#Local_News
Published-10 June 2024

▪️ (၅၂)ကြိမ်မြောက် အောင်ဘာလေထီဆုထုတ်ယူရန် ကျန်ရှိသည့် ဆုမဲလက်မှတ်များအား လာမည့်ဇွန်လ ၂၈ ရက်အထိ ရန်ကုန်မြို့နှင့်  မန္တလေးမြို့ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲရုံးများတွင် တင်ပြကာ ဆုငွေများကို တောင်းခံနိုင်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

 

▪️ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်တွင်  ဖွင့်လှစ်ခဲ့သည့် (၅၂)ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာ လေသိန်းဆုဖွင့်ပွဲ၌  ဆုမဲပေါင်း တစ်သိန်းသုံးသောင်းကျော် ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲတစ်သောင်းလေးထောင်နီးပါးကို ထုတ်ယူရန် တောင်းခံခြင်း မရှိသေး‌ကြောင်း သိရသည်။

 

▪️ အဆိုပါ (၅၂)ကြိမ်မြောက်အောင်ဘာလေထီသိန်းဆုထီဖွင့်ပွဲ၌  ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု အပါအဝင် ဆုမဲပေါင်း တစ်သောင်းလေးထောင်နီးပါး လာရောက်ထုတ်ယူခြင်းမရှိပါက  အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်‌ကြောင်း သိရသည်။

 

▪️ ဆုမဲလက်မှတ်များအား လာမည့်  ဇွန်လ ၂၈ ရက်အထိ ရန်ကုန်မြို့နှင့်  မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများတွင်  တင်ပြကာ ဆုငွေများကို တောင်းခံနိုင်ကြောင်းသိရသည်။

 

▪️ အဆိုပါရက်အထိ လာရောက်ထုတ်ယူခြင်းမရှိပါက  အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း  ထုတ်ပြန်ထား‌‌ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times