ယနေ့ စက်သုံးဆီဈေးကွက် အနေထားအရ စက်သုံးဆီ ဓါတ်ဆီတစ်လီတာကို ကျပ် ၃၀၀ကျော်အထိ ဈေးမြင့်တတ်လာတယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဈေးနှုန်းသတ်မှတ်ထုတ်ပြန်ချက်အရ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published_1 Dec 2023
အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌ ဦးသန်းထွန်း လုပ်ကြံခံရကာ သေဆုံးသွားကြောင်း အဆိုပါ ပါတီ၏ တာဝန်ရှိသူက ပြောသည်။
ဒီဇင်ဘာလ ၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
“သေနတ်နဲ့ပစ်တာဗျ၊ သူ့အိမ်ရှေ့ကနေ ပစ်တာ၊PDF တွေကပစ်တာဗျ၊ သေနတ်ကျည်လေးချက်ထိတယ်။ ဒါကြောင့် မြောက်ဥက္ကလာပ ဆေးရုံကို ပို့ပြီး ကုသပေမဲ့ ဆုံးသွားခဲ့ပါတယ်”ဟု ယင်းတာဝန်ရှိသူကပြောသည်။
အသက် ၅၅ နှစ်ခန့်အရွယ်ရှိသည့် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသန်းထွန်းသည် ယခင်က သင်္ဃန်းကျွန်းမြို့နယ် NLD လူငယ် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ၁၉၈၈ အရေးအခင်းတွင်လည်း ပါဝင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ရွေးကောက်ပွဲကသာ လက်ရှိအခင်းအကျင်းရဲ့ ထွက်ပေါက်တစ်ခုဆိုပြီးသတ်မှတ်ထား တာကြောင့် ရွေးကောက်ပွဲကို ဝင်ရောက်ဖို့ လုပ်ဆောင်နေကြတာ၊အခုလို ပါတီ အကြီးအကဲတစ်ယောက်ကို လုပ်ကြံတယ်ဆိုတာက ရွေးကောက်ပွဲကို ပါဝင်ဖို့ လုပ်နေကြတဲ့ နိုင်ငံရေးပါတီ အသိုင်းအဝိုင်း တစ်ခုလုံးကို မထီမဲ့ပြင် ပြုလိုက်တာပဲ”ဟု ရွေးကောက်ပွဲ၌ ပါဝင်ရန် လုပ်ဆောင်နေသော နိုင်ငံရေးပါတီတစ်ခု၏ တာဝန်ရှိ သူက ပြောသည်။
ပြီးခဲ့သည့်၂၀၁၀ ပြည့်နှစ်က NDF ပါတီ၌ဦးသိန်းညွန့်နှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်တွင် လက်တွဲလုပ်ဆောင် ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ဦးသိန်းညွန့် နှင့် အမျိုးသားဒီမိုကရေစီပါတီသစ်ကိုတည်ထောင် ကာ ပါတီ၏ ဒုဥက္ကဋ္ဌတာဝန်ကို ယူခဲ့သူ ဖြစ်သည်။
ယင်းနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်း အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌ ဦးသိန်း ညွန့် က နစက အဖွဲ့ဝင်အဖွဲ့ တာဝန်ယူနေသည့်အတွက် ဒုဥက္ကဌက ဦးသန်းထွန်းက ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့ရကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
1 December 2023
ဗိုလ်တထောင်စေတီတော်သို့ လာရောက်ဖူးမြော်သည့် ပြည်ပဧည့်ဝင်ကြေးကို ဇန်နဝါရီလ(၁)ရက်မှစတင်ပြီး တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ယခုလအတွင်းတော့ ကျပ်တစ်သောင်းဖြင့်ဝင်ရောက်နိုင်သေးကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှသိရသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးသို့ လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားခရီးသွားများ အနေဖြင့်၂၀၂၄ခုနှစ်ဇန်နဝါရီလ၁ရက်မှစတင်ပြီး ဧည့်ဝင်ကြေး၁၅၀၀၀ကျပ်အဖြစ်ပြောင်းလဲသတ်မှတ်ကောက်ခံ မည်ဖြစ်သည်ဟုဆိုသည်။
အဆိုပါစေတီတော်ကြီးတွင် ဧည့်ဝင်ကြေးကျပ်တစ်သောင်းနှုန်းဖြင့် ကောက်ခံနေရာမှ ယခု၁၅၀၀၀အဖြစ် ပြောင်းလဲကောက်ခံတော့မည်ဖြစ်ပြီး နိုင်ငံခြားငွေလဲလှယ်မှုတန်ဖိုးများအရ ရွှေတိဂုံစေတီတော်နှင့် အခြားယဉ်ကျေးဇုန်များ၊ ယဉ်ကျေးမှုပြတိုက်များတွင်လည်း ပြည်ပဧည့်ဝင်ကြေးများကို တိုးမြှင့် ကောက်ခံလျက်ရှိကြောင်းသိရသည်။
ဗိုလ်တထောင်စေတီတော်ကြီးကို ထိုင်းအဖွဲ့လိုက်ခရီးသွားများ၊ဗီယက်နမ်အဖွဲ့လိုက်ခရီးသွားများနှင့် နိုင်ငံတကာ မှခရီးသွားဝင်ရောက်မှုများများပြားလျက်ရှိပြီး ရန်ကုန်မြို့တွင်ခရီးသွားလာရောက်မှုအများဆုံး စေတီတော်ကြီး တစ်ဆူလည်းဖြစ်ကြောင်း သိရသည်။
