ ၉၅,၀၀၀ သတ်မှတ်ထားပါတယ်။ လက်လီ၊ လက်ကားဈေးကွက်အတွင်း ရောင်းချမှုအတွက် ဈေးနှုန်း ၅ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းအထိ ကွာဟနိုင်သလို စူပါမားကတ်နဲ့၊ မီနီမတ်တွေမှာ Coustomer Packaging နဲ့ Modern Trade ရောင်းချမှုတွေအတွက်ဈေးနှုန်း ၁၀ ရာခိုင်နှုန်းကနေ၂၀ ရာခိုင်နှုန်းအထိ
ကွာဟနိုင်တယ်’ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#Local_News
Published 11 December 2023
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #လက်လီ၊လက်ကားဈေးကွက်
#YMG/ NN #Yangon_Times
"ဒီဇင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာကျပ် ၄၈၁၅ကျပ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး ရန်ကုန်တိုင်းအတွက် စားအုန်းဆီ ၂၉၆၇ ပေပါ၊ နေပြည်တော်အပါ အဝင်ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးအတွက် စားအုန်းဆီ ၆၂၄၀ ပေပါကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့စီစဉ်မှုနဲ့ ဆီကုမ္ပဏီတွေက ရောင်းချပေးထားတယ်"မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း
#Local_News
Published 11 December 2023
#စားအုန်းဆီဈေးပြန်ကျ #ဆီလုပ်ငန်းရှင်
#tthl #Yangon_Times
#Local_News
Published 11 December 2023
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ် အောက်တိုဘာလအထိ ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည့် MOU အလုပ်သမားများ အပါအ၀င် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေပြီး တရားဝင်အထောက်အထားပြုလုပ်နိုင်ရန်အတွက် ထုတ်ပေးသည့် မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံစာ(CI)ကတ် လျှောက်ထားမှုနှင့် ထုတ်ပေးထားသည့် အရေအတွက်မှာ ၂ဒသမ ၅သန်း ခန့် ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည့် အလုပ်သမားနှင့် CI ထုတ်ပေးမှုအရေအတွက်မှာ (၁.၁) သန်း၊ MoU လူသစ်သည် (၀.၄၄) သန်း၊ MoU လူဟောင်း (၀.၁၆)သန်း၊ စုစုပေါင်း (၁.၇) သန်းအပြင် လက်တလောတွင် CI ထပ်ဆောင်ရွက်ရန် (၈) သိန်းကျော်ရှိကြောင်း သိရသဖြင့် စုစုပေါင်း (၂.၅) သန်း ခန့်မှန်းထားကြောင်း သိရသည်။
ထို့ပြင် မြန်မာရွေ့ပြောင်းအလုပ်သမားများအား အလုပ်ရှင်များက လုပ်အားခေါင်းပုံဖြတ်ခြင်းကို ကာကွယ်ရှောက်ပေးရန်၊ သက်ဆိုင်ရာနိုင်ငံ၏ဥပဒေပါအတိုင်း အကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးရန်နှင့် အလုပ်သမားရေးရာပြဿနာများကို အချိန်နှင့်တပြေးညီ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၁၁ ခုနှစ်မှစ၍ အလုပ်သမားသံအရာရှိတစ်ဦးကိုခန့်ထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အလုပ်သမားအရေအတွက်များပြားလာခြင်းနှင့် အလုပ်သမားရေးရာ ပြဿနာရပ်များကို ပိုမိုထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားသံအရာရှိ (၅) ဦးကို တာဝန်ပေးစေလွှတ်ခဲ့ကာ MoU U-turn လုပ်ငန်းစဉ်နှင့် အခြားလုပ်ငန်းလိုအပ်ချက်များအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ညွှန်ကြားရေးမှူးအဆင့် အရာထမ်း (၁) ဦးအား အလုပ်သမား သံအရာရှိအဖြစ် ထိုင်းနိုင်ငံသို့ ထပ်မံစေလွှတ်တာဝန်ပေးအပ်ခဲ့ပြီး ဦးစီးအရာရှိအဆင့် အလုပ် သမားသံအရာရှိ(၁) ဦးကိုလည်း ထပ်မံသက်တမ်းတိုး တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
#Local_News #CIထုတ်ပေးမှု #မြန်မာအလုပ်သမား၂ဒသမ၅သန်းခန့်ရှိ #YMG/LW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ တညင်းကုန်း လက်ကားဈေးကြီးမှာ မကြာခင်ဖွင့်လှစ် တော့မယ့် ဈေးရုံအသစ်ဖြစ်တဲ့ ဈေးရုံအမှတ်(၅) မှာ ရောင်းချဖို့အတွက် ဆိုင်ခန်းနေရာ လာရောက်လျှောက်ထားတဲ့ သူများနေတယ်လို့ Myanmar Argo Echange published Co.ltd ထံက သိရပါတယ်။
#Local_News
Published 11 December 2023
#တညင်းကုန်းဈေး #တညင်းကုန်းလက်ကားဈေးကြီး
#YMG/LW #Yangon_Times
#Local_News
