ရန်ကုန်မြိုတွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်YBSယာဉ်တွေ လိုက်ပါစီးနင်းနေတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ YBS QR Code နဲ့ ယာဉ်စီးခပေးချေမှုကို ယခုလကုန်သို့မဟုတ် လာမည့်နှစ်ဆန်းဖြစ်တဲ့ ဇန်နဝါရီလဆန်းမှာ ဆောင်ရွက်နိုင်တော့မယ်လို့ Asia Starmar Transport Intelligent Co.,Ltd မှ သိရပါတယ်။
Yangon-Times/NN
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 12 December 2023
စမ်းချောင်းမြို့နယ်၊လင်းလွန်း(မြောက်)ရပ်ကွက်၊ ကြံခင်းလမ်းရှိ လူနေတိုက်ခန်း တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ (၁၂)ရက် နေ့လယ် (၁) နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အနောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီးထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကျွမ်းမှုကြောင့် ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
မီးငြိမ်းသတ်ရာတွင် နေ့လည် (၁) နာရီ (၇) မိနစ် အချိန်ခန့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၁) နာရီ (၁၃)မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လည် (၁)နာရီ (၁၉) မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 12 December 2023
ရွှေတိဂုံနှင့် ဗိုလ်တထောင်ဝင်ကြေး နိုင်ငံခြားငွေများကို ကျပ် (၂၁၀၀) ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်ပြီး ပေးခဲ့သည်ဆိုသည့်သတင်းမဟုတ်မှန်ကြောင်း နစကမှ ပြန်လည်ရှင်းလင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်၏ ဝင်ကြေး၊အလှူငွေ အမေရိကန်ဒေါ်လာ (၂၀)သန်းကျော်နှင့် ဗိုလ်တထောင်စေတီ၏ အလှူငွေနှင့် ဝင်ကြေး အမေရိကန်ဒေါ်လာများကို အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် (၂,၁၀၀) ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့သည်ဟု သတင်းတု၊ သတင်းမှားများ ဝါဒဖြန့် ရေးသားလျက်ရှိကြောင်းနှင့် ယင်းကိစ္စမှာ မဟုတ်မှန်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏တာဝန်ရှိသူ၏ရှင်းလင်းပြောကြားချက်အရသိရသည်ဟု နိုင်ငံပိုင်သတင်းမီဒီယာများ၌ဖော်ပြခဲ့ကြောင်း သိရသည်။
ရွှေတံဂုံစေတီတော်သို့ ယခင်က တစ်ရက်ကို နိုင်ငံခြားသား၁၀၀ခန့်ဝင်ရောက်ရာမှ နောက်ပိုင်းတွင် တစ်ရက်ကို နိုင်ငံခြားသား၃၀၀ခန့်ဝင်ရောက်ကြောင်းနှင့် ရွှေတိဂုံစေတီတော်တွင် ယခင်က ကျပ်တစ်သောင်းခွဲသို့မဟုတ် တစ်သောင်းခွဲနှင့်ညီ သောနိုင်ငံခြားငွေကောက်ခံခဲ့ရာမှ ယခု ကျပ်၂၀၀၀၀သို့မဟုတ် ကျပ်နှစ်သောင်းနှင့်ညီသောနိုင်ငံခြားငွေကို ကောက်ခံခဲ့ပြီး ဗိုလ်တထောင်စေတီတော်သို့လာရောက်သူများကို ယခင်က မြန်မာကျပ်၁၀၀၀၀(သို့မဟုတ်)မြန်မာကျပ်တစ်သောင်းနှင့်ညီမျှသောနိုင်ငံခြားငွေကို ကောက်ခံခဲ့ပြီး ယခုအခါ မြန်မာကျပ်၁၅၀၀၀(သို့မဟုတ်) မြန်မာကျပ်တစ်သောင်းငါးထောင်နှင့်ညီမျှသောနိုင်ငံခြားငွေကို ကောက်ခံခဲ့ပြီး အများစုမှ မြန်မာကျပ်ဖြင့်ဝင်ကြေးပေးလေ့ရှိကြောင်း ဂေါပကအဖွဲ့များထံမှသိရသည်။
Yangon-Times/tthl
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဒေသမှာ တိုက်ပွဲရှောင် ရက်ရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ အနွေးထည်တွေ ဆက်လက်လိုအပ်နေပြီး ကျေးရွာအချို့မှာလည်း ဒေသခံအချို့ဆက်လက်ပိတ်မိနေတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေ ဆီကသိရပါတယ် ။
Yangon-Times/NN
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ဒီဇင်ဘာလ ၁၁ရက်မှ၂၁ရက်အထိ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ဒီဇင်ဘာလရဲ့ပျမ်းမျှအပူချိန်ရဲ့ (၁.၅)ဒီဂရီစင်တီဂရိတ်နဲ့ အထက်ပိုနိုင်တယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
Yangon-Times/tthl
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ကရင်ပြည်နယ် ကော့ကရိတ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးအခြေအနေအရ ထိုင်းနိုင်ငံသို့ MOU လုပ်သားစေလွှတ်မှု ယာယီရပ်နားထားတာကာ နယ်မြေအခြေနေ ကောင်းမွန်တာနဲ့ ပြန်လည်စေလွှတ်သွားမယ်လို့အလုပ်သမားဝန်ကြီးဌာနထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 12 December 2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လေးအိမ်ဘူတာကုန်းကျေးရွာ၊ သံလမ်းကွေ့ဇရပ်အနီး၊ မကွေး-နတ်မောက်-ပျော်ဘွယ်ကားလမ်းမကြီးတွင် ယာဉ်တစ်စီးချောက်ထဲထိုးကျမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရသိရသည်။
ဒီဇင်ဘာ ၁၂ ရက် နံနက် ၅နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး အဆိုပါ ယာဉ် ချောက်ထဲ ထိုးကျမှု ကြောင့် လူညပ်နေကြောင်း သတင်းရရှိသဖြင့် နတ်မောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား စိတ်ဓာတ်ဖြူစင်ဂရုဏာရှင်များအသင်းမှ ယာဉ်ဖြင့် နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon-Times/LW
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 856 of 2152