#Local_News
Published 23 May 2024
▪️ ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာ အရည်ချင်းစစ်စာမေးပွဲ ကုန်ထုတ်လုပ်ငန်း ပထမအသုတ်အတွက် ဖြေဆိုမည့်နေ့ရက်နှင့်အချိန်ဇယားများ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS) မှ မေလ ၂၃ရက်တွင်၏ ကြေညာလိုက်သည်။
▪️EPS-TOPIK စာမေးပွဲ ကုန်ထုတ်လုပ်ငန်းအား ပထမအသုတ်အဖြစ် ဖြေဆိုခွင့်အမှတ်စဉ် ၅၁၀၀၀၀၀၁ မှ ၅၁၀၄၁၆၀၀ အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါစာမေးပွဲကို ဇွန် ၃ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ စာမေးပွဲကျင်းပမည်ဖြစ်ကြောင်း၊ ဒုတိယအသုတ်ဖြေဆိုမည့်သူများအတွက် အချိန်ဇယားကို HRD-Korea မှ ပေးပို့လာပါက ဆက်လက်ကြေညာမည်ဖြစ်ကြောင်း သိရသည်။
▪️ စာမေးပွဲဖြေဆိုမည့်သူများသည် မိမိဖြေဆိုရမည့် ဖြေဆိုခွင့်အမှတ်စဉ် နေ့ရက်၊ အခန်းနှင့် အချိန်တို့ကို သေချာစွာမှတ်သားထားရန်၊ ဖြေဆိုရမည့်အချိန်ထက် ၁ နာရီစော၍ စာမေးပွဲခန်းမသို့ လာရောက်ရန်၊ ဖြေဆိုရမည့်နေရာသည် ပင်လုံခန်းမ၊ ၄၃ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ဖြစ်ပြီး Passport စာအုပ်မူရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဖြေဆိုခွင့်အမှတ်စဉ်ပါစာရွက် ယူဆောင်လာရန်၊ EPS-TOPIK နှင့် Color Blind စစ်ဆေးပြီး အောင်မြင်သူများအား ပထမအဆင့် အောင်စာရင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ပထမအဆင့် အောင်မြင်သူများသည် Skills Test ဖြေဆို၍ အပြီးသတ်အောင်စာရင်းတွင် ပါရှိမှသာ ကျန်းမာရေးစစ်ဆေးမှုခံယူ၍ အလုပ်လျှောက်လွှာ တင်သွင်းခွင့်ရရှိမည်ဖြစ်ကြောင်း၊ လူစားထိုးဝင်ရောက်ဖြေဆိုခွင့်မပြုကြောင်း၊ စာမေးပွဲဖြေဆိုချိန်တွင် မမှန်ကန်သည့် နည်းလမ်းဖြင့် ပြုလုပ်နိုင်သည့် လက်ကိုင်ဖုန်းအပါအဝင် အီလတ်ထရောနစ်ပစ္စည်း၊ စက်ပစ္စည်းများအား ယူဆောင်ခွင့်မပြုကြောင်း၊ စည်းကမ်းလိုက်နာရန် ပျက်ကွက်ပါက အဖြေလွှာအား ပယ်ဖျက်ခြင်းခံရခြင်းနှင့် လေးနှစ်ကြာ ပိတ်ပင်ခြင်းခံရမည်ဖြစ်ပြီး တည်ဆဲဥပဒေများအရလည်း အရေးယူခံရနိုင်ကြောင်း၊ စာမေးပွဲဖြေဆိုမည့်သူများ ရှပ်အကျီနှင့်ပုဆိုးဝတ်ဆင်လာရန်နှင့် အရက်သေစာ သောက်စားထားပါက စာမေးပွဲခန်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS)က ကြေညာထားသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 23 May 2024
▪️ ပြီးခဲ့သည့်အပတ်များက ကိုဗစ်ပိုးတွေ့သူ(၁၀၀) အောက်ရှိခဲ့ရာမှ မေလ(၁၂)ရက်မှမေလ(၁၉)ရက် အတွင်းတွင် ကိုဗစ်ပိုးတွေ့သူ(၁၁၀)ဦးအထိရှိလာ ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ကိုဗစ်ပိုးတွေ့ရှိမှုတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ကိုဗစ်ပိုးတွေ့သူ(၁၁၀)အနက် (၈၃)ဦးမှာ ရန်ကုန်တိုင်းတွင်း နေထိုင်သူများဖြစ်သည် ဟုဆိုသည်။
▪️ မြို့နယ်အလိုက် ကိုဗစ်ပိုးတွေ့ရှိမှုအများဆုံး မြို့နယ်သည် မင်္ဂလာဒုံမြို့နယ်ဖြစ်ပြီး ကိုဗစ်ပိုးတွေ့သူ (၄၆)ဦးအထိရှိကာ မကွေး၊ မင်းဘူးမြို့နယ်တွင် ၈ဦး၊ ရန်ကုန်တိုက်ကြီးမြို့နယ်တွင် (၆)ဦးတို့ တွေ့ရခြင်းဖြစ်သည်။