Yangon Time/tthl
#Local_News
#Yangon_Times #Yangon_Media_Group #YMG_News
Published 1 December 2023
ကရင်ပြည်နယ် ကော့ကရိတ် တွင် တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ကော့ကရိတ်မြို့အနီး အာရှ လမ်း ပေါ်တွင် ကုန်တင်ယာဉ်များနှင့် ခရီးသွား ပြည်သူ အချို့ပိတ်မိနေကြောင်း ဒေသခံ ပြည်သူများထံ က သိရသည်။
ယနေ့ နံနက် ၈ နာရီ ခန့် က စပြီး ကော့ကရိတ် မြို့ အနီး မြ၀တီ-ကော့ကရိတ် အာရှလမ်းကြီး ဖြတ်သန်းခွင့် မရတော့ဘဲ ကားများ ကို လမ်းပေါ်တွင် ရပ်ထားရက ပြည်သူအချို့ မှာ လမ်းဘေးရှိ ဘေးကင်းသည့် နေရာတွင် နေထိုင်နေရကြောင်း သိရသည်။
'' ညကတည်း အသံ တွေကြားရတယ် အခုမနက် ကျတော့ ကော့ကရိတ် နား ကနေ ဖြတ်လို့ မရတော့ဘူး ကျွှန်တော်တို့ ကုန်ကားလဲ ပိတ်မိနေတာ လမ်းပေါ်မှာတော့ ကုန်ကားတွေကော ခရီးသွားကားတွေကော များတယ်''ဟု ကုန်တင်ယာဉ်မောင်းသူတစ်ဦးက ပြောသည်။
ထို့ပြင် မြ၀တီကျောက် လုံးကြီး မှ တစ်ဆင့် ထိုင်းနိုင်ငံ သို့ သွားရောက်မည့် MOU အလုပ်သမားများ လဲ လမ်းပေါ်တွင် ပိတ်မိနေကြောင်း အေဂျင်စီများ ထံ က သိရသည်။
'' ညီမ တို့ ရုံး က ကား ၃စီး လာတာ ၂စီး ကတော့ လွတ်သွားတယ်၊တစ်စီးက ပိတ်မိနေသေးတယ်၊အခု ၁၁နာရီ အထိ တော့ ပစ်ခတ်သံတွေ ကြားနေရ သေးတယ်၊လမ်းတော့ မဖွင့်သေးဘူး၊ထမင်းစားနားချိန်တော့ ပြန်ဖွင့်ပေးမယ် ကြားတယ် ဖွင့်မဖွင့်တော့မသိဘူး''ဟု အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တိုက်ပွဲများကြောင့် ကော့ကရိတ် မြို့ အတွင်းရှိ ဒေသခံ ပြည်သူအများ စု မှာ ယခင် ကတည်းက ပြောင်းရွှေ့နေထိုင်ကျမှု များ သဖြင့် လက်ရှိ တိုက်ပွဲ အခြေနေကြောင့် မြို့ အတွင်း ပိတ်မိနေသည့် ဒေသခံ ပြည်သူ အနည်းငယ်သာ ရှိကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Yangon_Times #Yangon_Media_Group #YMG_News
Published_ 1 December 2023
မြန်မာ-ရုရှား နည်းပညာကဏ္ဍ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး “Aquarius Day” ဖိုရမ်ကို နိုဝင်ဘာ ၃၀ ရက်တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဖိုရမ်ကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်း အချက်အလက် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် Aquarius နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များအား ပိုမိုနားလည်စေရန်ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် Aquarius နည်းပညာကုမ္ပဏီတို့ပူးပေါင်း၍ ကျင်းပတာ ဖြစ်ပါတယ်။
အခမ်းအနားတွင် နစကအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ယနေ့ “Aquarius Day” ဖိုရမ်အခမ်းအနားကို မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ ပြောပါတယ်။
“Aquarius Day” ဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပြုနိုင်ရန် ကြိုးပမ်းကြရမယ်လို့ ဆိုပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းနှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ၏နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ တိုးတက်လာစေရေး ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Iskander Azizov က နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု နိုင်ရေးအတွက် Aquarius ကုမ္ပဏီအပါအဝင် ရုရှား IT ကုမ္ပဏီများအနေဖြင့် နည်းပညာ ဖလှယ်မှုများ၊ IT Solution အတွေ့အကြုံများနှင့် ထုတ်ကုန်များအကြောင်းကို ပိုမိုနားလည် စေရန်ရည်ရွယ်ပြီး ယခုဖိုရမ်ကို ကျင်းပခြင်းဖြစ်တယ်လို့ ပြောပါတယ်။