Published 11 December 2023
အင်းဝစာဆိုကျော် “ရှင်မဟာရဋ္ဌသာရ'' ၏ မွေးနေ့ ၅၅၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အထူးထုတ် ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်ထုတ်ဝေမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း မှ သိရသည်။
အင်းဝခေတ်၌ ပျို့၊ ကဗျာ၊ အလင်္ကာ၊ မော်ကွန်း၊ ရတု၊ ဆုံးမစာစသည့် စာပေအမျိုး အစားပေါင်းစုံကို ရေးသားဖွဲ့ဆိုခဲ့သော မြန်မာစာပေကို ထွန်းတောက်စေခဲ့သည့် အင်းဝခေတ် “ပေလေးပင်ရှင်လေးပါး” ဝင် ရဟန်းစာဆိုအကျော် “ရှင်မဟာရဋ္ဌသာရ” အား ဂုဏ်ပြုသောအားဖြင့် တံဆပ်ခေါင်းအသစ် ထုတ်ဝေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးထုတ် ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ဒီဇင်ဘာ ၁၃ ရက် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နတ်တော်လဆန်း ၁ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ထုတ်ဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ငယ်မည် “မောင်မောက်” အမည်ရ အင်းဝခေတ်စာဆိုအကျော် “ရှင်မဟာရဋ္ဌသာရ” သည် မြန်မာသက္ကရာဇ် ၈၃၀ ခုနှစ် ခရစ်သက္ကရာဇ် ၁၄၆၈ ခုနှစ်တွင် ဖွားမြင်ခဲ့ရာ ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ၅၅၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
#Local_News #အင်းဝခေတ် #ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်ပြည့် #၂၀၀ကျပ်တန်စာပို့တံဆိပ်ခေါင်းသစ် #YMG/LW #Yangon_Times
#Local_News
Published 11 December 2023
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများမှ တတိယအကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခဲ့ပြီး သွေးပုလင်းစုစုပေါင်း (၁၂၅ )ပုလင်းခန့်လှူဒါန်းနိုင်ခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။
အဆိုပါသွေးလှူဒါန်းပွဲကို ဒီဇင်ဘာလ(၁၀)ရက်၊ တနင်္ဂနွေနေ့ နံနက်(၀၉:ဝဝ)နာရီအချိန်တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံကြီး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
တတိယအကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ ဗိုလ်တထောင် စေတီတော်အလှည့်ကျသဘာပတိဦးဌေးဦး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဒေါက်တာတင်ထွန်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးတင်ရှိန်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးအောင်မြတ်၊ ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ဝင်ဦးဝင်းထူး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးစိန်သန်းနှင့် ရုံးအဖွဲ့မှူး ကျော်နိုင်ထွန်းနှင့် ဒုရုံးအဖွဲ့မှူး၊ လက်ထောက်ရုံးအဖွဲ့မှူး နှင့် ဌာနမှူးများမှ တက်ရောက်ကြပြီးအခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးအလှည့်ကျသဘာပတိဦးဌေးဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ရန်ကုန်ဆေးရုံကြီး သွေးလှူဘဏ်မှ ဒေါက်တာဒေါ်သန္တာနှင့် တာဝန်ခံဆရာဝန်များ၊ ဝန်ထမ်းများမှု သွေးလှူဒါန်းမည့်အလှူရှင်များအား လိုအပ်သည်များ ဆောင်ရွက်ပေး၍ သွေးလှူဒါန်းပွဲကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်ဟုဆိုသည်။
လာရောက်သွေးလှူဒါန်းသည့်အလှူရှင်များကို ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တီရှပ်နှင့်ရေသန့်များလှူဒါန်းခြင်း။
ဦးအောင်ကိုဇော် မိသားစုမှ နွားနို့၊ ကြက်ဥနှင့် ငှက်ပျောသီးများလှူဒါန်းခြင်း။
ရန်ကုန်ဆေးရုံကြီးသွေးလှူဘဏ်မှ Royal D အချိုရည်၊ ဘီစကစ်နှင့် သံဓာတ်အားဆေးမျာ လှူဒါန်းခြင်း။
ဗိုလ်တထောင်စေတီတော် အုန်း/ငှက်ပျောကန်တော့ပွဲဆိုင်များမှ ကြာဇံချက်များ ကုသိုလ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
#Local_News #ဗိုလ်တထောင်စေတီ #သွေးပုလင်းစုစုပေါင်း(၁၂၅ )ပုလင်း #tthl #Yangon_Times
Page 858 of 2152