ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်အာမခံကြေးကို ခေတ်ကာလနှင့် လျော်ညီသည့် နှုန်းထားပြောင်းလဲဖို့ MOEAFသို့ သဘောထားတောင်းခံထားဟုဆို
ပြည်ပကို အလုပ်သမားပို့ဆောင်ပေးနေတဲ့ လိုင်စင်ရအေဂျင်စီတွေ ပေးသွင်းရတဲ့အာမခံကြေးကို ခေတ်ကာလနဲ့ လျော်ညီအောင် နှုန်းထားပြောင်းလဲကောက်ခံဖို့အတွက် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF) ထံကို သဘောထား တောင်းခံထားတယ်လို့ အလုပ်သမားဝန်ကြီးဌာနထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေ
‘သီတင်းကျွတ်ပွဲတော်ကာလမှာ ပြည်သူ့ရင်ပြင်နဲ့ ပြည်သူ့ဥယျာဉ်အတွင်းမှာ ကြာပန်းတွေ၊ ဆင်ရုပ်တွေ၊ သမင်ရုပ်တွေနဲ့ ပုသိမ်ထီးတွေကို လျှပ်စစ်မီးတွေနဲ့ အလှဆင် ထားရှိသွားမှာဖြစ်တယ်’ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
Yangon_Times/tthl
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 21 October 2023
၁။ အယ်နီညိုကြောင့် မွေးမြူရေးငါးများ အောက်ဆီဂျင်ပြတ်ပြီး မသေဆုံးအောင် ရေလှုပ်ရှားသည့်စနစ်၊ ရေလှယ်သည့်စနစ်များ အခမဲ့ပေးနေ
၂။ အကျိုးတူ လယ်ယာစနစ်ဖြင့် ကြံစိုက်ပျိုးပါက အထွက်နှုန်းတိုးတက်နိုင်
၃။ ပြည်တွင်းဈေးကွက်အတွင်း အုန်းသီးဈေးမြင့်နေတာကြောင့် ဘင်္ဂလားဒေရှ်မှ ဝယ်လိုမှုရှိပေမယ့် ဈေးအချေအနေစောင့်ကြည့်နေ
၄။ လတ်တလောလများအတွင်း အမေရိကန် စီးပွားရေးအခြေအနေ အနည်းငယ်မြင့်တက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 21 October 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များနှင့် ရွှေလုပ်ငန်းရှင်များအတွက် ရွှေလုပ်ငန်းလိုင်စင်ငါးမျိုးအပြင်ရွှေမျက်ပါးခတ်လုပ်ငန်းနှင့် ရွှေနန်းဆွဲလုပ်ငန်းလိုင်စင်များကိုလည်းထပ်မံခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည် ။
လတ်တလောတွင် ရွှေနန်းဆွဲ၊နန်းကြိတ်လုပ်ငန်းများနှင့် ဘုရားများ၌ ဆက်ကပ်လှူဒါန်းကြသည့် ရွှေပြားများခတ်လုပ်ကြသည့် ရွှေမျက်ပါးခတ်လုပ်ငန်းများမှလည်း တရားဝင် လိုင်စင်ပြုလုပ်ရန်အတွက်လည်း အရောင်းအဝယ် လိုင်စင်ထောက်ခံချက် များအားထပ်မံ ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
" လိုင်စင်လျှောက်ထားလာရင် ထောက်ခံချက်ပေးသွားမှာဖြစ်ပါတယ် ။ ရွှေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်အားလုံးကို အခမဲ့ဆောင်ရွက်ပေးနေပါတယ် " ဟု ၎င်းကဆက်ပြောသည်။
လတ်တလောတွင် ရွှေဆိုင်လိုင်စင်ထောက်ခံချက်၊ ရွှေသန့်စင်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ ပန်းတိမ်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ အပေါင်ဆိုင်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ ရွှေအတုံး၊ အခဲအရောင်းအဝယ် လိုင်စင်ထောက်ခံချက် များအား ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် အခမဲ့ဆောင်ရွက်ပေးလျှက်
ရှိကြောင်းသိရသည် ။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရွှေဆိုင်လုပ်ငန်းတစ်သောင်းကျော်က တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်လျှက်ရှိပြီး တရားဝင်လိုင်စင်များဖြင့် လုပ်ကိုင်ကြရန် လိုအပ်ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 21 October 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေကြီးနစ်မြှုပ်ခဲ့သည့် စပါးစိုက်ဧကများမှ တစ်ထောင်ကျော်အားပြန်လည်စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုလအတွင်း ရန်ကုန်တိုင်းအတွင်းရေကြီးနစ်မြှုပ်မှုကြောင့် တိုက်ကြီး၊လှည်းကူး၊မှော်ဘီ၊မဂ်လာဒုံ၊ဒဂုံမြို့သစ်၊ကျောက်တန်း၊တံတား၊သုံးခွ၊ခရမ်း၊တွံတေး၊ကော့မှုး၊ကွမ်းခြံကုန်း စသည့်မြို့နယ်များ၌ စုစုပေါင်းစပါးစိုက်ဧက
62458 ရေကြီးနစ်မြှုပ်ခဲ့ပြီးအောက်တိုဘာ 17ရက် အထိ 1236 ဧက ကို ပြန်လည်စိုက်ပျိုးပြီးဖြစ်ကာ စာရင်းများ ဆက်လက်ကောက်ယူ နေကြောင်းသိရသည်။
2023_2024ခုနှစ် မိုးစပါးဧက 1,145,000 လျာထားကာ လက်ရှိတွင် ဧက1,148,137 ဧက စိုက်ပျိုးထားရာ
လျာထားချက်ထက် ကျော်လွန် စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးထားသည့် စုစုပေါင်းဧကများမှ မြို့နယ်အချို့၌ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
ရန်ကုန်တိုင်းအတွင်း၌ ပြည်တွင်းစားဆန်များအပြင် ပြည်ပတင်ပို့သည့် ဆန်များကိုပါ စိုက်ပျိုးလေ့ရှိကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းဈေးကွက် အတွင်း အုန်းသီးဈေးမြင့်နေတာကြောင့် ဘင်္ဂလားဒေရှ် မှ ဝယ်လိုမှု ရှိပေမယ့် ဈေးအချေနေစောင့်ကြည့်နေ
ပွဲတော်ရာသီ ရောက်လာတော့မှာဖြစ်တဲ့အတွက် ပြည်တွင်းဝယ်လိုအား ရှိလာပြီး ကုန်သည်အချို့ ဝယ်ယူစုဆောင်း တာတွေရှိတာကြောင့် ဈေးကွက်အတွင်း အုန်းသီးလက်ကားဈေးဟာ ကျပ် ၁၀၀၀ ခန့် ရောက်ရှိလာတယ်လို့ ဧရာဝတီတိုင်းဒေသကြီး မှ အုန်းသီးအရောင်းဝယ် လုပ်သူတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
စိုက်စရိတ်နဲ့ ရိတ်သိမ်းစရိတ်ပေး၊ သင့်တင့်တဲ့ဈေးနဲ့ ပြန်ဝယ်ပေးရမယ်
' ဈေးနှုန်းအာမခံချက်ရှိပြီး အရင်းအနှီးအတွက် သိပ်မခက်ခဲတော့ဘူး ။သူက တစ်ဧက အထွက်တိုးဖို့ကိုပဲ အာရုံစိုက်ရတော့မယ် 'မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌဦးဝင်းဋ္ဌေး
Yangon_Times/NN
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 840 of 2039