#Local_News
Published_10 June 2024

▪️ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ 230 kV လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်လွှတ်ပစ္စည်းများချို့ယွင်းမှု ဖြစ်ပေါ်‌နေ၍ မြို့နယ်(၄)ခု၌ယာယီဓာတ်အားပြတ်တောက်နိုင်သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က ဇွန်လ (၁၀)ရက်၌ ထုတ်ပြန်လိုက်သည်။

 

▪️ 230 kV လှိုင်သာယာပင်မဓာတ်အားခွဲရုံတွင် ဇွန်လ(၁၀) ရက်နေ့၊ (၀၇:၃၅) နာရီအချိန်ခန့်တွင် 33kV  လှိုင်သာယာ  - နဝဒေး ဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်မှုကြောင့် ဓာတ်အားခွဲရုံ၏ ဓာတ်လွှတ်ပစ္စည်းများချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည် ဟုဆိုသည်။


 
▪️ သို့ဖြစ်ပါ၍ အဆိုပါဓာတ်အားခွဲရုံပြန်လည်ထိန်းသိမ်းပြုပြင်နေစဉ်ကာလအတွင်း လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းမြို့၊ မရမ်းကုန်းမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်များ၏ ရပ်ကွက်နေရာများတွင် ဓာတ်အားပြတ်တောက်နေမည် ဖြစ်ပါကြောင်းနှင့် ပုံမှန်ဓာတ်အားပြန်လည်ပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

#tthl #Yangon_Times