Published_03 June 2024

ပြည်တွင်း၌ထုတ်လုပ်မည့် လောင်စာဆီသုံးယာဉ်များ SKD( Semi Knocked Down)စနစ်နှင့် CKD(Completely Knocked Down)စနစ်တို့ဖြင့်တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားများကို ၂၀၂၄ခုနှစ်မေလ၃၁ရက်အထိ ဖြေလျှော့ခွင့်ပြုလိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှသိရသည်။

၂၀၀၀ CC နှင့်အောက် လူစီးမော်တော်ယာဉ်များကို ယခင်ကောက်ခံသည့် ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင် နှုန်းသို့လည်းကောင်း၊ ၂၀၀၁ CC နှင့်အထက် လူစီးမော်တော်ယာဉ်များကို ယခင်က ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ လည်းကောင်း လျော့ချကောက်ခံမည်ဖြစ်ကြောင်း အမိန့်ကြေညာထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် သုံးဘီးမော်တော်ဆိုင်ကယ်(လူစီး)ကိုလည်း (SKD စနစ်နှင့် တင်သွင်းမည့်) ၇.၅ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း၊ CKD စနစ်ဖြင့်ဆိုပါက၅ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်း၊

သုံးဘီးမော်တော်ဆိုင်ကယ် (ကုန်တင်)၊ ဘတ်စ်များ၊ Truck/ Body Building ပြုလုပ်ရန် Track များ တင်သွင်းမှုအပေါ်၇.၅ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းနှင့် မော်တော်ဆိုင်ကယ်အတွက် ၃ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းကောက်ခံမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ယခုလို အကောက်ခွန်ကောက်ခံမှုနှုန်းဖြေလျှော့ခွင့်ပြုရခြင်းမှာ စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန်နှင့် ပြည်တွင်းအသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကိုအထောက်အကူပြုစေရန် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ထုတ်လုပ်မည့် လောင်စာဆီသုံးယာဉ်များ စနစ်တို့ဖြင့်တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားများဖြေလျှော့ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ယခုအမိန့်ကြော်ငြာစာမှာ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၂၄ ခုနှစ် မေ ၃၁ ရက်အထိ အကျိုးသက်ရောက် စေမည်ဖြစ်ပြီး ၂၀၂၅ခုနှစ် မေလ၃၁ရက်အထိ အခွန်ဖြေလျှော့ခွင့်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#Published_03 June 2024
#YMG #Yangon_Times #Yangon_Media_Group