▪️ မကြာမီမိုးဦးရာသီရောက်တော့မည်ဖြစ်ပြီး တစ်ကျော့ပြန်ကိုဗစ်ရောဂါများမဖြစ်ပွားအောင် သတိပြုကာကွယ်ကြရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
#tthl #Yangon_Times
#Local_News
Published 23 May 2024
▪️ ၂၀၂၄ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၂၀ရက်မှစတင် ချေးငွေထုတ်ပေးနေပြီဖြစ်သောကြောင့် ယခင်ကြွေးကျန်ကင်းရှင်းသည့် တောင်သူများ အနေဖြင့် သက်ဆိုင်ရာခရိုင် / မြို့နယ် ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ် နိုင်ပြီ ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မေလ၂၃ရက်တွင် အသိပေးကြေညာထားသည်။
▪️ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက်ထုတ်ချေးပေးလျက်ရှိရာ တောင်သူကြီးများ အနေဖြင့် အချိန်စေ့ချေးငွေ ပြေကျေမှသာ(ယခင်ကြွေးကျန်ကင်းရှင်းမှသာ)ချေးငွေအသစ်ကို ထုတ်ချေးခွင့်ရရှိမှာဖြစ်ပြီး အခြားနှစ်တို၊ နှစ်လတ်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်နှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၄ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်များ အတိုင်းတစ်နှစ်လျှင် အတိုးနှုန်း ၅ရာခိုင်နှုန်းဖြင့် မေလ၂၀ရက်မှ စတင်၍ သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများကတစ်ဆင့် ထုတ်ချေးပေးနေကြောင်း သိရသည်။
▪️ထို့ကြောင့် ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တောင်သူလယ်သမားဦးကြီးများ အချိန်မီရရှိစေရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သက်ဆိုင်ရာခရိုင်မြို့နယ်ဘဏ်ခွဲများကို အမြန်ဆုံးဆက်သွယ်နိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
#YMG/LW #Yangon_Times
#Local_News
Published 23 May 2024
▪️ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်နေသည့် ကျန်စစ်မင်းအိမ်ရာနှင့် ယုဇနအိမ်ရာ စီမံကိန်းများရှိ အဆောက်အအုံ (၂၆)လုံးအတွက် တင်ဒါခေါ်ယူနေကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ထိုသို့ခေါ်ယူရာတွင် လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁)၊ အပိုင်း(၂)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနအိမ်ရာစီမံကိန်းအပိုင်း (၃)တို့တွင် အိမ်ရာအဆောက်အအုံ (၂၆) လုံးလုပ်ငန်းတည်ဆောက်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါများခေါ်ယူထားခြင်း ဖြစ်သည်။
▪️ အဆိုပါ အိမ်ရာစီမံကိန်းများအတွက်တင်ဒါလျှောက်လွှာပုံစံများကို မေလ၊ (၂၃)ရက် မှ ဇွန်လ (၇)ရက်အထိ ဝယ်ယူနိုင်ပြီး ဇွန်လ (၁၀)ရက် ညနေ (၃)နာရီတွင် တင်ဒါနောက်ဆုံးတင်သွင်းရမည်ဖြစ်ကြောင်း၊စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအမှတ် (၄၀) နေပြည်တော်တွင် ပုံစံများဝယ်ယူတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_ 23 May 2024
