#Local_News
Published-4 March 2024
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းဖြစ်သည့် ဇန်နဝါရီလမှ မတ်လ၄ရက် အထိကာလအတွင်းကားမီးလောင်မှု ၁၁ ကြိမ်အထိဖြစ်ပွားခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
အဆိုပါကားမီးလောင်မှုများတွင် ရန်ကုန်တိုင်း၌ အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်နှင့်အမြန်လမ်း၌ တစ်ကြိမ်စီဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကားမီးလောင်မှုများအပါအဝင် နှစ်လကျော်ကာအတွင်း တစ်နိုင်ငံလုံး၌ မီးလောင်မှု ၂၆၀ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို မီးလောင်မှုများတွင် ရန်ကုန်မြို့ ထိန်ပင် အမှိုက်ပုံနှင့် ပဲခူးမြို့ ဆင်ဖြူကွင်း အမှိုက်ပုံတို့တွင်လည်း မီးလောင်မှု များလည်း ပါဝင်ပြီး စက်တပ်လှေနှစ်စီးအပါအဝင် ဆီတင်သင်္ဘောတစ်စီးလည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုများတွင် ရန်ကုန် ၊ မန္တလေး ၊ ပဲခူး ၊ ဧရာဝတီ ၊ မကွေး၊ စစ်ကိုင်း ၊ ရှမ်း၊ ကချင် ၊ မွန်၊ တနင်္သာရီ၊ ရခိုင်စသည့် ပြည်နယ်နှင့်တိုင်းတို့တွင် အဖြစ်များခဲ့ပြီး ကျန်ဒေသများတွင်လည်း မီးလောင်ကျွမ်းမှုအနည်းငယ်စီဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် မီးလောင်ကျွမ်းမှုများအနက် တောမီး၊ ကိုင်းမီး၊ မြက်ခြောက်မီးနှင့် အမှိုက်ပုံများမှတဆင့်မီးလောင်မှုများလည်းပါဝင်ကြောင်း သိရသည်။
#Local_News #ကားမီးလောင်မှု ၁၁ကြိမ် #YMG/NN #Yangon-Times
#Local_News
Published_ 4 March 2024
ယခုတစ်ပတ်စားအုန်းဆီဈေးသည် ပြီးခဲ့သည့်အပတ်နှင့်သိပ်မကွာဘဲ ဈေးနှုန်းတန့်နေကြောင်း သိရသည်။
ပြီးခဲ့သည့်အပတ်က စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၅၁၈၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ယခုအပတ်မှာတော့တစ်ပိဿာ ကျပ် ၅၂၁၅ကျပ်သတ်မှတ်သည့် အတွက် ၅၅ကျပ်သာဈေးကွာခြားမှုရှိခဲ့သည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပိုသည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ မတ် ၄ ရက်မှ မတ် ၁၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၂၁၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပိုသည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပိုဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း၊
ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အပတ်စဉ် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကိုသိရှိလိုပါက စားသုံးသူရေးရာ ဦးစီးဌာန၏ Website: www.doca.gov.mm ၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#Local_News #ယခုတစ်ပတ်စားအုန်းဆီဈေး #ဈေးနှုန်းတန့်နေ #tthl #Yangon_Times
#Local_News
Published 3 March 2024
နေပြည်တော်ရှိBarတစ်ခုတွင် မြန်မာ့ယဉ်ကျေးမှုနှင့်မညီညွတ်ဘဲဖော်ချွတ်ကပြမိ၍ အဆိုပါBarနှင့် ကပြမိသူ တို့မှလူမှုကွန်ရက်မှတစ်ဆင့်ပြန်တောင်းပန်ခဲ့ပြီး DJခန်းတစ်လနားလိုက်ကြောင်း သိရသည်။
မတ်လ(၁)ရက်တွင် Ordinary Bar and Restaurant၌ ကျင်းပသည့်DJ ပွဲတွင်Sexy Dancer ဖြစ်သူ(လိင်ပြောင်းအမျိုးသမီး) တစ်ဦးAda Wong မှမြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီစွာ အပေါ်ပိုင်း (ရင်သားများအား တိတ်ဖြင့်ကပ်ကာ)ဗလာကျင်းဖြင့် Sexy Dance ပုံစံ ကပြဖျော်ဖြေခဲ့ခြင်းအပေါ် Barမှ တောင်းပန်ချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဆိုင်အနေဖြင့် အဆိုပါပွဲအား လက်ခံကျင်းပခဲ့ခြင်း၊ ယခုကဲ့သို့ မြန်မာ့ယဉ်ကျေးမှုနှင့်မလျှော်ညီစွာ မသင့်မလျှော် ကပြခဲ့ခြင်းတို့အတွက် နေပြည်တော်ရှိ ပြည်သူလူထု၊ ဧည့်သည်များအား အထူး တောင်းပန်အပ်ပါသည်။
