#Local_News
Published 10 June 2024


▪️ ပြည်ပသို့လုပ်သားစေလွှတ်သည့် လိုင်စင်ရအေဂျင်စီများ အနေဖြင့် ပေးသွင်းရမည့် အခွန်များ မပေးသွင်းပါက အခွန်မပေးသွင်းမခြင်း လုပ်သားစေလွှတ်မှုဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

 

▪️၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် အခွန်ပေးသွင်းရန် ကျန် ရှိသည့် အေဂျင်စီ ၁၂ခုရှိ ကြောင်း သိရသည်။

 

▪️ "၂၀၂၂-၂၀၂၃ နှစ်အတွက် အခွန်ပေးသွင်းဖို့ ကျန်တဲ့အေဂျင်စီ ၁၂ခုရှိတယ် သူတို့ကို သတိပေးစာထုတ်ခဲ့ပြီးပြီ အခွန်ပေးသွင်းဖို့ကျန်တဲ့ အေဂျင်စီတွေကို လုပ်သားစေလွှတ်တာ အခွန်မပေးသွင်းမခြင်း ရပ်ဆိုင်းထားမယ်"ဟု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူကပြောသည်။

 

▪️ ထို့ပြင် ၂၀၂၃- ၂၀၂၄ဘဏ္ဍာနှစ်အတွက် အေဂျင်စီများ ပေးသွင်းရမည့်အခွန်ငွေများနှင့် ပက်သက်၍ ဝန်ကြီးဌာနမှ စိစစ်လျက်ရှိကြောင်း သိရသည်။

 

"၂၀၂၃- ၂၀၂၄ဘဏ္ဍာနှစ်က မတ်လကမှ ပြီးတာဆိုတော့ အခုစာရင်းတွေ စိစစ်နေတယ် ဒီဟာနဲ့ ပတ်သက်လို့က နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ဝန်ဆောင်ခ နှုန်းထားရယ် မလေး ထိုင်းစတဲ့ နိုင်ငံအလိုက်ထွက်ခွာတဲ့ သူအရေအတွက်အလိုက် အခွန်ပေးသွင်းရတာပါ"ဟု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူကပြောသည်။

 

ထိုသို့ အခွန်ပေးသွားရာတွင် အေဂျင်စီများ အနေဖြင့် စာရင်းများ လိမ်လည်တင်ပြမှုများ ပြုလုပ်ခြင်းများ မလုပ်ရန်နှင့် စိစစ်တွေ့ရှိပါက အရေးယူမှုများ လုပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

 

#YMG/LW #Yangon_Times