မော်တင်စွန်းဘုရားပွဲတော်ကို ကုန်းလမ်းအပြင်ရေလမ်းနဲ့ပါလာနိုင်ပါတယ်၊ ပွဲတော်ကာလမှာဘုရားဖူးလာသူတွေတစ်ရက်ကို ဦးရေပျှမ်းမျှသုံးထောင်ကနေ ငါးထောင်ဝန်းကျင်လောက်ရှိတယ်၊ ဘုရားဖူးပြီးရင် သဘာဝအလှအပတွေနဲ့ပတ်သက်တဲ့ ကျောက်ကလပ်နဲ့ ငွေတောင်ကမ်းခြေမှာအပန်းဖြေသူတွေ ၊ ရေလှိုင်းစီးသူတွေ ၊ ကျောက်ဆောင်တွေ၊ အလှဓာတ်ပုံရိုက်သူတွေနဲ့အပန်းဖြေကြတယ်
#Local_News
Published_ 17 March 2024
#ကျောက်ကလပ်နှင့်ငွေတောင်ကမ်းခြေ #မော်တင်စွန်းဘုရားဖူး
#YMG/NN #Yangon_Times
#Daily_News
Published_ 16 March 2024
၁။ နွေရာသီအားလပ်ရက်၌ နေ့အပူချိန်နှင့်ခရမ်းလွန်ရောင်ခြည်အန္တရာယ်များသတိပြုကာကွယ်ရန်လို
၂။ သရက်ပင်ပိုးမွှားများကျရောက်နေသည့်အတွက် အရည်အသွေးကျဆင်းနိုင်
၃။ နယ်မြေအေးချမ်းမှုမရှိသေးသည့်အတွက် တောင်ငူမြို့အနီး စစ်ဘေးရှောင်လာသူ ဦးရေထပ်တိုးလာဟုဆို
၄။ ဆီးရီးယားတွင် တစ်နေ့ကိုလျှပ်စစ်မီး(၄)နာရီသာရရှိကာ ပြည်သူများအခြေခံ လိုအပ်ချက်ပြဿနာများကြုံတွေ့လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published_ 16 March 2024
ရန်ကုန်တိုင်းတွင် ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်နေ၍ယာယီဓာတ်အား ပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၏ထုတ်ပြန်ချက်အရသိရသည်။
ထုတ်ပြန်ချက်တွင် မတ်လ(၁၆)ရက် (၁၅:၃၃) နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အား ပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။
တာမွေမြို့နယ် YESC ကလည်း မီးသုံးစွဲသူမိဘပြည်သူများသို့အသိပေးပန်ကြားခြင်း (၁၆.၃.၂၀၂၄)ရက်နေ့ (၁၅:၃၀)ခန့်အချိန်တွင် SystemBreakdown ဖြင့် တာမွေတစ်မြို့နယ်လုံးဓာတ်အားပြတ်တောက်နေပါကြောင်း အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။
သင်္ဃန်းကျွန်းမြို့နယ် YESC က လည်း 16-3-24(15:30)SYSTEM BREAK DOWN ဖြစ်ပေါ်မှုကြောင့် သင်္ဃန်းကျွန်းမြို့နယ် ယာယီဓာတ်အားပြတ်တောက်နေကြောင်း ဖော်ပြထားသည်။
#Local_News #ဓာတ်အားစနစ်ချို့ယွင်းမှု #ယာယီဓာတ်အားပြတ်တောက် #tthl #Yangon_Times
#Local_News
Published_ 16 March 2024
ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော်ကျင်းပနိုင်ရေးအတွက် မြို့တော်ခန်းမရှေ့၌ မဟာသင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင် ရွက်လျက်ရှိကြောင်းရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။
ယင်းကဲ့သို့လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများက မတ်လ(၁၅)ရက်တွင်ကြည့်ရူစစ်ဆေးခဲ့သည်။
ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပနိုင်ရေးအတွက် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့ မဟာသင်္ကြန် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် တည်ဆောက်နေမှုလုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး မဏ္ဍပ်များကြံခိုင်ကောင်းမွန်အောင်တည်ဆောက်ရေး၊ ယာဉ်သွားလာမှုအနှောင့်အယှက်မဖြစ်စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထား ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Local_News #သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ် #ရေကစားမဏ္ဍပ်တည်ဆောက်ရေး #tthl #Yangon_Times
နေ့အပူချိန်တွေကြောင့် အပူရှပ်တာ၊ အပူကြောင့် သတိလစ်ပြီး အသက်ဆုံးရှုံးတာ၊ အပူကြောင့်နွမ်းနယ်တာ၊ နှာစေး၊ချောင်းဆိုး၊ ဖျားနာတာနဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာဖြစ်တာနဲ့မျက်စိကွယ်တာတွေဖြစ်နိုင်လို့ အထူးသတိပြုကာကွယ်ကြဖို့ လိုအပ်တယ်။ မကွေးတိုင်း၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း
#Local_News
Published_ 16 March 2024
#နွေရာသီအားလပ်ရက် #ခရမ်းလွန်ရောင်ခြည်အန္တရာယ်
#tthl #Yangon_Times
'အခုနှစ်ရာသီဥတုကောင်းတော့ သရက်ပင်တွေ ရောဂါမကျဘူး၊ ဆေးမဖြန်းတဲ့အတွက်အစေးပေါက်တဲ့ ပြဿနာတွေ၊ ရောဂါဆိုတာထက် ပိုးကျနေတာပေါ့၊ လှေး၊ ဖြုတ်ကျတာတွေများနေတယ်'
#Local_News
Published_ 16 March 2024
#အရည်အသွေးကျဆင်းနိုင် #သရက်ပင်ပိုးမွှားများကျရောက်
#YMG/NN #Yangon_Times
ဇရပ်ကြီးကအချို့စစ်ဘေးရှောင် ပြည်သူတွေဟာ စိုက်ပျိုးထားတဲ့ သီးနှံတွေပျက်စီးဆုံးရှုံးမှာ စိုးရိမ်တဲ့ အတွက် နေအိမ်တွေကို ပြန်သွားကျပေမယ့် နယ်မြေမအေးချမ်းသေးတာကြောင့် လက်ရှိမှာတော့ တောင်ငူရှိစစ်ဘေးရှောင်စခန်းတွေကို ပြန်လည်ရောက်ရှိလာသလို ကျောက်ကြီးမုန်းနဲ့ အခြားဒေသတွေက လာရောက်စစ်ရှောင်တဲ့ သူတွေကြောင့် တောင်ငူမြို့နဲ့ မြို့တစ်ဝိုက်စစ်ဘေးရှောင်ပြည်သူထပ်တိုးလာတယ်လို့ တောင်ငူမြို့ရှိ ဒေသခံ ပရဟိတအသင်းတွေထံက သိရပါတယ်။
#Local_News
Published_ 16 March 2024
#စစ်ဘေးရှောင်ပြည်သူတိုးလာ #စားနပ်ရိက္ခာလိုအပ်မှုတွေရှိ
#YMG/LW #Yangon_Times
Page 842 of 2307