▪️ မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပရန်ရှိသည့် Miss Grand International 2024 ပြိုင်ပွဲ မြန်မာနိုင်ငံတွင်မကျင်းပဖြစ်တော့ဟု Miss Grand Internationalအဖွဲ့ကြီးက ယနေ့မေလ(၂၃)ရက်၌ တရားဝင်ကြေညာလိုက်ကြောင်းသိရသည်။
▪️ Miss Grand International အဖွဲ့ကြီးက မြန်မာနိုင်ငံတွင် Miss Grand International 2024 ကို ကျင်းပတော့မည် မဟုတ်ကြောင်း တရားဝင် ကြေငြာလို ကြောင်း၊ ယခုလာမည့်အောက်တိုဘာလတွင် အိမ်ရှင်နိုင်ငံအကြောင်း တရားဝင်သတင်းများကို စောင့်မျှော်ကြည့်ရှုရန် ထုတ်ပြန်ထားသည်။
▪️ မကျင်းပဖြစ်ရသည့် အဓိကအကြောင်းရင်းကိုတော့ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
▪️ Grand Beauty Queen Pageမှာတော့ "Miss Grand International 2024 Myanmar နိုင်ငံမှာ အိမ်ရှင်အဖြစ် မပြုလုပ်တော့တဲ့အတွက် သဲသဲအတွက်ပိုပြီး တာဝန်ကြီးလာပါပြီ ဒီထက်မကလဲ ပိုပြီးကြိုးစားပြရတော့မယ် မြန်မာမှာမပြုလုပ်တော့တဲ့အတွက် သဲသဲအတွက်ကောင်းဒါတွေလဲရှိပါတယ် အကယ်၍ မြန်မာမှာ ပွဲလုပ်ပြီး Top 5 သို့မဟုတ် Winner ရခဲ့သည်ရှိသော် အိမ်ရှင်မို့လို့ အဲလို့အခွင့်အရေးရဒါလို့ ကဲ့ရက်တိုက်ခိုက်တဲ့သူတွေတော့ရှိနေလိပ်မယ်သဲသဲ အကောင်းအဆိုးတွေတော့ရှိပါတယ် ဘယ်နိူင်ငံမှာပဲ့ဖြစ်ဖြစ် မြန်မာကဘာဆိုဒါပြပြီး မမနီနီလိုမျိုး မလျှော့သောဇွဲနဲ့ အကောင်းဆုံးကြိုးစားပြီး Gold Crown ကြီးကိုယ် ယူလာပြလိုက်ပါ သဲသဲနောက်မှာ မြန်မာတစ်နိူင်ငံလုံးရှိနေပါတယ် We Love" ဟုဖော်ပြထားသည်။
▪️ အဆိုပါ Miss Grand International 2024 တွင် မြန်မာကိုယ်စားပြုအလှမယ်အဖြစ် သဲစုငြိမ်းက ပါဝင်ယှဉ်ပြိုင်ရန်ရှိပြီး ယခင်နှစ်က မြန်မာ အလှမယ် နီနီလင်းအိမ်မှ 1st Runner's upဆုရှင်အဖြစ် နိုင်ငံဂုဏ်ကိုဆောင်ခဲ့ကြောင်း သိရသည်။



#tthl #Yangon_Times
#Local_News
Published_ 23 May 2024
▪️ ယခုနှစ်တွင် FIFA-MFF TDS Scouting Program ဖြင့်နယ်ဒေသအသီးသီးမှ ဘောလုံးအကယ်ဒမီ ကျောင်းသို့တက်ရောက်ခွင့်သောလူငယ်ဘောလုံးသမား(၉၀)ဦးရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
▪️ လူငယ်ဘောလုံး ဖွံ့ဖြိုးရေး နည်းစနစ်ဒါရိုက်တာ ဂျပန်နည်းပြ မစ္စတာ မိတနှင့် ရွေးချယ်ရေး အဖွဲ့များသည် မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ ပဲခူး၊ ပုသိမ် နှင့် ရန်ကုန် မြို့များတွင် မေလ ၄ ရက်မှ စတင်ကာ FIFA-MFF TDS Scouting Program ပဏာမ အဆင့် ၊ အပြီးသတ်အဆင့်ရွေးချယ်ရေး အစီအစဉ်များအား စတင်ခဲ့ခြင်းဖြစ်သည်။
▪️ပဏာမ ရွေးချယ်ရေး အစီအစဉ်များအရ ရန်ကုန်-၄၃၂ဦး၊ မန္တလေး-၃၂၀ ဦး၊ တောင်ကြီး-၁၉၆ ဦး၊ မြစ်ကြီးနား-၁၅၀ ဦး၊ ပုသိမ်-၅၉ ဦး၊ ပဲခူး ၄၈ ဦး စုစုပေါင်း ၁၂၀၅ ဦးလာရောက်ရွေးချယ်မှုခံယူခဲ့ကြသည်။
▪️ အဆိုပါ လူငယ် ကစားသမားများအား ပဏာမ အဆင့်၊ အပြီးသတ်အဆင့် ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြပြီး မန္တလေးဘောလုံးအကယ်ဒမီ ကျောင်းတွင် ၅၇ဦး ရန်ကုန် ဘောလုံးအကယ်ဒမီကျောင်းတွင် ၃၃ဦး စုစုပေါင်း(၉၀)ဦးတက်ရောက်ခွင့်ရခဲ့သည်ဟုဆိုသည်။
