မြန်မာသံရုံး၊ တိုကျိုမြို့အနေ နဲ့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်ပေးလျက်ရှိရာ သံရုံးကို လစဉ်လာရောက်သူ နိုင်ငံသားဦးရေဟာ ထောင်နှင့်ချီရှိပြီး စာတိုက်မှတစ်ဆင့် ပေးပို့သက်တမ်းတိုး လျှောက်ထားမှုတွေလည်း နေ့စဉ်အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး အချို့ရက်တွေမှာ သံရုံးကို လာရောက်သူအရေအတွက်ဟာ ကောင်စစ်အဆောက်အဦးအတွင်း လက်ခံနိုင်တဲ့ လူဦးရေထက်များစွာကျော်လွန်နေတဲ့အတွက် တန်းစီစောင့်ဆိုင်းရတာတွေရှိပါတယ်။
Yangon Times/LW
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးတက်လို့ မြန်မာ့ရွှေဈေး လိုက်တက်နိုင်ပေမယ့်လည်း ဝယ်နိုင်တဲ့သူတွေနဲ့ ဝယ်လိုအားသိပ်မရှိတာက တစ်ကြောင်း၊ မတ်လမှာ ရွှေတွင်းတွေကနေ ရွှေပေါပေါများများ ထွက်လာမှာကတစ်ကြောင်း ဈေးသိပ်တက်နိုင်ဘူး။
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 5 March 2024
ရှမ်းပြည်နယ်အတွင်းရှိ မန်တုံ၊ နမ့်ဆန်နှင့်နမ္မတူ မြို့နယ် (၃) မြို့နယ်တို့ကို မတ်လ (၄) ရက်တွင် စစ်အုပ်ချုပ်ရေး (Martial Law)အဖြစ် နစကမှထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာချုပ်၏တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ ရှမ်းပြည်နယ်အတွင်းရှိမန်တုံ၊ နမ့်ဆန်နှင့်နမ္မတူ မြို့နယ် (၃) မြို့နယ်တို့ကို အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ အပ်နှင်းလိုက်သည်ဟု နစက၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ဖြစ်ပေါ် ပြောင်းလဲလာသည့်အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီး မိမိကိုယ်တိုင်သော်လည်းကောင်း၊စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law)အာဏာကိုကျင့်သုံးနိုင်သည်ဟု ဖော်ပြပါရှိသည်။
၂၀၂၄ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိတ်မြို့နယ်နဲ့မဘိမ်း မြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး (Martial Law)အာဏာကျင့်သုံးရန်ထုတ်ပြန်ခဲ့ပြီး မတ်လ(၄)ရက်အထိ မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားကြောင်း အချက်အလက်ဆိုင်ရာစုဆောင်းဖော်ပြသည့်Page၌ ဖော်ပြထားကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 5 March 2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဉပုသ်တော်ရပ်ကွက်၊ (၇၆)လမ်း၊ (၃x၄)လမ်းကြား တွင် ယနေ့နံနက် ပိုင်းက မီးလောင်မှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ ထံ ကသိရသည်။
မတ်လ ၅ ရက် နံနက် ၄နာရီ ၃၅မိနစ် ခန့်က လောင်ကျွမ်းခဲ့ ခြင်း ဖြစ်ကာမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၄နာရီ ၅၅မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်သည့်အကြောင်းရာနှင့်ဆုံးရှုံးသည့် တန်ဖိုး ကို သက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်း သိရသည်။ မတ်လ ၄ရက် ညနေ ၄နာရီ ခန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၄၈) လမ်း၊ မနော်ဟရီလမ်းရှိ စက်သုံးဆီ ဆိုင် တွင် မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။
Yangon Times/LW
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၄ မတ် ၂၀၂၄