နောင်တွင် မိမိတို့ဆိုင် အနေဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီသည့် မည်သည့် ကပြဖျော်ဖြေမှုမျိုးကိုမဆို ပြုလုပ်သွားမည် မဟုတ်ကြောင်းနှင့် တာဝန်ယူ/တာဝန်ခံမှုအနေဖြင့် ဆိုင်အပေါ်ထပ် DJ ခန်းအား ယနေ့ ၃-၃-၂၀၂၄ ရက်မှစတင်ကာ ၁ လ တိတိ ခေတ္တပိတ်သိမ်း ရပ်နားသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်၌ဖော်ပြထားသည်။
ကပြဖျော်ဖြေမိသူSexy Dancer ဖြစ်သူ(လိင်ပြောင်းအမျိုးသမီး) Ada Wongမှလည်း ၎င်း၏လူမှုကွန်ရက်ပေါ်မှတစ်ဆင့် ပရိတ်သတ်အားပြန်လည် တောင်းပန်ထားကြောင်းလည်း သိရသည်။
#Local_News #နေပြည်တော်ရှိBar #DJခန်းတစ်လနား #tthl #Yangon_Times
နိုင်ငံခြားငွေများဗဟိုဘဏ်ဆက်တိုက်ထုတ်ရောင်းပေးနေ၊ သွင်းကုန်လုပ်ငန်းရှင်များအတွက် အကျိုးသက်ရောက်ဟုဆို
'ယခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးကွက်ထဲကို ကန်ဒေါ်လာ သန်းပေါင်းရာချီနဲ့ ထိုင်းဘတ်ငွေ သန်းတစ်ထောင်ကျော်ကိုရောင်းချပေးနေတာပါ'
#Local_News
Published_ 3 March 2024
#ကန်ဒေါ်လာသန်းရာချီ #ထိုင်းဘတ်သန်းတစ်ထောင်ကျော်ရောင်းချ
#YMG/NN #Yangon_Times
၃ မတ် ၂၀၂၄
နယ်စပ်ဖြတ်ကျော်မှုခင်းများကိုနှိမ်နှင်းရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးဟာ အဓိက အချက် တစ်ခုဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သာဗစ်ဆင်းက ရုပ်သံအင်တာဗျူးတစ်ခုမှာ ပြောကြားပါတယ်။
Source CCTV+
@ymg/knl
#Local_News
Published 3 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ သခင်ဗဟိန်းလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန် ချက်အရ သိရသည်။
မတ်လ ၃ ရက် နံနက် ၈နာရီ ၂၄ မိနစ်အချိန် ခန့်က လောင်ကျွမ်းခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ငြှိမ်းသတ်ခဲ့သဖြင့် ၈နာရီ ၃၅မိနစ် တွင် မီးထိန်း နိုင်ခဲ့ပြီး ၈နာရီ ၃၆ မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်သည့်အကြောင်းအရာနှင့်ဆုံးရှုံးမှု တန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #မီးလောင်မှုဖြစ် #YMG/LW #Yangon_Times
#Local_News
Published 3 March 2024
တက္ကသိုလ်ဝင် စာမေးပွဲကို ရောက်ရှိဒေသမှဖြေဆိုလိုပါက ဖြေဆိုခွင့်မဆုံးရှုံးရအောင်လုပ်နိုင်ကြောင်းပညာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ပညာရေးနှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရမည့်သူများအနက်မှ အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ ပြောင်းရွှေ့နေထိုင်ကြရသူများ အနေဖြင့် မိမိတို့ ရောက်ရှိနေသည့် ဒေသတွင် ဖြေဆိုလိုသူများရှိပါက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေကပြောကြားခြင်းဖြစ်သည်။
မတ်လ (၁) ရက်က တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့် မတ် (၁၁) ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ အားလုံးဝိုင်းဝန်း လက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ပညာရေးဝန်ကြီးက ပြောသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၁၁) ရက်တွင် မြန်မာစာ၊မတ်လ (၁၂) ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ (၁၃) ရက်တွင် သင်္ချာ၊ မတ်လ (၁၄)ရက်တွင် ဓာတုဗေဒ / ပထဝီဝင်၊ မတ်လ (၁၅) ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ်လ (၁၆) ရက် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တို့ကို ခြောက်ဘာသာလုံး နားရက် မရှိဆက်တိုက် ဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့အပြင် မတ်လ (၁၇) ရက်တွင် တစ်ရက်ပိတ်ကာ မတ်လ (၁၈) ရက်တွင် လူမှုရေးသိပ္ပံနှင့် မတ်လ (၁၉) ရက်တွင် စိတ်ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည့်ရက်အလိုက် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်းလည်း သိရသည်။
#Local_News #တက္ကသိုလ်ဝင်စာမေးပွဲ #ဖြေဆိုခွင့်မဆုံးရှုံးရအောင်လုပ်နိုင် #YMG/LW #Yangon_Times
Page 846 of 2288