▪️ အောင်စာရင်းတွင် ပါရှိသော ကျောင်းသားများ အနေဖြင့် ၂၉ မေ ၂၀၂၄ ရက်နောက်ဆုံးထား၍ မိမိတက်ရောက်ရမည် အကယ်ဒမီများသို့ မူရင်းအထောက်အထား စာရွက်စာတမ်းများနှင့်တကွ လာရောက်သတင်းပို့ရမည် ဖြစ်ကြောင်း သိရသည်။
▪️ ဘောလုံးအကယ်ဒမီကျောင်းတက်ရောက်ခွင့် ရသူများသည် ဘောလုံးပညာရော အတန်းပညာပါ အခမဲ့သင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
Published_22 May 2024
ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော် အား တိုင်းဒေသကြီးနှင့်ပြည် နယ်အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်ယနေ့တွင်ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မာရဝိ ဇယ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က မဟာဗောဓိညောင် ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်း ပူဇော်ကာ ညောင်ရေသွန်းလောင်းပူ ဇော်ကြ ကာ မဟာဗောဓိ ညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ရေသပ္ပါယ်တော်မူကြပြီး မဟာဗောဓိ ညောင်ပင်တော်အား လက်ယာရစ် လှည့်လည်ပူဇော်ကြကြောင်းလည်း သိရသည်။
ယင်းနောင် ယနေ့ မေလ ၂၂ ရက် ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မာရဝိဇယ ဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်၌ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ ဓမ္မသဘင် မင်္ဂလာ အခမ်းအနားကို ဆင်ယင်ကျင်းပခဲ့ကြောင်း လည်း သိရသည်။
အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌ ဂုရု အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိကဗဟုဇန ဟိတဓရ သီတဂူ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင် စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီး များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီး များနှင့်ဇနီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာ ကြီး များနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဝတ်အသင်း အဖွဲ့များ တက်ရောက်နာယူ ကြည်ညိုကြကြောင်း သိရသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာ ဘုရားသာလျှင်မကဘဲ သဗ္ဗညု မြတ်စွာဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန် ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ ပင်ဖြစ် ၍ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာ ကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော် တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေး မှု အမွေ အနှစ် တစ်ရပ်အဖြစ်ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်းနှင့် ကဆုန်လပြည့်နေ့မတိုင်မီ တစ်ရက်အ လိုတွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရေများ ပက်ဖျန်းပေးခြင်း၊ မဟာဗောဓိ ပင်ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင်ပြင်ဆင်ခြင်း စသည့်ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ရှိကြ ကြောင်း လည်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 851 of 2420