မြန်မာနိုင်ငံ၏ နယ်နိမိတ်နှင့် အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့တွင်ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ရှင်းလင်းပြောကြားရာမှာ ယင်းအချက်ကိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အနှစ်ချုပ်မှာ
၁။နိုင်ငံတော်၏နယ်နိမိတ်နှင့်အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ်
၂။ဒေသခံပြည်သူလူထုစီးပွားဘဝတည်ငြိမ်ရေးကိုရှေးရှပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပဋိပက္ခလျှော့ချရေးလမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေ
၃။နယ်စပ်ဒေသတည်ငြိမ်ရေး တရားဥပဓေစိုမိုးရေးနှင့် နယ်စပ်ဂိတ်များစီမံခန့်ခွဲမှု ကုန်သွယ်မှုတို့ နှစ်နိုင်ငံအစိုးရများရဲ့စီမံခန့်ခွဲမှုအောက်မှာပဲရှိမှာဖြစ်
၄။တရုတ်-မြန်မာနှစ်နိုင်ငံလုံးနှင့်သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာအစိုးရအနေနှင့် ဆက်လက် အလေးထားကာကွယ်မည်
၅။နယ်စပ်တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ မူးယစ်ဆေးဝါး ဆိုက်ဘာမှုခင်း နှစ်နိုင်ငံအစိုးရပူးပေါင်း ပြတ်ပြတ်သားသားနှိမ်နှင်းသွားမည်
၆။မြန်မာနိုင်ငံ၏ပိုင်နယ်နယ်မြေကိုအသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကိုထိခိုက်အောင် လုပ်ဆောင်သည့် မည်သည့်လုပ်ဆာင်မှုကိုမှ မြန်မာနိုင်ငံကလက်မခံ
၇။ငြိမ်းချမ်းရေးဆွေးနွေးမှုကိုဖြစ်မြောက်အာင် လုပ်ဆောင်ပေးသည့် တရုတ်နိုင်ငံအစိုးရနှင့်သက်ဆိုင် သူအားလုံးကို နစက ကျေးဇူးတင်ကြောင်း ဟူ၍ဖြစ်ပါတယ်။
အသေးစိတ်ကို ဖော်ပြပါရုပ်သံတွင်ကြည့်ရှုနိုင်ကြပါတယ်။
@ymg/knl
#Daily_News
Published_ 4 March 2024
၁။ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဝင်ဖြေမည့်သူများ စာမေးပွဲကျရှုံးမည့်သူမရှိ၍ မစိုးရိမ်ကြရန်ပြော
၂။ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ငွေညှစ်မှုများရှိပါက ဆက်သွယ်အကူညီတောင်းနိုင်ဟု ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးပြော
၃။ မန်းရွှေစက်တော်ဘုရားဖူးများ သင်္ကြန်ကာလမှာ mini water park များဖြင့် မန်းချောင်းအတွင်းအပန်းဖြေနိုင်ပြီ
၄။ တရုတ်နှင့်ထိုင်းနိုင်ငံတို့ကြားအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်စတင်အသက်ဝင်ကာ ဧည့်ခရီးသွားအရေအတွက်သိသိသာသာများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Lcoal_News
Published 4 March 2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၄၈) လမ်း၊ မနော်ဟရီလမ်းရှိ စက်သုံးဆီဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်ဒေသခံ ပရဟိတ အသင်းထံက သိရသည်။
မတ်လ ၄ရက် ညနေ ၃နာရီ ၅၈ မိနစ် ခန့်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၄နာရီ ၅မိနစ် ခန့် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ဆီဆိုင် အတွင်း အိမ်စီး ကားအပါအဝင် အခြား ပျက်စီးဆုံးရှုံးမှု အချို့ရှိခဲ့ပြီး မီးလောင်ကျွမ်းသည့် ဖြစ်စဉ်နှင့်ဆုံးရှုံးသည့်တန်ဖိုး ကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Lcoal_News #မန္တလေး ချမ်းမြေ့သာစည် #စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times
Page 844 of 2288