ထို့ပြင် Aquarius နည်းပညာ ကုမ္ပဏီဥက္ကဋ္ဌ Mr. Vladimir Stepanov က လွတ်လပ်၍ ရေရှည်တည်တံ့သော ရုရှား-မြန်မာ နိုင်ငံတကာ နည်းပညာပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
#Yangon_Times #Yangon_Media_Group #YMG_News
Published_ 1 December 2023
မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက် နိုင်ရန်အတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းရေးကို နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
နစကအဖွဲဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား နိုဝင်ဘာ (၃၀) ရက်တွင် ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံပွဲသို့ ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဌာနအကြီးအမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
#Yangon_Times #Yangon_Media_Group #YMG_News
Published_30 Nov 2023
မနက်ဖြန် ဒီဇင်ဘာလ ၁ ရက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံတပ်မတော်(ရေ) တို့ ရေကြောင်းလုံခြုံရေး လေ့ကျင့်မှု စတင်မည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်နဲ့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်း ဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်မတော်(ရေ)က အရာရှိ၊ စစ် သည်များအနေနဲ့ ဒီနေ့ မြန်မာနိုင်ငံက စစ်ရေယာဉ်တွေကို အပြန်အလှန် လေ့လာခဲ့ပါတယ်။ မနက်ဖြန် မှာတော့ မြန်မာ-တရုတ် ရေကြောင်းလေ့ကျင့်ရေးလုပ်ငန်း လေ့ကျင့်ခန်း စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ယင်းက နိုဝင်ဘာလ ၃၀ ရက် ညပိုင်းတွင် ပြောသည်။
နိုဝင်ဘာလ ၂၇ ရက်က ရန်ကုန်မြို့၊ သီလဝါ ဆိပ် ကမ်းသို့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ ကျင့် ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် တရုတ်ပြည်သူ့လွတ် မြောက်ရေး တပ်မ တော်(ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ် ၃ စင်း ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ယင်းသင်္ဘောများမှာ ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့ဖြစ်ပြီး အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် Senior Captain Sun Bo ဦးစီး၍ အရာရှိ၊စစ်သည်စုစုပေါင်း ၇၀၀ ဦးခန့် လိုက်ပါလာကြကြောင်း သိရသည်။
ယင်းတရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ကရေတပ်လေ့ ကျင့် ရေး ဌာနချုပ်နှင့် အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက်ခြင်း၊သန်လျင်တပ်နယ်ရှိ အခြေခံ ပညာ အ ထက်တန်း ကျောင်း(ဆိပ်ကြီး)တွင် ပညာ သင်ကြားနေသော ကျောင်းသားကျောင်းသူများအား စာရေး ကိရိ ယာ များ လှူဒါန်းခဲ့ကာ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက် လည်ပတ်ခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။
အလားတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာ့တပ်မတော်မှ တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည်များနှစ်နိုင်ငံချစ်ကြည်ရေး ဘတ်စကက်ဘော အားကစားပြိုင်ပွဲကို လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုအခါ တရုတ်-မြန်မာ နှစ်နိုင်ငံ၏ နယ်စပ်ဒေသများတွင် တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံ ရေးအတွက်လည်း နှစ်နိုင်ငံအစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group
Page 845 of 2117