#Local_News
Published-10 June 2024

▪️ ပဲခူးမြစ်အတွင်း(သန်လျင်တံတား-၃) တံတားအားလတ်တလောတွင် အခမဲ့ဖြတ်သန်းခွင့်ပြုထားပြီး မေလတတိယအပတ်မှသာစတင်၍မော်တော်ယာဉ် အမျိုးအစားအလိုက်ကောက်ခံသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ အဆိုပါ ပဲခူးမြစ်အတွင်း(သန်လျင်တံတား-၃)အသုံးပြုခအား တံတားစတင် ဖွင့်လှစ်ခဲ့သည့် ဇွန် ၈ ရက်မှ စတင်၍ ဇွန်  ၁၅ရက်အထိ အခမဲ့ဖြတ်သန်းခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ဇွန် ၁၆ရက်နေ့မှစတင်၍ တံတားဖြတ်သန်းခများကို အိမ်စီးကား၊ ခရီးသည်တင်ကား၊ကုန်တင်ကားစသဖြင့် မော်တော်ယာဉ်အမျိုးအစားအလိုက် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထိုသို့ကောက်ခံရာတွင် အိမ်စီးကားသုံးတန်အောက် ယာဉ်များဖြစ်သည့် Land Cruiser ၊Wish၊ Alphard ၊ Double Cab ၊ Super Custom စသည့် ယာဉ်+ကုန် အပါအဝင် သုံးတန်အောက်ယာဥ်များမှာ ပေ၈၀၀၀အထက် ကောက်ခံနှုန်း ကျပ်၅၀၀ ၊ ခရီးသည်တင်ယာဉ်ငယ်များဖြစ်သည့် ဟိုင်းလတ်၊လိုက်ထရပ်၊ဒိုင်နာ၊ကင်တာစသည့် ယာဉ်+ ကုန်၆တန် ယာဉ်များမှာ ပေ ၈၀၀၀ အထက်ကောက်ခံနှုန်း ကျပ်၁၀၀၀၊ ခရီးသည်တင်ယာဉ်လတ်များဖြစ်သည့် Minibus ၊ BM နှင့်ခရီးသည်တင်ယာဉ်ကြီး များဖြစ်သည့် ဟီးနိုး ၊ဟွန်ဒိုင်းစသည့် ယာဉ်+ကုန် ၂၁ တန်ယာဉ်များမှာပေ၈၀၀၀အထက် ကောက်ခံနှုန်း ကျပ်၂၀၀၀ အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။

 

▪️ ကုန်တင်ကားငယ် ၊၆ဘီး၊၈ဘီးကုန်တင်ယာဉ်စသည့် ယာဉ်+ကုန် ၂၁ တန်ယာဉ်များမှာ ပေ၈၀၀၀အထက် ကောက်ခံနှုန်း ကျပ်၄၀၀၀နှင့် တန်ပိုဒဏ်ကြေး ၁၂,၀၀၀  အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။

 

▪️ ထို့အပြင် ကုန်တင်ကားကြီး၊ ၁၀ဘီး၊ ၁၂ဘီး၊ ၁၄ဘီး၊ တွဲကားကုန်တင်ယာဉ်စသည့် ယာဉ်+ကုန် ၃၄ တန်ယာဉ်များမှာ ပေ ၈၀၀၀အထက် ကောက်ခံနှုန်း ကျပ်၁၂,၀၀၀နှင့် တန်ပိုဒဏ်ကြေး ၂၂,၀၀၀  အဖြစ်သတ်မှတ်ထားကြောင်းသိရသည်။

 

▪️ ကုန်တင်တွဲကား ၁၈ဘီး၊၂၂ဘီး၊တွဲကား ၊ ယာဉ်+ကုန် ၅၀ဒဿမ၅ တန်ယာဉ်များမှာ ပေ ၈၀၀၀ အထက် ကောက်ခံနှုန်း ကျပ်၂၂,၀၀၀နှင့် တန်ပိုဒဏ်ကြေး ၆၆,၀၀၀  အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။

 

▪️ ထို့အပြင် ကုန်တင်တွဲကား(ခါလီ ) ကုန်မပါရှိပါက ပေ ၈၀၀၀အထက် ကောက်ခံနှုန်းမှာ  ကျပ် ၄,၀၀၀ အဖြစ်သတ်မှတ်ထားကြောင်းသိရသည်။

 

▪️ အဆိုပါ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတား-၃) ဖွင့်ပွဲအခမ်းအနားကို ဇွန်၈ရက်နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

 

▪️ ပဲခူးမြစ်အတွင်း(သန်လျင်တံတား-၃)အား ဖွင့်ပွဲအခမ်းအနား ပြီးဆုံးချိန်မှစတင်၍ မော်တော်ယာဉ်များဖြတ်သန်းသွားလာခွင့်ပေးခဲ့ရာ သန်လျင်မြို့သို့ အသွားအပြန်ပြုလုပ်လျှက်ရှိသည့် မော်တော်ယာဉ်များသည် အဆိုပါ တံတားအသစ်ကြီးပေါ်မှ စည်ကားများပြားစွာဖြင့် ဖြတ်သန်း မောင်းနှင်လျက်ရှိပြီး စတင်ဖွင့်လှစ်သည့်နေ့တွင် ကားအစီးရေ၁၂၉၈၈ စီးဖြတ်သန်းမောင်းနှင်ခဲ့ပြီး ယနေ့နံနက်ပိုင်း ကားအစီးရေ ၄၂၀၀ စီးကျော် ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း သိရသည်။

 

▪️ ယခုကဲ့သို့ ပဲခူးမြစ်အတွင်း(သန်လျင်တံတား-၃) တံတားသစ်ကြီးကို တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သန်လျင်တံတား-၁ တွင်ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times